Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, 23 April 2009

ငယ်ချစ်ဦး

သစ်ရွက်လှုပ်လျှင်
ရယ်ချင်လေသည့်
အရွယ်မှစ
ပြုံးရွှင်ချိုမြ
သူ့မျက်နှာထားကြောင့်
ရင်ခုန်ခဲ့ရဖူးပါသည် ။

ထိုမှတဖန်
ရွှင်ကြည်ရယ်သုံး
သူ့အပြုံးတို့
မတွေ့ရခါ
ဘဝင်မခိုက်
ရွှင်မလိုက်နှင့်
လွမ်းမောခဲ့ရဖူးပါသည် ။

ဖြူစင်နှလုံး သူ့အပြုံးနှင့်
ချိုအေးကြည်သာ သူ့မျက်နှာကို
တမ်းတရော်ရည်
မျှော်ထင်သည်တည့်
ဘယ်ခါပြန်တွေ့ရမည်နည်း ။ ။

အပြည့်အစုံသို့...

Sunday, 15 March 2009

ကဗျာလေး တစ်ပုဒ်

ခုတလော စာရေးဖို့ထက် စာဖတ်ဖို့ ပိုပြီး အားသန်နေတယ် ။ ပို့စ်တင်ဖို့ထက် ပို့စ်တွေကို ပိုဖတ်ဖြစ်တယ် ။

ကျွန်တော် အရင်က Blogger မှာ ကျွန်တော်ဝယ်ထားတဲ့ Domain Name ကို Host တင်ပြီး ဘလော့ခ် ရေးခဲ့တယ် ။ နောက်တော့ ကျောင်းစာတွေများလာတာနဲ့ ၊ အလုပ်တွေ ပိုပြီးလုပ်နေခဲ့တာနဲ့ ပို့စ်တွေကို ပုံမှန်မရေးဖြစ်ဘူး ။ နောက်တော့ Blogger မှာ သိပ်ပြီး လုပ်ပိုင်ခွင့်တွေ မရှိတာနဲ့ စိတ်ကုန်လာလို့ ဘလော့ခ်ကို blogspot.com နဲ့ ပြောင်းလိုက်ပြီး မရေးတော့ဘူးလို့ထားထားလိုက်တယ် ဝင်လဲ မဝင်တော့ဘူး ။ အဓိကကတော့ Hosting site တစ်ခုရထားတာလဲ ပါတာပေါ့ ။

အဲဒီ့မှာ Hosting ထိုင်ပြီး ကိုယ်ပိုင် website တစ်ခုရေးမယ်လို့ လုပ်တယ် မအားတဲ့ကြားကနေ ။ ၁လလောက် အချိန်ကို လုယူပြီး ပြင်လိုက်တဲ့နောက်မှာ ကျွန်တော် wordpress ကိုအဲဒီ့ hosting site ထဲထည့်နိုင်ခဲ့တယ် ။ ဒါနဲ့ ဘလော့ခ်ကို ကျွန်တော့် မူရင်း domain name နဲ့ပြန်ရေးဖြစ်တယ် ။ ဒါပေမယ့် blogger ပေါ်ကတစ်ခုကတော့ ဒီတိုင်းပဲ ဖြစ်သွားတယ် ။ Blogger ကို မသုံးတာတော်တော်လေး ကြာသွားတော့ ကျွန်တော် အခု Ideacollections မှာလဲ စာတွေ ဝင်မရေးဖြစ်ဘူး ။

အခုတစ်လော...အလုပ်အရမ်း ပင်ပန်းပြီး စိတ်လဲ ပင်ပန်းနေတာမို့ အရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းတွေကို သိချင်တာနဲ့ အရင်က ရေးခဲ့တဲ့ ဘလော့ခ်ကို ပြန်ဖတ်ဖြစ်တယ် ။ ကျွန်တော် ဘလော့ခ်ရေးတယ် ဆိုတာကလဲ အဓိကက အဲဒါပဲ ။

ကျွန်တော့်ရည်ရွယ်ချက်က တစ်ချိန်မှာ အတိတ်က ရှိခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီး သိရအောင် ၊ အနာဂတ်ကို ကျွန်တော် မဖတ်ချင်ဘူး ... ကျွန်တော့်အတွက်က အတိတ်ကအကြောင်းတွေက ပိုပြီး အရေးပါတယ် ။ ဒါနဲ့ ကိုယ့်ဘလော့ခ် ကိုယ်ပြန် ဖတ်ရင်းနဲ့ ... တစ်ချိန်က အတန်းထဲမှာ ကျွန်တော် စပ်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ပြန်တွေ့မိတယ် ။

ကျွန်တော် ပြန်ဖတ်မိပြီး ..... အဲဒီ့ကဗျာလေးကို Share ချင်တာနဲ့ ဒီဘလော့ခ်အောက်မှာ ဖော်ပြလိုက်ပါတယ် ။ ကျွန်တော့် ကဗျာလေးကို ဝိုင်းပြီး ဝေဖန်...လေကန်ပေးကြပါ ခင်ဗျာ ။


The sun is shinning very wild,
I am thinking hard to rhyme.

