Showing posts with label Steven. Show all posts
Showing posts with label Steven. Show all posts

Sunday, 29 June 2008

အသက်သွင်းခြင်း


နေမင်းရဲ့ ရောင်ခြည်ပာာ
အိပ်ပျော်နေတဲ့ တေးသီငှက်လေးတွေကို အသက်သွင်းတယ်။

တေးသီငှက်လေးတွေရဲ့ ချိုမြိန်တဲ့ တေးသံပာာ
နှိုးစက်သံနဲ့ မထတဲ့ ကျွန်တော့်ကို အသက်သွင်းပြန်တယ်။

ကျွန်တော်ရဲ့ ကာရံ မညီညာတဲ့ ကဗျာတစ်ပုဒ်ပာာ
တိတ်ဆိတ်ငြိမ်သက်နေတဲ့ စိတ်ကူးခြင်းမိုးတိမ်ကို အသက်သွင်းခွင့် ရပါစေ။


အပြည့်အစုံသို့...

Saturday, 28 June 2008

၂၈ ရက် ဇွန်လ ။


၂၈ ရက်နေ့ ဇွန်လ ပိုင်းမှာ ဖြစ်ခဲ့ ၊ ပျက်ခဲ့တာလေးတွေပါ ။

ကမ္ဘာ့သမိုင်းရဲ့ စာမျက်နှာတွေကို ပြန်လည်ရှာဖတ်ရတာလဲ အရသာ တစ်ခုပါ ။ ဘယ်နေ့တွေမှာ ဘာတွေဖြစ်ခဲ့တယ် ဘယ်သူတွေ ဘယ်နေ့မှာ မွေးခဲ့ပြီး ဘယ်သူတွေက ဘယ်နေ့မှာ ကျဆုံးခဲ့တယ် ဆိုတာတွေက သိသင့်တယ်မပာုတ်ပေမယ့် သိခွင့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ကိုယ်နဲ့ မွေးနေ့တူတဲ့ သူတွေထဲမှာ ကိုယ်သိတဲ့သူ ၊ ကိုယ်အထင်ကြီးနေတဲ့သူရဲ့ နာမည်တွေကို သိရရင်လဲ ကိုယ့်ကိုကိုယ်ပဲ အဲဒီလူလို နာမည်ကြီးလာမလိုလိုနဲ့ အလိုလို ယုံကြည်မှုတွေ ရှိလာတတ်တယ် ။ အဲ..ကိုယ်သိတဲ့သူ သေသွားတဲ့နေ့ဆိုရင်တော့ ဆက်မဖတ်ချင်တော့ဘူး ။


အဲလို...အဲလိုပေါ့......
1682 မှာ...
ရှန်ပိန် (Champagne - စာလုံးပေါင်းမှားတယ်ထင်လို့ အင်္ဂလိပ်လို ရေးပေးတာ) ကို Dom Perignon ဆိုတဲ့ သူက တီထွင်ခဲ့ပါတယ်တဲ့ ။

1836 မှာ...
အမေရိကန်ရဲ့ စတုတ္ထမြောက် သမ္မတကြီး James Madison လူ့ပြည်ငြီးလို့ နတ်ရွာကြွသွားပါသတဲ့ ။ (နတ်ရွာ ရောက်မရောက်တော့ ကျွန်တော်လဲ မသိဘူး ။)

1838 မှာ...
Victoria ဘုရင်မကြီးပာာ အင်္ဂလန်နိုင်ငံရဲ့ သရဖူကို အသက် ၁၉ နှစ်နဲ့ ဆောင်းခဲ့ပါတယ်တဲ့ ။

1950 မှာ...
ဒီနှစ်ကတော့ နဲနဲကြမ်းတယ် ...မြောက်ကိုရီးယားရဲ့ စစ်တပ်က တောင်ကိုရီးယားရဲ့ ဆိုး(လ်) မြို့ကို ၀င် ရောက် Capture ပါတယ်တဲ့ ။

1990 မှာ...
ဗြိတိန်မှာပါတဲ့ ... Prince Charles က ပိုလို (Polo) ကစားနေရင်းနဲ့ သူ့ရဲ့ pony လေး (pony ကိုမြန်မာလို ဘယ်လိုခေါ်လဲပာင် ? ကျွန်တော် မြန်မာလို ဘယ်လိုပြောရမယ် မသိလို့ ... ပီား) ပေါ်ကနေ ပြုတ်ကျပြီး ညာဖက်လက် ကျိုးသွား ပါတယ်တဲ့ ။ ( ကမြင်းတာ နဲတောင်နဲသေးတယ် )

2008 မှာ...
ဘလော့(ခ်)ရေးတာ ၀ါသနာပါတဲ့ ကျောင်းသားတစ်ယောက် အချိန်ပိုင်း အလုပ်ခွင်ထဲမှာ အင်တာနက်ခိုးသုံးရင်းနဲ့ ဒီပို့(စ်)ကိုရေးနေပါတယ်တဲ့ ။

Source (မူရင်း) :
ပလေဂျရီဇင် (Plagiarism) ဖြစ်မှာစိုးလို့ Reference ကိုပါထည့်သွင်းဖော်ပြလိုက်ပါတယ် ။ http://www.thehistorychannel.co.uk

အောက်ဆုံးက ၂၀၀၈ ပါမှာ မပာုတ်ဘူးနော် ။ အဲဒါက ကျွန်တော့် Copyright. ဘယ်ကမှ ယူသုံးမထားဘူး။ တကယ်လို့ တစ်ယောက်ယောက်က သုံးချင်ရင်တောင် ကျွန်တော့်တို့ စိတ်ကူးခြင်းမိုးတိမ် ကိုအောက်မှာ ဖော်ပြပေးရမယ်။

အပြည့်အစုံသို့...

Saturday, 19 April 2008

Business School ကွ



2008 Tamesek Regatta မှာ Business School က ဆုတွေ အများကြီး ရတယ် ကွ ။



"Best Spirited School Award"

"Temasek Olympiad 2008 Championship"

"Temasek Regatta 2008 Championship (for 3rd consecutive year)"

"Freshmen Orientation Finale Overall Championship (for 4th consecutive year)"

အပြည့်အစုံသို့...

Tuesday, 15 April 2008

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ......


