Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

Monday, 17 December 2007

သိမ်းငှက်သူရဲကောင်း-ဒုတိယပိုင်း

Return of the Condor Hero အမည်ရှိ အခန်းဆက် တရုတ်ဇာတ်လမ်းအား မြ၀တီ ရုပ်မြင်သံကြားမှ ည၉နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျှက် ရှိပါသည်။ ထိုဇာတ်လမ်းအား သိမ်းငှက်သူရဲကောင်း ဒုတိယပိုင်း ပာူ၍ အမည်ပေးထားပြီး ပထမပိုင်းမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် မြ၀တီ မှပြသခဲ့ပြီး ဖြစ်သည် ။

ပထမပိုင်းတွင် အဓိက သရုပ်ဆောင်များ ဖြစ်သော ကောကျင့် နှင့် မက်မုန်ကျွန်းသခင် ဧ။်သမီး ယုန်အော် တို့မှာ ယခုအပိုင်းတွင် မိဘများနေရာမှ ပါဝင်လာကြပါသည် ။ ထို့ပြင် ပထမပိုင်း၌ တန်ခိုးကြီးမားခဲ့သော သိုင်းသမားအကျော်အမော် များလည်း တစ်ခန်းတစ်ကဏ္ဍ မှ ပါဝင်လာကြသည် ။ လွန်စွာမှ ချောမောလှပသည့် တရုတ်မင်းသမီးလေး Crystal Liu သည် ယခုအပိုင်းတွင်မှ ပါဝင်လာခြင်း ဖြစ်သော်လည်း ခေါင်းဆောင် မင်းသမီးလေး နေရာတွင် သရုပ်ဆောင်လေသည် ။ သူနှင့် အတူတွဲဖက်သည့် မင်းသားမှာ -- ပထမပိုင်း၌ ကောကျင့်၏ သွေးသောက်ညီအစ်ကို တော်စပ်သူ ဖြစ်ပြီး ယုန်အော့် လက်ချက်ဖြင့် သေဆုံးခဲ့သူ ရန်ကော ၏ သားပင် ဖြစ်သည် ။ ထိုဇာတ်လမ်း၌ ရန်ကော၏ သားသည် ကူးကူးအဖြစ် ၊ Crystal Liu သည် ကူးအော်အဖြစ် ပါဝင် သရုပ်ဆောင်ကာ သူတို့နှစ်ဦး၏ အချစ်နောက်ခံမှာ ဇာတ်လမ်း၏ ၇၀% ကို စိုးမိုးထားလေသည် ။ ထို့ပြင် တရုတ်ဇာတ်လမ်း တို့၏ တူညီချက်ဖြစ်သည့် လူသတ် ၊ လတ်စားချေ ၊ သိုင်းလောက ခေါင်းဆောင်နေရာ လုခြင်း စသော အခန်းများကို အသက်ဝင်ဝင် ပြသထားလေသည် ။

သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းသည် အခန်းဆက်လွန်စွာ ရှည်လျားသော်လည်း နောက်ခံ ဇာတ်လမ်းဇာတ်ကွက်မှာ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်း သဖြင့် သိုင်းကား Crazy များအတွက် အလွတ်မပေး ကြည့်ရှုသင့်သော ဇာတ်ကားတစ်ကား ဖြစ်ကြောင်း အသိပေး လိုက်ရပါသည် ခင်ဗျား.....။

အင်တာနက်ပေါ်တွင် ရှာဖွေ ကြည့်ရှုလိုသူများ www.crunchyroll.com တွင် Return of the Condor Hero အမည်ဖြင့် ရှာဖွေကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည် ။ ..... ။

ပုံ / စတီဗင်

အပြည့်အစုံသို့...

