Showing posts with label ဝါသနာ. Show all posts
Showing posts with label ဝါသနာ. Show all posts

Tuesday, 10 July 2007

စိတ်ဝင်စားစရာလေးတွေ...

ဒီစာကို ဘလော့ဧည့်သည် ၁၀၀ ပြည့် ၊ ပို့စ်၅၀မြောက် အမှတ်တရအဖြစ် ရေးသားပါသည်။ သတိမထားမိတဲ့ ဗဟုသုတလေးတွေပါ။
၁။ လင်းနို့တွေဟာ ဂူတစ်ဂူထဲကထွက်ရင် ဘယ်ဘက်ကိုပဲ ကွေ့လေ့ရှိပါတယ်တဲ့။ (ဘာလို့လဲသိရင် ဖြေပေးကြပါ။)
၂။ ပန်းခြံမှာ တွေ့လေ့ရှိတဲ့ မြင်းစီးနေတဲ့ ရုပ်တုတွေမှာ မြင်းရဲ့ရှေ့ခြေ၂ချောင်းလုံးက လေမှာမြောက်နေရင် အဲဒီ လူဟာ စစ်ပွဲတစ်ပွဲမှာကျဆုံးခဲ့တာပါတဲ့။ မြင်းရဲ့ရှေ့ခြေ ၁ချောင်းသာ မြောက်နေရင်တော့ တိုက်ပွဲကရတဲ့ ဒဏ်ရာ တွေနဲ့ သေဆုံးတာပါ။ မြင်းရဲ့ရှေ့ခြေ၂ချောင်းလုံး မြေပေါ်မှာပဲ ရှိနေရင်တော့ ရိုးရိုး သေဆုံးခဲ့တာပါ တဲ့။
၃။ ယောက်ျားတွေဟာ သေးငယ်တဲ့ စာလုံးတွေကိုမိန်းမတွေထက် ပိုမြင်နိုင်ပြီး မိန်းမတွေကတော့ အသံတိုးတိုးတွေကို ပိုကြားနိုင်ပါတယ်တဲ့။
၎။ ပီကေဝါးနေရင်း ကြက်သွန်နီနွှာရင် မျက်ရည်မကျပါဘူးတဲ့။ (မမတို့ ဟင်းချက်ရင် စမ်းကြည့်ပေးကြပါ။ စလုံးက မမတွေကတော့ ပီကေဘယ်မှာသွားဝယ်ကြမလဲ?)
၅။ ကမ္ဘာစံချိန်စာအုပ် (The Guinness Book of Records)ဟာ စာကြည့်တိုက်တွေကနေ အခိုးခံရဆုံးစာအုပ် အဖြစ် စံချိန်တင်ခဲ့ပါတယ်တဲ့။
၆။ Stewardesses ဆိုတဲ့ စကားလုံးဟာ ဘယ်လက်တစ်ဖက်ထဲနဲ့ ရိုက်နိုင်တဲ့ အရှည်ဆုံး စာလုံးပါတဲ့။(ဒီထက်ရှည်တဲ့ စာလုံးရှာတွေ့ရင် ပြောကြပါ။)
၇။ မိန်းမတွေဟာ ယောက်ျားတွေထက် နှစ်ဆလောက်ပိုပြီး မျက်တောင်ခတ်လေ့ရှိပါတယ်တဲ့။
၈။ ဘယ်တော့မှပုပ်သိုးမသွားတဲ့ ကြာလေကောင်းလေဆိုတဲ့ တစ်ခုထဲသော စားစရာကတော့ ပျားရည်ပါပဲတဲ့။
၉။ အာကာသထဲမှာ ငိုလို့မရဘူးတဲ့။ မျက်ရည်တွေစီးကျ လောက်အောင် မြေဆွဲအား Gravity မရှိလို့ပါ။
၁၀။ ငါးတွေထဲမှာ ငါးမန်းတစ်မျိုးကသာ မျက်လုံးနှစ်လုံးနဲ့ မျက်တောင်ခတ်နိုင်တာပါတဲ့။
၁၁။ ပင်ကွင်းတွေဟာ ၁နာရီ ၁၅မိုင်နှုန်းနဲ့ ရေကူးနိုင်ပါတယ်တဲ့။
၁၂။ ကမ္ဘာ့လူဦးရေ ၅၀% လောက်ဟာ ဖုန်း မပြောဖူး၊ နားမထောင်ဖူးကြပါဘူးတဲ့။
၁၃။ မိချောင်းဟာ လျှာထုတ်မပြနိုင်ပါဘူးတဲ့။
၁၄။ Headphone တွေကို တစ်နာရီကြာ တပ်ထားခြင်းဖြင့် သင့်နားထဲမှာ ဘက်တီးရီးယား ပွားနှုန်းကို အဆ ၇၀၀ မြင့်တက်စေနိုင်ပါတယ်တဲ့။ (သီချင်းကြိုက်တဲ့ သူငယ်ချင်းတို့အတွက်ပါ။)
၁၅။ သစ်ကုလားအုပ် ကလေးတွေဟာ မွေးမွေးချင်း ၆ပေအမြင့်က ပြုတ်ကျတာများပါတယ်တဲ့။ ဒါပေမဲ့ အနာတရ မဖြစ်ကြပါဘူးတဲ့။

ဤအချက်များအားလုံးမှန်၊မမှန်ကို အာမမခံပါ။

ဖတ်ချင်ရင်၊စိတ်ဝင်စားရင် ဒီမှာ ဖတ်နိုင်ပါတယ်။
ဆက်ရန်ရှိသည်.....

