Wednesday, 29 August 2007

အပိုင်းသုံး - နဂါးလေး မွေးနေ့

မိုးတောင်မလင်းသေးပါဘူးဗျာ ။
မနက် ငါးနာရီ လောက်မှာပါ ။ အိမ်တိုင်းအိမ်တိုင်း တိတ်ဆိတ်နေကြတယ် ။ ဒါပေမယ့် အိမ်ဆိုင်လေး ကတော့မီးတွေလင်းလို့ ။ လူတွေ လဲ စုံနေကြလေရဲ့ ။ ကလေးတွေ ကတော့ အိမ်မက်ထဲမှာပျော်နေကြဆဲပါ ။ လူကြီးတွေက ရှပ်ရှက်ခက်နေလိုက်တာ ။ တစ်ယောက်က အသီးအနှံ တွေဆေးကြောတယ် ။ တစ်ယောက်က မုန့်တွေပြင်ဆင်တယ် ။ တစ်ချို့က အ၀တ်လဲနေတယ် ။

ဆက်လက် စောင့်မျှော်ရန်.........

အပြည့်အစုံသို့...

Thursday, 23 August 2007

ငယ်ငယ်တုန်းကပေါ့.....


ကိုယ်ပိုင် ဘလော့(ခ်) မပာုတ်ပေမယ့် သတိရနေတာလေးတွေ ဖောက်သည်ချချင်လို့ပါ ။

ကျွန်တော် ငယ်ငယ်တုန်းက ဆိုရင် ကျောင်းစာအုပ် တွေ လက်ရေးလှ စာအုပ်တွေ ရဲ့ ထောင့်လေးတွေပာာ ခေါက်ပြီးကြေမွ နေတတ်တယ် (သတိရ အမှတ်ရတာလေးပါ) ။ အဲဒါကို ဘယ်လိုမှ ကိုယ့်ကိုကိုယ် သတိထားပြီး မခေါ်က်အောင် လုပ်လို့မရခဲ့ပါဘူး ။ ခေါ်က်မြဲခေါ်က်နေတတ်ပါတယ် ။ အဲဒီ အချိန်တုန်းက ခေါ်က်နေတတ်တဲ့ စာရွက်တွေကြောင့် ကျွန်တော်ပာာ ဆရာမဆီစာအုပ်သွားထပ်ရမှာကို အလွန်ရှက်နေတာပေါ့ ။ နောက်တော့ အလယ်တန်း လောက်ရောက်တဲ့ အခါမှာ အဲဒီ့ အကျင့်ပာာ အံ့သြဖွယ် အလိုလို မရှိတော့ပါဘူး ။ ကျွန်တော် ကိုယ်တိုင်လဲ သတိမထားမိပါဘူး ။
ပြသနာက ဒီနေ့ ပြန်စတာပါ....။
မနက်က ကျွန်တော့်ရဲ့ Note Book လေးကို ကောက်ယူလိုက်တဲ့အခါကျမှ စာရွက်ထောင့်လေး တစ်နေရာ ကျိုးနေတာကို အမှတ်မထင်တွေ့လိုက် ရပါတယ် ။ မြင်မြင်ချင်းပဲ ငယ်ငယ်တုန်းက အဖြစ် ကိုပြန်လည်သတိရပြီး ကိုယ့်ကိုကိုယ် အရမ်းလန့်သွားမိပါတယ် ။ တကယ်လို့ အဲဒီ့ Note Book လေးတာဆက်လက်ပြီး ထောင့်လေးတွေကျိုးနေပါလျှင် ဒီစာအုပ်လေးကို တစ်ချိန်မှာ ဆရာမ (သို့) သူ... မြင်သွားရင် ကျွန်တော့် ကို မှင်နီ တွေနဲ့များ ခြစ်သွားမလားဆိုပြီးပေါ့.....။

မှတ်ချက် ။ ။ Note Book ဆိုပေမယ့် ဒိုင်ယာယီ ပုံစံ မျိုးရေးထားတာပါ ။ ဒါပေမယ့် ဒိုယ်ယာယီ စစ်စစ်လဲ မပာုတ်ပါဘူး ။ ကျွန်တော့်ရဲ့ မှတ်တမ်းစာအုပ်လေးပါ ။ နေ့တိုင်း အဖြစ်အပျက်တွေကို အကြမ်း သဘောမျိုး လျှောက်ခြစ်ထား ခြင်းပါ ။ ။

