Saturday, 30 June 2007

စုဗူး

ကျွန်မ ငယ်ငယ်က မေ့မေ့ကိုစုဗူးဝယ်ပေးဖို့ ပူဆာခဲ့ဖူးသည်။ မေမေက “ ငါ့သမီးက ပိုက်ဆံစုမယ်ပေါ့ ။
တယ်လိမ်မာပါလား ” ဟုဆိုကာ စုဗူးလေးတစ်ခု ဝယ်ပေးခဲ့သည်။ “ သမီး ဒီစုဗူးလေးပြည့်သွားရင် ဘာလုပ်မလဲ ” ဟု မေမေ မေးလာသောအခါ ကလေးအတွေးဖြင့်ပင် “ မုန့်တွေဝယ်စားမှာပေါ့ မေမေရဲ့ ” ဟု ဖြေခဲ့ပါသည်။ ဒီလိုဖြင့်ပင် ငယ်စဉ်ကတည်းက ကျွန်မ၏မုန့်ဖိုးလေးများကို ဘာရယ်မဟုတ် စုထားသော အကျင့်လုပ်ခဲ့ပါသည်။ နည်းနည်းကြီးလာတော့ ပိုက်ဆံစုတယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုထားပြီး စုဆောင်းရမှန်းသိတတ်လာသည်။ ၈တန်းနှစ်တုန်းက “ ကထိန်သင်္ကန်းကပ်ရန် ” ဆိုပြီး ကျွန်မ၏မုန့်ဖိုးအချို့ကို သပ်သပ်ဖယ်ထားပြီးစုခဲ့ဖူးပါသည်။ ရည်မှန်းထားသည့်အတိုင်းလဲ ကထိန်သင်္ကန်း ကပ်ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်မ၏စုဗူးလေးများတွင် ရည်ရွယ်ထားသော ခေါင်းစဉ်လေးများရှိခဲ့သည်။ ယခုလက်ရှိတွင်လည်း ကျွန်မကိုယ်တိုင်ဝယ်ထားသော
စုဗူးလေးတစ်ခုရှိပါသည်။ ထိုစုဗူးလေး၏ ခေါင်းစဉ်မှာ “အိမ်မက်တစ်ခုကို အကောင်အထည်ဖော်ရန်” ဖြစ်သည်။ =) ကျွန်မထိုစုဗူးလေးကို ဘယ်လိုအခြေအနေမျိုးတွင်မှ ဖွင့်ဖောက်မည်မဟုတ်ပါ။
ကျွန်မ၏ အိမ်မက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးရသောနေ့မှသာ ထိုစုဗူးလေးကိုဖောက်ပါမည်။ ကျွန်မထင်ပါသည်။ ထိုနေ့ထိုရက်တွင် စုဗူးလေးသည်အပြည့်ဖြစ်နေပြီး
ကျွန်မ၏အိမ်မက်ကို
အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေလိမ့်မည်ဟု……………

ကြည့်ပြီးကြပြီလားတော့မသိဘူး...။



အလွန်ကိုရယ်စရာကောင်းတဲ့ Video လေးပါ ။ ခေါင်းဆောင်တွေကိုမှရွေးပြီး လှောင်ထား တာပါ ။ သူတို့ တစ်ဦးချင်းပြောတာတွေကို ဂရုစိုက် ပြီးနားထောင်ကြည့်ပါ ။

သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်

အသည်းနှလုံးရှိသူတိုင်းအတွက် အသည်းနှလုံးရှိခြင်း၏ ကောင်းကျိုှးနှင့်ဆိုးကျိုးများကို ရေးဖွဲထားသော အဆိုတော်ခိုင်ထူး၏ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်သီချင်းလေးကို မျှဝေလိုက်ပါသည်။ အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ...

ကြောင်လေးတွေ

ဒါလေးတွေက ပျင်းနေတဲ့အချိန်တွေမှာ အင်တာနက်ပေါ်က ဆွဲချထားတာ .....
တချို့တွေက ဖော်ဝပ် မေးလ်ကနေ ရထားတာ.....
ချစ်စရာလေးတွေနဲ့ရီစရာလေးတွေပါ.....
အကြိုက်ဆုံးလေးတွေရွေးပေးဦးနော်...

ကြုတ်ကြတ်လိကြပါဦး

ကျွန်တော် တို့ရဲ့ ဆီဗုံး အကောင့်ထဲကို ကျွန်တော်တို့ကိုယ်တိုင် ဆိုင်းအင် လုပ်လို့ မရတော့ပါ ခင်ဗျာ။

500 Server Error

The following error occurred: [code=SERVER_RESPONSE_CLOSE] The server closed the connection while reading the response. Contact your system administrator.