A word comes out from nowhere,
I am not saying anything there,

I am feeling cold and blind,
The big room seems small in mind,
A long and tough road, in my eyes.

အပြည့်အစုံသို့...

Sunday, 15 February 2009

The arrow and the song

Henry Wadsworth Longfellow


ကိုကြားဖူးကြလား .. ၁၀ တန်း ကဗျာ ဆရာလေ .. ဒီ ကဗျာပေါ့ .. အခုတလောမှ ကဗျာတွေ လိုက် ဖတ်ဖြစ်နေလို့ ..


I shot an arrow into the air,
It fell to earth, I knew not where;
For, so swiftly it flew, the sight
Could not follow it in its flight.

I breathed a song into the air,
It fell to earth, I knew not where;
For who has sight so keen and strong,

That it can follow the flight of song?

Long, long afterward, in an oak
I found the arrow, still unbroke;
And the song, from beginning to end,
I found again in the heart of a friend.

Henry Wadsworth Longfellow


Henry Wadsworth Longfellow
(1807-1882)

ဒီလူကြီးပေါ့ ဗျာ ..

အပြည့်အစုံသို့...

Sunday, 29 June 2008

အသက်သွင်းခြင်း


နေမင်းရဲ့ ရောင်ခြည်ပာာ
အိပ်ပျော်နေတဲ့ တေးသီငှက်လေးတွေကို အသက်သွင်းတယ်။

တေးသီငှက်လေးတွေရဲ့ ချိုမြိန်တဲ့ တေးသံပာာ
နှိုးစက်သံနဲ့ မထတဲ့ ကျွန်တော့်ကို အသက်သွင်းပြန်တယ်။

ကျွန်တော်ရဲ့ ကာရံ မညီညာတဲ့ ကဗျာတစ်ပုဒ်ပာာ
တိတ်ဆိတ်ငြိမ်သက်နေတဲ့ စိတ်ကူးခြင်းမိုးတိမ်ကို အသက်သွင်းခွင့် ရပါစေ။


အပြည့်အစုံသို့...

Wednesday, 28 May 2008

မျှော်လင့်ခြင်း


ငါ့အိပ်ယာထဲ
စာအုပ်တွေပြန့်ကြဲ
ဘယ်လိုလုပ်မလဲ
ငါမှအိပ်လို့မရတာပဲ။

ညကောင်းကင်ထဲ
ကြယ်ရောင်လင်းပြောင်ဆဲ
ဘယ်ဆီမှာလဲ
မျှော်လင့်ချက်ရောင်ခြည်ရဲ့။

မေမေ့ရင်ခွင်ထဲ
နွေးထွေးတဲ့မေတ္တာတွေဝေဆဲ
ငါမျှော်နေခဲ့
ဘယ်တော့များအိမ်ပြန်ရောက်မှာလဲ။

အပြည့်အစုံသို့...

Saturday, 5 April 2008

အရောင်များနှင့် ရူးသွပ်ခြင်း သီအိုရီ

အနက်ရောင်ညတစ်ညမှာ
အနီရောင် သေဆုံးခြင်း တစ်ခု လွှမ်းမိုးသွားခဲ့မယ်လို့ ဘယ်သူများ ထင်မိမှာတဲ့လဲ။

ရွှေအိုရောင်အိနေတဲ့ ဘုံနမ်းမြင့်ထက်မှာ
ပန်းနုရောင်မင်းသမီး တစ်ပါး အေးချမ်းစွာလဲလျှောင်းနေတယ်။

အစိမ်းရောင်ရင့်ရင့် နှလုံးသားကို ဂူသွင်း မြှုပ်နှံတဲ့ အခမ်းအနားတစ်ခုရဲ့ လူအုပ်တွေထဲမှာ
ဖြူဖျော့ဖျော့ မျက်နှာတစ်ခုက ဘာအမူအရာမှမပြ။

ရီခြင်း၊ငိုခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေ ကတော့ ရင်ဘတ်ထဲမှာ ဘုရားပွဲလှည့်နေကြလေ၏
အပြင်ဘက်ကို ပေါက်ကွဲထွက်ဖို့ တွန်းကန်အားတစ်ခုက မပြည့်စုံသေး။

အဲလိုနဲ့ ပဲ ရူးသွပ်ခြင်း ကဗျာတစ်ပုဒ် လောကထဲသို့ ကျရောက်လာသတ္တံ့ ။

အပြည့်အစုံသို့...