Sunday, 19 August 2007

အပိုင်းနှစ် - နဂါးလေး နာမည် ရပြီ ။

ဒီနေ့ ရာသီဥတု အလွန် ကောင်းပါတယ် ။
နေလဲ အစောကြီးထွက်တယ် ။ လူတွေလဲ လှုပ်လှုပ်ရှားရှား ပဲ ။
အိမ်ဆိုင်လေး ကတော့ ပိတ်ထားတယ် ။ အတွင်းတံခါး ကိုဖွင့်ထား ပေမယ့် ဆိုင်ကို ပြင်ဆင်ခင်းကျင်း ထားခြင်းမရှိဘူး ။ အထဲမှာတော့လူတွေ အများကြီးပဲ ။ လူကြီး လူငယ် ၊ ကလေး တွေရော စုံလို့ပါပဲ ။ အဲဒီ မှာ အသက်ခက်ကြီးကြီး အဖိုးကြီး နှစ်ယောက် ကျားထိုး ရင်းနဲ့ လမ်းမ ဘက် ကိုခေါင်းလှည့်လှည့် ကြည့်နေတယ် ။ ကျန်လူများက တော့ အခန်းသန့်ရှင်းရေးတွေ လုပ်သူလုပ် ၊ ထမင်း ချက်သူချက်နဲ့ ။ ကလေးတွေကတော့ အိမ်ရှေ့မှာပဲ ငုတ်တုတ်လေးတွေ < သူတို့ကြည့်ရတာ တစ်ခုခုကို စောင့်နေပုံပဲ > ။

ဆက်လက် စောင့်မျှော်ရန်.........

အပြည့်အစုံသို့...

ငိုနေတဲ့ မျက်လုံးတစ်စုံ

ငါ့ကို ထားရစ်ခဲ့ကြပြီ။

ဖုံတင် အခန်းကျဉ်းထဲမှာ
ငါတစ်ယောက်တည်းအထီးကျန်စွာနေရစ်။

ရှုပ်ပွနေတဲ့ စားပွဲလေးပေါ်က စက္ကန့်တံတွေ
ငါ့ကို သရော်အပြုံးနဲ့ ကြည့်ရင်း လေးတွဲ့စွာ ခုတ်မောင်း။

ငါတစ်ယောက်တည်း ပေတစ်ရာလမ်းမပေါ်ကိုလျှောက်လှမ်း
သေချာတာက နေရာတစ်ခုဆီသို့။

နာကျင်မှုတွေကို ထွေးပိုက်ရင်း
အေးစက်တဲ့ ခုံတန်းလျားပေါ်ကနေ ငါ့နာမည် ခေါ်သံကို စောင့်နေခဲ့တယ်။

လူတွေက ငါ့ကို လူထူးဆန်းကြီးတစ်ယောက် သဖွယ် အကြည့်တွေနဲ့
ငါကတော့ ပြန်မကြည့်ရဲခဲ့ဘူး
ဒီလိုနဲ့ ငါ့ရဲ့ အခန်းကျဉ်းလေးဆီကိုပဲ ခေါင်းငိုက်စိုက်ပြန်ခဲ့။

ငါ့မျက်လုံးအစုံမှာ သွေးရောင်လွှမ်းလို့ပေါ့
ငိုချင်နေတဲ့ ငါ့မျက်လုံးတွေကို တားဆီးမဲ့အရာ မရှိခဲ့။
ခမ်းခြောက်နေတဲ့ ငါ့မျက်လုံးတွေကို ငါမုန်းတယ်။

