Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, 11 July 2007

ဆရာမပေးသော ဥပမာ

ဆရာမ စာသင်တုန်းကပြောဖူးတဲ့ ဟာသလေးဖြစ်ပါတယ်။
လူနှစ်ယောက် မိုးသည်းထန်စွာရွာသောအချိန်၌် ဖုန်းပြောနေကြစဉ်ဖြစ်သည်။

ပထမတစ်ယောက် က ” Find the Truth, Find The Truth” လို့ပြောတယ်။
အဲဒီအချိန်မှာပဲ ဖုန်းလိုင်းကို မိုးကြိုးပစ်လိုက်ပြီး...
ပြောတဲ့စကားက ”Find the Tooth, Find the Tooth” ဖြစ်သွားရော ။
ကြားရတဲ့လူက ”What?, Find the Tooth? Which tooth?” လို့ မေးတော့။
ပထမလူက စိတ်တိုတိုနဲ့ ” Find the Truth ! Find the Truth !, You're Stupid ” ဆိုပြီးအော်ပြောလိုက်တော့။
ဟိုဘက်လူက” Find the Tooth ! Find the Tooth ! Your Toothpick ” လို့ ပြန်ပြီးကြားလိုက်တယ်တဲ့...

အပြည့်အစုံသို့...

Tuesday, 10 July 2007

အင်ဂျင်နီယာတွေ မရှိသောလောကကြီးမှာ

အင်ဂျင်နီယာများ ကမ္ဘာကြီးလောကကြီးမှာ အရေးပါအရာရောက်ပုံကို Internet ထဲက ရုပ်ပုံများဖြင့်ပြောပြပါရစေ...

စက်မှု့ အင်ဂျင်နီယာမရှိရင်တော့...





လေကြောင်းပညာဆိုင်ရာ အင်ဂျင်နီယာမရှိရင်တော့...





မြို့ ပြအင်ဂျင်နီယာမရှိရင်တော့...





ဆက်သွယ်ရေး နှင့် နည်းပညာဆိုင်ရာ အင်ဂျင်နီယာမရှိရင်တော့...





ကွန်ပြူတာသိပ္ပံဆိုင်ရာ အင်ဂျင်နီယာမရှိရင်တော့...





လျှပ်စစ် အင်ဂျင်နီယာမရှိရင်တော့...

အပြည့်အစုံသို့...

Sunday, 8 July 2007

ပာာသ အတိုအစ လေးများ...

ကျေးဇူးမတင်လို့တော့မပာုတ်ပါ


" ကျွန်မ သားလေး ရေနစ်တုန်းက ရေထဲကနေပြန်ကယ်ဆယ် ပေးတာ ရှင်ဆို ?"
" ပာုတ်ပါတယ် ၊ ပာုတ်ပါတယ် ၊ ကြုံကြိုက်တုန်းမို့ ကယ်ဆယ်ပေးတာပါ ၊ ကျေးဇူးတင်ဖို့မလိုပါဘူး ။ "
" ကျေးဇူးတင်စကားပြောဖို့လာတာတော့မပာုတ်ပါဘူးရှင် ၊ သူ့လက်ထဲကလက်စွပ် ပါမလာလို့လာမေးတာပါ ။ "

.........

သည်းထိတ်ရင်ဖို


" မင်း ရထားစီး ရင်းနဲ့သည်းထိတ်ရင်ဖိုအဖြစ်မျိုးကြုံဖူးလား ။ ? "
" ကြုံဖူးပြီလားမောင် ၊ တစ်ခါက မီးရထားစီးရင်း လိုဏ်ဂူ ထဲဖြတ်သွားတော့ ကောင်မလေးတစ်ယောက် ကို ငါဖတ်နမ်းလိုက်တယ် ။ လိုဏ်ဂူထဲက ထွက်လာတော့မှပဲ ကောင်မလေးအမေ ဖြစ်နေမှန်း သိရတယ် ။ အမလေး တကယ့်ကိုသည်းထိတ်ရင်ဖို ပါပဲ ။ "

.........