Could not open error file

အဲဒီမြင်ရတဲ့ အတိုင်း error တက်နေလို့ပါ။ အဲဒါကြောင့် တတ်ကျွမ်း သူများ လမ်းပြပေးကြပါ။
ကျေးဇူးတင်ပါသည်။

ဘလော့ခ်ဝိုင်းတော်သားများ

Friday, 29 June 2007

ဟာသအတိုအစလေးများ-တစ်

၁။ ဆရာမး မှန်မှန်ပြောစမ်း၊ မောင်ထွန်း။ မင်းဘာလို့အတန်း နောက်ကျတာလဲ?
မောင်ထွန်းး ဟိုဆိုင်းဘုတ်ကြောင့်ပါ၊ ဆရာမ
ဆရာမး ဘာဆိုင်းဘုတ်လဲ ?
မောင်ထွန်းး ”ဖြည်းဖြည်း ၊ ကျောင်းရှိသည်” ဆိုလို့ပါ၊ ဆရာမ


၂။ နိုင်ငံခြားခရီးစဉ် တစ်ခုမှပြန်လာသော ယောက်ျားက သူ၏ မိန်းမကို
ယောက်ျားး ကြည့်စမ်းပါဦး၊ မိန်းမရာ။ ငါ့ပုံက နိုင်ငံခြားသားနဲ့တူနေလို့လား?
မိန်းမး မတူပါဘူးတော်၊ ဘာဖြစ်လို့တုန်း ?
ယောက်ျားး လန်ဒန်မှာတုန်းကပေါ့၊ ငါ့ကို မိန်းမတစ်ယောက်ကမေးတယ်။ ”ရှင် နိုင်ငံခြားသား လားတဲ့”


၃။ သိပ္ပံပညာရှင် တစ်ဦး ဓါတ်ခွဲခန်းမှာ ပိုးဟတ် တစ်ကောင်နှင့် စမ်းသပ်ချက် ပြုလုပ်နေသည်။

ပထမအဆင့်။ ။ ပိုးဟတ်၏ နောက်ခြေကို ဖြတ်ပြီး ”
လမ်းလျှောက်...လမ်းလျှောက်... ” ဟု အမိန့်ပေးလိုက် သည်။ ပိုးဟတ်က လမ်းလျှောက်သည်။
ဒုတိယအဆင့်။ ။
ပိုးဟတ်၏ ခြေနောက် တစ်ချောင်းကို ဖြတ်ပြီး ”လမ်းလျှောက်...လမ်းလျှောက်... ” ဟု အမိန့်ပေးလိုက်သည်။ ပိုးဟတ်က လမ်းလျှောက်သည်။
တတိယအဆင့်။ ။
ပိုးဟတ်၏ ကျန်သော ခြေအားလုံးကို ဖြတ်ပြီး ”လမ်းလျှောက်...လမ်းလျှောက်... ” ဟု အမိန့်ပေးလိုက်သည်။ ပိုးဟတ်က လမ်းမလျှောကတော့ပေ။

အတန်ကြာ စဉ်းစားပြီးသော်... ”ဟေး.... ငါ သီအိုရီ တစ်ခု ရပြီကွ ”
သိပ္ပံပညာရှင်က ၀မ်းပန်းတသာ ထအော် လိုက်သည်။ ပြီးတော့ စာရွက်လွတ်ပေါ်မှာ ချရေးလိုက်သည် က -
” ပိုးဟတ် တစ်ကောင်၏ ခြေချောင်း အားလုံးကို ဖြတ်ပစ်လိုက်ပါက ပိုးဟတ်မှာ နားထိုင်းသွားသည် ” တဲ့။

ရယ်မောခြင်းဖြင့်
အသက်ရှည်နိုင်ကြပါစေ။ .......

Transformers ရုံတင်နေပြီခင်ဗျ ။



စင်ကာပူ နိုင်ငံမှာ Transformers ရုံတင်နေပြီ .ဒီကနေ့ပဲ ကျွန်တော် သွားကြည့်ဖြစ်သေးတယ်ဆိုပါတော့။
သူက ကြယ် ၅ လုံးရထားတဲ့ ရုပ်ရှင်တစ်ကားလဲဖြစ်တယ် ။
Spiderman-3 ထက်တောင်ကြည့်လို့ ကောင်းတယ်ခင်ဗျ ။ ကျွန်တော့် အတွက်ကို ပြောတာပါ ။
Pirates of the Carribean လောက်တော့ သိပ်မကြိုက်ဘူး ။ ကျွန်တော်က Jack Sparrow ကို အရမ်းကြိုက် တာဗျ ။ ဒီရုပ်ရှင်လဲ မဆိုးပါဘူး ... ကားတွေကနေ စက်ရုပ်တွေဖြစ် ၊ စက်ရုပ်တွေက ကားတွေဖြစ်နဲ့ အမျိုးမျိုး ပြောင်းလဲနေလိုက်တာ ရင်သပ်ရှုမောပါပဲ ။ ဒါပေမယ့်ဗျာ ... လူဆိုး စက်ရုပ်ကြီးတွေက ပဲာဗီး ကြီးတွေ ၊ ခြေတစ်ချက်ဆောင့်လိုက်တာနဲ့ ရုပ်ရှင်ရုံ ကြီး တုန်တုန်သွားလို့ ကြောက်လိုက်တာ ဘယ်မှာသွားထိုင် ရမလဲတောင်မသိဘူး ။ မှောင်လဲမှောင်နေတယ်လေ ။ တော်ပြီ...နောက်ဆို စက်ရုပ်ကား တွေမကြည့်တော့ဘူး ။ ကြောက်တတ်ပါတယ်ဆိုမှ ခြေထောက်တွေ ဆောင့်လိုက် ၊ အမြှောက်ကြီးတွေနဲ့ ပစ်လိုက် ၊ အသံဆိုးကြီးတွေ ပေးလိုက်နဲ့ ။

