Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Monday, 21 September 2009

ကံကောင်းခြင်း ရေပန်း

ကံကောင်းခြင်း ရေပန်းဟာ မှော်ပညာနဲ့ စောင့်ရှောက်စီရင်ထားသော တံတိုင်းတွေကာရံထားတဲ့ မှော်ပန်းခြံထဲက တောင်ကုန်းလေး တစ်ခုပေါ် မှာ တည်ရှိ၏ ။ တစ်နှစ်မှာတစ်ခါ အဲ့ဒီနှစ်ရဲ့ နေထွက်ချိန်နဲ့ နေဝင်ချိန်အတွင်း အကြာဆုံးရက်မှာ ကံမကောင်းတဲ့သူ တစ်ယောက်ကို အဲ့ဒီမှော်ပန်းခြံထဲကို ဝင်ခွင့်ပေးပြီး စောင့်ရှောက်စီမံထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ကာ ကံကောင်းခြင်း
ရေပန်းမှာရေချိုးခွင့်ပေးပြီး ကံကောင်းခြင်းတွေကို ရရှိစေလေသည်။

နိုင်ငံပေါင်းများစွာက ရာချီတဲ့လူတွေဟာ အဲ့ဒီ သက်မှတ်ထားတဲ့ နေ့တာအရှည်ဆုံးနေ့ ရဲ့ အာရုဏ်တက်ချိန်မရောက်ခင် မှော်ပန်းခြံရဲ့ တံတိုင်းနားမှာလာရောက် စောင့်ဆိုင်းကြတယ်။ ယောကျာ်း မိန်းမ၊ သူချမ်းသာ သူဆင်းရဲ၊ လူကြီးလူငယ်၊မှော်ပညာနဲ့ရောက်လာသူ၊ မှော်ပညာမရှိဘဲ ရောက်လာသူ ပေါင်းစုံတို့ဟာ အမှောင်ထဲမှာ စုစည်းမိကြပြီး ပန်းခြံထဲ ဝင်ခွင့်ရဖို့ ကိုယ်စီကိုယ်စီ
မျှော်လင့်ကြလေ၏ ။

လူအုပ်နဲ့ အလှမ်းဝေးတဲ့ တနေရာမှာတော့ ခက်အခဲကိုယ်စီရှိကြတဲ့ ကဝေမသုံးယောက်ဟာ တစ်ယောက်ရဲ့ဝမ်းနည်းမှုကို တစ်ယောက် ပြောပြရင်း နေထွက်ချိန်ကို စောင်းဆိုင်းနေကြလေသည်။ အာရှာ လို့ခေါ်တဲ့ ပထမကဝေမ ကတော့ ဘယ်ဆေးဆရာမှကုလို့မရတဲ့ ရောဂါဝေဒနာ တစ်ခုကို ခံစားနေရသူဖြစ်တယ်။ သူမဟာ ရေပန်းကရေကိုချိုးလိုက်ရင် သူမရဲ့ ဝေဒနာတွေ အကုန်ပျောက်သွားပြီး အသက်ရှည်ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ကို မျှော်လင့်တယ်။ အသီဒါ လို့ခေါ်တဲ့ ဒုတိယကဝေမ ကတော့ ဆိုးသွမ်းတဲ့ မိစ္ဆာကဝေကြီး တစ်ယောက်က သူမအိမ်ကိုဓားပြဝင်တိုက်ပြီး သူမရဲ့ရွှေတွေအပြင် မှောင်တောင်ဝှေးကို ပါလုယူသွားတာ ခံခဲ့ရတယ်။ သူမဟာ ရေပန်းမှာရေချိုးပြီးရင် ဆင်းရဲမှုကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အမ်မတာ လို့ခေါ်တဲ့ တတိယ ကဝေမကတော့ သူမသိပ်ချစ်ရတဲ့သူ ပြစ်သွားတာကိုခံခဲ့ရတာကြောင့် သူမရဲ့နှလုံးသားက ဒဏ်ရာဟာ ဘယ်လိုမှ ပြန်ကောင်းမလာနိုင်ဘူးလို့ ထင်မှတ်ထားတယ်။ ဒါကြောင့် ရေပန်းက သူမရဲ့ ဝမ်းနည်းမှုတွေနဲ့ တမ်းတမှုတွေ ပပျောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ်။သူတို့ သုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သနားပြီး တကယ်လို့ သူတို့သာ ပန်းခြံထဲဝင်ဖို့ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် စည်းစည်းလုံးလုံးနဲ့ ရေပန်းဆီရောက်အောင်အတူတူကြိုးစားကြဖို့သဘောတူ
လိုက်ကြတယ်။

ကောင်းကင်မှာ ပထမဆုံး နေရောင်ခြည်တန်း ဖျာထွက်လာတာနဲ့ ပန်းခြံတံတိုင်းကနေ အက်ကြောင်းသေသေးလေးပေါ်လာတယ်။ လူအုပ်ကြီးကလဲ ကိုယ်စီကိုယ်စီ ရေပန်းမှာချိုးခွင့်ရဖို့ အော်ဟစ်ရင်း ရှေ့တိုးလာကြတာပေါ့ ။ ပန်းခြံထဲက တွားသွားပင်တွေဟာ လူအုပ်ကြားထဲက တိုးဝှေ့ထွက်လာပြီး အာရှာ့ကို ရစ်ပတ်လိုက်လေသည်။ အာရှာကလဲ အသီဒါရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်
လိုက်ပြီး အမ်မတာကတော့ အသီဒါရဲ့ ဝတ်ရုံကို မြဲမြဲဆွဲကိုင်လိုက်၏ ။ အဲ့ဒီအချိန်မှာပဲ အမ်မတာဟာ ပိန်ချုံးနေတဲ့မြင်းပေါ်က သံချပ်ကာဝတ်ထားတဲ့ သူရဲကောင်း တစ်ယောက်နဲ့ ချိပ်မိသွားသည်။ တွားသွားပင်တွေဟာ သူတို့သုံးယောက်ကို အက်ကြောင်း
လေးထဲ ဆွဲခေါ်သွားရင်း အဲ့ဒီသူရဲကောင်းဟာလဲ မြင်းပေါ်ကပြုတ်ကျပြီး သူတို့နဲ့ အတူပါလာလေသည်။

မနက်ခင်းရဲ့လေပြည်ထဲမှာ မကျေမနပ်အော်ဟစ်နေသံတွေ ဆူညံသွားပြီး ပန်းခြံတံတိုင်းပိတ်သွားတာနဲ့ ပြည်လည် တိတ်ဆိတ်
သွားလေ၏။ အာရှာနဲ့ အသီဒါတို့ဟာ မြင်းစီးသူရဲကောင်းကို မတော်တဆခေါ်လာမိတဲ့ အမ်မတာကို စိတ်ဆိုးနေကြတာပေါ့။

“ လူတစ်ယောက်ပဲ ရေပန်းမှာ ရေချိုးလို့ရမယ်။ ငါတို့သုံးယောက်ထဲက ဘယ်သူချိုးရမလဲဆိုတာတောင် ဆုံးဖြတ်ဖို့ ခက်လှပြီ။ ဘာလို့နောက်တစ်ယောက် ခေါ်လာရတာလဲ”

အဲ့ဒီအချိန်မှာ မြင်းစီးသူရဲကောင်း(သူ့နာမည်က မောင်ကံဆိုး လို့လူတွေကခေါ်ကြတယ်) ဟာ သူတို့သုံးယောက် ကဝေမတွေ ဆိုတာကို သိသွားပြီး မှောပညာလဲမရှိ၊ ဓားခြင်းယှဉ်နိုင်တဲ့ စွမ်းရည်လဲမရှိ၊ သူဟာ တခြားသာမန်လူတွေနဲ့ ဘာမှ မခြားနားတာကြောင့် ဒီကဝေမသုံးယောက်ကို အနိုင်ယူပြီး ရေပန်းဆီရောက်ဖို့ဆိုတာ မဖြစ်နိုင်မှန်းသိသွားတယ်။ အဲ့ဒါကြောင့် မောင်ကံဆိုး
ဟာ ပန်းခြံနံရံကိုဖောက်ပြီး အပြင်ပြန်ထွက်ဖို့ ကြိုးစားလေတော့သည်။ အဲ့ဒီမှာ အမ်မတာက စိတ်ဆိုးသွားကာ

“မြင်းစီးသူရဲကောင်းလုပ်နေပြီး သူရဲဘောကြောင်လိုက်တာ။ နင့်ရဲ့ဓားကို ထုတ်လိုက်စမ်း။ ငါတို့ကို ရေပန်းဆီရောက်အောင်သာ ကူညီပေတော့”


ဒီလိုနဲ့ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ မှော်ပန်းခြံထဲကို ရှေ့ဆက်ဝင်သွားကြတာပေါ့။ အဲ့ဒီ့ မှော်ပန်းခြံထဲမှာ ရှားပါးတဲ့ဆေးပင်တွေ၊ သစ်သီးတွေ ပန်းမာန်တွေဟာ နေရောင်ခြည်ဝင်းဖြာနေတဲ့ လမ်းဘေးတလျှောက်မှာ အများကြီးရှိလေသည်။ သူတို့ဟာ ရေပန်းရှိတဲ့ တောင်ကုန်းလေး ခြေရင်းရောက်တဲ့အထိ ဘာအန္တရာယ်မှ မရှိဘဲရောက်လာကြတယ်။ ဒါပေမယ့် အဲ့ဒီမှာပဲ တောင်ကုန်းကိုပတ်နေတဲ့ ဧရာမအဖြူရောင် တီကောင်အကြီးကြီးကို တွေ့ရလေသည်။ သူတို့ရောက်လာတဲ့အခါ အဲ့ဒီတီကောင်ကြီးက သူတို့ဘက်ကိုလှည့်ပြီး