ဖအေတူသား


ကျောင်းမှာ စာတော်ပေမယ့် စည်းမဲ့ကမ်းမဲ့ နေတတ်တဲ့ကျောင်းသားကြောင့် ဆရာမ ကဆုံးမဖို့ မိဘထံ စာတစ်စောင်ပို့လိုက်ပါတယ် ။...
မကြာမီမှာပဲ ကျောင်းသားမိခင်ဆီမှစာတစ်စောင်ရောက်လာပါတယ် ။...
" ဆရာမ ရှင့်.....
ကလေး ဖခင်သည်လည်း စည်းကမ်းမရှိပါသောကြောင့် ကျွန်မ မနည်းတာဝန်ယူနေရပါသည် ။ သို့ဖြစ်သောကြောင့် သားကိုတော့ ဆရာမ ပဲတာဝန်ယူပြုပြင် ပေးပါရန် ပန်ကြားအပ်ပါတယ် ရှင့် ။ "

ပုံ
ကလေး မိခင် ။ "

အပြည့်အစုံသို့...

Saturday, 7 July 2007

ဟာသအတိုအစလေးများ-နှစ်

၁။နောက်တစ်ပတ်စနေက ကျွန်တော်မိန်းမ မွေးနေ့လေ။ အဲဒါနဲ့ကျွန်တော်မေးလိုက်တယ်-
ယောက်ျား။ ။ မင်းမွေးနေ့အတွက် ဘာလက်ဆောင် လိုချင်လဲ။
မိန်းမ။ ။ ရှင်ဘာပဲပေးပေးပါ။ Diamonds တွေပါတဲ့ ဟာဆိုရင်ရပြီ။
အဲဒါနဲ့ကျွန်တော် ဘာဝယ်ပေးလိုက်တယ်ထင်လဲ။
ကျွန်တော်လေ....
သူ့ကို ဖဲထုပ်တစ်ထုပ် ဝယ်ပေးလိုက်တယ်။

၂။တစ်နေ့မှာတော့ တစ်ခါမှ လေယာဉ်မစီးဘူးတဲ့ မိန်းမကြီးတစ်ယောက်က လေယာဉ်စီးဖို့ကြုံလာသတဲ့။
သူလေယာဉ်ပေါ်ကို တက်တက်ချင်းပဲ ပြတင်းပေါက်ဘေးက ထိုင်ခုံနဲ့ နေရာကောင်းတစ်ခုကို တွေ့တယ်။
အဲဒါနဲ့ဝမ်းသာအားရ ထိုင်ချလိုက်တယ်။
မကြာလိုက်ပါဘူး။ လူတစ်ယောက်ဝင်လာပြီး ဒီထိုင်ခုံဟာ သူ့ထိုင်ခုံပါလို့ပြောလာတယ်။
မိန်းမကြီးကလဲ ဖယ်မပေးချင်ဘူး။ ဒါနဲ့ သူတို့နှစ်ယောက် အကြာကြီးစကားများနေကြတယ်လေ။
နောက်ဆုံးတော့ ဟိုလူကပြောတယ်။
ခင်ဗျားဒီလောက်ထိုင်ချင်ရင်လဲ ”လေယာဉ်ကို ခင်ဗျားပဲမောင်းတော့” ဟုပြောလိုက်လေသတည်း။

၃။လူတစ်ယောက်က ဟိုတယ် တစ်ခုကိုဝင်ပြီး ဈေးမေးလိုက်တယ်။
ဧည့်သည်။ ။ ဒီဟိုတယ်မှာ တစ်ညတည်းရင်ဘယ်လောက်ကျမလဲ။
ဧည့်ကြို။ ။ ဒေါ်လာ ၇၀။
ဧည့်သည်။ ။ ဈေးကြီးလှချည်လားဗျ။မလျှော့တော့ဘူးလား။
ဧည့်ကြို။ ။ ကိုယ့်အိပ်ရာ ကိုယ်ပြင်မယ်ဆိုရင်တော့ ဒေါ်လာ ၅၀ကျမယ်။
ဧည့်သည်။ ။ ရတယ်ဗျာ -- ဆိုတော့.....
ဧည့်ကြိုက
ဧည့်သည်အား သံနှင့်တူ ကို ထုတ်ပေးလိုက်လေသတည်း။

၎။ပထမလူ။ ။ မိုးကြိုးပစ်လိုက်တဲ့ အခါ ကျီးကန်းတစ်ကောင်ဟာ မြေပေါ်ကိုပြုတ်ကျလာတယ်။ အဲဒါဘာဖြစ်လို့လဲ။
ဒုတိယလူ။ ။ အဲဒီကျီးကန်းကို မိုးကြိုး မှန်သွားလို့နေမှာပေါ့။
ပထမလူ။ ။ မဟုတ်ဘူးကွ။ အမှန်က- ကျီးကန်းက သူ့နားနှစ်ဖက်ကိုအတောင်ပံနဲ့အုပ်လိုက်တော့မပျံနိုင်တော့ပဲ ပြုတ်ကျလာတာ။

ဟာသကြိုက်သော သူငယ်ချင်းများ အတွက်....