ပာုတ်ပါတယ် ... တောင်းတဲ့ ဆုသာပြည့်မယ်ဆိုရင် ကျွန်တော် အိပ်မက်ဆိုး မက်ချင်တယ် ။ ရုပ်ရှင်တွေထဲမှာ အိပ်မက်ဆိုးမက်လို့ ထအော်တဲ့ လူတွေ ၊ ရူးသွပ်သွားတဲ့ သူတွေကို ကြည့်ရတော့ ကျွန်တော်လဲ သူတို့လို အိပ်မက်ဆိုး မက်ချင်တယ် ။ ရူးသွားပြီဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ ဘာဆိုဘာမှ မသိတော့ဘူး ။ အကောင်းပဲ သိချင်တယ် အဆိုးမသိချင်ဘူးဆိုရင် တရားမမျှတဘူးလေ ~~~ အဲဒီတော့ နှစ်ခုလုံးကို မသိချင်ဘူး ~~~ ဒီအတိုင်းပဲနေချင်တယ် ။

နောက်ပြီး အော်လိုက်ချင်တယ် --- ဘာရယ်လို့ မပာုတ်ဘူး ၊ ဒီအတိုင်းပဲ အော်လိုက်ချင်တယ် ( " အား " လို့ပဲ ဖြစ်ဖြစ် ၊ " ပေား " လို့ပဲ ဖြစ်ဖြစ် ၊ " ၀ူး " လို့ပဲ ဖြစ်ဖြစ် ) ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ... ဒီအတိုင်းပဲ အော်လိုက်ချင်တာ ။

" အသံတွေ ထွက်သွားအောင် အော်လိုက်ချင်တာ ။ လည်ချောင်းတွေ နာလာတဲ့ အထိအော်ချင်တာ - အသံတွေ ၀င်လာတဲ့ အထိအော်ချင်တာ - မျက်ရည်တွေ စီးကျလာတဲ့အထိ အော်ချင်တာ - အားအင်တွေ ကုန်ခန်းသွားတဲ့ အထိအော်ချင်တာ - ကမ္ဘာကြီးတစ်ခုလုံး မှောင်မည်းသွားတဲ့အထိ အော်ချင်တာ "


ဒါပေမယ့် အခုလို အခြေအနေနဲ့ အော်လို့မှ မရတာ - အရူးဆိုရင် အော်လည်း အပြစ်မရှိဘူး ၊ အိပ်မက်ဆိုးမက်လို့ အော်တာလည်း အမှားမပာုတ်ဘူး - နေတဲ့ နေရာက လူ့အသိုက်အ၀န်းထဲမှာလေ ။ ဘယ်လိုအော်ရမှာလဲ --- ပါးစပ်ကြီး ပာပြီး လေတွေပဲ မှုတ်ထုတ်နေရမှာလား ။ ဒါမှမပာုတ် မျက်လုံးမှိတ်ပြီး ဘာဖြစ်ဖြစ်ကွာဆိုပြီး ထအော်ရမှာလား ။ တကယ်တော့ အကောင်းဆုံးနည်းလမ်းက အိပ်မက်ဆိုး ပါ ။ အိပ်မက်ဆိုး မက်မှ တကယ်အော်လို့ ရမှာ ။

အိပ်မက်ဆိုးပဲ မက်ပါရစေ ။



အပြည့်အစုံသို့...

Sunday, 13 April 2008

Google Talk Lab နှင့် နှစ်ပါးသွား ကခြင်း

သုံးနေတဲ့ Google Talk ကို အားမရတာနဲ့ Google Talk Lab ကို ဒေါင်းလုဒ်ချပြီး သုံးပါရော ။ Install လုပ်ပြီးလို့ စဖွင့်တာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်ပါလေရော ။ Settingုကိုရှာလို့မတွေ့လို့ ဘယ်ကစဘယ်လိုလုပ်ရမလဲ မသိဖြစ်သွားတယ် ။ ဒါနဲ့ ဘာဖြစ်ဖြစ်ဆိုပြီး Sign In ၀င်လိုက်တယ် ဗျာ ။ ၀င်ပြီးတော့မှ သိတာ ဒီ Google Talk Lab ထဲမှာ Call Buttom မှမပါတာကို ။ ကျွန်တော် Chatting ပဲထိုင်လို့ရတာ ပဲပာာ ။ မကြိုက်ဘူး ။ ဒါနဲ့ သုံးနေကျ Gtalk ကိုပြန် Install လုပ်ရတယ် ( ကျွန်တော်က အကျင့်သိပ်မကောင်းဘူး - အသစ်တွေ့ရင် အပောာင်းကို မေ့ရုံမပာုတ်ဘူး တစ်ခါတည်း ပစ်လိုက်တာ - အသစ်က မကောင်းဘူးဆိုမှ အပောာင်းကို အသည်းအသန်ပြန်ရှာတာ ) ။ တစ်ကယ်တော့ Google Talk Lab ဆိုတာ ဒေါင်းလုဒ်လုပ်စရာတောင် မလိုပါဘူး ။ Web ပေါ်မှာ Launch လုပ်ပြီးတောင် သုံးလို့ရတယ် - သုံးလို့ကြိုက်တယ်ဆိုရင် လင့်ကို Favorites ထဲထည့်ထားလိုက်ရုံပေါ့ ။ ဒေါင်းလုဒ်လုပ်ပြီးသား နဲ့ Web ပေါ်မှာ Launch လုပ်ပြီးသုံးတာ ဘာမှမကွာဘူးဗျ အားလုံးအတူတူပဲ - အဲဒီတော့ ဘာလို့ Hard Disk ကို မလိုအပ်တဲ့ File အတွက်အလုပ်လုပ်ခိုင်းအုံးမှာလဲ ??? ကျွန်တော်ကတော့ အားမပေးဘူး ။ ဒါပေမယ့် Download လုပ်မယ် ၊ မလုပ်ဘူး ဆိုတာက ကျွန်တော်လိုက်ပြီး ဆုံးဖြတ်ရမှာ မပာုတ်တော့ အရမ်း အတင်းအကြပ်ကြီး မတိုက်တွန်းချင်ပါဘူး ။ ကျွန်တော်ကတော့ သုံးနေကျ Google Talk ကိုပဲ ကြိုက်တယ် ။ နှစ်ခုစလုံးက အနည်းဆုံး Window XP / Vista ရှိမှ အလုပ်လုပ်တာပဲပာာကို ။ သုံးနေကျ Google Talk မှာ Call Buttom ရှိတယ် ။ စကားပါပြောလို့ ရတယ် ( ပိုကောင်းတယ်လို့ ထင်တယ် ) .Google Talk Lab မှာက Group Chat ပါတယ်ဆိုပေမယ့် ကျွန်တော်တို့က Confrences တွေ Meeting တွေကို အွန်လိုင်းပေါ်မှာ လုပ်ရလောက်အောင် သိပ်ပြီး မကြီးကျယ်သေးဘူးလေ ။ အဲဒီတော့ တကယ်လို့ လုပ်ချင်ရင်တောင် Web ပေါ်မှာပဲ Launch လုပ်ပြီးသုံးလိုက်မှာပေါ့ တစ်နှစ်လုံးနေမှ တစ်ခါ ၊ နှစ်ခါ လောက်ပဲသုံးတာကို - အများကြီးမှ မပာုတ်တာ ။

အပြည့်အစုံသို့...

