Monday, 21 September 2009

ကံကောင်းခြင်း ရေပန်း

ကံကောင်းခြင်း ရေပန်းဟာ မှော်ပညာနဲ့ စောင့်ရှောက်စီရင်ထားသော တံတိုင်းတွေကာရံထားတဲ့ မှော်ပန်းခြံထဲက တောင်ကုန်းလေး တစ်ခုပေါ် မှာ တည်ရှိ၏ ။ တစ်နှစ်မှာတစ်ခါ အဲ့ဒီနှစ်ရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်အတွင်း အကြာဆုံးရက်မှာ ကံမကောင်းတဲ့သူ တစ်ယောက်ကို အဲ့ဒီမှော်ပန်းခြံထဲကို ဝင်ခွင့်ပေးပြီး စောင့်ရှောက်စီမံထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ကာ ကံကောင်းခြင်း
ရေပန်းမှာရေချိုးခွင့်ပေးပြီး ကံကောင်းခြင်းတွေကို ရရှိစေလေသည်။

နိုင်ငံပေါင်းများစွာက ရာချီတဲ့လူတွေဟာ အဲ့ဒီ သက်မှတ်ထားတဲ့ နေ့တာအရှည်ဆုံးနေ့ ရဲ့ အာရုဏ်တက်ချိန်မရောက်ခင် မှော်ပန်းခြံရဲ့ တံတိုင်းနားမှာလာရောက် စောင့်ဆိုင်းကြတယ်။ ယောကျာ်း မိန်းမ၊ သူချမ်းသာ သူဆင်းရဲ၊ လူကြီးလူငယ်၊မှော်ပညာနဲ့ရောက်လာသူ၊ မှော်ပညာမရှိဘဲ ရောက်လာသူ ပေါင်းစုံတို့ဟာ အမှောင်ထဲမှာ စုစည်းမိကြပြီး ပန်းခြံထဲ ဝင်ခွင့်ရဖို့ ကိုယ်စီကိုယ်စီ
မျှော်လင့်ကြလေ၏ ။

လူအုပ်နဲ့ အလှမ်းဝေးတဲ့ တနေရာမှာတော့ ခက်အခဲကိုယ်စီရှိကြတဲ့ ကဝေမသုံးယောက်ဟာ တစ်ယောက်ရဲ့ဝမ်းနည်းမှုကို တစ်ယောက် ပြောပြရင်း နေထွက်ချိန်ကို စောင်းဆိုင်းနေကြလေသည်။ အာရှာ လို့ခေါ်တဲ့ ပထမကဝေမ ကတော့ ဘယ်ဆေးဆရာမှကုလို့မရတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားနေရသူဖြစ်တယ်။ သူမဟာ ရေပန်းကရေကိုချိုးလိုက်ရင် သူမရဲ့ ဝေဒနာတွေ အကုန်ပျောက်သွားပြီး အသက်ရှည်ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ကို မျှော်လင့်တယ်။ အသီဒါ လို့ခေါ်တဲ့ ဒုတိယကဝေမ ကတော့ ဆိုးသွမ်းတဲ့ မိစ္ဆာကဝေကြီး တစ်ယောက်က သူမအိမ်ကိုဓားပြဝင်တိုက်ပြီး သူမရဲ့ရွှေတွေအပြင် မှောင်တောင်ဝှေးကို ပါလုယူသွားတာ ခံခဲ့ရတယ်။ သူမဟာ ရေပန်းမှာရေချိုးပြီးရင် ဆင်းရဲမှုကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အမ်မတာ လို့ခေါ်တဲ့ တတိယ ကဝေမကတော့ သူမသိပ်ချစ်ရတဲ့သူ ပြစ်သွားတာကိုခံခဲ့ရတာကြောင့် သူမရဲ့နှလုံးသားက ဒဏ်ရာဟာ ဘယ်လိုမှ ပြန်ကောင်းမလာနိုင်ဘူးလို့ ထင်မှတ်ထားတယ်။ ဒါကြောင့် ရေပန်းက သူမရဲ့ ဝမ်းနည်းမှုတွေနဲ့ တမ်းတမှုတွေ ပပျောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ်။သူတို့ သုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သနားပြီး တကယ်လို့ သူတို့သာ ပန်းခြံထဲဝင်ဖို့ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် စည်းစည်းလုံးလုံးနဲ့ ရေပန်းဆီရောက်အောင်အတူတူကြိုးစားကြဖို့သဘောတူ
လိုက်ကြတယ်။

ကောင်းကင်မှာ ပထမဆုံး နေရောင်ခြည်တန်း ဖျာထွက်လာတာနဲ့ ပန်းခြံတံတိုင်းကနေ အက်ကြောင်းသေသေးလေးပေါ်လာတယ်။ လူအုပ်ကြီးကလဲ ကိုယ်စီကိုယ်စီ ရေပန်းမှာချိုးခွင့်ရဖို့ အော်ဟစ်ရင်း ရှေ့တိုးလာကြတာပေါ့ ။ ပန်းခြံထဲက တွားသွားပင်တွေဟာ လူအုပ်ကြားထဲက တိုးဝှေ့ထွက်လာပြီး အာရှာ့ကို ရစ်ပတ်လိုက်လေသည်။ အာရှာကလဲ အသီဒါရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်
လိုက်ပြီး အမ်မတာကတော့ အသီဒါရဲ့ ဝတ်ရုံကို မြဲမြဲဆွဲကိုင်လိုက်၏ ။ အဲ့ဒီအချိန်မှာပဲ အမ်မတာဟာ ပိန်ချုံးနေတဲ့မြင်းပေါ်က သံချပ်ကာဝတ်ထားတဲ့ သူရဲကောင်း တစ်ယောက်နဲ့ ချိပ်မိသွားသည်။ တွားသွားပင်တွေဟာ သူတို့သုံးယောက်ကို အက်ကြောင်း
လေးထဲ ဆွဲခေါ်သွားရင်း အဲ့ဒီသူရဲကောင်းဟာလဲ မြင်းပေါ်ကပြုတ်ကျပြီး သူတို့နဲ့ အတူပါလာလေသည်။

မနက်ခင်းရဲ့လေပြည်ထဲမှာ မကျေမနပ်အော်ဟစ်နေသံတွေ ဆူညံသွားပြီး ပန်းခြံတံတိုင်းပိတ်သွားတာနဲ့ ပြည်လည် တိတ်ဆိတ်
သွားလေ၏။ အာရှာနဲ့ အသီဒါတို့ဟာ မြင်းစီးသူရဲကောင်းကို မတော်တဆခေါ်လာမိတဲ့ အမ်မတာကို စိတ်ဆိုးနေကြတာပေါ့။