“ နာကျင်မှုရဲ့ သက်သေပစ္စည်းကို ပေးပါ ” ဟုပြော၏ ။

မောင်ကံဆိုးက သူ့ရဲ့ဓားကိုထုတ်ပြီး အကောင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးစားပေမယ့်လည်း ဓားပဲပြတ်တောက်သွားသတဲ့။ ဒါနဲ့ အသီဒါက တီကောင်ကြီးကို ခဲတွေနဲ့ပြစ်ပေါက်ပါလေရော။ အာရှာနဲ့ အမ်မတာ တို့ကတော့ မှော်ဂါထာမန္တာန်တွေ သုံးပြီးတော့ ကြိုးစားပေမယ့်လည်း သူတို့ မှော်တောင်ဝှေးတွေရဲ့ အစွမ်းဟာ သူတို့သူငယ်ချင်းရဲ့ကျောက်ခဲတွေ နဲ့ မြင်းစီးသူရဲကောင်းရဲ့ဓား လိုပဲ အသုံး မဝင်ဘဲဖြစ်နေတယ်။ နေမြင့်လာတာနဲ့ အမျှ အာရှာဟာ ပင်ပန်းလာပြီး မျက်ရည်တွေကျလာတယ်။ အဲ့ဒီမှာပဲ တီကောင်ကြီးဟာ အာရှာရဲ့ မျက်ရည်တွေကို သောက်သုံးပြီး မြေပြင်ပေါ်က တွင်းကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
တီကောင်ကြီးပျောက်ကွယ်သွားလို့ သူတို့တွေဟာ ပျော်ရွှင်စွာနဲ့ တောင်ကုန်းကို စတက်ကြပြီး နေမွန်းမတည့်ခင် ရေပန်းဆီရောက်ရမယ်လို့ အသေအချာ တွက်ထားလိုက်ကြတယ်။ တောင်ကုန်းရဲ့ တစ်ဝက်လောက် အရောက်မှာပဲ မြေပြင်ပေါ်မှာ ရေးထားတဲ့ စာသားအချို့ကို သူတို့တွေ့လိုက်ရတာက…

“ လုပ်အားရဲ့ အသီးအပွင့်ကို ပေးပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ သူ့ရဲ့ ငွေစအချို့ကို ထုတ်ပြီး မြက်ခင်းပြင်ပေါ်ဖြန့်ကျဲလိုက်တယ်။ ဒါပေမယ့် ငွေစလေးတွေဟာ တောင်ကုန်းဘေးကို လိမ့်ဆင်းပြီး ပျောက်ကွယ်သွားသည်။ ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲ တို့ဟာ ဆက်ပြီး တက်ကြပေမယ့် ရှေ့ဆက်မရောက်ဘဲ အဲ့ဒီစာရေးထားတဲ့ မြေကြီးရှေ့မှာပဲ ရှိနေကြသတဲ့။ နေမင်းဟာ သူတို့ခေါင်းပေါ်ကနေ ကျော်ပြီး နောက်ဘက် မိုးကုပ်စက်ဝိုင်းကို ဦးတည်သွားတဲ့ အခါ သူတို့ဟာ စိတ်ဓာတ်တွေ ကျနေကြပြီပေါ့။ ဒါပေမယ့် အသီဒါက ကျန်တဲ့လူတွေထက်ပိုကြိုစားပြီး ပြင်းပြင်းထန်ထန်လျှောက်လေသည်။ သူမဟာပင်ပန်းနေပြီး ရှေ့ကိုတစ်လှမ်းမတိုးပေမယ့်လည်း ကျန်တဲ့လူတွေကိုလဲ သူ့ကိုအတုယူဖို့ပြောခါ လျှောက်မြဲလျှောက်နေ၏ ။

“ အားတင်းထား သူငယ်ချင်းတို့။ စိတ်မလျှော့ကြနဲ့ ” လို့ပြောရင်း သူမရဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။

ချွေးစက်တွေဟာ မြေပြင်ပေါ်ကိုကျသွားတာနဲ့ မြေပြင်ပေါ်က စာတမ်းဟာ ပျောက်သွားပြီး သူတို့ ရှေ့ဆက်ပြီး တက်လို့ရသွားလေ၏ ။ ဒုတိယအခက်အခဲကို ကျော်လွှားသွားနိုင်တာကြောင့် သူတို့ဟာ ပျော်ရွှင်စွာနဲ့ ရှေ့ဆက်မြန်မြန်တက်သွားလိုက်ကြတာ ပန်းပင်တွေနဲ့ သစ်ပင်တွေကြားမှာ တလက်လက်စီးဆင်းနေတဲ့ ရေပန်းကို မြင်ရတဲ့နေရာထိ ရောက်သွားကြတယ်။

ဒါပေမယ့် သူတို့ရေပန်းဆီကို မရောက်ခင်မှာပဲ တောင်ထိပ်ကို ပတ်စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။ စမ်းချောင်းရဲ့ကြည်လင်နေတဲ့ ရေထဲက ကျောက်တုံးတစ်ခုပေါ်မှာ ရေးထားတဲ့စာတွေက…

“ အတိတ်ရဲ့ ရတနာတွေကို ပေးခဲ့ပါ ”

မြင်းစီးသူရဲ မောင်ကံဆိုးဟာ စမ်းချောင်းကို သူ့ရဲ့ဒိုင်းပေါ်မှာ စီးပြီး ဖြတ်သန်းဖို့ကြိုးစားပေမယ့်လည်း သူ့ရဲ့ ဒိုင်းဟာ ရေထဲမှာ မြုတ်သွားလေတယ်။ ကဝေမသုံးယောက်က သူ့ကို ရေထဲက ဆွဲတင်ပြီး စမ်းချောင်းကို ခုန်ဖြတ်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့်လဲ သူတို့ဟာ ဖြတ်ကျော်လို့မရဘဲ ဖြစ်နေလေသည်။ နေမင်းသည်လဲ ကောင်းကင်မှာ တဖြည်းဖြည်းနိမ့်ဆင်းလာနေပြီ ဖြစ်သည်။
ဒါကြောင့်မိုလို့ သူတို့ဟာ ကျောက်တုံးပေါ်ကရေးထားတဲ့ စာရဲ့အဓိပ္ပာယ်ကို နားလည်အောင်စဉ်းစားကြ ရာ.. အမ်မတာ က အရင်ဆုံးသဘောပေါက်သွားလေသည်။ အမ်မတာဟာ သူမရဲ့ မှော်တောင်ဝှေးကိုသုံးကာ သူမရဲ့ ချစ်သူနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ တဲ့ အမှတ်တရတွေကို သူမစိတ်ထဲကနေထုတ်ယူပြီး စမ်းချောင်ရေထဲကို ပစ်ချလိုက်သတဲ့။ စမ်းချောင်းလေးဟာ အဲ့ဒီ ပျော်ရွှင်မှုတွေကိုသယ်ဆောင်သွားပြီးတဲ့ အခါ စမ်းချောင်းထဲမှာ ကျေက်တုံးလေးတွေတန်းစီပေါ်လာပြီး သူတို့တွေ အဲ့ဒီကျောက်တုံးလေးတွေပေါ်ကနေဖြတ်ကူးလို့ ရသွားကြတယ်။ နောက်ဆုံးမှာတော့ ကဝေမ သုံးယောက်နဲ့ မြင်းစီးသူရဲတို့ဟာ တောင်ကုန်းထိပ်ကိုရောက်ရှိသွားကြလေသည်။


ရေပန်းဟာ ရှားပါးတဲ့ ဆေးမြစ်တွေနဲ့ သူတို့တခါမှ မမြင်ဘူးတဲ့ ပန်းပင်တွေ အလယ်မှာ လှပစွာစီးဆင်းနေတာကို တွေ့ရသတဲ့။ ကောင်ကင် ဟာတဖြည်းဖြည်းနီရောင်သန်းလာတဲ့အခါ ရေပန်းကရေကို ဘယ်သူချိုးသင့်သလဲလို့ သူတို့ ဆုံးဖြတ်ရမယ့်အချိန်ကို ရောက်လာပြီပေါ့။ သူတို့ မဆုံးဖြတ်နိုင်ခင်မှာပဲ နေမကောင်းတဲ့ အာရှာဟာ မြေကြီးပေါ်ကို လဲကျသွားလေသည်။ တောင်ကုန်းပေါ်ကို ရောက်အောင် ပင်ပင်ပန်းပန်းဖြတ်ကျော်လာရတာကြောင့် သူမဟာ သေလုမျောပါးဖြစ်နေတာပေါ့။ သူမရဲ့သူငယ်ချင်းတွေ က သူမကိုရေပန်းဆီရောက်အောင် သယ်သွားနိုင်ပေမယ့်လည်း သူမဟာ ဝေဒနာပြင်းထန်စွာ ခံစားနေရတာကြောင့် သူမကို မထိဖို့ တောင်းပန်လေ၏ ။ ဒါကြောင့် အသီဒါက အနားမှာ ရှိတဲ့ ဆေးမြစ်တွေကို မဝံ့မရဲခူးပြီး မြင်းစီးသူရဲ မောင်ကံဆိုးရဲ့ ဘူးသီးခြောက်ရေဗူးထဲမှာ ရောထည့်ပြီး အာရှာရဲ့ပါးစပ်ထဲဝင်အောင် လောင်းချလိုက်သတဲ့။ ချက်ချင်းပဲ အာရှာဟာ မတ်တတ်ရပ်လာနိုင်တဲ့ အပြင် သူမမှာ ရှိနေတဲ့ ရောဂါဝေဒနာတွေအားလုံးဟာ ပျောက်ကင်းသွားလေသည်။