Wednesday, 9 April 2008

Singlish သင်နေပါတယ်


ှSinglish ကို အသည်းအသန် သင်နေတယ် ခင်ဗျ ။ ခုတလော စလုံးသူလေးတွေကို စကားပြောရတာ Singlish လိုမပာုတ်ရင် နှစ်ခါသုံးခါလောက် ပြန်ပြန်ပြောနေရတာ အရမ်းအောက်တယ် ။ မဖြစ်ဘူး သင်မှဖြစ်တော့မယ် --- အင်္ဂလိပ်စာတွေ လေ့လာထားတာတော့ သွားပြီပေါ့ဗျာ ။ ဒီလိုပဲ သဲထဲ ရေသွန်သလိုဖြစ်ပြီပေါ့ ။ ဘယ်တက်နိုင်ပါ့မလဲ Rome မှာနေရင် Rome လိုကျင့်ကြံ ရမယ်ဆိုသလိုပဲ ကျွန်တော်လဲ ဒီ Singlish တွေကိုသင်ရတော့မှာပေါ့ ။ လုပ်ချင်တာကို လုပ်ရမှာထက် လုပ်သင့်တာကို လုပ်ရဖို့က ပိုအဓိကကျတယ်လေ ။ ခုတလော အားနေလို့ လျှောက်လုပ်နေတာ လူပင်ပန်းပြီး ငွေကုန်တာပဲ အဖတ်တင်တယ် တခြား ဘာမှလဲ ထူးထူးခြားခြားထွက်မလာဘူး ။ လှုပ်ရှားနေတော့ ဗိုက်ပိုဆာတယ် သူ့ကိုဖြည့်ရတာနဲ့ ပိုက်ပိုက်လဲ ပိုကုန်တယ် ။ Singlish မြန်မြန်တတ်ဖို့ ဆိုတာလဲ စလုံးသူတွေနဲ့ စကားများများပြောမှ ရမယ်မပာုတ်လား ( စလုံးသားတွေက စကားနည်းတယ်ဗျ ၊ သိပ်မပြောချင်ကြဘူး :D ) ။ ဒီအတိုင်း တစ်နေကုန် အိပ်နေပြန်ရင်လဲ ဘယ်သူနဲ့မှ မတွေ့တော့ ဘယ်မှာလာပြီး အပြောအဆိုတွေကလဲ တိုးတက်လာမလဲ ။

အဲဒါပေါ့ လုပ်ချင်တာထက် လုပ်သင့်တာကို ပိုလုပ်ရမယ်ဆိုတာ ။

အပြည့်အစုံသို့...

Monday, 7 April 2008

Web master ကောင်း တစ်ယောက် ဖြစ်ပါရစေ ။


ကျွန်တော် Web master တစ်ယောက်ဖြစ်ချင်တယ် ။ Web Designer လဲဖြစ်ချင်တယ် ။ ကျွန်တော့် Websites တွေ Blogs တွေကို လှလှပပ သေသေသပ်သပ် နဲ့ Browsers အားလုံးမှာ ဖွင့်လို့ရအောင် ဖန်တီးချင်တယ် ။ အင်တာနက် ကို စတင် စိတ်ဝင်စားလာရတာကလည်း ဒီ Websites တွေကြောင့်ပဲ ။ တစ်ချို့ Websites တွေပာာ နာမည်ကြီးပြီး အရမ်းလှတယ် ( ဥပမာ - MTV ) သူက ဖွင့်ရတာ လေးပေမယ့် Visitors အရမ်းများတယ် ။ တစ်ချို့က အရမ်း ရိုးရှင်းတယ် ဘာဆိုဘာမှမရှိဘူး ဒါပေမယ့် အဲဒီ့ မရှိတာလေးကိုက ဆွဲဆောင်မှုရှိတယ် ( ဥပမာ - Google ) သူပေးတဲ့ ၀န်ဆောင်မှုက တခြားပြိုင်ဘက်တွေကတောင် လေးစားရတဲ့ အဆင့်မှာ ရှိတယ် ။ နောက် မြန်မာ ၀က်ဆိုက်တွေထဲမှာလဲ ကောင်းတာတွေရှိပါတယ် ဥပမာ တစ်ခုပြရရင် Lotaya ပဲ - သူက ဒီဇိုင်းလဲ မလှဘူး ၊ နောက်ပြီး လေးလဲမလေးဘူး ၊ ဘာဒေါင်းလုဒ်မှလဲ မပေးဘူး ၊ အဲ Right Click လဲပိတ်သေးတယ် ။ တစ်ခုရှိတာက သူ့မှာ မြန်မာသီချင်း အစုံ ရှိတယ် - ပိာုးရှေးရှေးတုန်းက စပြီး အခုခေတ်အထိ အစုံနားထောင်နိုင်တယ် ( အကော်ဒီယံအုန်းကျော် ကစပြီး ဇော်ပိုင်တို့ အာဇာနည်တို့ အထိရှိတယ် ) ။ အဲလို အဲလိုပေါ့နော် ..... အောင်မြင်မှုလေးတွေ ။