အပြည့်အစုံသို့...

Saturday, 30 June 2007

စုဗူး

ကျွန်မ ငယ်ငယ်က မေ့မေ့ကိုစုဗူးဝယ်ပေးဖို့ ပူဆာခဲ့ဖူးသည်။ မေမေက “ ငါ့သမီးက ပိုက်ဆံစုမယ်ပေါ့ ။
တယ်လိမ်မာပါလား ” ဟုဆိုကာ စုဗူးလေးတစ်ခု ဝယ်ပေးခဲ့သည်။ “ သမီး ဒီစုဗူးလေးပြည့်သွားရင် ဘာလုပ်မလဲ ” ဟု မေမေ မေးလာသောအခါ ကလေးအတွေးဖြင့်ပင် “ မုန့်တွေဝယ်စားမှာပေါ့ မေမေရဲ့ ” ဟု ဖြေခဲ့ပါသည်။ ဒီလိုဖြင့်ပင် ငယ်စဉ်ကတည်းက ကျွန်မ၏မုန့်ဖိုးလေးများကို ဘာရယ်မဟုတ် စုထားသော အကျင့်လုပ်ခဲ့ပါသည်။ နည်းနည်းကြီးလာတော့ ပိုက်ဆံစုတယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုထားပြီး စုဆောင်းရမှန်းသိတတ်လာသည်။ ၈တန်းနှစ်တုန်းက “ ကထိန်သင်္ကန်းကပ်ရန် ” ဆိုပြီး ကျွန်မ၏မုန့်ဖိုးအချို့ကို သပ်သပ်ဖယ်ထားပြီးစုခဲ့ဖူးပါသည်။ ရည်မှန်းထားသည့်အတိုင်းလဲ ကထိန်သင်္ကန်း ကပ်ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်မ၏စုဗူးလေးများတွင် ရည်ရွယ်ထားသော ခေါင်းစဉ်လေးများရှိခဲ့သည်။ ယခုလက်ရှိတွင်လည်း ကျွန်မကိုယ်တိုင်ဝယ်ထားသော
စုဗူးလေးတစ်ခုရှိပါသည်။ ထိုစုဗူးလေး၏ ခေါင်းစဉ်မှာ “အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ရန်” ဖြစ်သည်။ =) ကျွန်မထိုစုဗူးလေးကို ဘယ်လိုအခြေအနေမျိုးတွင်မှ ဖွင့်ဖောက်မည်မဟုတ်ပါ။
ကျွန်မ၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးရသောနေ့မှသာ ထိုစုဗူးလေးကိုဖောက်ပါမည်။ ကျွန်မထင်ပါသည်။ ထိုနေ့ထိုရက်တွင် စုဗူးလေးသည်အပြည့်ဖြစ်နေပြီး
ကျွန်မ၏အိမ်မက်ကို
အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေလိမ့်မည်ဟု……………

အပြည့်အစုံသို့...

ကြောင်လေးတွေ

ဒါလေးတွေက ပျင်းနေတဲ့အချိန်တွေမှာ အင်တာနက်ပေါ်က ဆွဲချထားတာ .....
တချို့တွေက ဖော်ဝပ် မေးလ်ကနေ ရထားတာ.....
ချစ်စရာလေးတွေနဲ့ရီစရာလေးတွေပါ.....
အကြိုက်ဆုံးလေးတွေရွေးပေးဦးနော်...

အပြည့်အစုံသို့...

Monday, 25 June 2007

ကံကောင်းရွက်

ဒီစာကို အခု lucky leaf လို့ခေါ်တဲ့ four-leaf clover အကြောင်းရေးမယ်လို့စိတ်ကူးရမိလို့..အများကတော့ ကံကောင်း တဲ့အဆောင်အဖြစ် ဆောင်ကြတယ်.
.ဒီလိုပုံလေးပါတဲ့ ...
ဒီလိုရောင်းကြတယ်...ဒီလို High Way လမ်းတွေတောင်ရှိတယ်တဲ့..
wiki ထဲမှာရှာကြည့် တော့ ဒီလို ပါ.
"The four-leaf clover is an uncommon variation of the common, three-leaf, clover. According to tradition, such leaves bring good luck to their finders, especially if found accidentally.

Clovers can have more than four leaflets. The most leaflets ever recorded is eighteen.It has been estimated that there are approximately 10,000 three-leaf clovers for every four-leaf clover.

According to legend, each leaflet represents something: the first is for hope, the second is for faith, the third is for love, and the fourth is for luck."
ဒီစာ ကို စာမေးပွဲဖြေနေကြ ပါသော သူငယ်ချင်းများအတွက် ရည်ညွှန်းပါသည်။
၇ရက်သားသမီးများအားလုံး ကံကောင်းကြပါစေ။

အပြည့်အစုံသို့...