“ လူတစ်ယောက်ပဲ ရေပန်းမှာ ရေချိုးလို့ရမယ်။ ငါတို့သုံးယောက်ထဲက ဘယ်သူချိုးရမလဲဆိုတာတောင် ဆုံးဖြတ်ဖို့ ခက်လှပြီ။ ဘာလို့နောက်တစ်ယောက် ခေါ်လာရတာလဲ”

အဲ့ဒီအချိန်မှာ မြင်းစီးသူရဲကောင်း(သူ့နာမည်က မောင်ကံဆိုး လို့လူတွေကခေါ်ကြတယ်) ဟာ သူတို့သုံးယောက် ကဝေမတွေ ဆိုတာကို သိသွားပြီး မှောပညာလဲမရှိ၊ ဓားခြင်းယှဉ်နိုင်တဲ့ စွမ်းရည်လဲမရှိ၊ သူဟာ တခြားသာမန်လူတွေနဲ့ ဘာမှ မခြားနားတာကြောင့် ဒီကဝေမသုံးယောက်ကို အနိုင်ယူပြီး ရေပန်းဆီရောက်ဖို့ဆိုတာ မဖြစ်နိုင်မှန်းသိသွားတယ်။ အဲ့ဒါကြောင့် မောင်ကံဆိုး
ဟာ ပန်းခြံနံရံကိုဖောက်ပြီး အပြင်ပြန်ထွက်ဖို့ ကြိုးစားလေတော့သည်။ အဲ့ဒီမှာ အမ်မတာက စိတ်ဆိုးသွားကာ

“မြင်းစီးသူရဲကောင်းလုပ်နေပြီး သူရဲဘောကြောင်လိုက်တာ။ နင့်ရဲ့ဓားကို ထုတ်လိုက်စမ်း။ ငါတို့ကို ရေပန်းဆီရောက်အောင်သာ ကူညီပေတော့”


ဒီလိုနဲ့ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ မှော်ပန်းခြံထဲကို ရှေ့ဆက်ဝင်သွားကြတာပေါ့။ အဲ့ဒီ့ မှော်ပန်းခြံထဲမှာ ရှားပါးတဲ့ဆေးပင်တွေ၊ သစ်သီးတွေ ပန်းမာန်တွေဟာ နေရောင်ခြည်ဝင်းဖြာနေတဲ့ လမ်းဘေးတလျှောက်မှာ အများကြီးရှိလေသည်။ သူတို့ဟာ ရေပန်းရှိတဲ့ တောင်ကုန်းလေး ခြေရင်းရောက်တဲ့အထိ ဘာအန္တရာယ်မှ မရှိဘဲရောက်လာကြတယ်။ ဒါပေမယ့် အဲ့ဒီမှာပဲ တောင်ကုန်းကိုပတ်နေတဲ့ ဧရာမအဖြူရောင် တီကောင်အကြီးကြီးကို တွေ့ရလေသည်။ သူတို့ရောက်လာတဲ့အခါ အဲ့ဒီတီကောင်ကြီးက သူတို့ဘက်ကိုလှည့်ပြီး

“ နာကျင်မှုရဲ့ သက်သေပစ္စည်းကို ပေးပါ ” ဟုပြော၏ ။

မောင်ကံဆိုးက သူ့ရဲ့ဓားကိုထုတ်ပြီး အကောင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးစားပေမယ့်လည်း ဓားပဲပြတ်တောက်သွားသတဲ့။ ဒါနဲ့ အသီဒါက တီကောင်ကြီးကို ခဲတွေနဲ့ပြစ်ပေါက်ပါလေရော။ အာရှာနဲ့ အမ်မတာ တို့ကတော့ မှော်ဂါထာမန္တာန်တွေ သုံးပြီးတော့ ကြိုးစားပေမယ့်လည်း သူတို့ မှော်တောင်ဝှေးတွေရဲ့ အစွမ်းဟာ သူတို့သူငယ်ချင်းရဲ့ကျောက်ခဲတွေ နဲ့ မြင်းစီးသူရဲကောင်းရဲ့ဓား လိုပဲ အသုံး မဝင်ဘဲဖြစ်နေတယ်။ နေမြင့်လာတာနဲ့ အမျှ အာရှာဟာ ပင်ပန်းလာပြီး မျက်ရည်တွေကျလာတယ်။ အဲ့ဒီမှာပဲ တီကောင်ကြီးဟာ အာရှာရဲ့ မျက်ရည်တွေကို သောက်သုံးပြီး မြေပြင်ပေါ်က တွင်းကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
တီကောင်ကြီးပျောက်ကွယ်သွားလို့ သူတို့တွေဟာ ပျော်ရွှင်စွာနဲ့ တောင်ကုန်းကို စတက်ကြပြီး နေမွန်းမတည့်ခင် ရေပန်းဆီရောက်ရမယ်လို့ အသေအချာ တွက်ထားလိုက်ကြတယ်။ တောင်ကုန်းရဲ့ တစ်ဝက်လောက် အရောက်မှာပဲ မြေပြင်ပေါ်မှာ ရေးထားတဲ့ စာသားအချို့ကို သူတို့တွေ့လိုက်ရတာက…

“ လုပ်အားရဲ့ အသီးအပွင့်ကို ပေးပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ သူ့ရဲ့ ငွေစအချို့ကို ထုတ်ပြီး မြက်ခင်းပြင်ပေါ်ဖြန့်ကျဲလိုက်တယ်။ ဒါပေမယ့် ငွေစလေးတွေဟာ တောင်ကုန်းဘေးကို လိမ့်ဆင်းပြီး ပျောက်ကွယ်သွားသည်။ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲ တို့ဟာ ဆက်ပြီး တက်ကြပေမယ့် ရှေ့ဆက်မရောက်ဘဲ အဲ့ဒီစာရေးထားတဲ့ မြေကြီးရှေ့မှာပဲ ရှိနေကြသတဲ့။ နေမင်းဟာ သူတို့ခေါင်းပေါ်ကနေ ကျော်ပြီး နောက်ဘက် မိုးကုပ်စက်ဝိုင်းကို ဦးတည်သွားတဲ့ အခါ သူတို့ဟာ စိတ်ဓာတ်တွေ ကျနေကြပြီပေါ့။ ဒါပေမယ့် အသီဒါက ကျန်တဲ့လူတွေထက်ပိုကြိုစားပြီး ပြင်းပြင်းထန်ထန်လျှောက်လေသည်။ သူမဟာပင်ပန်းနေပြီး ရှေ့ကိုတစ်လှမ်းမတိုးပေမယ့်လည်း ကျန်တဲ့လူတွေကိုလဲ သူ့ကိုအတုယူဖို့ပြောခါ လျှောက်မြဲလျှောက်နေ၏ ။