Monday, 1 October 2007

အတွေး နဲ့ရေးတဲ့ ကဗျာအစအန

ကျွန်တော် တွေးတယ် ၊ အတွေးတွေ စုလာတော့ အကြံညဏ် လေးရလာတယ် ။
ရတဲ့ အခွင့်အရေးလေးကို အလျှင်အမြန် အသုံးချလိုက်တယ် ။
ကဗျာ ဆိုပေမယ့် ၊ အတွေးတွေစုထားတဲ့ အတွေးစု လေးလို့ဆိုရင်ပိုမှန်မှာပါ ။
နေထိုင်ရတဲ့ ဘ၀မှာငြီးငွေ့ လာတာနဲ့ ဖြစ်ပေါ်လာတဲ့ အတွေးလေးတွေပါ ။


တစ်ခါတစ်ရံ
လူ့လောကနဲ့ ဝေးကွာရာ
ီကမ္ဘာ့စွန်း တစ်နေရာဆီသို့
ထွက်ပြေးကာ ရှောင်ပြေးချင်ပါရဲ့

တစ်ဦးတည်းပေမို့
ဘယ်လိုပဲနေနေပါ
လောကကြီးပာာ တိတ်ဆိတ်နေမှာပါ ။

..........။.....။..........


နေ့စဉ်နေ့တိုင်း
ရယ်ကာမောကာ
သွားသွားလာလာ
အနှစ်နှစ် ၊ အလလ
ကုန်ဆုံးကာ ၊ ကြာမြင့်လာခဲ့

အသိဝင် လို့
သတိ ပြုမိချိန်မှာ
ကျွန်တော် ၁၉ နှစ်ကျော်ပြီတဲ့

ဘယ်ဆီ ၊ ဘယ်ဝယ် လဲကွယ်
ရှင်သန်နေထိုင် ရခြင်းရဲ့ အနှစ်သာရ ရယ် ။

အပြည့်အစုံသို့...

Monday, 10 September 2007

အနမ်းတစ်ပွင့်ခြွေလင့်ခဲ့ပါ ချစ်သူ...

ဆင်စွယ်ရောင် အနမ်းတစ်ပွင့်....ပန်းနုရောင် နှုတ်ခမ်းတစ်စုံ... ဆူးတွေကိုတောင် ငါမမှု

နောက်ဆုံးတော့ တစ်ယောက်တည်းအထီးကျန်..


အပြည့်အစုံသို့...

Tuesday, 4 September 2007

အလင်းပျောက်တဲ့ငါ

ကောင်မလေးရေ...

မျက်စိတစ်မှိတ် လျှက်တစ်ပြတ်တွင်း
မင်းကို မြင်ရ ခဏ တာတွင်
တွေဝေ မိန်းမူး ၊ ငေးကြည့်မဆုံး
ငါ့ရဲ့ အိပ်မက်ထဲ မင်းစ၀င်ပြီ ။

မင်းအနား ဖြတ်သွား
ကိုယ်သင်း ရနံ့ ခံစား မိပြန်
အရာရာမေ့ ဘ၀မေ့ ကာ
ငါ့ရဲ့ အသိပျောက်ဆုံးပြီ ။

မင်းရဲ့ လက်ကလေး
မတော်တဆ ထိမိရုံဖြင့်
တုန်လှုပ် ခြောက်ခြား
ငါ့ရဲ့ နှလုံး မခုန်တော့ပြီ ။

မင်းချက်ကြွေး တဲ့
ထိုစားစရာ .. ရသာထူးလှ
ထူးသည့် စေတနာ ၊ သည်တစ်ခါကို
ငါ့ရဲ့ နှလုံးသားက မမေ့ပြီ ။

မင်းရဲ့ ခေါ်သံ
ပျော့ပျောင်း ညှင်သာ
သာယာလှပ ဂီတ သံအလား
ငါ့ရဲ့ စိတ်တို့ဝေခွဲ မရပြီ ။