Monday, 3 December 2007

ညွှန်းပါရစေ

မင်္ဂလာပါ။ အခုတစ်ပတ် စနေနေ့ က အတန်းထဲက စလုံး သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်ပါတယ်။ ကြည့်ချင်နေတာ ကကြာပါပြီ။ မအားတာနဲ့ ၊ မချိန်းဖြစ်ကြတာနဲ့ မို့ ပါ။ ရုပ်ရှင် နံမည်က ENCHANTED ပါ။ Disney ရဲ့ ကားတစ်ကားပါ။

တစ်ခုတော့ ကြို ပြောထားပါရစေ။ ဒီဇာတ်လမ်းလေးက animated film နဲ့ real world ပေါင်းထားတဲ့ ကားတစ်ကားပါ။ သူ့ ဇာတ်သဘောက fairy tale လိုမျိုးဖြစ်နေတော့ ကလေးကလားလို့ ထင်မယ်ဆိုရင်တော့ ထင်နိုင်ကြပါတယ်။ ပျော်စရာကားလေးတွေကို ကြိုက် ကြပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ရည်ရွယ်ပါတယ်။ rated -- ၊ action genre ၊ တို့ horror genre ဘာညာ သာရကာ မှ ဆိုတဲ့ သယ်ရင်များကတော့ ကြိုက် မယ်မထင်ဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ကြပါသည်။

ဇာတ်လမ်းလေးကတော့ ဒီလိုပေါ့ ။


တခါတုန်းကပေါ့။ Andalasia ဆိုတဲ့ ဗာရာဏသီလိုမျိုး ကာတွန်းထဲ ကတိုင်း ပြည်တစ်ခုရှိသတဲ့ ။ disney ကာတွန်းကားတွေထဲကလိုမျိုး သီချင်းတွေဆိုပြီးတော့ တိရ စ္ဆာန် တွေကို လဲ ချစ်တတ်တဲ့  မင်းသမီးလေး Giselle (Amy Adams) ဆိုတာရှိသတဲ့ ။ သူက မင်းသား Prince Edward (James Marsden) နဲ့ စေ့ စပ်ထားသတဲ့ ။ နောက်ပြီးတော့ fairy tale တွေ တိုင်းကလိုပဲ သူ့ မှာ အလွန် ဆိုးတဲ့ မိထွေး ရုပ်ဆိုးဆိုး စုန်းမ တစ်ယောက်ရှိတာပေါ့ကွယ်။ အဲဒီ မိထွေးက သူတို့ နှစ်ဦးကို လက်မထပ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ လက်ထပ် ပြီးရင် သူ က ဘုရင် မကြီး နေရက ဆင်းပေးရတော့ မှာလေ။ အဲတော့ သူက မင်းသမီးလေးကို နတ်ရေတွင်းထဲကို ပစ်ချလိုက်သတဲ့ ။။ တန် တန် တန် …
အဲဒီ မှာ ဇာတ် လမ်းက စတာပဲ ။ အဲဒီ နတ် ရေတွင်းက နေ ချလိုက်တာ မင်းသမီးလေးက ဘယ်ရောက်သွားသလဲ ဆိုရင် ….. အခုခေတ် New York City ကိုပေါ့။ သူ့ မှာ အသိဆိုလို့ လဲ တစ်ယောက်မှမရှိ ။ ယောင်ချာချာနဲ့ လျောက် သွားနေတုန်းနယူးယောက် ရှေ့ နေ Robert Philip (Patrick Dempsey) နဲ့ သွားတွေ့ တယ် ။ Robert ရဲ့ သမီးလေးက ပုံပြင်ထဲက မင်းသမီးလေးကို အပြင်မှာ တွေ့ ရတော့ ပျော်သွား ပြီး အိမ်ခေါ် လာဖို့  တောင်းဆိုပါတော့တယ် ။
ခေါ်လာပြီး နောက်နေ့ မနက်မှာပဲ Robert နဲ့ ယူတော့မယ့်  Nancy (Idina Menzel) က သူတို့ နှစ်ယောက်ကို တူတူ သွားတွေ့ ပါလေရောတဲ့ ကွယ်။ ဘယ်လို ရှင်းပြရှင်းပြ မယုံ တော့ ဘူးလေ။
နောက်နေ့ တော့ သူ့  ပုံပြင်ထဲက မင်းသား လေး ပါ နတ် ရေတွင်းထဲ ခုန် ဆင်းပြီး နယူးယောက်ကို လိုက်လာပါသတဲ့ ။ မင်းသမီး ရှာပုံတော် ဖွင့်တာပေါ့။
သုံးပွင့် ဆိုင် ဇာတ် လမ်း လေးပါပဲ ကွယ် ….
ဒါပေမဲ့  သူတို့ နှစ်ဦးကို လက်မထပ်စေချင်တဲ့  မိထွေးက ဒီတိုင်းတော့ ဘယ်နေလိမ့် မလဲ။ သူ ကလဲ စုန်း ပါဝါ ရှိနေပြီးသားလေ ။
True love’s kiss ကိုယုံကြည်တဲ့ မင်းသမီးလေး နဲ့  ပုံပြင်ထဲကမင်းသား၊ ပြီးတော့ နယူးယောက်မြို့ တော်က သမီး တစ်ယောက် ဖခင် ရှေ့ နေ၊ နဲ့  ရှေ့  နေရဲ့  ကောင်မလေး တို့  ဘယ်လို စခန်း သွားကြမလဲ ။
ဘယ် အတွဲက ဘယ်လို happily ever after ဖြစ်ကြမလဲ ဆိုတာကတော့ ….