နောက်ဆုံးတော့ ငါဆုတောင်းလိုက်တယ်
“မျက်စိနာ” မြန်မြန်ပျောက်ပါစေ- ဟု။

မျက်စိနာတုန်းက ဆေးခန်းကပြန်လာရင်း ရတဲ့ အတွေးကို ရေးထားတဲ့ စာလေးပါ။

Friday, 17 August 2007

ကျွန်တော်ကြိုက်တဲ့စာစုလေးတွေ

ဒီနေ့ကပဲ ကျွန်တော့် အဒေါ်ပေးတဲ့ အရှင်ဆန္နာဓိက(ရွှေပါရမီတောရ) ရေးသားတဲ့ ကိုယ့်စိတ်ကိုယ်စစ် ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးပါ။ ကြိုက်လို့တင်ထားဖြစ်လိုက်တာပါ။
“အပြစ်ထောက်ပြသူတိုင်း ရွှေအိုးပေးသူမဟုတ်ပါဘူး။ သဘောထားမှန်မှန်၊ အသိဥာဏ်ပါပါနဲ့ အကျိုးရှိအောင် အပြစ်ထောက်ပြသူသာ ရွှေအိုးပေးသူပါ။
ကိုယ့်အကြိုက်နဲ့ မကိုက်တိုင်း မကောင်းဘူးလို့ သတ်မှတ်ပြီး အပြစ်ပြောသူကတော့ ရွှေအိုးပေးသူမဟုတ်၊ ရွှံ့အိုးပေးသူပါ။ ” တဲ့။

အမေပြောပြတဲ့ ကျွန်တော့်အကြောင်း

ဒီဘလော့ဟာ ကျွန်တော့် personal ဘလော့မဟုတ်သော်လည်း တွေးမိတဲ့အကြောင်း အရာနဲ့ ခံစားချက်တွေကိုတော့ ကြုံရင်ကြုံသလို ရေးဖြစ်ပါတယ်။
အခုလဲ သတိရမိတဲ့ ငယ်ငယ်က အကြောင်းအရာလေးတွေကို မှတ်မိသလောက် စာစီဖြစ်ခဲ့ပါတယ်။
နောင် ဘယ်အချိန်ကျရငိ ဒီအကြောင်းတွေကို မေ့သွားမလဲဆိုတာ မခန့်မှန်းနိုင်ဘူးလေ။
၎နှစ်အရွယ်တုန်းကပေါ့။

အပြည့်အစုံသို့...

Wednesday, 15 August 2007

ကျွန်တော်နှင့်စာမေးပွဲ

စာမေးပွဲကို ကြောက်လှသည်တော့မဟုတ်...
သို့သော်...

၁။ စာမေးပွဲနီးလျှင် ခေါင်းကိုက်တတ်ပါသည်။ (KFC စားလိုက်ရင်တော့ ပျောက်သွားသလိုပဲ။ မဆိုင်ဘူးထင်ပါရဲ့  .. အလှုရှင်များဆက်သွယ်လို ကဆက်သွယ်နိုင်ပါတယ်။ )
၂။ ဟိုပြေးဒီပြေးဖြစ်တတ်ပါသည်။ (စာမရလို့ ကျောင်းမှာစာမေးဖို့ဆရာမလိုက်ရှာရတာ အမော)
၃။ စာကျက်ချင်စိတ်လဲ သူမတူအောင်နည်းပါးလာတတ်ပါသည်။
၎။ စာကျက်နေသော သူငယ်ချင်းများကို ဖုန်းဆက်ချင်စိတ်များ တဖွားဖွားပေါ်လာတတ်ပါသည်။ (နောက်ဆက်တွဲ.. ဖုန်းခပိုကုန်ပါသည်။)
၅။ နေ့လည်ခင်း ယခင်ကထက် ပိုအိပ်ငိုက် လာတတ်ပါသည်။
၆။ ရေခ၊ မီးခ (PUP ခ) ၊ နှင့် ဖုန်းခတို့ ပိုကျသော ကာလ လဲဖြစ်ပါသည်။
၇။ မျက်လုံးစပွင့် သည့်အချိန်မှ အိပ်ချိန်ထိ ဂျီတော့ ၀င်နေတတ်ပါသည်။
၈။ ထိုမျှ စာမေးပွဲနီးနေပါ သော်လည်း တုတ်တုတ်မှ မလှုပ် နေမြဲသာနေဆဲပါ။

P.S. အခု လဲ EXAM WEEK မို့ ဘလော့မှာစာမရေးဖြစ်ပါ။

Friday, 10 August 2007

သီချင်းများနှင့်မိတ်ဆက်ခြင်း

အောက်တွင်ဖော်ပြထားသော ၀က်လင့် သည် ကျွန်တော် စုဆောင်းထားသော သီချင်းများ ကိုပေါင်းစည်းထားခြင်းဖြစ်သည် ။ နားဆင်ရန် အဆိုပါ လင့်ကိုကူးယူပြီး မိမိ စိတ်ကြိုက် မီဒီယာ ပလေယာ များတွင် Open URL ဖြင့် ၀င်ရောက်ကာ နားဆင်နိုင်ပါသည် ။