“ ငါနေကောင်းသွားပြီ။ ငါ ရေပန်းမှာ ချိုးစရာ မလိုတော့ဘူး။ အသီဒါကို ချိုးခိုင်းလိုက်” လို့ပြောတယ်။

ဒါပေမယ့် အသီဒါက ဆေးမြစ်တွေကိုအားရပါးရခူးပြီး အိတ်ကပ်ထဲကို ထည့်ရင်း အလုပ်ရှုပ်နေတယ်။

“ငါဒီရောဂါကို ပျောက်အောင်ကုနိုင်တယ်ဆိုရင် ပိုက်ဆံတွေ အများကြီးရှာလို့ရမှာပဲ။ အမ်မတာပဲ ချိုးပါစေ” ဟု ပြောသည်။

မြင်းစီးသူရဲ မောင်ကံဆိုးဟာ အမ်မတာကို ဦးညွှတ်လိုက်ပြီး ရေပန်းကို သွားစေတယ်။ ဒါပေမယ့် အမ်မတာဟာ ခေါင်းခါလိုက်တယ်။ သူမရဲ့ချစ်သူကို လွမ်းဆွတ်မှုတွေဟာ စမ်းချောင်းရေထဲမှာ ပါသွားတာမိုလို့ သူမဟာ အခု သူမချစ်သူရဲ့ ရက်စက်မှု၊သစ္စာမရှိမှု တွေကို သိမြင်လာရပြီလေ။

“မြင်းစီးသူရဲကောင်းရေ… ရှင့်ရဲ့ကြင်နာစွာ ကူညီမှုတွေကြောင့် ရှင်ပဲ ချိုးသင့်ပါတယ် ”

အဲ့ဒါနဲ့ပဲ မြင်းစီးသူရဲကောင်းဟာ ဝင်စပြုနေတဲ့ နေမင်းရဲ့ နောက်ဆုံးအလင်းတန်းအောက်မှာ ကံကောင်းခြင်းရေပန်းက ရေကိုချိုးလေသည်။ သူ့ကိုယ်သူလဲ ရာချီနေတဲ့ လူတွေထဲကမှ ချိုးခွင့်ရသူဖြစ်စေတဲ့ သူ့ကံကိုသူ မယုံကြည်နိုင်စွာ အံ့သြနေလေသည်။နေမင်းဟာ မိုးကုပ်စက်ဝိုင်းမှာ ဝင်သွားတဲ့ အခါ မြင်းစီးသူရဲမောင်ကံဆိုးဟာ သူရဲ့အောင်မြင်မှုကို ဂုဏ်ယူစွာနဲ့ ရေပန်းအောက်ကထွက်လာကာ သံချပ်ကာဝတ်စုံကိုချွတ်ပြီး အမ်မတာရဲ့ရှေ့မှာ ချထားလိုက်လေသည်။ သူ့အတွက် အမ်မတာဟာ အကြင်နာဆုံးနဲ့ အလှပဆုံးမိန်းမတစ်ယောက် ဖြစ်နေကြောင်း နားလည်လိုက်ပြီး သူမကို လက်ထပ်ခွင့် ပေးဖို့ တောင်းဆိုလိုက်လေသည်။ အမ်မတာကလဲ သူမနဲ့ ထိုက်တန်သော အမျိုးကောင်းသားတစ်ယောက်ကို တွေ့ရှိလိုက်တာမို့ ပျော်ရွှင်စွာပဲ လက်ထပ်ခွင့် ပေးလိုက်၏ ။

ကဝေမသုံးယောက်နဲ့ မြင်းစီးသူရဲကောင်းတို့ဟာ တစ်ယာက်လက်ကို တစ်ယောက်ဆွဲကာ တောင်ကုန်းပေါ်ကနေ အတူတူ ပြန်ဆင်းလာကြပြီး ဘဝတစ်လျှောက် ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။ ကံကောင်းခြင်းရေပန်းက ရေဟာ ဘာမှော်ပညာနဲ့ မှ လုံးဝစီရင် မထားကြောင်းကိုတော့ သူတို့ထဲက တစ်ယောက်မှ သိလဲမသိ သံသယလဲ မရှိခဲ့ကြပေ။

Note: The Tale of Beedle the Bard စာအုပ်ထဲက The Fountain of Fair Fortune ဆိုတဲ့ ပုံပြင်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။

အပြည့်အစုံသို့...

Saturday, 28 June 2008

၂၈ ရက် ဇွန်လ ။


၂၈ ရက်နေ့ ဇွန်လ ပိုင်းမှာ ဖြစ်ခဲ့ ၊ ပျက်ခဲ့တာလေးတွေပါ ။

ကမ္ဘာ့သမိုင်းရဲ့ စာမျက်နှာတွေကို ပြန်လည်ရှာဖတ်ရတာလဲ အရသာ တစ်ခုပါ ။ ဘယ်နေ့တွေမှာ ဘာတွေဖြစ်ခဲ့တယ် ဘယ်သူတွေ ဘယ်နေ့မှာ မွေးခဲ့ပြီး ဘယ်သူတွေက ဘယ်နေ့မှာ ကျဆုံးခဲ့တယ် ဆိုတာတွေက သိသင့်တယ်မပာုတ်ပေမယ့် သိခွင့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ကိုယ်နဲ့ မွေးနေ့တူတဲ့ သူတွေထဲမှာ ကိုယ်သိတဲ့သူ ၊ ကိုယ်အထင်ကြီးနေတဲ့သူရဲ့ နာမည်တွေကို သိရရင်လဲ ကိုယ့်ကိုကိုယ်ပဲ အဲဒီလူလို နာမည်ကြီးလာမလိုလိုနဲ့ အလိုလို ယုံကြည်မှုတွေ ရှိလာတတ်တယ် ။ အဲ..ကိုယ်သိတဲ့သူ သေသွားတဲ့နေ့ဆိုရင်တော့ ဆက်မဖတ်ချင်တော့ဘူး ။


အဲလို...အဲလိုပေါ့......
1682 မှာ...
ရှန်ပိန် (Champagne - စာလုံးပေါင်းမှားတယ်ထင်လို့ အင်္ဂလိပ်လို ရေးပေးတာ) ကို Dom Perignon ဆိုတဲ့ သူက တီထွင်ခဲ့ပါတယ်တဲ့ ။

1836 မှာ...
အမေရိကန်ရဲ့ စတုတ္ထမြောက် သမ္မတကြီး James Madison လူ့ပြည်ငြီးလို့ နတ်ရွာကြွသွားပါသတဲ့ ။ (နတ်ရွာ ရောက်မရောက်တော့ ကျွန်တော်လဲ မသိဘူး ။)

1838 မှာ...
Victoria ဘုရင်မကြီးပာာ အင်္ဂလန်နိုင်ငံရဲ့ သရဖူကို အသက် ၁၉ နှစ်နဲ့ ဆောင်းခဲ့ပါတယ်တဲ့ ။

1950 မှာ...
ဒီနှစ်ကတော့ နဲနဲကြမ်းတယ် ...မြောက်ကိုရီးယားရဲ့ စစ်တပ်က တောင်ကိုရီးယားရဲ့ ဆိုး(လ်) မြို့ကို ၀င် ရောက် Capture ပါတယ်တဲ့ ။

1990 မှာ...
ဗြိတိန်မှာပါတဲ့ ... Prince Charles က ပိုလို (Polo) ကစားနေရင်းနဲ့ သူ့ရဲ့ pony လေး (pony ကိုမြန်မာလို ဘယ်လိုခေါ်လဲပာင် ? ကျွန်တော် မြန်မာလို ဘယ်လိုပြောရမယ် မသိလို့ ... ပီား) ပေါ်ကနေ ပြုတ်ကျပြီး ညာဖက်လက် ကျိုးသွား ပါတယ်တဲ့ ။ ( ကမြင်းတာ နဲတောင်နဲသေးတယ် )

2008 မှာ...
ဘလော့(ခ်)ရေးတာ ၀ါသနာပါတဲ့ ကျောင်းသားတစ်ယောက် အချိန်ပိုင်း အလုပ်ခွင်ထဲမှာ အင်တာနက်ခိုးသုံးရင်းနဲ့ ဒီပို့(စ်)ကိုရေးနေပါတယ်တဲ့ ။

Source (မူရင်း) :
ပလေဂျရီဇင် (Plagiarism) ဖြစ်မှာစိုးလို့ Reference ကိုပါထည့်သွင်းဖော်ပြလိုက်ပါတယ် ။ http://www.thehistorychannel.co.uk

အောက်ဆုံးက ၂၀၀၈ ပါမှာ မပာုတ်ဘူးနော် ။ အဲဒါက ကျွန်တော့် Copyright. ဘယ်ကမှ ယူသုံးမထားဘူး။ တကယ်လို့ တစ်ယောက်ယောက်က သုံးချင်ရင်တောင် ကျွန်တော့်တို့ စိတ်ကူးခြင်းမိုးတိမ် ကိုအောက်မှာ ဖော်ပြပေးရမယ်။

အပြည့်အစုံသို့...