Movie Review ဆိုတော့ ဒီလောက်ပဲ ပြောနိုင်မယ်နော် .. သိချင် ရင် ဝယ်ဖတ် … အဲလေ.. ရုပ်ရှင်ရုံ သွားကြည့်ပါ လို့ ။

အမြည်း ပေးပြီးပြီ ဆိုတော့  လက်ဆောင်လေးတွေ ပါပေးဦးမယ်။
Disney ရဲ့ စတိုင်လ် အတိုင်း ဒီဇာတ်ကား ရဲ့  soundtrack တွေ ကလဲ အံ့မခန်းပါပဲ ။
ကော်နက်ရှင် ကောင်းပါတယ် ဆိုတဲ့  သယ်ရင်းတွေက ဒီလင့်ကို နှိပ်ပြီး သွားကြည့်လိုက်ပါ။ Disney ဆိုဒ် က ရထားတဲ့  သီချင်း movie လေး ၃ပုဒ်ပါ။
မဟုတ်လို့  song ချည်းပဲ လိုချင်ပါတယ်ဆိုရင် နောက်မှ ယူပါ။ တင် ပေးပါ့မယ်။

အခုတော့ ဒီလောက်ပါပဲ ။
နောက် ကျွန်တော် ပိုက်ဆံ ရှိရင် အားလို့ ရုပ်ရှင် ထပ်ကြည့်ဖြစ်ရင် movie review လေးတွေ ထပ် share လိုက်ပါဦးမယ်။

အပြည့်အစုံသို့...

Monday, 24 September 2007

ရှောင်လင်ကျောင်းသားကလေး


ကျွန်တော် ဒီရှောင်လင်ကျောင်းသားကလေး ရုပ်ရှင်ကိုပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ကြည့်ခဲ့ရတယ်ခင်ဗျ ။ တော်တော်ကောင်းတာပါ ။ ကလေးလေးတွေက အရမ်းချစ်စရာကောင်းတယ် ။ နောက်ပြီး သရုပ်ဆောင်ပုံ တွေကလည်း အသက်ဝင်တယ် ။ အဲဒီတုန်းကတော့ ဘာရယ်မပာုတ်ပါဘူး ကလေးကားဆိုပြီး ကြည့်လိုက်တာ ၊ ဘယ်ပာုတ်မလဲဗျာ ... တကယ်ကိုရယ်စရာကောင်းတာပါ ။ ဇတ်လမ်း နာမည်က shaolin Popey 2 လို့ခေါ်တယ် ။ shaolin Popey 1 လဲရှိတယ် ။ ဒါပေမယ့် အဲဒီတစ်ခုကသိပ်မကောင်းဘူး ... ရယ်တော့ရယ်ရတယ် ၊ ဒါပေမယ့် ကျွန်တော်က ဒုတိယ ပိုင်းကိုကြည့်ပြီးမှ ပထမ ကိုပြန်ကြည့်တာဆိုတော့ ပထမ ပာာကသိပ်အသက်မ၀င် သလို ဖြစ်သွားတယ် ။ ကလေး လေးတွေကိုအရမ်းချစ်တတ်ပြီး Comedy တွေကိုကြိုက်နှစ်သက်သူများကိုကြည့်ဖို့ တိုက်တွန်းပါတယ် ခင်ဗျာ ။ ကြည့်ရမယ့်နေရာ ပါ ပေးလိုက်မယ်ဗျာ ။ ကြည့်စေချင်လွန်းလို့ပါ ။