ကြောက်တယ် ၊ ကြောက်တယ် ၊ ကြောက်တယ်.....နောက်တစ်ခါမကြည့်တော့ဘူး ။

ပာင့်ပာင့်ပာင့်.........

လက်တွေ့ဆိုင်ရာတွေ့ရှိချက်များ


ဂျပန်နိုင်ငံရှိ သုတေသီများသည် မြေပြင်မှ မီတာ ၁၀၀ အကွာအထိတူးဖော်ကြည့်ကြရာ လွန်ခဲ့သော နှစ် တစ်ထောင်ခန့်ကဟု ယူဆရသော ကြေးနီနန်းကြိုး တန်း များ တွေ့ရှိရလေသည်။ ထို့ကြောင့် ၎င်းတို့ ကောက်ချက်ချကြသည်မှာ ”
ဂျပန်နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရှေးလူသားများသည် လွန်ခဲ့သော နှစ် တစ်ထောင်ခန့် ကတည်းက တယ်လီဖုန်းများ တပ်ဆင် အသုံးပြုကြပါသည် ”တဲ့ ။

လအနည်းငယ်ကြာသော် အမေရိကန်မှ
သုတေသီများကလည်း အားကျမခံ မီတာ ၂၀၀ အကွာအထိတူးဖော်ကြည့်ကြရာ လွန်ခဲ့သော နှစ် နှစ်ထောင်ခန့်ကဟု ယူဆရသော Optical Fibre (အလင်းဖြင့် သတင်းအချက်အလက်များ သယ်ပို့သည့် ဖန်ပြွန် ) [ဟူး ... မောလိုက်တာ.. (စာရေးသူ)] များ တူး ဖော်ရရှိသည်။ ” ဤ နိုင်ငံနေ ရှေးလူသားများသည် လွန်ခဲ့သော နှစ်နှစ်ထောင်ခန့် ကတည်းက အဆင့်မြင့် တယ်လီဖုန်းလိုင်းများ တပ်ဆင် အသုံးပြုကြပါသည် ” ဟု အမေရိကန် သတင်းစာ ခေါင်ကြီးပိုင်းများက ဖေါ်ပြကြသည်။

ကျွန်တော်တို့ ရွှေနိုင်ငံ ကြီးမှ
သုတေသီများကလည်း အားကျမခံ မီတာ ၅၀၀ အကွာအထိတူးဖော်ကြည့်ကြရာ ဘာဆိုဘာမှ မတွေ့ရပါချေ။ နိုင်ငံတော် သတင်းစာများက ရေးသားကြသည်မှာ ” ဤနိုင်ငံ အတွင်း နေထိုင် ကြပါသော ရှေးလူသားများသည် လွန်ခဲ့သော နှစ်ငါးထောင်ခန့် ကတည်းက ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ကို အသုံးပြုကြပါသည် ” တဲ့။

ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ဟာသတစ်ပုဒ်သာ ဖြစ်ပါကြောင်း....

Thursday, 28 June 2007

အသည်းအသန် ကြိုးစားနေပါတယ် ...။

ကျွန်တော် ယခု ဘလော့ခ် ကို မြန်မာဖောင့် မရှိတဲ့ ကွန်ပြူတာ တွေမှာတောင် ဖတ်ခွင့် ရအောင်လို့ အသည်းအသန် ကို ( ခဲ အမှန် ခံ ပြီး ) ကြိုးစား နေပါတယ် ။ မြန်မာဖောင့်မရှိတဲ့ သူငယ်ချင်း အချို့ ကိုမေးကြည့်တော့ တစ်ယောက် ကဖတ်လို့ရတယ် ၊ နောက်တစ်ယောက် က အတုံးတွေပါတယ် ၊ တခြား သူတွေက တစ်ဝက် မြင်ရတယ် နဲ့... စုံနေအောင်ပြောကြလို့ ဘာကိုယုံရမလဲမသိဘူးဖြစ်နေတယ်ခင်ဗျ ။ ကိုယ့်စက်ကိုကိုယ် မြန်မာစာတွေထုတ်ပြီး ကြည့်တော့လဲ ဖတ်လို့ရတယ်ခင်ဗျ ... ဒါပေမယ့် သိပ်ပြီး စိတ်မချ သေးဘူး ။ တစ်ခုခု လိုနေသလို စိတ်ထဲထင်နေဆဲပါပဲ ။