သူများတွေ အောင်မြင်တာကြည့်ပြီး ကျွန်တော်က သွားရည်ယိုလာတယ် ။ ကြိုးစားကြည့်ချင်စိတ်ပေါက်လာလို့ လေ့လာတော့ ဘာမှန်းမသိ ညာမှန်းမသိ Java Script လဲထည့်တာပဲ ၊ PHP တွေလဲ ရောသုံးလိုသုံး ၊ အလကားချပေးတဲ့ HTML တွေလဲ ယူလိုယူနဲ့ စိတ်တိုင်းကျလုပ်လိုက်တာ - ကိုယ့်ကိုကိုယ်တော့ လှပြီအထင်နဲ့ - ဘာတွေထွက်လာမှန်းကို မသိတော့ဘူး ။ IE မှာ ကိုယ့်ဖာသာကိုယ် ကြည့်တာတော့ ပာုတ်နေတာပေါ့ ။ သူများ ကွန်ပြူတာမှာ ကြည့်တော့မှ Mozilla Firefox မှာလဲ အလုပ်မလုပ် ၊ Safari မှာလဲ ဖွင့်မရ ၊ Opera ကလဲဘာမှန်းမသိ ၊ ဒီကြားထဲ Avant Browser ဆိုတာကို စမ်းကြည့်လိုက်တော့မှ သိရတာက ကျွန်တော်လုပ်ခဲ့တာတွေက တကယ်တော့ ပြဿနာ တွေပါလားလို့ပေါ့ ။ ဒါနဲ့ အကုန်ပြန်ဖျက်ပြီး အသစ်ကပြန်လုပ် နဲ့ လျှောက်ကလိတာ အခုတော့ နဲနဲ ကြည့်ပျော်ရှုပျော် ဘ၀ လေးကို ရောက်ပြီလို့ ပြောလို့ရတယ် ။ Browsers တွေအကုန်လုံးနဲ့ လည်းစမ်းပြီးသွားပြီမို့ ကျေနပ်သွားပြီပေါ့ဗျာ ။ လျှောက်စမ်းရင်းနဲ့ သိရတာက Browsers တွေထဲမှာ သုံးမျိုးက လုံးဝ မတူညီတဲ့ အသွင်အပြင်တွေရှိတာကိုတွေရတယ် ။ IE က HTML နဲ့ Java Script တွေကို လက်ခံနိုင်တဲ့ စွမ်းရည် အမြင့်ဆုံး အဆင့်မှာရှိတယ် ။ Mozilla Firefox ကတော့ ဒုတိယ အဆင့်နဲ့ Apple ရဲ့ Product ဖြစ်တဲ့ Safari ကတော့ အနိမ့်ဆုံးပါ ခင်ဗျား - အဲဒါကြောင့် ကျွန်တော့် Script တော်တော်များများက Safari မှာ အလုပ်မလုပ်တာကိုး ။ Safari မှာသာ စပါယ်ရှည် ဖြစ်အောင်လုပ် ကျန်တာတွေက သိပ်ပြီး မခက်ခဲတော့ ဘူး ၊ Mozilla ကလဲ ထူးခြားချက်တစ်ခု ရှိတယ် - ကျွန်တော် အခုရေးထားတဲ့ ပို့စ်ကို Code တစ်မျိုးသုံးထားတယ် ၊ အဲဒီ ကုဒ်ကို Mozilla ကကောင်းကောင်းဖတ်နိုင်တယ် ။ စမ်းချင်ရင် Mozilla နဲ့ဖွင့်တာဆိုရင် အခုဖတ်နေတဲ့ စာတွေပေါ်မှာ Right Click နှိပ်လိုက်ပါ ။ ပို့စ်တစ်ခုလုံးက Border ( dotted line ) နဲ့ ဘောင်ကွပ်ထားတာကို ပုံစံအသစ်နဲ့ တွေ့ရမယ် ။ Right Click နှိပ်မှ မြင်ရမှာပါ ၊ နောက်ပြီး Mozilla နဲ့ဖွင့်မှ တွေ့ရမှာပါ ။ ကျန်တဲ့ Browsers တွေမှာ အဲဒီ့ Border ကိုတွေ့ရမှာ မပာုတ်ဘူး ။ အဲလို အဲလို တွေပေါ့နော် ..... ကျွန်တော်က Websites နဲ့ Blogs တွေကို ပုံစံလှလှလေးတွေ ခြယ်သချင်တာ ။ ဒါပေမယ့်လည်း ပညာတွေ အများကြီး လိုသေးတော့ Pro ဖြစ်ဖို့ ဆိုတာ စိတ်ကူးယဉ် နေသလိုပါဗျာ .......... ။

အပြည့်အစုံသို့...

Sunday, 6 April 2008

ပိာုတုန်းက...


ကျွန်တော် ဆယ်တန်းပြီးမှ ကွန်ပြူတာကို လက်နဲ့ ထိခွင့်ရတာ ပြောရရင် ရှက်တောင်ရှက်တယ် ။ ဆယ်တန်းတုန်းကတော့ Counter Strike ခိုးဆော့လို့ ကွန်ပြူတာပေါ်က Keyboard နဲ့ Mouse ကိုတော့ ကောင်းကောင်းသိတယ် ။ ကျန်တာတော့ ဘာမှကိုမသိတာ အမှန် ။

ဒါနဲ့ ဆယ်တန်းပြီးတော့ ကွန်ပြူတာ သင်တန်းကို စတက်ဖို့လုပ်တော့ ဘယ်ကစရမှန်းမသိဘူး ။ အစ်ကိုဝမ်းကွဲ တစ်ယောက်က အကြံပေးတယ် Basic ကစတက်တဲ့ ။ အင်္ဂလိပ်စာကိုလဲ ကောင်းကောင်း ရေးဖူးဖတ်ဖူးထားတော့ Basic က အခြေခံမှန်း ရိပ်မိတယ် ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ဘေးစစ် ( Basic ) ပဲတက်လိုက်တယ် ။ ဘာသင်လဲဆိုတော့ Typing နဲ့ Microsoft Word နဲ့ Microsoft Excel သင်တယ် ။ အဲဒီတုန်းကတော့ ဆရာမ နဲနဲနောက်လှည့်တာနဲ့ ဂိမ်းပဲ ကစားတာပါ သိပ်ပြီး သင်တယ် မရှိပါဘူး ။ Basic တန်းရဲ့ နောက်ဆုံးနေ့မှာ အင်တာနက် နဲ့ အီးမေးကို နဲနဲ ပြတယ် ။ ပြတယ် သာဆိုတာပါ ... တကယ်တော့ ဆရာမကပဲ သုံးသွားတာပါ ။ အဲဒီတုန်းက Files တွေကို ဒေါင်းလုပ်လုပ်တဲ့ နည်း မပြောနဲ့ Files တွေကို Copy / Paste တောင် ကောင်းကောင်း မလုပ်တတ်တဲ့ ကျွန်တော် ဆရာမက အင်တာနက် ကနေ သီချင်းဖွင့်ပြတော့ မျက်လုံးကြီး ကျွတ်ထွက် မလိုတောင် ပြူးဖြဲ ကြည့်ခဲ့တာ ။ ကွန်ပြူတာထဲမှာမရှိတဲ့ သီချင်းတွေကို ဒီလိုပဲ နားထောင်လို့ ရလားပေါ့ အံ့သြ လိုက်တာ ။ အဲဒီတုန်းက ဂူဂဲ ကိုတောင် Search Engine တစ်ခုမှန်း မသိသေးဘူးလေ ။ Gmail ဆိုတာတော့ ပြောတောင် မပြောပါနဲ့ .... ဘာကြီးလဲလို့ ပြန်မေးမိမှာ စိုးလို့ ။

အပြည့်အစုံသို့...

Saturday, 8 March 2008

မျက်ရည်စက်လေးရဲ့ ရင်ဖွင့် သံ



" ပော့ ပော့လူ ....ထ ၊ ခဏ ထအုံး ။ "

" ............... "

" ပော့လူ ထ ၊ ထလို့ ပြောနေတယ်လေ ။ "



ကျွန်တော် မျက်လုံးဖွင့် ကြည့်တော့ အရမ်းဒေါသတွေထွက်နေတဲ့ ပုံရှိတဲ့ ရေစက်လေး တစ်စက်ကိုတွေ့လိုက်ရတော့ .....