“ အားတင်းထား သူငယ်ချင်းတို့။ စိတ်မလျှော့ကြနဲ့ ” လို့ပြောရင်း သူမရဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။

ချွေးစက်တွေဟာ မြေပြင်ပေါ်ကိုကျသွားတာနဲ့ မြေပြင်ပေါ်က စာတမ်းဟာ ပျောက်သွားပြီး သူတို့ ရှေ့ဆက်ပြီး တက်လို့ရသွားလေ၏ ။ ဒုတိယအခက်အခဲကို ကျော်လွှားသွားနိုင်တာကြောင့် သူတို့ဟာ ပျော်ရွှင်စွာနဲ့ ရှေ့ဆက်မြန်မြန်တက်သွားလိုက်ကြတာ ပန်းပင်တွေနဲ့ သစ်ပင်တွေကြားမှာ တလက်လက်စီးဆင်းနေတဲ့ ရေပန်းကို မြင်ရတဲ့နေရာထိ ရောက်သွားကြတယ်။

ဒါပေမယ့် သူတို့ရေပန်းဆီကို မရောက်ခင်မှာပဲ တောင်ထိပ်ကို ပတ်စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ စမ်းချောင်းရဲ့ကြည်လင်နေတဲ့ ရေထဲက ကျောက်တုံးတစ်ခုပေါ်မှာ ရေးထားတဲ့စာတွေက…

“ အတိတ်ရဲ့ ရတနာတွေကို ပေးခဲ့ပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ စမ်းချောင်းကို သူ့ရဲ့ဒိုင်းပေါ်မှာ စီးပြီး ဖြတ်သန်းဖို့ကြိုးစားပေမယ့်လည်း သူ့ရဲ့ ဒိုင်းဟာ ရေထဲမှာ မြုတ်သွားလေတယ်။ ကဝေမသုံးယောက်က သူ့ကို ရေထဲက ဆွဲတင်ပြီး စမ်းချောင်းကို ခုန်ဖြတ်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့်လဲ သူတို့ဟာ ဖြတ်ကျော်လို့မရဘဲ ဖြစ်နေလေသည်။ နေမင်းသည်လဲ ကောင်းကင်မှာ တဖြည်းဖြည်းနိမ့်ဆင်းလာနေပြီ ဖြစ်သည်။
ဒါကြောင့်မိုလို့ သူတို့ဟာ ကျောက်တုံးပေါ်ကရေးထားတဲ့ စာရဲ့အဓိပ္ပာယ်ကို နားလည်အောင်စဉ်းစားကြ ရာ.. အမ်မတာ က အရင်ဆုံးသဘောပေါက်သွားလေသည်။ အမ်မတာဟာ သူမရဲ့ မှော်တောင်ဝှေးကိုသုံးကာ သူမရဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ တဲ့ အမှတ်တရတွေကို သူမစိတ်ထဲကနေထုတ်ယူပြီး စမ်းချောင်ရေထဲကို ပစ်ချလိုက်သတဲ့။ စမ်းချောင်းလေးဟာ အဲ့ဒီ ပျော်ရွှင်မှုတွေကိုသယ်ဆောင်သွားပြီးတဲ့ အခါ စမ်းချောင်းထဲမှာ ကျေက်တုံးလေးတွေတန်းစီပေါ်လာပြီး သူတို့တွေ အဲ့ဒီကျောက်တုံးလေးတွေပေါ်ကနေဖြတ်ကူးလို့ ရသွားကြတယ်။ နောက်ဆုံးမှာတော့ ကဝေမ သုံးယောက်နဲ့ မြင်းစီးသူရဲတို့ဟာ တောင်ကုန်းထိပ်ကိုရောက်ရှိသွားကြလေသည်။


ရေပန်းဟာ ရှားပါးတဲ့ ဆေးမြစ်တွေနဲ့ သူတို့တခါမှ မမြင်ဘူးတဲ့ ပန်းပင်တွေ အလယ်မှာ လှပစွာစီးဆင်းနေတာကို တွေ့ရသတဲ့။ ကောင်ကင် ဟာတဖြည်းဖြည်းနီရောင်သန်းလာတဲ့အခါ ရေပန်းကရေကို ဘယ်သူချိုးသင့်သလဲလို့ သူတို့ ဆုံးဖြတ်ရမယ့်အချိန်ကို ရောက်လာပြီပေါ့။ သူတို့ မဆုံးဖြတ်နိုင်ခင်မှာပဲ နေမကောင်းတဲ့ အာရှာဟာ မြေကြီးပေါ်ကို လဲကျသွားလေသည်။ တောင်ကုန်းပေါ်ကို ရောက်အောင် ပင်ပင်ပန်းပန်းဖြတ်ကျော်လာရတာကြောင့် သူမဟာ သေလုမျောပါးဖြစ်နေတာပေါ့။ သူမရဲ့သူငယ်ချင်းတွေ က သူမကိုရေပန်းဆီရောက်အောင် သယ်သွားနိုင်ပေမယ့်လည်း သူမဟာ ဝေဒနာပြင်းထန်စွာ ခံစားနေရတာကြောင့် သူမကို မထိဖို့ တောင်းပန်လေ၏ ။ ဒါကြောင့် အသီဒါက အနားမှာ ရှိတဲ့ ဆေးမြစ်တွေကို မဝံ့မရဲခူးပြီး မြင်းစီးသူရဲ မောင်ကံဆိုးရဲ့ ဘူးသီးခြောက်ရေဗူးထဲမှာ ရောထည့်ပြီး အာရှာရဲ့ပါးစပ်ထဲဝင်အောင် လောင်းချလိုက်သတဲ့။ ချက်ချင်းပဲ အာရှာဟာ မတ်တတ်ရပ်လာနိုင်တဲ့ အပြင် သူမမှာ ရှိနေတဲ့ ရောဂါဝေဒနာတွေအားလုံးဟာ ပျောက်ကင်းသွားလေသည်။