လာရောက်လည်ပတ်သူများအနေဖြင့်လဲ ကူညီပြီး စမ်းသပ်ပေးကြပါရန် တောင်းခံ အပ်ပါသည် ခင်ဗျား...။


P.S . EOT လုပ်နိုင်ရန်အတွက် ကူညီကြပါသော.. သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များအားလုံးကိုကျေးဇူးတင်ပါတယ်။

လှံစိုက်ခံလိုက်ရတဲ့ မြေနိမ့်

နာခံရတာတွေ များတော့.......
ကိုယ်ပိုင် ခံစားချက် တွေကို ပြောပြခွင့်မရခဲ့.....
နောက်ဆုံးတော့....
ဆွံ့ အခဲ့ရပြီ......

ခေါင်းငုံ့ လျှောက် ရပါများတော့ လည်း.....
အခုတော့.....
ကောင်းကင်ကြီးဘာအရောင်လဲဆိုတာ ပြောမပြတတ်တော့ပြီလေ......

ခြေနှာတော့သိပါတယ်...

" ဒိန်း...ဒိန်း "
" အိမ်သားအားလုံး တစ်ယောက်မှမလှုပ်ကြနဲ့၊ မျက်နှာကို လည်းမော့မကြည့်ကြနဲ့ ၊ အားလုံး ခေါင်းငုံ့ထားကြ၊ ဒါမှမပာုတ်ရင်အကုန်သေပြီမှတ် ။ "

" မခက်ပါဘူးသူကြီး ... မျက်နှာကိုမသိခဲ့ပေမယ့်ခြေနှာကိုတော့ သိပါတယ် ။ " .

" ပော "

" တကယ်ပြောတာပါ သူကြီး ။ ခြေနှာကိုသိတယ်ဆိုတာ က ဓားပြတစ်ယောက်ရဲ့ခြေထောက်မှာ ကျောက်ပတ်တီး စည်းထားလို့ပါ ။ "

"............."

အပြည့်အစုံသို့...

သားသို့ ပေးစာ


သား

သား စာမြန်မြန်မဖတ်တတ်မှန်းသိလို့ အမေ ဖြည်းဖြည်းပဲ စာရေးလိုက်တယ်။


အပြည့်အစုံသို့...

GST တွေတက်ကုန်ပြီခင်ဗျ..လုပ်ကြပါအုံး ။

GST တွေတက်ကုန်ပြီဗျ...တက်ကုန်ပြီ ။
ဇူလိုင်လ ကစပြီး GST တွေကို ၇% အဖြစ်ပြောင်းလဲမယ်လို့သတင်းရတယ်ခင်ဗျ ။
အဲဒါဘယ်လိုလုပ်ကြမလဲ...နည်းလမ်းလေးရှာကြပါအုံး ။
မှားပါတယ်ခင်ဗျာ...အသုံးအဖြုန်းတွေများလို့ စိတ်ညစ်နေတဲ့အချိန်မှာ
သူတို့ကပါ လိုက်ပြီး တက်ကုန်ပြီ ။

ပာင့်ပာင့်ပာင့်..........

Vincent Van Gogh

ဒီသီချင်းက Vincent Van Gogh ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်အကြောင်း ရေးထားတဲ့ သီချင်းပါ။ ကျွန်တော် ကြိုက်တဲ့သီချင်းမို့ စာသား ပါ ပို့စ် လိုက်ပါတယ်။ နားဆင်ကြည့်ပါ။
--------------------------

အပြည့်အစုံသို့...

Wednesday, 27 June 2007

အိုင်ဒီယာ တွေ ခံစားချက် တွေ ပျောက်ဆုံး ကုန်ပြီ ။

ကျွန်တော် အရင်ကဆို ကဗျာ တွေရေးသားရတာကို အလွန်နှစ်ခြိုက်တဲ့သူပါဗျာ ။ ကဗျာ လေးတွရေးပြီး ပီတိ လေးတွေဖြစ်နေသူပေါ့ ။ ဒါပေမယ့် ခုတလော ကဗျာ ရေးဖို့ စဉ်းစားလိုက်တိုင်း ခံစားမှုတွေ ၊ အကြောင်းအရာ ကုန်ကြမ်း တွေ ထွက်မလာဘူးဖြစ်နေတယ် ။ ကိုယ့်ကိုကိုယ်လည်း အံ့သြ မိတယ် ။ ငါဘာဖြစ်သွားတာလဲ လို့ပေါ့ ။ တကယ်ပါ .... တကယ်ကို ရေးလို့မရတော့တာပါ ။ အရမ်းရေးချင်ပေမယ့် ဘာစာသားမှထွက်မလာတော့ ကိုယ့်ကိုကိုယ် လည်း နည်းနည်းတော့ ဒေါသ ထွက်မိတယ် ။ ကဗျာ မှမပာုတ်ပါဘူး တခြား စိတ်ပိုင်းဆိုင်ရာတွေ မှာလည်း ကိုယ့်ကိုကိုယ် ပြောင်းလဲ လာတာကို သတိ ထားမိတယ်ခင်ဗျ ။ ကျွန်တော် တော့သွားပါပြီဗျာ....။ သွားပါပြီ ။

Tuesday, 26 June 2007

ဖောက်သည်ချပါရစေ.....