ဘုရားရှင်က
လမ်းညွှန်ဆုံးမ ထောက်ပြခဲ့သည်
အာရုဏ် ငါးပါး မေ့နိုင်ရမည်
ဒါမှ ဘ၀ အလင်း လျှင်မြန် တွေ့မယ် .... တဲ့ ။


ငါ့မှာ ...
လွန်စွာ မိုက်မဲ ၊ မှောင်ထဲတိုးဝင်
အာရုဏ် ငါးပါး အားလုံး မေ့မရ
ငါ့ရဲ့ သံသရာ ၊ စက်ဝန်း ပမာ
လည်ပတ်အုံးမည် ... အလင်းပျောက်ပြီ ။

အပြည့်အစုံသို့...

Wednesday, 4 July 2007

Forgive

Forgive the sun who didn't shine
The sky had asked her in to dine

Forgive the stars that heard your wish
The moon prepared their favorite dish

Forgive the rain for its attack
The clouds have tears thay can't hold back

Don't hate the birds 'cause they are free
Don't envy all the things they see

Don't block the wind, but hear its cry
Or else that wind may pass you by

Forgive the storm it means no harm
Could not resist to show its charm

Forgive the earth that never turns
Don't hate the sun, because too much burns

Life intends to not cause pain
The flowers bloom from all the rain

The storm will come and it will pass
The sun that shines, it grows the grass

The wind it cannot help but cry
The stars at night light up the sky

Forgive the world in which we live
We'll all find peace if we forgive

Danielle Rosenblatt

အပြည့်အစုံသို့...

အရည်အသွေးဆိုတာ...

အရည်အသွေးဆိုတာ....
စာရွက်ဖြူတစ်ရွက်ကို စိုက်ကြည့်ပြီး
ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်တယ်။
အရည်အသွေးဆိုတာ...
ကြောက်ရွံ့နေတဲ့ မျက်ဝန်းတစ်စုံကို စိုက်ကြည့်ရင်း
ခွန်အားတွေ ဖြစ်အောင် စွမ်းဆောင်နိုင်တယ်။
အရည်အသွေးဆိုတာ...
လူစိမ်းတွေချည်းရှိတယ့် အခန်းကိုလမ်းလျှောက်ဝင်သွားပြီး
မိတ်ဆွေတွေနဲ့ ပြန်ထွက်လာနိုင်စွမ်းရှိတယ်။
အရည်အသွေးဆိုတာ...
ကိုယ်မှားတဲ့အခါမှာ
မှားတယ်ဆိုတာ ၀န်ခံရဲတယ်။
အရည်အသွေးဆိုတာ...
လဲကျသွားတဲ့အချိန်မှာ
ပြန်ထနိုင်တယ်။
အရည်အသွေးဆိုတာ...
လမ်းပျောက်နေတဲ့အခါမှာ
ကိုယ့်ကိုယ်ကို ယုံကြည်ရဲတယ်။
အရည်အသွေးဆိုတာ...... ရိုးရှင်းတဲ့ စာလုံးပေမဲ့ အဓိပ္ပါယ်နက်နဲတယ်။
အများစုကတော့ အရည်အသွေးကို ရှာမတွေ့။
သို့ပေမဲ့ အရည်အသွေးဆိုတာ လူတိုင်းမှာရှိတယ်။
မင်းရဲ့ အရည်အသွေးဟာ မင်းကွင်းပစ် ကျွမ်းကျင်တာ၊
မင်း အကဘယ်လောက်တော်တာ၊
မင်း ကျောင်းမှာ အမှတ်ကောင်းကောင်းရတာ... တွေပဲ။
မင်းမှာလဲ အရည်အသွေးဆိုတာ ရှိတာပေါ့။
ဒါပေမဲ့ တစ်ခါမှ ကြိုးစားမကြည့်ရင် အရည်အသွေးဆိုတာ သူအလိုလို ဖြစ်မလာနိုင်ဘူး။
မင်းကြိုးစာပြီး ကွင်းပစ်မလေ့ကျင့်ရင်၊
မင်း အကလေ့မကျင့်ရင်၊
မင်း ကျောင်းစာ မှန်မှန် မလုပ်ဘူးဆိုရင် ပေါ့။
အရည်အသွေးဆိုတာ... လူတိုင်းပိုင်တာပါ။
မင်းဆီမှာရောပေါ့။
ဆလီနာ. အီ.မာတင်
မှတ်ချက်။ ။ ကဗျာလေးကို ကြိုက်လို့ ဘာသာပြန်ထားလိုက်တာပါ။

အပြည့်အစုံသို့...