“ ငါနေကောင်းသွားပြီ။ ငါ ရေပန်းမှာ ချိုးစရာ မလိုတော့ဘူး။ အသီဒါကို ချိုးခိုင်းလိုက်” လို့ပြောတယ်။

ဒါပေမယ့် အသီဒါက ဆေးမြစ်တွေကိုအားရပါးရခူးပြီး အိတ်ကပ်ထဲကို ထည့်ရင်း အလုပ်ရှုပ်နေတယ်။

“ငါဒီရောဂါကို ပျောက်အောင်ကုနိုင်တယ်ဆိုရင် ပိုက်ဆံတွေ အများကြီးရှာလို့ရမှာပဲ။ အမ်မတာပဲ ချိုးပါစေ” ဟု ပြောသည်။

မြင်းစီးသူရဲ မောင်ကံဆိုးဟာ အမ်မတာကို ဦးညွှတ်လိုက်ပြီး ရေပန်းကို သွားစေတယ်။ ဒါပေမယ့် အမ်မတာဟာ ခေါင်းခါလိုက်တယ်။ သူမရဲ့ချစ်သူကို လွမ်းဆွတ်မှုတွေဟာ စမ်းချောင်းရေထဲမှာ ပါသွားတာမိုလို့ သူမဟာ အခု သူမချစ်သူရဲ့ ရက်စက်မှု၊သစ္စာမရှိမှု တွေကို သိမြင်လာရပြီလေ။

“မြင်းစီးသူရဲကောင်းရေ… ရှင့်ရဲ့ကြင်နာစွာ ကူညီမှုတွေကြောင့် ရှင်ပဲ ချိုးသင့်ပါတယ် ”

အဲ့ဒါနဲ့ပဲ မြင်းစီးသူရဲကောင်းဟာ ဝင်စပြုနေတဲ့ နေမင်းရဲ့ နောက်ဆုံးအလင်းတန်းအောက်မှာ ကံကောင်းခြင်းရေပန်းက ရေကိုချိုးလေသည်။ သူ့ကိုယ်သူလဲ ရာချီနေတဲ့ လူတွေထဲကမှ ချိုးခွင့်ရသူဖြစ်စေတဲ့ သူ့ကံကိုသူ မယုံကြည်နိုင်စွာ အံ့သြနေလေသည်။နေမင်းဟာ မိုးကုပ်စက်ဝိုင်းမှာ ဝင်သွားတဲ့ အခါ မြင်းစီးသူရဲမောင်ကံဆိုးဟာ သူရဲ့အောင်မြင်မှုကို ဂုဏ်ယူစွာနဲ့ ရေပန်းအောက်ကထွက်လာကာ သံချပ်ကာဝတ်စုံကိုချွတ်ပြီး အမ်မတာရဲ့ရှေ့မှာ ချထားလိုက်လေသည်။ သူ့အတွက် အမ်မတာဟာ အကြင်နာဆုံးနဲ့ အလှပဆုံးမိန်းမတစ်ယောက် ဖြစ်နေကြောင်း နားလည်လိုက်ပြီး သူမကို လက်ထပ်ခွင့် ပေးဖို့ တောင်းဆိုလိုက်လေသည်။ အမ်မတာကလဲ သူမနဲ့ ထိုက်တန်သော အမျိုးကောင်းသားတစ်ယောက်ကို တွေ့ရှိလိုက်တာမို့ ပျော်ရွှင်စွာပဲ လက်ထပ်ခွင့် ပေးလိုက်၏ ။

ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ တစ်ယာက်လက်ကို တစ်ယောက်ဆွဲကာ တောင်ကုန်းပေါ်ကနေ အတူတူ ပြန်ဆင်းလာကြပြီး ဘဝတစ်လျှောက် ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။ ကံကောင်းခြင်းရေပန်းက ရေဟာ ဘာမှော်ပညာနဲ့ မှ လုံးဝစီရင် မထားကြောင်းကိုတော့ သူတို့ထဲက တစ်ယောက်မှ သိလဲမသိ သံသယလဲ မရှိခဲ့ကြပေ။

Note: The Tale of Beedle the Bard စာအုပ်ထဲက The Fountain of Fair Fortune ဆိုတဲ့ ပုံပြင်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။

အပြည့်အစုံသို့...

Thursday, 23 April 2009

ငယ်ချစ်ဦး

သစ်ရွက်လှုပ်လျှင်
ရယ်ချင်လေသည့်
အရွယ်မှစ
ပြုံးရွှင်ချိုမြ
သူ့မျက်နှာထားကြောင့်
ရင်ခုန်ခဲ့ရဖူးပါသည် ။

ထိုမှတဖန်
ရွှင်ကြည်ရယ်သုံး
သူ့အပြုံးတို့
မတွေ့ရခါ
ဘဝင်မခိုက်
ရွှင်မလိုက်နှင့်
လွမ်းမောခဲ့ရဖူးပါသည် ။

ဖြူစင်နှလုံး သူ့အပြုံးနှင့်
ချိုအေးကြည်သာ သူ့မျက်နှာကို
တမ်းတရော်ရည်
မျှော်ထင်သည်တည့်
ဘယ်ခါပြန်တွေ့ရမည်နည်း ။ ။

အပြည့်အစုံသို့...

Sunday, 15 March 2009

ကဗျာလေး တစ်ပုဒ်

ခုတလော စာရေးဖို့ထက် စာဖတ်ဖို့ ပိုပြီး အားသန်နေတယ် ။ ပို့စ်တင်ဖို့ထက် ပို့စ်တွေကို ပိုဖတ်ဖြစ်တယ် ။

ကျွန်တော် အရင်က Blogger မှာ ကျွန်တော်ဝယ်ထားတဲ့ Domain Name ကို Host တင်ပြီး ဘလော့ခ် ရေးခဲ့တယ် ။ နောက်တော့ ကျောင်းစာတွေများလာတာနဲ့ ၊ အလုပ်တွေ ပိုပြီးလုပ်နေခဲ့တာနဲ့ ပို့စ်တွေကို ပုံမှန်မရေးဖြစ်ဘူး ။ နောက်တော့ Blogger မှာ သိပ်ပြီး လုပ်ပိုင်ခွင့်တွေ မရှိတာနဲ့ စိတ်ကုန်လာလို့ ဘလော့ခ်ကို blogspot.com နဲ့ ပြောင်းလိုက်ပြီး မရေးတော့ဘူးလို့ထားထားလိုက်တယ် ဝင်လဲ မဝင်တော့ဘူး ။ အဓိကကတော့ Hosting site တစ်ခုရထားတာလဲ ပါတာပေါ့ ။