" မင်းက ရေစက်လေး ပဲ ငါ့ ကိုဘာအတွက်နှိုးရတာလဲ "

" ပာာ ကျုပ်က မျက်ရည်စက်ဗျ ၊ ရေစက်မပာုတ်ဘူး ... ခင်ဗျားကို ပြောစရာရှိလို့ "

" မင်းက မျက်ရည်စက် ? ငါ့ ကိုပြောစရာ ရှိလို့ ? "

" ပာုတ်တယ် ။ ကျုပ် ခင်ဗျားကို ပြောချင်တာကြာပြီ ။ အစကတော့ သနားလို့ မပြောခဲ့တာ ... ခုတော့ ပြောရတော့မယ် ။ "

" နေပါအုံး ။ ဘာအကြောင်းမို့လို့လဲကွ မင်းကများ ကြီးကြီးကျယ်ကျယ် နဲ့ "

" တစ်ခုတော့ ရှိတယ် ... ကျုပ်ပြောနေတုန်းမှာ ၀င်ပြီး ကြားဖြတ်မပြောပါဘူးလို့ အရင် ကတိပေး ရမယ် ။ "

" ပာာ...တော်တော် လျှာရှည်တဲ့ ကောင်ပဲကွာ ..ပေးတယ် ၊ ပေးတယ် ပြောတော့ "



မျက်ရည်စက်လေးက

ကျုပ် နားလည်တယ် ၊ ခင်ဗျား မှာ အခက်အခဲတွေ အများကြီးကြုံခဲ့ ရတယ် ၊ ၀မ်းနည်းစရာတွေ များခဲ့တယ် ၊ စိတ်ညစ်မှုတွေလဲ ခဏခဏ တွေ့ခဲ့ ရတယ် ။ ဒါပေမယ့် ခင်ဗျား လုံးဝ မငိုခဲ့ ဘူး ။ ခင်ဗျား ငိုချင်တဲ့ စိတ်ဖြစ်ပေါ်ပေမယ့် ချုပ်တည်းထားတယ် ။ အဲဒါပာာ ကိုယ့်ကိုယ်ကို လိမ်နေတာပဲ ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်နေတာပဲ ။ ခင်ဗျား ငိုနေတဲ့ လူတွေကို ကြည့် ပြီး စိတ်ဓါတ် မခိုင်မာဘူးလို့ ပြောတယ် ။ တကယ်တော့ ခင်ဗျား ကိုယ်တိုင်ကမှ စိတ်ဓါတ်ပျော့ ညံ့ တာ ။ ခင်ဗျားက ကိုယ်ငိုနေတာကို လူတွေမြင်သွားရင် အထင်သေးခံရမှာ ကိုကြောက်နေတာ ၊ လူတွေခင်ဗျားကို သနားတယ်လို့ ပြောခံရမှာကို ကြောက်နေတာ ။ ငိုကြွေးခြင်းဆိုတာ သဘာဝက ပေးထားတဲ့ အလှတရား တစ်ခုပါ ။ ဘာဖြစ်လို့ တားဆီးချင်ရတာလဲ ၊ ဘာဖြစ်လို့ ဆန့် ကျင်ချင်ရတာလဲ ၊ ဘာဖြစ်လို့ ချုပ်ကိုင်ချင်ရတာလဲ ။ ငိုကြွေးခြင်းက ခင်ဗျား စိတ်ကို ကြည်လင်လန်းဆန်းစေတယ် ၊ ခင်ဗျားခံစားနေရတဲ့ ဝေဒနာတွေကို ဆေးကြောပေးတယ် ။ ကျုပ်တို့ မျက်ရည်တွေဆိုတာ ခင်ဗျားတို့ ၀မ်းနည်းငိုကြွေးပြီး အထီးကျန်နေချိန်မှာ အဖော်ပြုပေးဖို့ အတွက် ဒီလောကကြီးထဲကို မွေးဖွားလာရတာပဲ ။ အခုတော့ ခင်ဗျားက ငိုချင်တဲ့ စိတ်ကို ချုပ်တည်းလိုက်တော့ ကျုပ်တို့ မှာ ခင်ဗျားရဲ့ ကျဉ်းမြောင်းလှတဲ့ မျက်ဝန်းအိမ်လေးထဲမှာ အလုပ်မရှိပဲ နေနေရတယ် ။ ခင်ဗျား ပာာ ကိုယ့်ကိုယ်ကိုလဲ မသနား ... ကျုပ်တို့ အပေါ်မှာလဲ ရက်စက်တဲ့ လူပဲဗျာ ......


" ပာာ ... ပာာ ။ အဲလိုတော့ မပြောပါနဲ့ ကွာ ... "

" ဘာလဲ ... ခင်ဗျားက မပာုတ်ပါဘူး လို့ ငြင်းချင်သေးလို့ လား ??? "

" ပာုတ်ပါတယ်ကွာ ... မင်း မမှားပါဘူး ။ မှန်ပါတယ် ။ ငါ မကောင်းခဲ့ တာပါ ။ ငါ ငိုချင်ခဲ့ ပေမယ့် ကိုယ့် ကိုယ်ကို လိမ်ခဲ့ တယ် ။ ငါ နားလည်ပါပြီ ကွာ ၊ ငါ ..... "




" ပော့ ကောင် ... စောစောစီးစီး ဘာတွေပြောနေတာလဲ ။ နိုးရင်လဲ ထတော့ "



သြော် ... ကျွန်တော် အိပ်မက်မက်နေခဲ့တာကိုး ။ အိပ်ယာပေါ်က ကျွန်တော်ထတော့ ပါးပေါ်ကို မျက်ရည်စက်လေး တစ်စက် လိမ့် ဆင်းအလာမှာတော့ ............



အပြည့်အစုံသို့...

Tuesday, 18 December 2007

ဘန်းခံထိတယ်ဗျ ။


Access has been denied

The access to requested URL has been denied.


ideascollection.blogspot.com/


To have the rating of this web page re-evaluated please contact your administrator.


အဲဒါကိုသာ ကြည့်ပေတော့ဗျာ ... ကျွန်တော်တို့ ဘလော့(ခ်)လေးလဲ ဘန်းခံထိထားရတယ် ။ ကြည့်ပြီးစိတ်တောင် မကောင်းဘူး ။ မျက်ရည် မနည်းထိန်းထားရတယ် ။

ပာင့်...ပာင့်....အီးအီး...ရွှတ် ။

အပြည့်အစုံသို့...