မွေးနေ့လက်ဆောင်

သူမရဲ့ကမ္ဘာဟာ အထီးကျန်မှုတွေနဲ့ပြည့်နှက်နေတယ်
မာနတွေ ကိုခြုံလွှမ်းလို့ပေါ့
သူမရဲ့ အခန်းကျဉ်းလေးမှာတော့...
ပြင်းထန်တဲ့နာကျင်မှုတွေ ချည်းပဲပေါ့။

သူမမှာ မှီခိုစရာ သူငယ်ချင်းမရှိခဲ့
မှေးစက်အနားယူဖို့လဲ မရှိခဲ့
သူမရဲ့မေတ္တာကို မျှဝေခံစားမဲ့သူမရှိခဲ့
မျှော်လင့်ချက်တွေ၊ ကြင်နာခြင်းတွေ လက်ခံပေးသူမရှိခဲ့။

ညပေါင်းများစွာ စဉ်းစားရင်း အိပ်မရ
နေ့ပေါင်းများစွာ စဉ်းစားရင်း အလုပ်ပျက်
သူမ အိပ်ရာပေါ်ကို ပစ်လှဲချလိုက်ပြီး
နောက်ဆုံးတော့ သေနတ်တစ်လက်ကို သူမခေါင်းမှာ ချိန်လိုက်တယ်။

မကြာဘူး..သူမဖုန်းမြည်သံကိုကြားလိုက်ရတယ်
သူမသေနတ်ကို ခေတ္တဖယ်ထားလိုက်တယ်
ဟိုတစ်ဖက်ကပြောနေတာက အမေ
သူမစကားလုံးတွေကိုကြားနေရတယ်။

”မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ သမီးငယ်
ဒီနေ့ဟာ မင်းတစ်ယောက်ထဲအတွက်ပါ
အမေ့ရဲ့ နှလုံးသားကလာတဲ့စကား
အမှန်တရားဆိုတာ မင်းသိပါစေ” တဲ့။

သူမနားထဲမှာ စကားလုံးတွေ ပြေးလွှားနေတယ်
သူမ အင်အားသစ်တစ်ခုကို ခံစားလိုက်ရသလား
သေနတ်ကို အသာအယာချ
သူမဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုလုံး ပြောင်းလဲသွားတယ်။

ရက်တွေကြာတော့ အဲဒီထူးခြားတဲ့နေ့လေးကို ပြန်သတိရလာတယ်
သူမအမေရဲ့စကားတွေကိုရောပေါ့
သူမ လက်ဆောင်တစ်ခုရလိုက်ပါတယ်
သူမရဲ့ ဘဝသစ်တစ်ခုလုံးကိုရောပေါ့။

Chicken soup for the teenagers soul မှကဗျာတစ်ပုဒ်ကို ခံစားတင်ပြပါသည်။


အပြည့်အစုံသို့...

Thursday, 28 June 2007

လှံစိုက်ခံလိုက်ရတဲ့ မြေနိမ့်

နာခံရတာတွေ များတော့.......
ကိုယ်ပိုင် ခံစားချက် တွေကို ပြောပြခွင့်မရခဲ့.....
နောက်ဆုံးတော့....
ဆွံ့ အခဲ့ရပြီ......

ခေါင်းငုံ့ လျှောက် ရပါများတော့ လည်း.....
အခုတော့.....
ကောင်းကင်ကြီးဘာအရောင်လဲဆိုတာ ပြောမပြတတ်တော့ပြီလေ......

အပြည့်အစုံသို့...

Sunday, 24 June 2007

ဂဏန်းသင်္ချာ

ဒီစာကို တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်....
ဒီစာလေးကိုသဘောကျလို့ တင်လိုက်တာပါ..

” - ဖြင့်
+ ပေါင်းပြီး
x ပင့်
/ သူ များနဲ့ ကင်းဝေးကြပါစေ။ ” တဲ့

အပြည့်အစုံသို့...

ကြက်သွန်နီနှင့်အချစ် ကဗျာ


ကြက်သွန်နီထဲ..
ဘာများရှိမလဲလို့ ..
အသဲအမဲလိုက်လို့ ရှာ..
အလွှာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
မျက်စိတွေသာရဲ..

ချစ်သူရင်ခွင်ထဲ..
ဘာများရှိမလဲလို့ ..
ဇွဲနဲ့ မဲနဲ့ ရှာ..
မာရာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
အသည်းတွေသာကွဲ..

Anonymous

အပြည့်အစုံသို့...