ဒီနေ့ ကျွန်တော့် စာမေးပွဲ နောက်ဆုံးနေ့ပါ ခင်ဗျာ ။ ငယ်ငယ် တုန်းကလိုတော့ မပျော်နိင်ပါဘူး ။ အသက်လေးကထောက်လာတော့ ဒါတွေကို ပျော်စရာ တစ်ခုအဖြစ်မတွေ့တော့ဘူးလေ ။ ပြီးတော့ အိမ် က မိသားစု တွေနဲ့လဲ Gtalk ထဲမှာတွေ့ပြီး စကား ပြောခွင့် ရလိုက်တော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားတယ် ။ အသက် ကငယ်တော့တာလဲ မပာုတ်ပဲ နဲ့ အခုအချိန်ထိ အားငယ် တတ်တုန်း ပေါ့ ။ ကျွန်တော် ဘာ ပို့(စ်) လုပ်ရမလဲမသိတာနဲ့ဘဲ ရင်ထဲ ကလာတဲ့အတိုင်းဖွင့်ချမိပါတယ်...သည်းခံပေး ပါရန် တောင်းပန်ပါတယ်ခင်ဗျာ....။

အဖြူရောင်တန်ဖိုးတစ်ခု

ကလေးငယ်တွေဟာ ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေဟာ အရမ်းကိုဖြူစင်ကြပါတယ်။ သူတို့ရဲ့မျက်ဝန်လေးတွေဟာ တောက်ပကြည်လင်စွာ အသက်ဝင်နေကြတယ်။ သူတို့လေးတွရဲ့ မျက်ဝန်းတွေထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အရိပ်အရောင်တွေ မရှိပါဘူး။ မုန်းတီးခြင်း၊ နာကြည်းခြင်း၊ မနာလိုဝန်တိုခြင်း ဆိုတာတွေလဲ မရှိပါဘူး။ ပူပန်သောကဆိုတာ ဘာမှန်းမသိတဲ့ ကလေးလေးတွေဟာ ချစ်ဖို့ကောင်းကြတာ မဆန်းဘူးလို့ ထင်ပါတယ်။ ကျွန်မတို့လည်း ငယ်စဉ်ကလေးဘ၀တုန်းက ဖြူစင်ခဲ့ကြပါတယ်။ အရွယ်ရောက်လာလို့ လောကကြီးထဲကိုဝင်ရောက်လာကြတဲ့အခါမှာတော့ ငယ်ငယ်တုန်းကလို မဖြူစင်နိုင်တော့ပါဘူး။ တခါတလေကျတော့လည်း ငယ်ဘ၀လေးကို ပြန်သတိရပြီး ငယ်ငယ်တုန်းကလောက် မဖြူစင်တော့တဲ့ ကိုယ့်ကိုကို ရွံ့မုန်းမိပါတယ်။ လူတိုင်းကိုမဖြူစင်တော့လို့ ရွံ့မုန်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးဆိုတာ ရှိတတ်ကြတာပါပဲ။ ကျွန်မ တွေးမိတာက ကျွန်မအပါအ၀င် လူတိုင်းလူတိုင်းသာ စိတ်ထားဖြူစင်ကြရင်(စိတ်ထားဖြူစင်မှုကို တန်ဖိုးတစ်ခုအနေနဲ့ ပိုင်ဆိုင်ထားကြရင်)
လူတိုင်းလူတိုင်းဟာ ချစ်ဖို့ကောင်းနေပြီးတော့ ဒီလောကကြီးဟာဘယ်လောက်နေပျော်ဖို့ ကောင်းလိုက်မလဲ
နော်လို့.................

"အိမ်"

ကိုSteven ရဲ့  "home" သီချင်းကို ကြိုက်လို့ စာသားပါခံစား ရအောင် ပို့စ်လိုက်ပါတယ်.....

အပြည့်အစုံသို့...

ဦးဦးဘလော့ကြီးဆီသို့အိတ်ဖွင့်ပေးစာ

သို့ဦးဦးဘလော့..။

နေကောင်းရဲ့လား..သားပြောစရှိလို့စာရေးလိုက်ပါတယ်။အဲဒီနေ့ကိုသား ကောင်းကောင်း မှတ်မိ သေးတယ်။ စနေနေ့။ သားအဲဒီနေ့ကစောစောနိုးနေတယ်။အိမ်ရှေ့ ကကားဂိတ်မှာတော့ လူတွေတွေ့ နေရပြီ။ မိုးကတော့သိပ်မလင်းသေးဘူး။

အပြည့်အစုံသို့...

Monday, 25 June 2007

အလွန်ကြိုက်နှစ်သက်သော သီချင်း တစ်ပုဒ်.