ဟာသအတိုအစလေးများ-တစ်

အပြည့်အစုံသို့...

Thursday, 5 July 2007

ပိာုက်....စံနမူနာထားရလောက်ပါတယ် ။


ချစ်နေလိုက်တာများဗျာ ... ကျွန်တော်တောင်အားကျလာပြီ ။ နောက်နေ့ ပန်းသွားခူးပြီး ကူညီပေးမယ့် သူငယ်ချင်း တစ်ယောက်လောက်ရှာရမယ် ။ ရှာရမယ် သာပြောတာ တကယ်တော့ ဘယ်သူ့ကိုခေါ်ရမလဲတောင်မသိပါဘူးဗျာ ။ သူ့ကိုအားနာလို့ဗျ ... အပေါ်မှာ သနားပါတယ် ။ သူမှာ မနဲဆွဲထားပေးရတာ ။ အားတော့နာပါတယ် ကျွန်တော် စာဖတ်သူ ကိုအကူအညီတောင်းလို့ ရမလားပာင် .....?

အပြည့်အစုံသို့...

Monday, 2 July 2007

ချက်ခြင်း နှင့် ချစ်ခြင်း


ချက်ခြင်းသည် ပေးဆပ်ခြင်းရော၊ ရယူခြင်းရော ဖြစ်နိုင်သည်။
(ဆိုလိုရင်း။ ။ဂျီတော့မှာ send file ရော receive file ရောရပါသည်။)
ချက်ခြင်းတွင် မျက်စိမရှိ။
(
ဆိုလိုရင်း။ ။ဂျီတော့မှာ ဝက်ဘ်ကင် တပ်လို့မရ။)
ချက်ခြင်းအစ မျက်စိက။
(
ဆိုလိုရင်း။ ။အက်လုပ်ပြီးမှ ချက်လို့ရမှာပေါ့လို့။)
ချက်နှင့်စစ်တွင် မတရားတာမရှိ။
(
ဆိုလိုရင်း။ ။ဒါဆို ဂျီတော့မှာ block လုပ်ရင် စိတ်ဆိုးရဘူးနော်။)

ပေါသွားရင် ခွင့်လွှတ်ပါ။

အပြည့်အစုံသို့...

Sunday, 1 July 2007

ရယ်ကြရအောင်..

"A picture tells thousand words." တဲ့။
အဲဒီတော့ ဟာသကို စာတွေရေးနေမယ့်အစား ပုံလေးတွေပဲ ပို့စ် တော့မယ်။ အီးမေးလ် ထဲကရထားတဲ့ ပုံတွေပါ။ တွေ့ဖူးပြီးသား ပါရင် ကျော်ကြည့်လိုက်ပါ ခင်ဗျာ။




































အပြည့်အစုံသို့...

အချစ်အကြောင်း

“ အချစ် အချစ် တခစ်ခစ်နှင့် တစ်လစ်လျှာကြီး ထွက်လေသည် ”

တာရာမင်းဝေရဲ့ “ ဝတ်မှုန်တစ်စက်၏အတ္ထုပတ္တိ ” စာအုပ်ထဲက စာကြောင်းတစ်ကြောင်းပါ။ ပြန်တွေးမိတိုင်း ရယ်ရလို့ပါ။ အချစ်ဆိုတာကို သူများတွေက “ ပေးဆပ်ခြင်း ”၊ “ ရယူခြင်း ” ဆိုပြီး ကြီးကြီးကျယ်ကျယ် အဓိပ္ပာယ်တွေ ဖွင့်ဆိုနေကြချိန်မှာ အခုလို အချစ်အကြောင်းကို ပေါ့ပေါ့ပါးပါး ရေးထားတဲ့စာကြောင်းလေး တစ်ကြောင်းကိုဖတ်လိုက်ရတာ တော်တော်ရယ်ရပါတယ်။
အားလုံး ရယ်မောပျော်ရွှင်စေလိုသော ရည်ရွယ်ချက်ဖြင့်…….
Mo

အပြည့်အစုံသို့...