Tuesday, 25 September 2007

သားအဖ နှစ်ဦး၏ ကယ်တင်ခြင်းကိုခံရသူ

တိုက်ဆိုင်မှုကြောင့်ပေလော....။
သို့တည်းမပာုတ် ၊ ထိုသူ၏ ဘုန်းကံကြောင့်ပေလော.....။

Scotland နိုင်ငံသား Fleming ပာုခေါ်ဆိုသူ လယ်သမားတစ်ယောက်ပာာ သူ၏ မိသားစု စားဝတ်နေရေး အတွက် ပင်ပန်းဆင်းရဲစွာ လုပ်ငန်းခွင်ဝင်နေစဉ် အနီးအနား ခြုံပုတ် တစ်နေရာမှ အော်ပာစ် အကူအညီတောင်းနေသည့်ကလေးငယ်တစ်ဦး၏ အသံကိုကြားလိုက်ရသည် ။ သို့နှင့် သူ လုပ်နေသည့်အလုပ်ကိုခေတ္တရပ်နားကာ အသံကြားရာနေရာဆီသို့အပြေးအလွှားသွားမိသည် ။ မြင်ရသည့်မြင်ကွင်းက သနားစရာ - ကလေးငယ်တစ်ဦး နွံထဲတွင် ခါးတစ်ပိုင်းလောက်အထိ နစ်မြုပ်ကာ ကြောက်အားလန့်အားဖြင့် အကူအညီတောင်းခံနေခြင်းပင် ။ ထိုစဉ်ခဏတွင် သူဘာကိုမှ အာရုံမထားနိုင်တော့ ၊ သူ့အလုပ်ကိုလည်းမေ့သွားသည် ။ သူ့အသိစိတ်တွင် ကြီးစိုးနေသည်က ဒီကလေးကို ကယ်တင်ရမည်ပာု ။ လယ်သမားကြီး Fleming သည်ထိုသနားစရာကောင်းသော ၊ ကြောက်စိတ်ဖြင့်တုန်ရင်နေသော ကလေးငယ်ကို ခက်ခဲစွာ ကယ်တင်နိုင်ခဲ့သည် ။ ထိုကလေးငယ်အား ကယ်ဆယ်ရေးအတွက် သူ့အလုပ်တွင် နှောင့်နှေးကြန့်ကြာသွားခဲ့ရသော်လည်း စိတ်ထဲတွင်မည်သို့မျှမခံစားခဲ့ရပေ ။

သို့သော်....။ နောက်တစ်နေ့ မနက်မိုးသောက်၍ လုပ်ငန်းခွင်စောစောဝင်ရန် အိမ်အပြင်သို့ထွက်ရာတွင် လွန်စွာများပြားလှသော လက်ဆောင်ပဏ္ဏများကို ရုတ်တရက်တွေ့လိုက်ရသည် ။ ထို့နောက် အ၀တ်အစားကိုသေသပ်စွာဝတ်စားဆင်ရင်ထားသော ဂုဏ်သရေရှိ လူကြီးတစ်ဦးသည် သူ့ထံလျှောက်လှမ်းလာကာ " အသင် ကျွန်ုပ် သားလေး၏အသက်ကို ကယ်ဆယ်ခဲ့သည့်အတွက် ကျေးဇူးဆပ်ရန် လာခြင်းဖြစ်ပါသည် ။ ဤလက်ဆောင်များကိုလက်ခံပေးစေလိုပါသည် " ပာု ယဉ်ကျေးပြူငှာစွာ စကားဆိုလေသည် ။ ထိုအခါ Fleming မှ တဖန် " အိုမပာုတ်တာ ... ကျွန်တော် ခင်ဗျားသားကိုကယ်ဆယ်တုန်းမှာ ဘာတုန့်ပြန်မှုကိုမှ မမျှော်လင့်ခဲ့ပါဘူး " ပာုငြင်းဆိုခဲ့လေသည် ။ ထိုသို့ သူတို့နှစ်ဦး အပြန်အလှန် ပြောဆိုနေသည်ကို လယ်သမား၏ သားသည်အိမ်အတွင်းမှ ခြောင်းမြောင်းကြည့်ရှုနေလေရာ ၊ ကလေးငယ် ကိုတွေ့ရှိသွားသော လူကြီးသည် Fleming အား " အသင် ရဲ့ သား ပာုတ်ပါသလား " ပာုမေးမြန်းသဖြင့် ၊ Fleming မှ မိမိ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးလေသည် ။ ထိုအခါ Fleming အား လက်ဆောင်ပဏ္ဏများ လက်မခံ ပါက အသင့်ရဲ့သားအား ကျွန်ုပ် ကျောင်းထားပေးပါရစေ ၊ အကယ်၍ သင့်သားသည် သင်ကဲ့သို့ ရိုးသားကြိုးစားသူ ဖြစ်ပါက နောင်တချိန်တွင် သင့်အားဂုဏ်ကျက်သရေ တိုးတက်စေမည့်သူတစ်ဦးဖြစ်ပေလိမ့်မည် ပာု ခွင့်တောင်းခံ ပြီးလျှင် ထို ကလေးငယ် ၏ ပညာရေးအားသူဖြည့်ဆည်းပေးလေသည် ။

ထိုသို့ဖြင့် လယ်သမားကြီး Fleming ၏ သားသည် လန်ဒန် မြို့ရှိ St. Mary's Hospital အမည်ရှိ ဆေးကျောင်းကြီးတွင်ဘွဲ့ရပြီး ၊ ပင်နီဆလင် ဆေးဝါးကိုရှာဖွေတွေ့ရှိသူ Sir Alexander Fleming ပာူ၍ ကမ္ဘာပေါ်တွင်ထင်ရှားသူတစ်ဦးဖြစ်လာသည် ။ သို့သော် တစ်ချိန်က သူ၏ဖခင်နွံထဲမှ ကယ်ဆယ်ခဲ့သည့်ကလေးငယ်သည် ယခုတဖန် နျူမိုးနီယားရောဂါ ကိုခံစားနေရသဖြင့် Sir Alexander Fleming ၏ ပင်နီဆလင် ဖြင့်ကုသပေးခဲ့ရပြန်လေသည် ။

ထိုသို့ လယ်သမားကြီး Fleming နှင့် Sir Alexander Fleming တို့သားအဖ နှစ်ဦးလုံး၏ ကယ်ဆယ်ခြင်း ခံရသူသည် Lord Randolph Churchill ၏ သား ဖြစ်သူ ၊ ဗြိတိန် နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် အမည်ထင်ရှားသူ Sir Winston Churchill ပင်ဖြစ်ပါသည် ။

အပြည့်အစုံသို့...

Monday, 24 September 2007

ဆုရ မျိုးကောင်း ပြောင်း


နဘရာစကာ (Nebraska) ပြည်နယ်ရှိ လယ်သမားတစ်ဦးစိုက်ပျိုးတဲ့ ပြောင်းဖူးတွေဟာ အကောင်းဆုံးဆု နှစ်စဉ်ရလေ့ရှိတယ်။ နှစ်တိုင်း ပြိုင်ပွဲ ဝင်လိုက်တယ်ဆိုရင်ပဲ အပြာရောင် ဖဲကြိုးဆုက သူ့ အတွက် မလွဲ ဆိုသလိုပါပဲ….
ယခုနှစ်တော့ သတင်းစာတိုက်တွေကပါ သိပြီးကျော်ကြားသွားတယ်။ သတင်းထောက် တစ်ဦးဟာလဲ အင်တာဗျူးမေးဖို့ ဖိတ်ခေါ်လာတယ်။ ဘယ်နည်းဘယ်ပုံ ဆုရနေတယ်ဆိုတာ လေ့လာဖို့ တဲ့လေ။ နောက်တော့ သတင်းထောက်သိရှိသွားတာက ထိုလယ်သမားဟာ အခြားသော လယ်နီးနားချင်းများနှင့် သူ့ ရဲ့ ဆုရ ပြောင်းမျိုးစေ့များ ကိုဝေမျှသုံးစွဲသည် ဆိုသည့်အချက်ပဲဖြစ်တယ်။
အဲဒီတော့ သတင်းထောက်က မေးလိုက်တယ်။ “ ခင်ဗျားနဲ့တူတူ ပြိုင်ပွဲဝင်နေတဲ့ သူတွေကို ဘာလို့ အကောင်းဆုံးမျိုးစေ့တွေ မျှပေးရတာလဲ။ ”
“ခင်ဗျား မသိသေးဘူးနဲ့တူပါရဲ့ ” လယ်သမားကပြန်ဖြေတယ်။ “ တကယ်လို့  လယ်နီးချင်းတွေသာ မျိုးကောင်းတဲ့ ပြောင်းကို မစိုက်ရင် ဝတ်မှုံကူးနည်းက ကျွန်တော့်ပြောင်းဖူးတွေရဲ့ အရည်အသွေးကို နိမ့်ကျ သွားစေမှာပေါ့။ ” လယ်သမားက ဆက်လက်ရှင်းပြတယ်။ “ ကျွန်တော် မျိုးကောင်းစိုက်ချင်ရင် တခြားသူတွေကိုပါ မျိုးကောင်းစိုက်ဖို့ ကူညီပေးရမှာပေါ့”
လယ်သမားဟာ ဘဝမှာ အချင်းချင်း ပတ်သက် ဆက်နွှယ်နေမှုကို သတိထားမိသည်။ ဘေးက လယ်တွေရဲ့ ပြောင်းတွေသာ မတိုးတက်ရင် သူ့ ရဲ့ ပြောင်းတွေလဲ တိုးတက်မှာ မဟုတ်ဘူး။
ဒီ ဥပမာလေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ တွေကိုလဲ အကျိုးပြုနိုင်မှာပါ။
ကိုယ် ငြိမ်းချမ်းမှုကို လိုချင်ရင် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် ကူညီရမယ်။
ကိုယ် စိတ်အေးချမ်းကောင်းမွန်စွာနေထိုင်ချင်သူများဟာ အခြားသူများကို လဲကောင်းမွန်စွာနေနိုင် အောင် ကူညီကြရမယ်။
ကိုယ် ပျော်ရွှင်ချင်ရင် သူတပါး ပျော်ရွှင်အောင် ကူညီကြရမယ်။
ဒီပုံပြင် ရဲ့သင်္ခန်းစာကတော့ “ ပြောင်းကောင်းကောင်း စိုက်ချင်ရင် လယ်နီးချင်းတွေကိုပါ ပြောင်းကောင်းစိုက်နိုင်အောင် ကူညီလိုက်ပါ။

အပြည့်အစုံသို့...