ကျွန်တော် အလွန့်အလွန် ကြိုက်နှစ်သက်သော သီချင်း လေးပါ ။ ထို သီချင်းလေး ကို နားထောင် မိတိုင်း အိမ် ပြန်ချင်လို့ပါ ။ ကျေးဇူးပြု၍ မျှဝေခံစား ပေးပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား...။

ယနေ့ လုပ်ဆောင်မှုများ...

ဒီကနေ့ Tampines မှာ မိုးတွေ ရွာတယ်ခင်ဗျ ။ သဲကြီးမဲကြီးတော့ မပာုတ်ပါဘူး ဒါပေမယ့် ထီးမဆောင်း ရင် ရွှဲ သွားနိုင်တယ်ပေါ့ ၊ ကျွန်တော်လည်း ကျောင်းကလဲမရှိ ၊ အလုပ်ကလဲမလုပ် နဲ့ဆိုတော့ အရမ်းပျင်းတာပေါ့ဗျာ .. အိမ်မှာနေနေရတာ ။ အပြင်ထွက်ပြီး လမ်းလေးလျှေက် ချင်ပေမယ့်လည်း မိုးကတားထား တယ်လေ ။ အိမ်မှာပဲ ရှိတယ့် အချိန်ကို ရုပ်ရှင် တွေကြည့်ပြီးဖြုန်းပစ် ရတော့တာပေါ့ ။ ပျင်းလိုက်တာဗျာ...ဘာလုပ်လို့ဘာကိုင်ရမလဲ တောင်မသိအောင်ပါဘဲ ။ အခုတော့နည်းနည်းလဲ မှောင်လာပြီ ။ ညစာ လဲစားရတော့မယ် ။ စားပြီးတာနဲ့ Gtalk ထဲခဏ၀င် သူငယ်ချင်း တွေနဲ့ စကားလေးဘာလေး ပြောပြီးရင် အိပ်ချိန် ရောက်ပြီလေ ။ ပဲာပဲာပဲာ ....... ကျွန်တော့် ရဲ့တစ်နေ့တာ ဘ၀ ကဘယ်လောက် သာယာလိုက်လဲလို့.................

ကံကောင်းရွက်

ဒီစာကို အခု lucky leaf လို့ခေါ်တဲ့ four-leaf clover အကြောင်းရေးမယ်လို့စိတ်ကူးရမိလို့..အများကတော့ ကံကောင်း တဲ့အဆောင်အဖြစ် ဆောင်ကြတယ်.
.ဒီလိုပုံလေးပါတဲ့ ...
ဒီလိုရောင်းကြတယ်...ဒီလို High Way လမ်းတွေတောင်ရှိတယ်တဲ့..
wiki ထဲမှာရှာကြည့် တော့ ဒီလို ပါ.
"The four-leaf clover is an uncommon variation of the common, three-leaf, clover. According to tradition, such leaves bring good luck to their finders, especially if found accidentally.

Clovers can have more than four leaflets. The most leaflets ever recorded is eighteen.It has been estimated that there are approximately 10,000 three-leaf clovers for every four-leaf clover.

According to legend, each leaflet represents something: the first is for hope, the second is for faith, the third is for love, and the fourth is for luck."
ဒီစာ ကို စာမေးပွဲဖြေနေကြ ပါသော သူငယ်ချင်းများအတွက် ရည်ညွှန်းပါသည်။
၇ရက်သားသမီးများအားလုံး ကံကောင်းကြပါစေ။

ဘတ်(စ်)ကားပေါ်က ဖြစ်ရပ်တစ်ခု

လွန်ခဲ့တဲ့ ၃နှစ်လောက်က ရန်ကုန်မြို့ မှာ ဘတ်(စ်)ကားစီးတုန်းကပေါ့..
သင်တန်းချိန် နောက်ကျနေပြီဆို၍ ကျွန်တော့်ရဲ့ ခြေလှမ်းများ ဘက်(စ်)ကားဂိတ်သို့ ခက်သွက်သွက်လေး ဦးတည်ခဲ့သည်။....
ကံကောင်းထောက်မစွာဖြင့် ဘတ်(စ်)ကားတန်းရခဲ့တယ်..
ကားသွားနေစဉ် ကားစပယ်ယာမှာ "တန်းတွေ၊ ဂွင်းတွေ ကိုင်ထား နောက်ကားပါလာတယ်.."
ထိုအချိန်တွင် သင်တန်းနောက်ကျနေသော ကျွန်တော့်မှာ သင်တန်းကို မြန်မြန်ရောက်တော့မယ်ဟူ၍ တစ်ယောက်ထဲကြိတ်ပြီး ပျော်နေမိသည်..
မှတ်တိုင် သုံးမှတ်တိုင် ရောက်တွင် ကားစပယ်ယာက ပြောနေကျအတိုင်း "နောက်ကားပါလာလို့ မြန်မြန်လေး ဆင်းပေးကြပါ။ ကျေးဇူးတင်ပါသည်..."စသဖြင့်ကြားနေရပြီးနောက်...
"အော်..သံယောဇဉ်တွေ.." ဟူသော ကားစပယ်ယာရဲ့ ထူးထူးဆန်းဆန်း စူရှစွာ ပြောဆိုသံကြောင့် ကျွန်တော်စပ်စုလိုက်ရာ..
ဦးလေးကြီးတစ်ယောက် တံခါးပေါက်ဝတွင် ဆင်းရလဲခက်..ပြန်တက်ရလဲခက်..တို့ လို့ တန်းလန်း ပုဆိုးနှင့် တံခါးမှသံစတို့  သံယောဇဉ်တွေ ညိတွယ်နေရှာသည်..
ထိုလူကြီးကို ကြည့်ပြီး ရယ်ချင်စိတ် နှင့်အတူ သနားစိတ်များ လဲဖြစ်ပေါ်ခဲ့မိသည်.....
တော်သေးတယ်..အဲဒီနေ့ က သင်တန်းကို အချိန်မှီရောက်ခဲ့လို့ ..ဟီးဟီး.....