Monday, 17 December 2007

သိမ်းငှက်သူရဲကောင်း-ဒုတိယပိုင်း

Return of the Condor Hero အမည်ရှိ အခန်းဆက် တရုတ်ဇာတ်လမ်းအား မြ၀တီ ရုပ်မြင်သံကြားမှ ည၉နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျှက် ရှိပါသည်။ ထိုဇာတ်လမ်းအား သိမ်းငှက်သူရဲကောင်း ဒုတိယပိုင်း ပာူ၍ အမည်ပေးထားပြီး ပထမပိုင်းမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် မြ၀တီ မှပြသခဲ့ပြီး ဖြစ်သည် ။

ပထမပိုင်းတွင် အဓိက သရုပ်ဆောင်များ ဖြစ်သော ကောကျင့် နှင့် မက်မုန်ကျွန်းသခင် ဧ။်သမီး ယုန်အော် တို့မှာ ယခုအပိုင်းတွင် မိဘများနေရာမှ ပါဝင်လာကြပါသည် ။ ထို့ပြင် ပထမပိုင်း၌ တန်ခိုးကြီးမားခဲ့သော သိုင်းသမားအကျော်အမော် များလည်း တစ်ခန်းတစ်ကဏ္ဍ မှ ပါဝင်လာကြသည် ။ လွန်စွာမှ ချောမောလှပသည့် တရုတ်မင်းသမီးလေး Crystal Liu သည် ယခုအပိုင်းတွင်မှ ပါဝင်လာခြင်း ဖြစ်သော်လည်း ခေါင်းဆောင် မင်းသမီးလေး နေရာတွင် သရုပ်ဆောင်လေသည် ။ သူနှင့် အတူတွဲဖက်သည့် မင်းသားမှာ -- ပထမပိုင်း၌ ကောကျင့်၏ သွေးသောက်ညီအစ်ကို တော်စပ်သူ ဖြစ်ပြီး ယုန်အော့် လက်ချက်ဖြင့် သေဆုံးခဲ့သူ ရန်ကော ၏ သားပင် ဖြစ်သည် ။ ထိုဇာတ်လမ်း၌ ရန်ကော၏ သားသည် ကူးကူးအဖြစ် ၊ Crystal Liu သည် ကူးအော်အဖြစ် ပါဝင် သရုပ်ဆောင်ကာ သူတို့နှစ်ဦး၏ အချစ်နောက်ခံမှာ ဇာတ်လမ်း၏ ၇၀% ကို စိုးမိုးထားလေသည် ။ ထို့ပြင် တရုတ်ဇာတ်လမ်း တို့၏ တူညီချက်ဖြစ်သည့် လူသတ် ၊ လတ်စားချေ ၊ သိုင်းလောက ခေါင်းဆောင်နေရာ လုခြင်း စသော အခန်းများကို အသက်ဝင်ဝင် ပြသထားလေသည် ။

သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းသည် အခန်းဆက်လွန်စွာ ရှည်လျားသော်လည်း နောက်ခံ ဇာတ်လမ်းဇာတ်ကွက်မှာ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်း သဖြင့် သိုင်းကား Crazy များအတွက် အလွတ်မပေး ကြည့်ရှုသင့်သော ဇာတ်ကားတစ်ကား ဖြစ်ကြောင်း အသိပေး လိုက်ရပါသည် ခင်ဗျား.....။

အင်တာနက်ပေါ်တွင် ရှာဖွေ ကြည့်ရှုလိုသူများ www.crunchyroll.com တွင် Return of the Condor Hero အမည်ဖြင့် ရှာဖွေကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည် ။ ..... ။

ပုံ / စတီဗင်

အပြည့်အစုံသို့...

Thursday, 6 December 2007

ရန်ကုန်'s Air-Con

ရန်ကုန်မြို့ကြီးမှာ စွမ်းအားမြင့် အဲယားကွန်း တွေ တပ်ထားတယ်ဗျ ။ မနက်တိုင်း မနက်တိုင်း ချမ်းလိုက်တာ မပြောနဲ့ ၊ အနွေးထည် နှစ်ထပ်သုံးထပ် ၀တ်တာတောင် ချမ်းလိုက်တာ တုန်နေရတယ် ။

အပြည့်အစုံသို့...

Tuesday, 4 December 2007

IT သို့မပာုတ် - ငအ ခေတ်

တိုးတက်လာတဲ့ IT ခေတ်ထဲမှာ အဆိုးနဲ့ အကောင်းနှစ်ခုပာာ ဒွန်တွဲနေပါတယ်တဲ့ ။ ကျွန်တော့်ရဲ့ မှတ်ချက်လေးပါ ။ ဒီထဲက ကျွန်တော်ရဲ့ အတွေ့ အကြေုံလေးကတော့ ---

-အင်တာနက် ပေါ်မှာ ရှာဖွေလို့ မရနိုင်ဘူး ၊ မတွေ့ နိုင်ဘူး ၊ ဒေါင်းလုဒ် မလုပ်နိုင်ဘူးဆိုတဲ့ အရာဆိုတာ လုံးဝမရှိပါဘူး ။ အရာအားလုံးကို အရယူနိုင်ပါတယ် ။

-အဲ... အဲဒီလို တိုးတက်လာတော့ လျှို့ဝှက်ချက် ဆိုတာတွေပာာလဲ လုံခြုံမှုကို မရရှိတော့ပါဘူး မိမိရဲ့ တွေလုံခြုံမှုမရှိတော့ဘူးပေါ့ ။ ကျွန်တော်လဲ Personal Blog လေးတစ်ခုကို ကိုယ့်ရဲ့ ဒိုင်ယာရီ သဘောမျိုး တိတ်တိတ်လေး လုပ်ထားပေမယ့် အခု သူငယ်ချင်းလေး တစ်ယောက်က တွေ့ ပြီးသွားပြီလေ ( အဲဒီသူငယ်ချင်းက တော့ ဒီပို့(စ်)ဖတ်ပြီး ကြောင်သွားမှာပဲ ) ။

မှတ်ချက် ။...။ အစ်ကို့ရဲ့ Personal Blog ကိုတွေ့သွားတဲ့ ညီလေးရေ မင်းကိုနစ်နာအောင်ပြောတာ မပာုတ်ပါဘူး ။ IT ခေတ်အကြောင်းပြောရင်း ဓါးစားခံ ဖြစ်သွားရတာပါ ။ ဆောရီးနော်...စိတ်ဆိုးသွားရင် ။

အပြည့်အစုံသို့...

Saturday, 1 December 2007

ပြောချင်တာက

ပြောစရာတွေရှိပါတယ်
ဒါပေမယ့် ဘာပြောရမလဲ မသိဘူး။

အတင်းအဖျင်းတွေလဲအများကြီးပဲ
ဒါပေမယ့် ဘယ်ပာာ အရင်စရမလဲ သိဘူး။

တူနှယ်ချင်း တွေကို သိစေချင်တာက
မြန်ပြည်ကြီးမှာ အင်တာနက် တွေအရမ်းနှေးတယ်ဆိုတာပေါ့ ။

အပြည့်အစုံသို့...

Sunday, 14 October 2007

အိန်ဂျယ် တယော ( နတ်သမီး Violin )

ထူးအယ်လ်လင်း ရဲ့ အိန်ဂျယ်တယော သီချင်းပါ ။ ဘာလို့ အိန်ဂျယ်တယော လို့ခေါ်လဲ တော့မသိဘူးဗျ ။ အမှန်ဆိုရင် နတ်သမီးတယော လို့ခေါ်ရမှာပေါ့ - မြန်မာလို စစ်စစ်မှန်မှန် လေးလေ ။ အင်္ဂလိပ်လို ထည့်ချင်ရင်လဲ Angel Violin လို့ခေါ်ပေါ့ဗျာ ။ ကျွန်တော်ကတော့ အခေါ်အသစ် ထွင်လိုက်တယ် - ဘာတဲ့ နတ်သမီး Violin ပါ ။ နည်းနည်းအရစ်ရှည် လိုက်တာပါ ။ ဘယ်လိုပဲ ခေါ်ခေါ်ပါ နားထောင် လို့ကောင်းတာတော့ အမှန်ပဲ ။ အောက်မှာ မျှဝေလိုက်ပါတယ် ။ နားသောသဆင် ပေးပါခင်ဗျာ ... ။


အပြည့်အစုံသို့...