Sunday, 23 September 2007

ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။


ဒီပုံပြင်လေးက တော့ တော်တော်ကြာလို့ ဟောင်းနေပါပြီ။ ဒီလိုပါ။ အဖေက သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်ကို ရွှေရောင် ပါကင်စာရွက် ကို ဖြုန်းတီးမှုဖြင့် ဆုံးမနေသည်။ ငွေ အကျပ် အတည်းဖြစ်နေချိန်တွင် ဖြုံးတီးရကောင်းလားဟု အပြစ်ပေးခြင်းဖြစ်သည်။ ထိုညက ကလေးမလေးက ခရစ်စမတ် သစ်ပင်ခြေရင်းတွင် ဝမ်းနည်းစွာဖြင့် ထို ရွှေရောင် သေတ္တာလေးကို ချထားခဲ့သည်။
နောက်တနေ့ မနက်။ “ ဒါဖေဖေ့အတွက် ” ဟုဆိုကာ ရွှေရောင် သေတ္တာလေးကို သူမ အဖေ ထံပေးလာသည်။ အဖေကတော့ ယခင်က စိတ်ဆိုးခဲ့သည်ကို ပြန်လည် နောင်တရနေမိသည်။ ဒါပေမဲ့ သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ စိတ်ပြန်ဆိုးသွားသည်။ သေတ္တာထဲမှာ ဗလာနတ္တိ။ သူ သမီးလေးကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ “လက်ဆောင်ပေးတယ်ဆိုတာ တစ်ခုခု ပါရတယ်ကွ။ ” သူအော်လိုက်တော့ မိန်းကလေးက ငိုသံပါပါနဲ့ ပြန် ဖြေသည်။ “ ဒီသေတ္တာက ဗလာမဟုတ်ပါဘူးဖေဖေ။ အထဲမှာ သမီး အနမ်းတွေ အများကြီးထည့်ထားတယ်။ အားလုံး ဖေဖေ့ အတွက်ပါ။ ” ဆိုသော အဖြေစကားကြားရလေသည်။
သမီးလေးရဲ့ ဖေဖေ ဒီတစ်ခါတော့ မှင်သက်မိသွားသည်။ ဆွ့ံအသွားသည့်နှယ်။ ပြီးမှပဲ သမီးလေးရှေ့ ချက်ချင်း ဒူးထောက်လို့ သူ့လက်တွေနဲ့လည်း သိုင်းဖက်ထားသည်။ ဖေဖေ့ကို ခွင့်လွှတ်ပါ ဟုလဲ အကြိမ်ကြိမ်တောင်းပန်နေတော့သည်။
များမကြာမီပဲ ကားမတော်တဆမှုတစ်ခုက အဖေ့ဆီကနေ သမီးလေးကို အပြီးပိုင် ခွဲကာခေါ်သွားတော့သည်။ ထိုအဖေသည်လည်း သမီးလေးပေးသော လက်ဆောင် ရွှေရောင် သေတ္တာလေးထဲမှ အနမ်းများကို စိတ်ညစ်တိုင်း၊ အားငယ်တိုင်း ထုတ်ကြည့်ကာ သမီးလေး၏မေတ္တာကိုလဲ အမြဲပင် သတိရကာနေပါတော့သည်။


လူတိုင်းတွင် ချစ်မေတ္တာနှင့် အနမ်းများစွာထည့်ထားသော ရွှေသေတ္တာ ပိုင်ဆိုင်ကြသည်။ မိသားစုများ၊ သူငယ်ချင်းများ ဆီမှ။ ထိုအရာထက် မည်သည့်အရာကမျှ တန်ဖိုးမရှိနိုင်ပေ။


ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။ အနမ်းတွေနဲ့ ပြည့်လျှမ်းနေတဲ့ သေတ္တာ။

အပြည့်အစုံသို့...

ခဲတံပုံပြင်


ခဲတံ ပြုလုပ်တဲ့ အတတ်ဖြင့် အသက်မွေးသူတဦးသည် ခဲတံလေးတစ်ချောင်းကို ရောင်းတန်းဝင် ဘူးထဲသို့ ထည့်မပိတ်မီ အပြင်ကို ခေတ္တ ထုတ်ထားလိုက်တယ်။

“မင်းသိဖို့ လိုတဲ့အချက်ငါးချက်ရှိတယ်။ ” ထိုလူက ခဲတံကို ပြောလိုက်တယ်။ “မင်းကို အပြင်လောကကို မထုတ်မီမှာ ဒီအချက်တွေကို မင်း အမြဲသတိရမယ်ဆိုရင် မင်းဟာ လောကမှာ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်လာလိမ့်မယ်။ ”

“ ၁ အချက်။ မင်းဟာ မင်းကိုယ်မင်း လူတစ်ယောက်ရဲ့ လက်ထဲမှာ အမြဲ ရှိနေစေရမယ်”
“၂ အချက် ။ မင်းဟာ နာကျင်တဲ့ ချွန်စက်ဒဏ်ကို အချိန် မရွေးခံရနိုင်တယ် ။ ဒါပေမဲ့ အဲဒါဟာ မင်းကောင်းစားဖို့ပဲ။”
“၃ အချက် ။ မင်းလုပ်ခဲ့တဲ့ အမှားတွေကို မင်းကိုယ်တိုင် ပြင်နိုင်ရမယ် ။”
“၄ အချက် ။ မင်းရဲ့  အရေးကြီးဆုံး အစိတ်အပိုင်းဟာ မင်းရဲ ကိုယ်တွင်းမှာ ပဲရှိတယ်။ ”
“၅ အချက် ။ မင်း ကို ဘယ်မျက်နှာပြင်ပေါ်မှာပဲ ရေးရေး ထင်အောင်ရေးရမယ်။ ဘယ်အခြေအနေရောက်ရောက် မင်းဆက်လက် ရေးသားသွားရမယ်။”

ခဲတံ ကလဲ နားလည်ပြီး မှတ်ထားပါမည် ဟုကတိပေးသည်။

ယခု ခဲတံ နေရာတွင် သင့်ကိုယ်သင် ကိုယ်စားထည့်လိုက်ပါ။ ဒီအချက်တွေကို မင်း အမြဲသတိရမယ်ဆိုရင် မင်းဟာ လောကမှာ အကောင်းဆုးံ လူတစ်ဦးဖြစ်လာလိမ့်မယ်။

၁။ တခြားလူတွေ ဆုံးမအကြံပေးတာ။ မိဘဆွေမျိုး သူငယ်ချင်းတွေ အကြံပေးတာကို ခံယူပါ။
၂။ အခက်အခဲတွေကို အချိန်မရွေးကြုံတွေ့ နိုင်ပေမဲ့၊ အဲဒါတွေကပဲ မင်းကို ပိုမို သန်မာတဲ့ လူတစ်ဦး ဖြစ်စေမှာ။
၃။ မင်းအမှားတွေကို မင်းကိုယ်မင်း ပြင်နိုင်အောင်ကြိုးစားပါ။
၎။ မင်းရဲ့ အရေးကြီး အစိတ်အပိုင်းဟာ မင်းရဲ့ အတွင်းစိတ်ပါပဲ။
၅။ မင်း ဘယ်အခြေအနေ ဘယ်နေရာပဲရောက်ရောက် မင်းလုပ်ရမဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းရွက်ပါ။

ခဲတံဥပမာကို အသုံးချပြီး ဒီအချက် တွေကို မှတ်ထားမယ်၊ လိုက်နာမယ်၊ ဆိုရင်တော့ မင်းဘဝက အမြဲ တိုးတက်နေမှာပါ။


Parable Of The Pencil - Pencil story ဆိုတဲ့ ဝတ္တုတိုလေးကို ဘာသာပြန်ထားတာပါ။

အပြည့်အစုံသို့...