အဲဒီ့မှာ Hosting ထိုင်ပြီး ကိုယ်ပိုင် website တစ်ခုရေးမယ်လို့ လုပ်တယ် မအားတဲ့ကြားကနေ ။ ၁လလောက် အချိန်ကို လုယူပြီး ပြင်လိုက်တဲ့နောက်မှာ ကျွန်တော် wordpress ကိုအဲဒီ့ hosting site ထဲထည့်နိုင်ခဲ့တယ် ။ ဒါနဲ့ ဘလော့ခ်ကို ကျွန်တော့် မူရင်း domain name နဲ့ပြန်ရေးဖြစ်တယ် ။ ဒါပေမယ့် blogger ပေါ်ကတစ်ခုကတော့ ဒီတိုင်းပဲ ဖြစ်သွားတယ် ။ Blogger ကို မသုံးတာတော်တော်လေး ကြာသွားတော့ ကျွန်တော် အခု Ideacollections မှာလဲ စာတွေ ဝင်မရေးဖြစ်ဘူး ။

အခုတစ်လော...အလုပ်အရမ်း ပင်ပန်းပြီး စိတ်လဲ ပင်ပန်းနေတာမို့ အရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းတွေကို သိချင်တာနဲ့ အရင်က ရေးခဲ့တဲ့ ဘလော့ခ်ကို ပြန်ဖတ်ဖြစ်တယ် ။ ကျွန်တော် ဘလော့ခ်ရေးတယ် ဆိုတာကလဲ အဓိကက အဲဒါပဲ ။

ကျွန်တော့်ရည်ရွယ်ချက်က တစ်ချိန်မှာ အတိတ်က ရှိခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီး သိရအောင် ၊ အနာဂတ်ကို ကျွန်တော် မဖတ်ချင်ဘူး ... ကျွန်တော့်အတွက်က အတိတ်ကအကြောင်းတွေက ပိုပြီး အရေးပါတယ် ။ ဒါနဲ့ ကိုယ့်ဘလော့ခ် ကိုယ်ပြန် ဖတ်ရင်းနဲ့ ... တစ်ချိန်က အတန်းထဲမှာ ကျွန်တော် စပ်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ပြန်တွေ့မိတယ် ။

ကျွန်တော် ပြန်ဖတ်မိပြီး ..... အဲဒီ့ကဗျာလေးကို Share ချင်တာနဲ့ ဒီဘလော့ခ်အောက်မှာ ဖော်ပြလိုက်ပါတယ် ။ ကျွန်တော့် ကဗျာလေးကို ဝိုင်းပြီး ဝေဖန်...လေကန်ပေးကြပါ ခင်ဗျာ ။


The sun is shinning very wild,
I am thinking hard to rhyme.

A word comes out from nowhere,
I am not saying anything there,

I am feeling cold and blind,
The big room seems small in mind,
A long and tough road, in my eyes.

အပြည့်အစုံသို့...

Sunday, 22 February 2009

I was completely stunned


အခုတလော Flickr ကို ကလိ ဖြစ်နေတယ် .. sign up လုပ်ထားတာ ကြာပြီ ဆိုပေမဲ့ ခုမှပဲ ပြန်မွှေဖြစ်တာ ..
Flickr ရဲ့  service ကိုတော့ အများသိမို့ သိပ် ညွှန်းဖို့ မလိုလောက်ပါဘူး .. ဒါပေမဲ့ edit photo မှာ picnik နဲ့ ဆက်ထားတာ ကိုက တမျိုး ထူးခြားနေတာ ... နောက်မှပဲ picknik အကြောင်းထပ်ပြောတော့မယ် ... အခုတော့ flickr ပေါ့...

Flickr ရဲ့  welcome message တခုကြောင့် အတော်ကို အံ့ သြသွားမိတယ် ... ဒီမှာကြည့် ...
...











အမြဲလို ဆို howdy တို့ 'allo တို့ နှုတ် ဆက်နေကျ .. ဒီနေ့မှ ဝင်ကြည့်တော့ ထူးထူးခြားခြား ဗျာ ...

Kudos to Flickr~

အပြည့်အစုံသို့...

Sunday, 15 February 2009

The arrow and the song

Henry Wadsworth Longfellow


ကိုကြားဖူးကြလား .. ၁၀ တန်း ကဗျာ ဆရာလေ .. ဒီ ကဗျာပေါ့ .. အခုတလောမှ ကဗျာတွေ လိုက် ဖတ်ဖြစ်နေလို့ ..


I shot an arrow into the air,
It fell to earth, I knew not where;
For, so swiftly it flew, the sight
Could not follow it in its flight.

I breathed a song into the air,
It fell to earth, I knew not where;
For who has sight so keen and strong,

That it can follow the flight of song?

Long, long afterward, in an oak
I found the arrow, still unbroke;
And the song, from beginning to end,
I found again in the heart of a friend.

Henry Wadsworth Longfellow


Henry Wadsworth Longfellow
(1807-1882)

ဒီလူကြီးပေါ့ ဗျာ ..

အပြည့်အစုံသို့...

Friday, 30 January 2009

စိတ်ဆိုးသောအခါ

People use to get angry, including me of course. =D We are angry when someone hurts our feeling, when someone dumps us, when someone points mistake on us, etc. It's just usual. We couldn't escape from this kind of emotional expressions. However, it's not good when things get intense. It's hurt. It's true, it's really HURT!

First, you'll hurt yourself and then you'll hurt others. It's not good at all. It's no use crying over the spilt milk. When you are angry, look around you. People don't care what you are feeling. They don't care how much you hurt. In the end, only you who is suffering from the anger. So, there is no use at all. Just try to Forgive & Forget about everything that makes you angry.
Forgiveness is just giving a room in your heart. I'd mentioned about forgiveness in the previous posts.


Life will be peaceful if there is no anger.

May we be happy and free from the anger. ^__^


အပြည့်အစုံသို့...


YEAR OF THE GENTLEMAN တဲ့ neyo က ပြောတာပဲ ..
အတန်း ထဲက စလုံးတွေကတော့ YEAR OF OX တဲ့ ..
အားလုံးကို ရှုတ် နေတာပဲ ..