Sunday, 7 October 2007

နဂါးနီ

သန်းမြတ်စိုးရဲ့ နဂါးနီ သီချင်းပါ ။
ကျွန်တော်တော့ အရမ်းကိုကြိုက်ပါတယ် ။
အရမ်းကိုကြိုက်လို့ မပေးတဲ့ကြားထဲကနေ
လိုတရဆီက မရရအောင် လုယူထားတာခင်ဗျ ။
တော်တော်ခက်ခက်ခဲခဲ လုခဲ့ရတယ် ။ အမ်ပီသရီး နဲ့လိုချင်ပေမယ့် မရတာနဲ့ ဒီအတိုင်းပဲ ပြန်တင်ပေးလိုက်မယ်ဗျာ ။ စိတ်တော့မရှိပါနဲ့ ။ Real Player နဲ့ပဲနားထောင်လို့ရတယ် ။
ကြိုက်ရင်ဒေါင်းလုဒ်ယူနိုင်ပါတယ် ။ အောက်မှာပေးထားတဲ့ လင့်ကိုသာ နှိပ်လိုက်ပါ ။

http://www.Lotaya.com/collections/Male/Than Myat Soe/Na Ga Ni/03Na Garr Ni.rm

အပြည့်အစုံသို့...

Monday, 1 October 2007

အတွေး နဲ့ရေးတဲ့ ကဗျာအစအန

ကျွန်တော် တွေးတယ် ၊ အတွေးတွေ စုလာတော့ အကြံညဏ် လေးရလာတယ် ။
ရတဲ့ အခွင့်အရေးလေးကို အလျှင်အမြန် အသုံးချလိုက်တယ် ။
ကဗျာ ဆိုပေမယ့် ၊ အတွေးတွေစုထားတဲ့ အတွေးစု လေးလို့ဆိုရင်ပိုမှန်မှာပါ ။
နေထိုင်ရတဲ့ ဘ၀မှာငြီးငွေ့ လာတာနဲ့ ဖြစ်ပေါ်လာတဲ့ အတွေးလေးတွေပါ ။


တစ်ခါတစ်ရံ
လူ့လောကနဲ့ ဝေးကွာရာ
ီကမ္ဘာ့စွန်း တစ်နေရာဆီသို့
ထွက်ပြေးကာ ရှောင်ပြေးချင်ပါရဲ့

တစ်ဦးတည်းပေမို့
ဘယ်လိုပဲနေနေပါ
လောကကြီးပာာ တိတ်ဆိတ်နေမှာပါ ။

..........။.....။..........


နေ့စဉ်နေ့တိုင်း
ရယ်ကာမောကာ
သွားသွားလာလာ
အနှစ်နှစ် ၊ အလလ
ကုန်ဆုံးကာ ၊ ကြာမြင့်လာခဲ့

အသိဝင် လို့
သတိ ပြုမိချိန်မှာ
ကျွန်တော် ၁၉ နှစ်ကျော်ပြီတဲ့

ဘယ်ဆီ ၊ ဘယ်ဝယ် လဲကွယ်
ရှင်သန်နေထိုင် ရခြင်းရဲ့ အနှစ်သာရ ရယ် ။

အပြည့်အစုံသို့...

Sunday, 30 September 2007

ငယ်ငယ်တုန်းကအတွေ့အကြုံတွေ









ကျွန်တော် ငယ်ငယ်တုန်းကရှိခဲ့တဲ့ အတွေ့အကြုံလေးတွေပါ ။ မျှဝေ ချင်လို့ပါ ။

အပြည့်အစုံသို့...

Saturday, 29 September 2007

နံနက် မိုးသောက် ချိန်ရောက်ပြီ--အလင်းရောင် ထွက်ပါတော့

ကျွန်တော်တို့ ရဲ့ဖြတ်သန်းနေတဲ့ ညတာပာာ လွန်စွာကြာမြင့်နေပါပြီ .....။
တစ်ခါတစ်ရံ လရောင်ဖျော့ဖျော့ လေးကိုလှမ်းမြင်ခွင့်ရပေမယ့် ၊ တိမ်မည်းမည်း ကြီးတွေဖုံးလွှမ်းမှုကိုခံရပြန်ပါတယ် ။ မှောင်မည်း နေတဲ့ အချိန်ေ၀၀ါးစွာလျောက်လှမ်း နေရချိန်မှာ မိုးသည်းထန်မှု တွေ လေပြင်းကျမှုတွေကိုလည်း ခံရပြန်ပါတယ် ။ တခါတရံ မှာကြယ်လေး တစ်ပွင့်နှစ်ပွင့်ရဲ့ တောက်ပမှုကို လှမ်းမြင်ခွင့်ရလို့ စိတ်ကြည်လင်မိပေမယ့် ကြာရှည်မခံပါဘူး ။ အမှောင်ထဲမှာ ညဉ့်ငှက်ရဲ့ စူးစူးဝါးဝါးအောင်သံ တွေပာာလဲစိတ်ခြောက်ခြား စရာပါ ။ အလင်းရောင် ရှိတယ်လို့ထင်ရတဲ့နေရာတွေဆီကို စိတ်မှန်းနဲ့လျောက်လှမ်းရင်း ချောက်ကမ်းပါးတွေထဲ ကျသွားသူတွေလဲ မနည်းတော့ပါဘူး ။ အချိန်တွေရဲ့တိုက်စားမှုနဲ့ ယခု ဆိုမိုးသောက်ချိန်ရောက်နေပါပြီ ။ အလင်းရောင် လဲထွက်သင့်နေပါပြီ ။ ဒါပေမယ့် မျော်လင့် ထားတဲ့ အလင်းရောင် ပာာ အစက်အပြောက် အနေနဲ့တောင် မထွက်သေးပါဘူး ။ တိမ်မည်းမည်းတွေပာာ ဘယ်လောက်ပဲ စွမ်းအားကြီးကြီးပါ တစ်ချိန်မှာ နေမင်း အတွက်နေရာ ဖယ်ပေးရမှာပါ ။

နေမင်းရယ် လျင်မြန်စွာ ထွက်လာပါ - အမှောင်ထဲမှာ လမ်းပျောက်နေတဲ့ ကျွန်တော်တို့ ကို အသင့်ရဲ့ အလင်းနဲ့ လမ်းညွှန်ပါလော့ ။ ကျွန်ုပ် တို့အား အားအင်တွေဖြည့်ဆည်း ပေးပါလော့ ။


အပြည့်အစုံသို့...