Saturday, 22 September 2007

စိတ်အစာ အာဟာရလေးများ


လောကတွင် အကောင်းဆုံးနှင့် အလှပဆုံးအရာများသည် မြင်လည်းမမြင်နိုင် ကိုင်တွယ်၍လည်းမရပေ။ သင်၏ နှလုံး သားထဲတွင်သာအမြဲ တစေ ကိန်းဝပ်နေတတ်သည်သာ။ (Helen Keller)
အတိတ်ကိုလည်း ဒေါသနှင့် ပြန်လှည့်မကြည့်ပါနှင့်၊ အနာဂတ်ကိုလည်း စိုးရွံ့ စိတ်နှင့် မျှော်မကြည့်ပါနှင့်၊ ပစ္စုပ္ပာန် ကိုသာ ဂရုတစိုက် နှင့်စောင့်ကြည့်ပါ။ (James Thurber)
ဘဝသည် စက်ဘီးစီးနေသူသဖွယ်။ သင်ခြေနင်းရပ်မသွားမခြင်း ဘယ်တော့မှမလဲ။ (Claude Pepper)
ဘဝတွင် အသက် ရှည်ခြင်း (length of life)သည် အရေးမကြီးလှ၊ ဘဝအဓိပ္ပါယ် နက်ရှိုင်းမှု (depth of life) အတွက်သာ ရှေ့  ရှုပါ။ (Ralph Waldo Emerson )
ဘဝ၏အနာဂတ်ဆိုသည်မှာ ၄င်းတို့ ၏ အိပ်မက်များ အကောင်အထည်ဖော်နိုင်ရေုးကို ယုံကြည်သူများတွင်သာရှိသည့်အရာဖြစ်သည်။ (Eleanor Roosevelt)
ဘာမှမလုပ်သူများသည်သာ ဘယ်တော့မှအမှားမလုပ်သူများဖြစ်ကြသည်။ ( Mikhail Gorbachev)
သင့်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်သူသည် သင်ကိုယ်တိုင်သာဖြစ်သည်။ ( Anonymous)
သင်မပစ်သော ပစ်ချက်တိုင်းသည် ၁၀၀% လွဲသောပစ်ချက်များဖြစ်သည်။ (Wayne Gretzky )

အပြည့်အစုံသို့...

Friday, 14 September 2007

ပျော်ရွှင်ခြင်းနှင့် ရာခိုင်နှုန်းများ


ဒီပို့ စ်ကတော့ “The 100 Simple Secrets of HAPPY PEOPLE” ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးတွေပါ။ စာဖတ်သူ... ဒီ စာကို မဖတ်ခင်မှာ တွေးကြည့်ပါ။ သင် ယခု ပျော်ရွှင်ပါရဲ့ လား ? ပျော်ရွှင်အောင် ဘာလုပ်ကြမလဲ။ ကြည့်လိုက်ကြရအောင်။
x x x x x x x x x x x x x x x


သင့်ကိုယ်ကို ယုံကြည်ပါ ။ ။ အသက် အရွယ်အပိုင်းအခြား အားလုံးတွင် မိမိ၏ အရည်အသွေးကို မိမိ ယုံကြည်ခြင်းသည် ဘဝပျော်ရွှင်မှုကို ၃၀% ပို မြင့်တက်စေပါသည်။( Myers and Diener 1995 )
တစ်စုံတစ်ခုကို သင်မသေချာလျှင် အကောင်းဘက်က လှည့်တွေးပါ ။ ။ မပျော်ရွှင် သူများ ၏ အမြင် ၈၀% သည် မကောင်းသည့် ဘက်မှ ဖြစ်သည်။ ပျော်ရွှင်သူများသည် ကောင်းသည့်ဘက်မှ ၈၀% တွေးတောဖြစ်ကြသည်။ ( Brebner 1995 )
သင့်ပတ်ဝန်းကျင်မှ လူအများနှင့် ဝါသနာတူညီမှုများအကြောင်း ဆွေးနွေးပါ ။ ။ တူညီသောစိတ်ဝ်စားမှုတစ်ခုစီသည် သင့်ဘ၀ပျော်ရွှင်မှုအတွက် ၂% တိုးတက်စေသည်။ ( Chand 1990)
သင့်ခံစားချက်များကို အခြားသူများနှင့် ဝေမျှပါ ။ ။ လူမှုဆက်ဆံရေးတွင် ပွင့်လင်းသူများသည် အခြားသူများထက် မိမိဘဝ ကို ၂၄% ပိုမို ကျေနပ်ကြသည်။( Finch, Barrera, Okun, Snow-Turek 1997 )
နေ့ စဉ် အသီးတစ်ခုခု စားပါ ။ ။ နေ့ စဉ် အသီးတစ်ခု စားသော အလေ့အကျင့်ရှိသူသည် တစ်နေ့ တာပျော်ရွှင်မှုကို ၁၁% မြင့်တက်စေသည်။ ( Heatey and Thombs 1997)
ကောင်းမွန်စွာ အိပ်စက် အနားယူပါ ။ ။ တစ်ညတွင် ၈နာရီထက် နည်းသော အိပ်ချိန်ရှိသူများသည် နောက်နေ့အတွက် မိမိကိုယ်ကို ကျေနပ်ခြင်းကို တစ်နာရီ လျှင် ၈% လျှော့နည်းစေသည်။ ( Pilcher and Ott 1998 )
အိမ်နီးချင်းများ ဆီသို့  မကြာခဏလည်ပတ်ပါ ။ ။ ပတ်ဝန်းကျင်နှင့် ပိုမို ထိတွေ့ ဆက်ဆံခြင်းသည် ပျော်ရွှင်မှု ကို ၃၀% နီးပါးအထိ မြင့်တက်စေသည်။ ( Sugarman 1997)
သီချင်းနားထောင်ပါ ။ ။ မိမိ ကြိုက်နှစ်သက်သော သီချင်းများကို ရွေးချယ် နားထောင်သူများ၏ ၉၂ % သည်
အကောင်းမြင်တတ်ကြသည်။ ( Hakanen 1995)
စာဖတ်ပါ ။ ။ စာဖတ်ခြင်း ( စိတ်ကို လေ့ကျင့်ခန်းပေးခြင်း) ဖြင့် နေ့ စဉ် ပျော်ရွှင်မှုကို ၈% ပိုမို တိုးတက်စေသည်။ ( Scope 1999)
အထက်ပါ စာအုပ်ကို အမြည်းနှင့် အားမရပဲ အပြည့်အစုံ ဖတ်ချင်သူများ အတွက် ဒီနေရာမှာ အီးဘုတ် ရယူပါ။
စာဖတ်သူများအားလုံးပျော်ရွှင်နိုင်ကြပါစေ။

အပြည့်အစုံသို့...

Thursday, 9 August 2007

ညီအစ်ကိုသုံးယောက်ပုံပြင်


တစ်ခါတုန်းက စုန်းကဝေညီအစ်ကိုသုံးယောက်ဟာ ဆည်းဆာချိန်မှာ လေတဟူးဟူး
တိုက်ခတ်နေတဲ့
လမ်းတစ်လျှောက် ခရီးသွားနေကြတယ်တဲ့။ ဒီလိုနဲ့ အင်မတန်နက်ပြီး ဖြတ်ကူးဖို့ခက်တဲ့၊ ရေစီးသန်တဲ့ မြစ်တစ်စင်းဆီ ရောက်လာကြတယ်။ ဒါပေမယ့် ညီအစ်ကိုသုံးယောက်ဟာ မှော်ပညာကို သင်ယူ တတ်မြောက်ထားတဲ့သူတွေ ဖြစ်တဲ့အလျောက် သူတို့ရဲ့မှော်တောင်ဝှေးတွေကို ဝှေ့ရမ်းပြီး အန္တရာယ်ကြီးတဲ့ မြစ်ရေပြင် ကိုဖြတ်လျှက် တံတားတစ်ခုကို ဖန်ဆင်းလိုက်ကြတယ်။ သူတို့ဟာ တံတားကိုဖြတ်ကူးနေတုန်း တံတားရဲ့အလယ်မှာ ဝတ်ရုံခြုံထားသူတစ်ယောက် ကို မြင်ရသတဲ့။ အဲဒီဝတ်ရုံခြုံထားသူဟာ သေမင်းပဲဖြစ်တယ်။



သေမင်းက သူတို့ညီအစ်ကိုတွေကို စကားဆိုလိုက်တယ်တဲ့။ အဲဒီ့မြစ်ကိုဖြတ်ကူးသူခရီးသွားတိုင်းဟာ
မြစ်ထဲမှာနစ်ပြီးသေဆုံးတတ်တဲ့အစဉ်အလာရှိပေမယ့် သူ့ကိုလှည့်စားပြီး အသက်ရှင်လျှက်ဖြတ်သွားနိုင်တဲ့ သူတို့သုံးယောက်ကိုသေမင်းကဒေါသတွေထွက်နေတာပေါ့။ ဒါပေမဲ့ သေမင်းက ဟန်ဆောင်ပြီး သူတို့ရဲ့ မှော်ပညာကိုချီးကျူးစကားဆိုသတဲ့။ နောက်ပြီးတော့ သေခြင်းတစ်ရားကို လိမ္မာပါးနပ်စွာရှောင်ရှား နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါရစေဆိုပြီး တစ်ယောက်ချင်းဆီကို ဘာလိုချင်သလဲ မေးသတဲ့။

အဲဒီအခါ သူတို့သုံးယောက်ထဲမှာ ရန်လိုတတ်တဲ့သူဖြစ်တဲ့ အကြီးဆုံးအစ်ကိုက တည်ရှိပြီးသမျှ မှော်တောင်ဝှေး တွေထက် ပိုအစွမ်းထက်တ၊ဲ့ ဘယ်သူမှယှဉ်လို့မရနိုင်တဲ့၊ သေမင်းကို အောင်နိုင်ခဲ့သူနဲ့ ထိုက်တန်တဲ့ မှော်တောင်ဝှေးကို လိုချင်တယ်လို့ပြောလိုက်တယ်။ ဒါကြောင့် သေမင်းက မြစ်ကမ်းဘေးက Elder (အနက်ရောင်ဘယ်ရီပင် ၊ Elderberry ဟုလည်းခေါ်သည်) သစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကိုယူပြီး မှော်တောင်ဝှေး လုပ်ပေးလိုက်သတဲ့။