ဘာပဲ ဖြစ်ဖြစ် အားလုံးကို မြန်မာပီပီလေး နှုတ်ဆက်လိုက်ပါတယ် ။

" ကုံးစီ ဖချိုင် " ပါ။


http://www.gift.org.sg/cards_cny/cow.jpg

( ဘာတွေ ရေးထားလဲတော့ အကျွန်လဲ နားမလည်ဘူး ဗျို့  .. ကျုပ် ကျပ်သာ လိ လိုက်ကြတော့။ )


ဒါတောင် သိချင်မှ သိကြဦးမှာ ။ gong xi fa cai ဆိုတာကို ပြောပြောနေကြတာ ကြားဖူးပါတယ် ဆိုတဲ့ သူတွေကို အနက်ဖွင့် ပြလိုက်ပါတယ်။

"Gong Xi Fa Cai"

Gong Xi: means wishing/blessing

Fa: means enlarge(ment)

Cai: means wealth


လူတွေကို ဥစ္စာ ဓန တိုးပွားဖို့ ဆုတောင်းတဲ့ သဘောပါ။

စာဖတ် သူတို့လဲ နထီးနှစ် ( ဆဲနေတဲ့ အတိုင်းပဲ ) year of ox မှာ ကုန်း ရုံးပြီး economy crisis က နေ အလွတ် ရုံး နိုင်ကြပါစေ ဗျာ။

သာဓု ~ သာဓု ~ သာဓု

အပြည့်အစုံသို့...

Thursday, 29 January 2009

lemme wash the dirty laundry in public .

ဆယ်တန်း စာမေးပွဲတွေက လဲ နီးလာပြီ။ ဒီအချိန်လောက်မှာ ကုန်းကျုံး ကျက်ခဲ့ရတာဆိုရင် ၄ နှစ်တောင် ကြာခဲ့ပေါ့။ ဒီနှစ်က ညီ ၂ ဝမ်းခွဲတိတိ တယောက်က ပါ ၁၀ တန်း ဖြေမှာ ဆိုတော့ အားပေးရဦးမှာပဲ။ ၁၀ တန်း ဆိုလို့ သတိ ရတယ် ။ ကျက်ရသမျှ စာတွေ ထဲမှာ အရ ဆုံးကတော့ အင်္ဂလိပ်စာ ပထမ အခန်းပဲ ဗျို့ ။ အားအားရှိ ဒါပဲ ထိုင် ရွတ် နေတာကိုး ။ မှတ် မိသေးတယ် ။ စလုံးကောင်တွေကို ၁ မိနစ်စာလောက် preview ရွတ် ပြလိုက်တာ ဝေါင်း ခနဲ ဝေါင်း ခနဲ နေတာပဲ ( wow ကိုပြောတာပါ ) ကဲ အသက် အောင့် လိုက်ပြီ။ စပြီ။

It is easy to understand the calendar we use today. It was not always so easy. People had to try for thousands of years before they knew how to put together days, weeks, months, and years.

More than 2,000 years ago, scientists in Egypt made a calendar. ( blah blah blah )
ကဲ မပြောဘူးလား မှတ်မိပါတယ် ဆို။ ပြောရတာ ရှက် ဖို့လဲ ကောင်းပါရဲ့  ။ ကိုယ့် ပေါင်ကိုယ် လှန်ထောင်း ရသလိုပါပဲ။ Ouch! ရွှေနိုင်ငံတော် ကြီးဆီက တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာ ဆိုတာကြီးက ကျက် ဖြေကြီးပေါ့။ memory work မှာတော့ ရွှေကျောင်းသားတွေကို လာမယှဉ်နဲ့။ ဒီလို မှ မကျက်ရင်လဲ ကျမှာ ကိုးဗျ။ literature ဖတ် ဖို့ နေနေသာသာ grammar ဆိုတာတောင် ဘာမှန်း သေချာ မသိခဲ့ပါဘူးဗျာ။ ကိုယ့် ကိုယ်ကို လဲ သိပ်ကြီး အထင်တွေ ကြီးနေမှာ စိုးလို့ ပြန် ပြောရတာလဲ ပါသပေါ့။ ငါ ဒီလိုတွေ ကျက်လာခဲ့တဲ့ အင်္ဂလိပ်စာ ကို သင်လာပြီး တော့ ဘာမှ ဆက်မလုပ် ရင် ဘာမှကို တိုးလာမှာ မဟုတ်ဘူး လို့ တွေးမိအောင်လဲ ပါသပေါ့။ ဒါတောင် essay က တိုး သွားသေးတာ .. ကံကောင်းပုံများ ။ essay ဆိုတာ ကြီးကို ကျက် ရတယ်ပြောရင် ခွက်ခွက် လန်အောင် ရီလိုက်ကြမဲ့ စလုံးတွေ ကို တွေး မြင်ပါသေးရဲ့ ။
ဒါပေမဲ့ သူတို့က ပြောသေးသဗျ... မင်းတို့ အင်္ဂလိပ်စာကို ဘယ်တုန်းက သင်ရတာတုန်း တဲ့ ။ ကျွန်တော်တို့ လဲ ၄ နှစ်ဆို အေ .. လှည်းထောက် ဆိုပြီး ဘဘုန်း ဆီမှာ သင်ခဲ့ ကြတာပါပဲ။ ထူးမခြားနား ပါပဲ။
အဲတော့ သူများ နောက် ကောက် မကျရလေအောင် ကြိုးစားလိုက်ကြဦးစို့ ရဲ့  ။

သာဓု ~ သာဓု ~ သာဓု

ဒီထပ်ပို ပြီး calendar ကို မှတ်မိသူများ ရှိကြရင်လဲ comment မှာ ရေးသွားကြပါဦး။

အခုနှစ် ၁၀ တန်း ဖြေကြမဲ့ သူများ အားလုံး ဖြေဆိုနိုင် ကြပါစေ။

အပြည့်အစုံသို့...

Saturday, 11 October 2008

ပေါက်တတ်ကရ စာတမ်းလွှာ


အပျင်းပိုးကျရောက်နေတဲ့ ကျွန်တော်တို့ရဲ့  ဘလော့ကို ပေါက်တက်ကရ လေးနဲ့ စိုစိုပြေပြေ ဖြစ်အောင် ကုစားလိုက်ပုံကတော့ ဒီလိုပါ တဲ့ ဗျာ ......

(ဇာတ်ထဲ အငြိမ့်ထဲက မင်းသမီးခေါ်တာ ကျနေတာပဲ .. ပြောပုံက )

စံတော်ချိန် တီးလုံး တီးစေ ...

မင်းသမီး ထွက်စေ ...

လူရွှင်တော်များ ဇာတ်နောက် ဝင်စေ ...