Tuesday, 25 September 2007

သားအဖ နှစ်ဦး၏ ကယ်တင်ခြင်းကိုခံရသူ

တိုက်ဆိုင်မှုကြောင့်ပေလော....။
သို့တည်းမပာုတ် ၊ ထိုသူ၏ ဘုန်းကံကြောင့်ပေလော.....။

Scotland နိုင်ငံသား Fleming ပာုခေါ်ဆိုသူ လယ်သမားတစ်ယောက်ပာာ သူ၏ မိသားစု စားဝတ်နေရေး အတွက် ပင်ပန်းဆင်းရဲစွာ လုပ်ငန်းခွင်ဝင်နေစဉ် အနီးအနား ခြုံပုတ် တစ်နေရာမှ အော်ပာစ် အကူအညီတောင်းနေသည့်ကလေးငယ်တစ်ဦး၏ အသံကိုကြားလိုက်ရသည် ။ သို့နှင့် သူ လုပ်နေသည့်အလုပ်ကိုခေတ္တရပ်နားကာ အသံကြားရာနေရာဆီသို့အပြေးအလွှားသွားမိသည် ။ မြင်ရသည့်မြင်ကွင်းက သနားစရာ - ကလေးငယ်တစ်ဦး နွံထဲတွင် ခါးတစ်ပိုင်းလောက်အထိ နစ်မြုပ်ကာ ကြောက်အားလန့်အားဖြင့် အကူအညီတောင်းခံနေခြင်းပင် ။ ထိုစဉ်ခဏတွင် သူဘာကိုမှ အာရုံမထားနိုင်တော့ ၊ သူ့အလုပ်ကိုလည်းမေ့သွားသည် ။ သူ့အသိစိတ်တွင် ကြီးစိုးနေသည်က ဒီကလေးကို ကယ်တင်ရမည်ပာု ။ လယ်သမားကြီး Fleming သည်ထိုသနားစရာကောင်းသော ၊ ကြောက်စိတ်ဖြင့်တုန်ရင်နေသော ကလေးငယ်ကို ခက်ခဲစွာ ကယ်တင်နိုင်ခဲ့သည် ။ ထိုကလေးငယ်အား ကယ်ဆယ်ရေးအတွက် သူ့အလုပ်တွင် နှောင့်နှေးကြန့်ကြာသွားခဲ့ရသော်လည်း စိတ်ထဲတွင်မည်သို့မျှမခံစားခဲ့ရပေ ။

သို့သော်....။ နောက်တစ်နေ့ မနက်မိုးသောက်၍ လုပ်ငန်းခွင်စောစောဝင်ရန် အိမ်အပြင်သို့ထွက်ရာတွင် လွန်စွာများပြားလှသော လက်ဆောင်ပဏ္ဏများကို ရုတ်တရက်တွေ့လိုက်ရသည် ။ ထို့နောက် အ၀တ်အစားကိုသေသပ်စွာဝတ်စားဆင်ရင်ထားသော ဂုဏ်သရေရှိ လူကြီးတစ်ဦးသည် သူ့ထံလျှောက်လှမ်းလာကာ " အသင် ကျွန်ုပ် သားလေး၏အသက်ကို ကယ်ဆယ်ခဲ့သည့်အတွက် ကျေးဇူးဆပ်ရန် လာခြင်းဖြစ်ပါသည် ။ ဤလက်ဆောင်များကိုလက်ခံပေးစေလိုပါသည် " ပာု ယဉ်ကျေးပြူငှာစွာ စကားဆိုလေသည် ။ ထိုအခါ Fleming မှ တဖန် " အိုမပာုတ်တာ ... ကျွန်တော် ခင်ဗျားသားကိုကယ်ဆယ်တုန်းမှာ ဘာတုန့်ပြန်မှုကိုမှ မမျှော်လင့်ခဲ့ပါဘူး " ပာုငြင်းဆိုခဲ့လေသည် ။ ထိုသို့ သူတို့နှစ်ဦး အပြန်အလှန် ပြောဆိုနေသည်ကို လယ်သမား၏ သားသည်အိမ်အတွင်းမှ ခြောင်းမြောင်းကြည့်ရှုနေလေရာ ၊ ကလေးငယ် ကိုတွေ့ရှိသွားသော လူကြီးသည် Fleming အား " အသင် ရဲ့ သား ပာုတ်ပါသလား " ပာုမေးမြန်းသဖြင့် ၊ Fleming မှ မိမိ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးလေသည် ။ ထိုအခါ Fleming အား လက်ဆောင်ပဏ္ဏများ လက်မခံ ပါက အသင့်ရဲ့သားအား ကျွန်ုပ် ကျောင်းထားပေးပါရစေ ၊ အကယ်၍ သင့်သားသည် သင်ကဲ့သို့ ရိုးသားကြိုးစားသူ ဖြစ်ပါက နောင်တချိန်တွင် သင့်အားဂုဏ်ကျက်သရေ တိုးတက်စေမည့်သူတစ်ဦးဖြစ်ပေလိမ့်မည် ပာု ခွင့်တောင်းခံ ပြီးလျှင် ထို ကလေးငယ် ၏ ပညာရေးအားသူဖြည့်ဆည်းပေးလေသည် ။

ထိုသို့ဖြင့် လယ်သမားကြီး Fleming ၏ သားသည် လန်ဒန် မြို့ရှိ St. Mary's Hospital အမည်ရှိ ဆေးကျောင်းကြီးတွင်ဘွဲ့ရပြီး ၊ ပင်နီဆလင် ဆေးဝါးကိုရှာဖွေတွေ့ရှိသူ Sir Alexander Fleming ပာူ၍ ကမ္ဘာပေါ်တွင်ထင်ရှားသူတစ်ဦးဖြစ်လာသည် ။ သို့သော် တစ်ချိန်က သူ၏ဖခင်နွံထဲမှ ကယ်ဆယ်ခဲ့သည့်ကလေးငယ်သည် ယခုတဖန် နျူမိုးနီယားရောဂါ ကိုခံစားနေရသဖြင့် Sir Alexander Fleming ၏ ပင်နီဆလင် ဖြင့်ကုသပေးခဲ့ရပြန်လေသည် ။

ထိုသို့ လယ်သမားကြီး Fleming နှင့် Sir Alexander Fleming တို့သားအဖ နှစ်ဦးလုံး၏ ကယ်ဆယ်ခြင်း ခံရသူသည် Lord Randolph Churchill ၏ သား ဖြစ်သူ ၊ ဗြိတိန် နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် အမည်ထင်ရှားသူ Sir Winston Churchill ပင်ဖြစ်ပါသည် ။

အပြည့်အစုံသို့...