ဝင်ရမယ့် ၀က်ဆိုက် က www.crunchyroll.com ပါ ။

အပြည့်အစုံသို့...

Saturday, 30 June 2007

ကြည့်ပြီးကြပြီလားတော့မသိဘူး...။



အလွန်ကိုရယ်စရာကောင်းတဲ့ Video လေးပါ ။ ခေါင်းဆောင်တွေကိုမှရွေးပြီး လှောင်ထား တာပါ ။ သူတို့ တစ်ဦးချင်းပြောတာတွေကို ဂရုစိုက် ပြီးနားထောင်ကြည့်ပါ ။

အပြည့်အစုံသို့...

Friday, 29 June 2007

Transformers ရုံတင်နေပြီခင်ဗျ ။



စင်ကာပူ နိုင်ငံမှာ Transformers ရုံတင်နေပြီ .ဒီကနေ့ပဲ ကျွန်တော် သွားကြည့်ဖြစ်သေးတယ်ဆိုပါတော့။
သူက ကြယ် ၅ လုံးရထားတဲ့ ရုပ်ရှင်တစ်ကားလဲဖြစ်တယ် ။
Spiderman-3 ထက်တောင်ကြည့်လို့ ကောင်းတယ်ခင်ဗျ ။ ကျွန်တော့် အတွက်ကို ပြောတာပါ ။
Pirates of the Carribean လောက်တော့ သိပ်မကြိုက်ဘူး ။ ကျွန်တော်က Jack Sparrow ကို အရမ်းကြိုက် တာဗျ ။ ဒီရုပ်ရှင်လဲ မဆိုးပါဘူး ... ကားတွေကနေ စက်ရုပ်တွေဖြစ် ၊ စက်ရုပ်တွေက ကားတွေဖြစ်နဲ့ အမျိုးမျိုး ပြောင်းလဲနေလိုက်တာ ရင်သပ်ရှုမောပါပဲ ။ ဒါပေမယ့်ဗျာ ... လူဆိုး စက်ရုပ်ကြီးတွေက ပဲာဗီး ကြီးတွေ ၊ ခြေတစ်ချက်ဆောင့်လိုက်တာနဲ့ ရုပ်ရှင်ရုံ ကြီး တုန်တုန်သွားလို့ ကြောက်လိုက်တာ ဘယ်မှာသွားထိုင် ရမလဲတောင်မသိဘူး ။ မှောင်လဲမှောင်နေတယ်လေ ။ တော်ပြီ...နောက်ဆို စက်ရုပ်ကား တွေမကြည့်တော့ဘူး ။ ကြောက်တတ်ပါတယ်ဆိုမှ ခြေထောက်တွေ ဆောင့်လိုက် ၊ အမြှောက်ကြီးတွေနဲ့ ပစ်လိုက် ၊ အသံဆိုးကြီးတွေ ပေးလိုက်နဲ့ ။

ကြောက်တယ် ၊ ကြောက်တယ် ၊ ကြောက်တယ်.....နောက်တစ်ခါမကြည့်တော့ဘူး ။

ပာင့်ပာင့်ပာင့်.........

အပြည့်အစုံသို့...