လိုက်ကာ ပိတ် ၊ ပြန်ဖွင့်စေ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာတမ်းလေးတပုဒ်ရေးဖို့ အရေး ချဲ့ ကား နေတာနဲ့ ပဲ လာဖတ်တဲ့လူတွေလဲ ဖျာပေါ်မှာ ကွေးနေကြပြီ ... အလယ်နားက အဒေါ်ကြီးလဲ မျက်လုံး ပေကလပ် ပေကလပ်နဲ့ ... အိပ်ချင်တာများဗျာ ကိုယ့်အိမ်ကိုယ် ဇိမ်နဲ့ မအိပ်ဘူး .. လူစော်နံ၊ ကလေးသေးစော်နံ .. ပိုက်ဆံလဲ အကုန်ခံပြီးများ ပွဲလာကြည့်ရသလို့ .. အံ့ပ

အော် .. ဒီ ငနဲတော့ လိုရင်းကို မရောက်ဘူး လို့ တော့ အပြောမစော လိုက်ကြပါနဲ့ဗျာ ..
အခုကျုပ်ရေးမယ့် စာတမ်းက အိပ်တဲ့ အကြောင်းမို့ဗျို့  .... နိဒါန်း ပျိုးနေရတာ ပဲ .. ကဲ စလိုက် ကြတာပေါ့ဗျို့  ..

မှတ်ချက် ။ ဒီစာတမ်း ကို သူများအိမ်ရောက်နေရင်၊ သို့ ၊ အလုပ်ထဲမှာ ဖြစ်နေခဲ့ရင် မဖတ်ဖို့ အကြံပြုပါတယ်။

အောက်ပါ အချက်တွေ နဲ့ ကိုက်ညီနေရင် သင်အိပ်ဖို့ အချိန် ပိုလိုအပ်နေပြီ ။ တော်တော် များများ မှန် နေရင် ဆက်မဖတ်နဲ့တော့ ဗျို့  .... တစ်ချိုး တည်းသာ ဝင်အိပ်လိုက် .. အစထဲက ပြောပြီးသားပဲ အလုပ်ထဲမှာ ဖတ် ရင် မသင့်တော်ဘူး လို့လေ..

၁ ။ အတော် ရီစရာမကောင်းသော အရာများကို ပက်ပက်စက်စက် ရီမိနေခြင်း ။
၂ ။ ခေါင်းကို ဆင်နင်းထားသကဲ့ သို့ခံစားရခြင်း ၊ ကိုယ့်ခြေထောက်ကို ကြည့်လျှင်ပင် ကောင်းမွန်စွာ မမြင်ရ ပျောက်ဆုံးနေသည်ဟု ပင် ခံစားရခြင်း။
( ချွင်းချက် . . . အသင်သည် ကိုယ်ဝန်သည် (သို့) ဂါဖီးလ် (သို့) အလား သဏ္ဍာန်တူ ပုဂ္ဂိုလ် ဖြစ်နေပါက
နဂိုမူလအတိုင်း မိမိခြေထောက်ကိုမိမိ မြင်ရလိမ့်မည် မဟုတ်။ ထိုသည်မှာ ပုံမှန်ဖြစ်ပြီး စိုးရိမ်ဖွယ်မရှိ။ )
၃။ မြင်မြင် သမျှ အလှ အပ ချည်း ဖြစ်နေခြင်း ။ (credits to akm )
၎။ မျက်စိ မှိတ်ပြီးလျှင် ပြန်ဖွင့်ရန် အခက်အခဲ ရှိခြင်း။
၅။ မိမိ မြင်ကွင်းနှင့် အနီးအနားတွင် အလင်းမှုံ လိုလို အဖြူ အမှုံလေးများ တွေ့ နေရသလို ခံစားရခြင်း .. ( ရောဂါ ရင့်လျှင် သက်တံ့ ရောင် အစုံအလင် အမှုံများပါ တွေ့ ရနိုင်သည် စိုးရိမ်ဖွယ်မရှိ။)
၆။ အလိုလို နေရင်း ရုပ်ရှင် ဗီဒီယို ဇာတ်လမ်း များ ကြည့်ရသလို plot စုံညီစွာ မြင်ရ ကြားရခြင်း .. တခါ တရံ အသေးစိတ်ကျကျ .. လင်မယား ရန်ဖြစ် သလို အသံ များပါ ကြား နေရခြင်း(ဇာတ်ညွှန်း လက်တမ်းချရေး တဲ့ ဗမာပြည်က ပညာရှင်တွေ ဆိုရင် အသုံးတည့် လိုက်မည့်ဖြစ်ခြင်း။)
၇။ ကိုယ်သွား ချင်ရာတွေ သွားလည်ပြီး လောလော လတ်လတ် ပြန်ရောက်လာ သကဲ့သို့ ခံစားရခြင်း ။ ( တခါတလေများဆို ကမ္ဘာ ပတ်ချင်ပတ်နေလေရော .. ပြန်ရောက်လာမှ ... ' ဪ ' ခနဲ ဖြစ်တာ ..
၈။ ရောဂါ နောက်ဆုံး အဆင့် .. တွေ့ သမျှလူကို ဖနောင့်နှင့်ပေါက်ချင်စိတ်များပင် ပေါက်ပေါက် လာခြင်း ..

ကျုပ်လည်း အိပ်မှ နဲ့ တူရဲ့  ... တော်ကြာ လက်ပတော့ ကြီး ဖနောင့် နဲ့ ပေါက်မိနေမှ အဖေမကယ်နိုင် အမေ မကယ်နိုင် ယက်ကန် ယက်ကန် ဖြစ်နေလရော့မယ် ။

နားစို့ ကလေးတို့ ရေ ... အိပ်ကြတော့။



အပြည့်အစုံသို့...