မောက်မာတတ်တဲ့ဒုတိယအစ်ကိုကတော့ သေမင်းကို လှောင်ပြောင်အရှက်ခွဲချင်တာနဲ့
“ သေမင်းဆီကနေ အခြားသူတွေကို ပြန်ခေါ်နိုင်တဲ့အစွမ်းပေးပါ ”လို့ တောင်းလိုက်တယ်။
အဲ့ဒါနဲ့ သေမင်းက မြစ်ကမ်းဘေးက ကျောက်တုံးတစ်ခုကိုကောက်ယူပြီး “ ဒီကျောက်တုံးဟာ သေသွားတဲ့လူတွေကို ပြန်ခေါ်ပေးနိုင်တဲ့အစွမ်းရှိလိမ့်မယ် ” လို့ ပြောပြီး ဒုတိယအစ်ကိုကို ပေးလိုက်တယ်။

ပြီးတော့ သေမင်းဟာ တတိယညီအငယ်ဆုံးကို ဘာအလိုရှိသလဲ မေးသတဲ့။ ညီအငယ်ဆုံးဟာ ကိုယ့်ကိုကိုနှိမ့်ချ တတ်ပြီး သူတို့ထဲမှာ ဥာဏ်အရှိဆုံးသူဖြစ်လို့ သေမင်းကို မယုံကြည်ဘူးတဲ့။ ဒါကြောင့် သူက ဒီနေရာကနေစပြီး သေမင်းဘယ်တော့မှ လိုက်မလာနိုင်ဘဲနဲ့ ခရီးဆက်လို့ရစေမယ့် အရာတစ်ခုကို တောင်းလိုက်တယ်။ သေမင်းက
စိတ်အလိုမကျစွာနဲ့ သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို ပေးလိုက်သတဲ့။

ပြီးတော့ သေမင်းဟာ ညီအစ်ကိုသုံးယောက်ကို ခရီးဆက်သွားဖို့ လမ်းဖယ်ပေးလိုက်တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကိုသုံးယောက်ဟာ
သူတို့တွေ့ကြုံခဲ့ရတဲ့ စွန်းစားခန်းကြောင်းကို အံ့သြဝမ်းသာစွာပြောဆိုရင်း၊ သေမင်းရဲ့
လက်ဆောင်တွေအတွက် အားရကျေနပ်စွာနဲ့ ခရီးဆက်ခဲ့ကြသတဲ့။

တစ်ချိန်ကျလာတဲ့အခါ ညီအစ်ကိုသုံးယောက်ဟာ ကိုယ်သွားလိုတဲ့နေရာကိုသွားဖို့ လမ်းခွဲလိုက်ကြတယ်။ ပထမဆုံးအစ်ကိုဟာ သူနဲ့စကားများခဲ့ဖူးတဲ့ မှော်ဆရာတစ်ယောက်ကို ရှာဖွေရင်း သီတင်းပတ်များစွာ တိုင်အောင် ခရီးသွားခဲ့ပြီး ရွာတစ်ရွာကိုရောက်သွားတယ်။ သူရဲ့ သေမင်းလက်ဆောင် မှော်တောင်ဝှေးကို အသုံးပြုပြီး သူ့ရန်သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အခါ သူပဲနောက်ဆုံးအနိုင်ရခဲ့တာပါပဲ။ သူ့ရန်သူရဲ့ သေဆုံး နေတဲ့ ခန္ဓာကိုယ်ကို ချန်ရစ်ထားခဲ့ပြီး သူဟာတည်းခိုခန်းတစ်ခုကိုသွားခဲ့တယ်။အဲ့ဒီမှာသူဟာ
သေမင်းဆီကနေ
အစွမ်းထက်တဲ့ မှော်တောင်ဝှေးကို ဘယ်လိုရယူခဲ့တဲ့အကြောင်း၊ အဲ့ဒီမှော်တောင်ဝှေးရဲ့အစွမ်းကြောင့် သူ့ကို
ဘယ်သူမှ ယှဉ်ပြိုင်အနိုင်ယူလို့ မရကြောင်းတွေကို ကြွားဝါပြောဆိုမိတယ်တဲ့။ အဲ့ဒီညမှာ အခြားမှော်ဆရာ
တစ်ယောကဟာ သူအရက်မူးပြီးအိပ်ပျော်နေတဲ့ အခန်းထဲကို ခိုးဝင်လာတယ်။ သူဟာ အဲ့ဒီမှော်တောင်ဝှေးကို ခိုးယူပြီး ပထမအစ်ကိုကို သတ်လိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းက ပထမအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။

အဲ့ဒီအချိန်မှာ ဒုတိယအစ်ကိုဟာ သူတစ်ယောက်ထဲနေတဲ့ သူ့ရဲ့အိမ်ကိုပြန်ရောက်သွားတယ်။ သူဟာ

သေဆုံးသူတွေကို ပြန်ခေါ်နိုင်တဲ့ ကျောက်တုံးကိုထုတ်ကြည့်ပြီး သုံးကြိမ်သုံးခါ သူ့ရဲ့လက်ထဲမှာ
လှည့်ကြည့်သတဲ့။ အဲ့ဒီအခါ သူတစ်ချိန်က သိပ်ချစ်ခဲ့တဲ့ လက်ထပ်ဖို့ရည်ရွယ်ခဲ့ပြီးမှ သေးဆုံးသွာခဲ့တဲ့ သူ့ရဲ့ချစ်သူမိန်းကလေးကို အံ့သြဝမ်းသာစွာ တွေ့လိုက်ရတယ်။ ဒါပေမယ့် သူမဟာ သူနဲ့ဝတ်ရုံလွှာလေး
တစ်ခုခြားထားသလိုဖြစ်နေပြီး ဝမ်းနည်းနေတဲ့ အသွင်သဏ္ဌာန်ရှိနေတယ်တဲ့။ သူမဟာ အချိန်အကြာကြီး သူနဲ့ရှိနေပေးလို့မရတာကြောင့် ပျောက်ကွယ်သွားတယ်။ နောက်ဆုံးမှာတော့ ဒုတိယအစ်ကိုဟာ မျှော်လင့်
လို့မရတဲ့ စွဲလမ်းမှုတွေနဲ့ သူမကိုသေမင်းဆီမှာ ပြန်တွေ့ဖို့အတွက် ကိုယ့်ကိုယ်ကို သတ်သေလိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းဟာ ဒုတိယအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။

ဒါပေမယ့် သေမင်းဟာ နှစ်ပေါင်းများစွာတိုင်အောင် ညီအငယ်ဆုံးကို လိုက်ရှာခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ပါဘူး။ ညီအငယ်ဆုံးက အသက်တော်တော်အိုမင်းလာပြီး နောက်ဆုံး သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို သူ့သားကို
ချွတ်ပေး
လိုက့်တဲ့အခါမှသာ ရှာတွေ့တော့သတဲ့။ အဲ့ဒီအခါ ညီအငယ်ဆုံးဟာ သေမင်းကို သူငယ်ချင်းဟောင်း
တစ်ယောက်ကို ပြန်တွေ့ရသလို နှုတ်ဆက်ပြီး၊ သေမင်းနောက်ကို ဝမ်းမြောက်စွာ လိုက်သွားကာ သူ့ရဲ့အသက်
ရှင်နေတဲ့ ဘဝကိုခွဲခွာသွားခဲ့သတဲ့…..။

မူရင်း…..စာရေးဆရာမ J.K.Rowling ရဲ့ Harry Potter and the Deathly Hallows စာအုပ်ထဲမှ The tale of the three brothers ဆိုတဲ့စုန်းကဝေပုံပြင်လေးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီပုံပြင်လေးဟာ Deathly Hallows စာအုပ်ရဲ့ အနှစ်သာရလို့ ပြောလို့ရပါတယ်။ ဖတ်လို့မကောင်းရင် ကျွန်မရဲ့ဘာသာပြန် ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း တောင်းပန်အပ်ပါတယ်။


အပြည့်အစုံသို့...

Tuesday, 10 July 2007

စိတ်ဝင်စားစရာလေးတွေ...