မနှစ်ကရောက်ဖြစ်တဲ့ တရုတ်နှစ်ကူး မီးထွန်းပွဲ

တရုတ်နှစ်ကူး တုန်းက chinese gardens ကကျင်းပတဲ့ မီးထွန်းပွဲ ပါ...ခရီးသွားမှတ်တမ်းလေးများရှိရင် ဝေ မျှကြပါဦးဗျို့ ..
chinese gardens အ၀င်ဝ...
ဒါက တော့ eiffel tower ပုံတူ မီးအလှဆင်ထားတာ..


the antz ထဲကကာတွန်း ကာရိုက်တာ တွေရောပဲ ..


ထူးထူးဆန်းဆန်း ပန်းကန်တွေနဲ့မှ တာဝါဆောက်ရတယ်လို့..

အော်... ပြောရဦးမယ်.၀င်ကြေးကတော့ နိုင်ငံတော်ငွေ ၈ ကျပ် တဲ့ဗျာ... ရက်စက်ပါပေ့ chinese gardens ရယ်...

Sunday, 24 June 2007

Orchard လမ်းက လင်မယား.....



အလွန်နေပူ တဲ့နေ့တစ်နေ့မှာပေါ့....
ကျွန်တော် နဲ့ သူငယ်ချင်း တစ်ယောက် စင်္ကာပူ နိုင်ငံရဲ့ ထင်ရှားလှတဲ့ Orchard လမ်းအတိုင်း လျောက်လှမ်းလာတဲ့အချိန်မှာပဲ ။ လမ်းတစ်ဖတ် တစ်ချက်မှာ လူတွေအုံ နေတာနဲ့ စပ်စပ်စုစု
သွားကြည့်တော့ ဓါတ်ပုံ ထဲမှာတွေ့တဲ့အတိုင်း လူနှစ်ယောက် ရပ်နေတာကိုတွေ့ရပါတယ် ။ သူတို့ရဲ့
ဝတ်ဆင်ထားတဲ့ အ၀တ်အစား နဲ့ လိမ်းခြယ်သ မှုတွေပာာ နေပူပူ ထဲမှာအလွန်ကို ပင်ပင်ပန်းပန်း ရပ်နေရတာပါ ။ ဘယ်လို အခက်အခဲ တွေကြောင့်ဒီလိုအလုပ်ကိုလုပ်ရတယ်ဆိုတာကိုမခန့်မှန်းနိုင်ပေမယ့် သူတို့ နှစ်ယောက် ကိုကြည့်ပြီး သနား မိတာတော့အမှန်ပါ ။ အဲဒါနဲ့ပဲ သူတို့ကို အမှတ်တရ အနေနဲ့ ဓါတ်ပုံ လေးရိုက်ခဲ့ ပါတယ် ... အမှတ်တရ အနေနဲ့ ပေါ့ ။ နောက်ပြီး အားလုံး ကိုလဲ ဝေမျှ ချင်လို့ပါ ။
အတွေ့အကြုံလေးတစ်ခုပေါ့.....။

ဘလော့ဂါ တစ်ယောက်ရဲ့ ရင်ဖွင့်သံ....