Sunday, 29 June 2008

ခရီးသွား ငါးယောက်

" အဲဒီ အတိုင်းဘဲ ငြိမ်ငြိမ်နေကြဦး "
" ၉ .... ၈ .... ၇ .... ၆ .... ၅ .... ၄ ..... ငါ မ မှီ တော့ဘူးထင်တယ် ... ၃ ... ၂ .... ၁ ... "
" ဟာ .. သွားပြီကွာ .. သောက်တလွဲ .. ဘေးကို ကြည့်ပါဆိုတာကို "

Tripod မပါ ၊ ရိုက်ပေးမည့်သူ မရှိ ဘဲနှင့် ဓါတ်ပုံ ရိုက်ရတဲ့ ဒုက္ခ ကတော့ ကောင်းကောင်း သိသွားခဲ့ ပြီပေါ့ ။ ၁၀ စက္ကန့် ချိန်ထားပြီး group ရှိရာ ဆီသို့ ပြေးလွှား သွားရသည် တောင် ကောင်းကောင်း မမှီချင်။ pose ပေးမလို့ လုပ်တုန်း ကင်မရာက ရိုက်သွားပြီ .. ကဲ ကောင်းကြပါလေရော ... Prinston နဲ့ ကျွန်တော်က ဘေးကို မကြည့် မိ၊ ဖြီးနေသည့် သွားများကလည်း လွန်ပါကောလား ၊ Mo ကတော့ ဘေးကိုကြည့်တာမှ လွန်ပါရော Prinston နဲ့ များရန်ဖြစ် စကားများထားသည့် နှယ်။ နောက်ဆုံး ထွက်လာသည့် ပုံကျတော့ .....



ကဲ ... group photo ကောင်းကောင်း ကို မရိုက်ရဘူး ... နောက်တပုံတော့ အဆင်ပြေကောင်းရဲ့  ဟု ထပ် ကာ ထပ်ကာ ရိုက် နေလေသည်။ နေကလည်း ဝင်လုပြီ မို့ သုတ်ခြေတင်နေရသည်။ တနေကုန် နေပူရှိန်ကြောင့်လဲ လူတွေက ပြိုင်းပြိုင်း ထနေလေပြီ။

XXX




blog trip သွားမယ်ရယ်လို့ စိတ်ထဲက တွေးလိုက်မိသည်နှင့် တပြိုင်နက် ဖုန်းတွေ ချက်ချင်း ကောက် ဆက်လိုက် မိသည်။ ဒါတောင် မြတ်စုက သူ့  ကျ မခေါ်ပါ ဘဲ ချန်ထားရကောင်းဟု ခုလု ခုလု နှင့် ( ဘာကြီးလဲတော့ သိဘူး .. မြတ်စု စိတ်ဆိုးနဲ့ နော်. . . စတာ )


သွားဖြစ်လိုက်တော့လည်း ကတိုက်ကရိုက်။ စားစရာမုန့် နဲ့ ဖျော်ရည် ကို FairPrice က ကမန်းကတန်း ဝယ်ပြီး သုတ်ခြေတင်လိုက်ရသည်။ ပြီးတော့ ၅ ယောက်ထဲက ၄ ယောက်က ကား မှတ်တိုင်မှာ ဆုံကြ ပြီး တူတူ စီးဖြစ်ကြသည်။ ကား အပေါ်ထပ်က ဝင်ထိုင်ကာ ဝန်ဒါမီယာ ရပ်ကွက်တွေက ဈေးကြီးပေးရသည့် လုံးချင်းတိုက်တွေကို ငေးရင်း နှင့် လိုက်ပါလာကြလေသည်။ ၄ ယောက်တည်းနှင့် စကားက တယောက်တပေါက်.. ကော်ဖီရောင် တိုက်တွေကို ကြိုက်သူကကြိုက် ၊ သွေးမစုပ်တတ်သည့် သွေးစုပ်ဖုတ်ကောင် အကြောင်းစာအုပ်ကို ထိုင်ဖတ်သူကဖတ် ၊ ရေကူးကန်ပါသည့် ၃ထပ်တိုက်ကို ငမ်းသူက ငမ်း ၊ မှတ်တိုင် ကျော်သွား မည်စိုးသဖြင့် ဘေးဘီ ကြည့်သူက ကြည့်နှင့် အတော်ပင် အလုပ်ဖြစ်နေကြလေ သည်။ ဒီလိုနှင့် ရောက်မှန်းမသိ ရောက်သွားလေသည်။

ကားပေါ်က ဆင်းဆင်းချင်း ရင်မောဖွယ်ရာ ကုန်းတက်ကြီးကို စတက်ရလေတော့သည် ။ ဟောဟဲ .. ဟောဟဲ ။ ဓါတ်ပုံတွေ ရိုက်ကြ ပြီးသကာလ မောမော ပန်းပန်းနှင့် ဇရပ်ဆောင်လေး ထဲ ဝင်ထိုင်နား ကြလေသည်။ ၅ ယောက်သား မောသည်နှင့်ဘဲ စကားတွေလဲ ဖောင်မဖွဲ့  နိုင်၊ ဖဲသာ ထိုင်ကြ ဖြစ်ကြတော့သည်။ တိန် ...ကောင်းရော ..


ပါလာသည့် အထုတ်အထည်တွေ ဖြေစားပြီးတော့ ၇နာရီ လဲ ထိုးခါနီးပြီမို့ ခရီးဆက်ဖြစ်ကြသည်။ ဟိုနားဒီနား လှည့်ပတ် ဓါတ်ပုံရိုက်ကြပြီး သကာလ ညမှောင်လာသဖြင့် ပြန်ကြမည်ပြုလေ၏။





" ခြောက်ကပ်ကပ် ပန်းခြံကြီးထဲမှာ ငါတို့ရယ်ခဲ့ကြတယ်။ နှစ်ပေါင်းကြာ ညောင်းတာတောင် Hawpar Villa ကြီး မပျက်မစီးဘဲ ကျန်နေသလို ဒီ အပျော်၊ အရယ် တွေက နောက် ၂ နှစ် ၃ နှစ် ၅ နှစ် ၁၀ နှစ် ကြာသည့်တိုင် မပျက်မယွင်းဘဲ ကျန်ကြွင်းပါစေသား "



စာကြွင်း ။ ။ လွန်ခဲ့တဲ့ ၅ နှစ်က ဒီ ခြောက်ကပ်ကပ် Hawpar Villa ပန်းခြံ ကြီးကို ဝင်ခ ၇ ကျပ်ပေးရသတဲ့ အရပ်ကတို့ ရေ .. အခု အလကား ဝင်ရတော့ ၃၅ ကျပ်သက်သာ သွားလေသတည်း ..... ခရီးသွားမှတ်တမ်းကို အများနည်းတူ ခရီးသွား မှတ်တမ်း ကဲ့သို့ မရေးတတ်သော အကျွန်ုပ် အား သည်းခံတော်မူကြပါ။ မရေးနဲ့ ဆိုတာကို အတင်း ရေးမိတဲ့အတွက် ဘလော့ ဘက်တော်သားများအားလုံး စိတ်မဆိုးကြေး .. :)

အပြည့်အစုံသို့...