Friday, 29 June 2007

ဟာသအတိုအစလေးများ-တစ်

၁။ ဆရာမး မှန်မှန်ပြောစမ်း၊ မောင်ထွန်း။ မင်းဘာလို့အတန်း နောက်ကျတာလဲ?
မောင်ထွန်းး ဟိုဆိုင်းဘုတ်ကြောင့်ပါ၊ ဆရာမ
ဆရာမး ဘာဆိုင်းဘုတ်လဲ ?
မောင်ထွန်းး ”ဖြည်းဖြည်း ၊ ကျောင်းရှိသည်” ဆိုလို့ပါ၊ ဆရာမ


၂။ နိုင်ငံခြားခရီးစဉ် တစ်ခုမှပြန်လာသော ယောက်ျားက သူ၏ မိန်းမကို
ယောက်ျားး ကြည့်စမ်းပါဦး၊ မိန်းမရာ။ ငါ့ပုံက နိုင်ငံခြားသားနဲ့တူနေလို့လား?
မိန်းမး မတူပါဘူးတော်၊ ဘာဖြစ်လို့တုန်း ?
ယောက်ျားး လန်ဒန်မှာတုန်းကပေါ့၊ ငါ့ကို မိန်းမတစ်ယောက်ကမေးတယ်။ ”ရှင် နိုင်ငံခြားသား လားတဲ့”


၃။ သိပ္ပံပညာရှင် တစ်ဦး ဓါတ်ခွဲခန်းမှာ ပိုးဟတ် တစ်ကောင်နှင့် စမ်းသပ်ချက် ပြုလုပ်နေသည်။

ပထမအဆင့်။ ။ ပိုးဟတ်၏ နောက်ခြေကို ဖြတ်ပြီး ”
လမ်းလျှောက်...လမ်းလျှောက်... ” ဟု အမိန့်ပေးလိုက် သည်။ ပိုးဟတ်က လမ်းလျှောက်သည်။
ဒုတိယအဆင့်။ ။
ပိုးဟတ်၏ ခြေနောက် တစ်ချောင်းကို ဖြတ်ပြီး ”လမ်းလျှောက်...လမ်းလျှောက်... ” ဟု အမိန့်ပေးလိုက်သည်။ ပိုးဟတ်က လမ်းလျှောက်သည်။
တတိယအဆင့်။ ။
ပိုးဟတ်၏ ကျန်သော ခြေအားလုံးကို ဖြတ်ပြီး ”လမ်းလျှောက်...လမ်းလျှောက်... ” ဟု အမိန့်ပေးလိုက်သည်။ ပိုးဟတ်က လမ်းမလျှောကတော့ပေ။

အတန်ကြာ စဉ်းစားပြီးသော်... ”ဟေး.... ငါ သီအိုရီ တစ်ခု ရပြီကွ ”
သိပ္ပံပညာရှင်က ၀မ်းပန်းတသာ ထအော် လိုက်သည်။ ပြီးတော့ စာရွက်လွတ်ပေါ်မှာ ချရေးလိုက်သည် က -
” ပိုးဟတ် တစ်ကောင်၏ ခြေချောင်း အားလုံးကို ဖြတ်ပစ်လိုက်ပါက ပိုးဟတ်မှာ နားထိုင်းသွားသည် ” တဲ့။

ရယ်မောခြင်းဖြင့်
အသက်ရှည်နိုင်ကြပါစေ။ .......

အပြည့်အစုံသို့...

လက်တွေ့ဆိုင်ရာတွေ့ရှိချက်များ


ဂျပန်နိုင်ငံရှိ သုတေသီများသည် မြေပြင်မှ မီတာ ၁၀၀ အကွာအထိတူးဖော်ကြည့်ကြရာ လွန်ခဲ့သော နှစ် တစ်ထောင်ခန့်ကဟု ယူဆရသော ကြေးနီနန်းကြိုး တန်း များ တွေ့ရှိရလေသည်။ ထို့ကြောင့် ၎င်းတို့ ကောက်ချက်ချကြသည်မှာ ”
ဂျပန်နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရှေးလူသားများသည် လွန်ခဲ့သော နှစ် တစ်ထောင်ခန့် ကတည်းက တယ်လီဖုန်းများ တပ်ဆင် အသုံးပြုကြပါသည် ”တဲ့ ။