ဘလော့ဂါ တစ်ယောက်ရဲ့ ရင်ဖွင့်သံ....
ကျွန်တော် ပာာ ၀က်ဆိုက် တွေ ဘလော့ဂါ တွေရေးရတာကို အလွန်ဝါသနာပါသူပါ ။ တစ်ကယ်တော့ ပာုတ်တိပတ်တိ ရေးတတ်တာတော့ မပာုတ်ပါဘူး ။ ကျွန်တော့် ပထမ ဆုံး ၀က်ဆိုက် လေးကိုရေးတုန်းကပေါ့ မှတ်မိပါသေးတယ်....Domain name ဆိုတာကိုတောင် မသိခဲ့ သူ ပါ ။ အဲဒီနောက် ၀က်ဆိုက်စာမျက်နှာ တွေထဲကို ပုံတွေ ၊ စာတွေ ၊ ဂိမ်းတွေ ထဲ့တတ်လာပါတယ် ။ ဒါပေမယ့် ဘလော့ဂါ ပာာ ကျွန်တော့်အတွက် အမည်နာမ တစ်ခုလို
ပါပဲ ။ ဘလော့အကြောင်းကိုသိပ်မသိသေးဘူးပေါ့ ။ နောက်တော့ ဘလော့ အတော်များများကို ၀င်ရောက် ဖတ်ရှ ပြီး
ရေးဖို့အတွက်စိတ်ဝင် စားသွားခဲ့ တာပေါ့ ။ ယခုတော့ ဘလော့တွေ ရေးရတာ ကိုကျွန်တော် ပျော်ပိုက် နေပြီပေါ့ ခင်ဗျာ ..။ ဒါပေမယ့် ကျွန်တော် က ခံစားချက် ၊ သတင်း ၊ ပုံပြင် တွေကိုသိပ်မရေးတတ်ဘူးခင်ဗျ ။ ကျွန်တော့်ရဲ့ အဓိက ရွေးချယ်မှုတွေပာာ ပာာသ လေးတွေဖြစ်တတ်ပါတယ် ။ ပာာသ လေးတွေနဲ့ပျော်ပိုက်နေတတ်သူပါဗျာ ။ နောက်ဆို ကျွန်တော့် ရဲ့ ပာာသ တွေကို ဖတ်ခွင့် ရတော့မှာပါ ။ ပီာပီာပီာ....လက်စွမ်းပြချင်တာနဲ့အတော်ပဲပေါ့ ။ ယခုလို ဒီဘလော့မှာ ၀င်ရောက်ရေးခွင့်ရတဲ့အတွက် အက်ဒမင် ကိုလဲ ကျေးဇူး အထူး ပင်တင်ရှိပါတယ် ဗျာ ..။

notebook လေးနဲ့  သူ၏ရင်ဖွင့်သံ-၁


ကျွန်တော်ကတော့ ကျွန်တော့်သခင်ရဲ့  လက်စွဲပေါ့။ သခင်က သူကျောင်းသွားရင်အမြဲပဲ ခေါ်သွား တယ်လေ။ ကျွန်တော်လေ.. ရထားစီးရတာ သိပ်ပျော်တာပေါ့။ ရထားပေါ်ကအဆင်း၊ ကျောင်းရောက်ပြီ ဆို တာနဲ့ သခင်နဲ့  ကျွန်တော်ပြေးကြရတာ များ ပါတယ်။ ဒါပေမယ့်လေ... သခင့်ရဲ့  အတန်းချိန်မှာ Programming မပါတဲ့ နေ့  ဆိုရင်တော့ အိမ်မှာနေခဲ့ရတာ ပျင်းစရာအရမ်း ကောင်းတာပေါ့။

ပြောရဦးမယ်... ကျွန်တော်လဲသခင်တို့  လူတွေလိုပဲပေါ့... တခါတလေတော့ ဖျားတာနာတာရှိတာပေါ့။ အဲဒီအချိန်တွေဆိုရင်လေ သခင်ကကျွန်တော့် ကို အရမ်းပဲစိတ်ပူတာပေါ့။ ကျွန်တော်မှတ်မိသေးတယ်... ဟိုတခါ ကျွန်တော် virus ၀င်တုန်းကဆို.. သခင့်မျက်လုံးတွေအပြူးသားနဲ့လေ။ တော်သေးတာပေါ့.. သခင်အသိမြန်ပေလို့။ သခင်ဆေးကုပေးတာ မြန်မြန် ပြန်ကောင်းသွားတယ်လေ။

အခုသခင်ကကျွန်တော့်် ကိုအိပ်တော့တဲ့။ Hibernate လုပ်သွားတယ်လေ... ဒါပဲနော်. နောက်မှပဲ ကျွန်တော့်် အကြောင်းတွေဆက်ပြောပြတော့မယ်။

အော်..ပြောဖို့ မေ့နေတယ်.. ကျွန်တော့်နာမည်က”အေဆာ”တဲ့။

ဂဏန်းသင်္ချာ

ဒီစာကို တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်....
ဒီစာလေးကိုသဘောကျလို့ တင်လိုက်တာပါ..

” - ဖြင့်
+ ပေါင်းပြီး
x ပင့်
/ သူ များနဲ့ ကင်းဝေးကြပါစေ။ ” တဲ့

ကြက်သွန်နီနှင့်အချစ် ကဗျာ


ကြက်သွန်နီထဲ..
ဘာများရှိမလဲလို့ ..
အသဲအမဲလိုက်လို့ ရှာ..
အလွှာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
မျက်စိတွေသာရဲ..

ချစ်သူရင်ခွင်ထဲ..
ဘာများရှိမလဲလို့ ..
ဇွဲနဲ့ မဲနဲ့ ရှာ..
မာရာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
အသည်းတွေသာကွဲ..

Anonymous