ဒီစာကို ဘလော့ဧည့်သည် ၁၀၀ ပြည့် ၊ ပို့စ်၅၀မြောက် အမှတ်တရအဖြစ် ရေးသားပါသည်။ သတိမထားမိတဲ့ ဗဟုသုတလေးတွေပါ။
၁။ လင်းနို့တွေဟာ ဂူတစ်ဂူထဲကထွက်ရင် ဘယ်ဘက်ကိုပဲ ကွေ့လေ့ရှိပါတယ်တဲ့။ (ဘာလို့လဲသိရင် ဖြေပေးကြပါ။)
၂။ ပန်းခြံမှာ တွေ့လေ့ရှိတဲ့ မြင်းစီးနေတဲ့ ရုပ်တုတွေမှာ မြင်းရဲ့ရှေ့ခြေ၂ချောင်းလုံးက လေမှာမြောက်နေရင် အဲဒီ လူဟာ စစ်ပွဲတစ်ပွဲမှာကျဆုံးခဲ့တာပါတဲ့။ မြင်းရဲ့ရှေ့ခြေ ၁ချောင်းသာ မြောက်နေရင်တော့ တိုက်ပွဲကရတဲ့ ဒဏ်ရာ တွေနဲ့ သေဆုံးတာပါ။ မြင်းရဲ့ရှေ့ခြေ၂ချောင်းလုံး မြေပေါ်မှာပဲ ရှိနေရင်တော့ ရိုးရိုး သေဆုံးခဲ့တာပါ တဲ့။
၃။ ယောက်ျားတွေဟာ သေးငယ်တဲ့ စာလုံးတွေကိုမိန်းမတွေထက် ပိုမြင်နိုင်ပြီး မိန်းမတွေကတော့ အသံတိုးတိုးတွေကို ပိုကြားနိုင်ပါတယ်တဲ့။
၎။ ပီကေဝါးနေရင်း ကြက်သွန်နီနွှာရင် မျက်ရည်မကျပါဘူးတဲ့။ (မမတို့ ဟင်းချက်ရင် စမ်းကြည့်ပေးကြပါ။ စလုံးက မမတွေကတော့ ပီကေဘယ်မှာသွားဝယ်ကြမလဲ?)
၅။ ကမ္ဘာစံချိန်စာအုပ် (The Guinness Book of Records)ဟာ စာကြည့်တိုက်တွေကနေ အခိုးခံရဆုံးစာအုပ် အဖြစ် စံချိန်တင်ခဲ့ပါတယ်တဲ့။
၆။ Stewardesses ဆိုတဲ့ စကားလုံးဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ ရိုက်နိုင်တဲ့ အရှည်ဆုံး စာလုံးပါတဲ့။(ဒီထက်ရှည်တဲ့ စာလုံးရှာတွေ့ရင် ပြောကြပါ။)
၇။ မိန်းမတွေဟာ ယောက်ျားတွေထက် နှစ်ဆလောက်ပိုပြီး မျက်တောင်ခတ်လေ့ရှိပါတယ်တဲ့။
၈။ ဘယ်တော့မှပုပ်သိုးမသွားတဲ့ ကြာလေကောင်းလေဆိုတဲ့ တစ်ခုထဲသော စားစရာကတော့ ပျားရည်ပါပဲတဲ့။
၉။ အာကာသထဲမှာ ငိုလို့မရဘူးတဲ့။ မျက်ရည်တွေစီးကျ လောက်အောင် မြေဆွဲအား Gravity မရှိလို့ပါ။
၁၀။ ငါးတွေထဲမှာ ငါးမန်းတစ်မျိုးကသာ မျက်လုံးနှစ်လုံးနဲ့ မျက်တောင်ခတ်နိုင်တာပါတဲ့။
၁၁။ ပင်ကွင်းတွေဟာ ၁နာရီ ၁၅မိုင်နှုန်းနဲ့ ရေကူးနိုင်ပါတယ်တဲ့။
၁၂။ ကမ္ဘာ့လူဦးရေ ၅၀% လောက်ဟာ ဖုန်း မပြောဖူး၊ နားမထောင်ဖူးကြပါဘူးတဲ့။
၁၃။ မိချောင်းဟာ လျှာထုတ်မပြနိုင်ပါဘူးတဲ့။
၁၄။ Headphone တွေကို တစ်နာရီကြာ တပ်ထားခြင်းဖြင့် သင့်နားထဲမှာ ဘက်တီးရီးယား ပွားနှုန်းကို အဆ ၇၀၀ မြင့်တက်စေနိုင်ပါတယ်တဲ့။ (သီချင်းကြိုက်တဲ့ သူငယ်ချင်းတို့အတွက်ပါ။)
၁၅။ သစ်ကုလားအုပ် ကလေးတွေဟာ မွေးမွေးချင်း ၆ပေအမြင့်က ပြုတ်ကျတာများပါတယ်တဲ့။ ဒါပေမဲ့ အနာတရ မဖြစ်ကြပါဘူးတဲ့။

ဤအချက်များအားလုံးမှန်၊မမှန်ကို အာမမခံပါ။

ဖတ်ချင်ရင်၊စိတ်ဝင်စားရင် ဒီမှာ ဖတ်နိုင်ပါတယ်။
ဆက်ရန်ရှိသည်.....

အပြည့်အစုံသို့...

Wednesday, 4 July 2007

အရည်အသွေးဆိုတာ...

အရည်အသွေးဆိုတာ....
စာရွက်ဖြူတစ်ရွက်ကို စိုက်ကြည့်ပြီး
ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်တယ်။
အရည်အသွေးဆိုတာ...
ကြောက်ရွံ့နေတဲ့ မျက်ဝန်းတစ်စုံကို စိုက်ကြည့်ရင်း
ခွန်အားတွေ ဖြစ်အောင် စွမ်းဆောင်နိုင်တယ်။
အရည်အသွေးဆိုတာ...
လူစိမ်းတွေချည်းရှိတယ့် အခန်းကိုလမ်းလျှောက်ဝင်သွားပြီး
မိတ်ဆွေတွေနဲ့ ပြန်ထွက်လာနိုင်စွမ်းရှိတယ်။
အရည်အသွေးဆိုတာ...
ကိုယ်မှားတဲ့အခါမှာ
မှားတယ်ဆိုတာ ၀န်ခံရဲတယ်။
အရည်အသွေးဆိုတာ...
လဲကျသွားတဲ့အချိန်မှာ
ပြန်ထနိုင်တယ်။
အရည်အသွေးဆိုတာ...
လမ်းပျောက်နေတဲ့အခါမှာ
ကိုယ့်ကိုယ်ကို ယုံကြည်ရဲတယ်။
အရည်အသွေးဆိုတာ...... ရိုးရှင်းတဲ့ စာလုံးပေမဲ့ အဓိပ္ပါယ်နက်နဲတယ်။
အများစုကတော့ အရည်အသွေးကို ရှာမတွေ့။
သို့ပေမဲ့ အရည်အသွေးဆိုတာ လူတိုင်းမှာရှိတယ်။
မင်းရဲ့ အရည်အသွေးဟာ မင်းကွင်းပစ် ကျွမ်းကျင်တာ၊
မင်း အကဘယ်လောက်တော်တာ၊
မင်း ကျောင်းမှာ အမှတ်ကောင်းကောင်းရတာ... တွေပဲ။
မင်းမှာလဲ အရည်အသွေးဆိုတာ ရှိတာပေါ့။
ဒါပေမဲ့ တစ်ခါမှ ကြိုးစားမကြည့်ရင် အရည်အသွေးဆိုတာ သူအလိုလို ဖြစ်မလာနိုင်ဘူး။
မင်းကြိုးစာပြီး ကွင်းပစ်မလေ့ကျင့်ရင်၊
မင်း အကလေ့မကျင့်ရင်၊
မင်း ကျောင်းစာ မှန်မှန် မလုပ်ဘူးဆိုရင် ပေါ့။
အရည်အသွေးဆိုတာ... လူတိုင်းပိုင်တာပါ။
မင်းဆီမှာရောပေါ့။
ဆလီနာ. အီ.မာတင်
မှတ်ချက်။ ။ ကဗျာလေးကို ကြိုက်လို့ ဘာသာပြန်ထားလိုက်တာပါ။

အပြည့်အစုံသို့...

မွေးနေ့လက်ဆောင်

သူမရဲ့ကမ္ဘာဟာ အထီးကျန်မှုတွေနဲ့ပြည့်နှက်နေတယ်
မာနတွေ ကိုခြုံလွှမ်းလို့ပေါ့
သူမရဲ့ အခန်းကျဉ်းလေးမှာတော့...
ပြင်းထန်တဲ့နာကျင်မှုတွေ ချည်းပဲပေါ့။

သူမမှာ မှီခိုစရာ သူငယ်ချင်းမရှိခဲ့
မှေးစက်အနားယူဖို့လဲ မရှိခဲ့
သူမရဲ့မေတ္တာကို မျှဝေခံစားမဲ့သူမရှိခဲ့
မျှော်လင့်ချက်တွေ၊ ကြင်နာခြင်းတွေ လက်ခံပေးသူမရှိခဲ့။

ညပေါင်းများစွာ စဉ်းစားရင်း အိပ်မရ
နေ့ပေါင်းများစွာ စဉ်းစားရင်း အလုပ်ပျက်
သူမ အိပ်ရာပေါ်ကို ပစ်လှဲချလိုက်ပြီး
နောက်ဆုံးတော့ သေနတ်တစ်လက်ကို သူမခေါင်းမှာ ချိန်လိုက်တယ်။

မကြာဘူး..သူမဖုန်းမြည်သံကိုကြားလိုက်ရတယ်
သူမသေနတ်ကို ခေတ္တဖယ်ထားလိုက်တယ်
ဟိုတစ်ဖက်ကပြောနေတာက အမေ
သူမစကားလုံးတွေကိုကြားနေရတယ်။

”မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ သမီးငယ်
ဒီနေ့ဟာ မင်းတစ်ယောက်ထဲအတွက်ပါ
အမေ့ရဲ့ နှလုံးသားကလာတဲ့စကား
အမှန်တရားဆိုတာ မင်းသိပါစေ” တဲ့။

သူမနားထဲမှာ စကားလုံးတွေ ပြေးလွှားနေတယ်
သူမ အင်အားသစ်တစ်ခုကို ခံစားလိုက်ရသလား
သေနတ်ကို အသာအယာချ
သူမဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုလုံး ပြောင်းလဲသွားတယ်။

ရက်တွေကြာတော့ အဲဒီထူးခြားတဲ့နေ့လေးကို ပြန်သတိရလာတယ်
သူမအမေရဲ့စကားတွေကိုရောပေါ့
သူမ လက်ဆောင်တစ်ခုရလိုက်ပါတယ်
သူမရဲ့ ဘဝသစ်တစ်ခုလုံးကိုရောပေါ့။

Chicken soup for the teenagers soul မှကဗျာတစ်ပုဒ်ကို ခံစားတင်ပြပါသည်။


အပြည့်အစုံသို့...