လအနည်းငယ်ကြာသော် အမေရိကန်မှ
သုတေသီများကလည်း အားကျမခံ မီတာ ၂၀၀ အကွာအထိတူးဖော်ကြည့်ကြရာ လွန်ခဲ့သော နှစ် နှစ်ထောင်ခန့်ကဟု ယူဆရသော Optical Fibre (အလင်းဖြင့် သတင်းအချက်အလက်များ သယ်ပို့သည့် ဖန်ပြွန် ) [ဟူး ... မောလိုက်တာ.. (စာရေးသူ)] များ တူး ဖော်ရရှိသည်။ ” ဤ နိုင်ငံနေ ရှေးလူသားများသည် လွန်ခဲ့သော နှစ်နှစ်ထောင်ခန့် ကတည်းက အဆင့်မြင့် တယ်လီဖုန်းလိုင်းများ တပ်ဆင် အသုံးပြုကြပါသည် ” ဟု အမေရိကန် သတင်းစာ ခေါင်ကြီးပိုင်းများက ဖေါ်ပြကြသည်။

ကျွန်တော်တို့ ရွှေနိုင်ငံ ကြီးမှ
သုတေသီများကလည်း အားကျမခံ မီတာ ၅၀၀ အကွာအထိတူးဖော်ကြည့်ကြရာ ဘာဆိုဘာမှ မတွေ့ရပါချေ။ နိုင်ငံတော် သတင်းစာများက ရေးသားကြသည်မှာ ” ဤနိုင်ငံ အတွင်း နေထိုင် ကြပါသော ရှေးလူသားများသည် လွန်ခဲ့သော နှစ်ငါးထောင်ခန့် ကတည်းက ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ကို အသုံးပြုကြပါသည် ” တဲ့။

ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ဟာသတစ်ပုဒ်သာ ဖြစ်ပါကြောင်း....

အပြည့်အစုံသို့...

Thursday, 28 June 2007

သားသို့ ပေးစာ


သား

သား စာမြန်မြန်မဖတ်တတ်မှန်းသိလို့ အမေ ဖြည်းဖြည်းပဲ စာရေးလိုက်တယ်။

ဟိုတစ်ပတ်က အမေတို့ဆီမှာ မိုးနှစ်ခါ ရွာတယ်။ တစ်ကြိမ်က ၃ရက်၊ တစ်ကြိမ်က ၄ ရက်။ သား ဟိုတစ်ပတ်က စာထဲမှာ ရေးထားတာ..ကျောင်းမှာ Blood Test စစ်တယ်ဆိုလို့ အမေ ဘုရား သွားပြီး ဆုတောင်းပေး သေးတယ်၊ ငါ့သားလေး ဖြေနိုင်ပါစေလို့။ သား လုပ်လိုက်တာ ကျောင်းက အင်တာနက်ကြီး ကျကွဲသွားတယ် ဆို လို့အမေ ပိုက်ဆံ ထပ်ပို့လိုက်တယ်။ နောက်ဆို ရင်ဂရုစိုက်ပြီး သုံးပေါ့ကွယ်။

မင်းအစ်မ ကိုယ်ဝန်က သားသားလေးလား၊ မီးမီးလေးလား မသိသေးတော့ မင်းလဲ အန်တီ ဖြစ်မလား၊ အန်ကယ် ဖြစ်မလား မပြောတတ်ပါဘူးကွယ်။ မင်း အစ်မ တို့ အိမ်အသစ်မှာ အ၀တ် လျှော်စက် ပါတယ် ဆိုလို့ ၊ မင်းအစ်မ သက်သာရအောင် သွားလျှော်ပေး ပါ တယ်… အဲဒီ အထဲ ထည့်ပြီး ခလုတ် ဆွဲချလိုက်တာ အ၀တ်တွေလဲ မတွေ့ ရတော့ပါဘူး ကွယ်။ မင်းအစ်မ အမေ့ကို ဆူမှာ ဆိုးလို့ မပြောရဲဘူး။ မင်းအဖေလဲ အလုပ်အသစ် ရထား တယ်။ သူ့ အောက်မှာ လူတစ်ရာကျော် ရှိတယ် တဲ့။ သင်္ချိုင်း မှာမြက်ရိတ်ရတာ လေ။

ဒီလောက်ပါပဲကွယ်။ သားလဲ ကျန်းကျန်းမာမာနေပါ။
အမေ

P.S. သားကို ဒေါ်လာ ၅၀၀ ထဲ့ပေးလိုက်မလို့ ပဲ။ ဒါပေမယ့်.. စာအိတ်က ပိတ်ပြီးသွားပြီ။




အပြည့်အစုံသို့...