http://www.fileden.com/files/2007/3/15/887714/musiccollection.m3u

Thursday, 9 August 2007

အပိုင်းတစ် - နဂါးလေး ပေါ်ထွန်းလာခြင်း

တရုတ် နိင်ငံတောင်ပိုင်း အမည်နာမ ထူးထူးခြားခြားမရှိတဲ့ ရပ်ကွက်လေးတစ်ခုရဲ့ ညနေစောင်း တစ်ခုမှာပေါ့.....
လူတွေ တစ်ချို့ပြေးလွှားနေကြတယ် ။ တစ်ချို့ကရပ်စကားပြောနေတယ် ။ လမ်းထောင့်နားက အရက်ဆိုင် မှာဆူညံလို့ ၊ လက်ဖက်ရည်ဆိုင် ကသီချင်းသံ ကလည်း လူတွေရဲ့ စကားသံနဲ့ အပြိုင်အဆိုင် ။ အဲဒီ ညနေမှာ မိုးကအုံ့တုံ့တုံ့ပေါ့ ။ လမ်းရဲ့ညာဖက်ခြမ်းမှာ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးတစ်ခုက တိတ်ဆိတ်နေတယ် ။
မိနစ် အနည်းငယ်သာကြာပါတယ် ။ အဲဒီ့ဆိုင်လေးထဲက အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသ္မီးတစ်ဦး ပာာရုတ်တရက် ၀မ်းထဲမှ နာကျင်မှုကိုခံစားလိုက်ရတယ် ။ ထိုအမျိုးသ္မီးပာာ ကိုယ်ဝန်လွယ်ထားရသည်မှာ ကိုးလကျော် ကြာမြင့်ပြီဖြစ်ရာ မွေးဖွားချိန်ကို စောင့်ဆိုင်းနေသူလဲဖြစ်ပေသည် ။သူမ ၏ အိမ်ဆိုင်လေးတွင် စုစုပေါင်း လူ သုံးဦး သာရှိပါ ၏ ။သူမ လင်ယောကျာင်္း ၊ သူမ နှင့် သူမ ၏ ယောင်းမ (ယောကျာင်္း ရဲ့ ညီမ) တို့ပင် ။
ပဋိသန္ဓေ ရဲ့ လှုပ်ရှားမှုကြောင့် ကိုယ်ဝန်မှာ ဖွားမြင်ရန် အချိန်ကျ လာသောအခါ ကြိုတင်ပြင်ဆင်ခဲ့သော်လည်း ပြာယာခတ်ကုန်ကျလေသည် ။ အမျိုးသ္မီး ၏ ဖခင် တွင် ကားစုတ်ကလေးတစ်စီး ရှိရာ ထိုကားလေးဖြင့်ပင် နီးစပ်ရာ ဆေးရုံသို့ အလျှင်အမြန် သွားရောက် အကူအညီ တောင်းခံ ရလေတော့သည် ။ ဆရာဝန်များ နှင့် ဆရာမလေးများ ကျေးဇူးဖြင့် အဆိုပါ ည ဆယ့်တစ်နာရီ ခွဲ ၀န်းကျင်တွင် ဆံပင်ထောင်ထောင် သားယောကျာင်္း ရတနာလေး သည် မိသားစု ၀င်တစ်ဦးဖြစ်လာခဲ့သည် ။ သို့သော် ထိုသားရတနာအတွက် နာမည်မှည့်ရန် ကြိုတင် မပြင်ဆင်ခဲ့ရကား နဂါး နှစ်တွင်ဖွားမြင်သဖြင့် နဂါးကလေး ပာုသာ ချစ်စနိုးခေါ်ဆိုကြလေသည် ။ နဂါး ကလေးကို မိသားစု အပြင် ဆွေမျိုးတွေအားလုံးကပါ ၀ိုင်းချစ်ကြသည် ။ ထို ညတွင် နဂါး ကလေးကိုလာရောက်ကြည့်ရှုသူ ဆွေမျိုးများကြောင့် ဆေးရုံတစ်ခု လုံးဆူညံ သွားရလေ သည် ။

ဤ သို့ဖြင့် နဂါးလေး သည် လူ့ဘ၀ ကိုချစ်ခြင်းမေတ္ထာ များအပြည့်အ၀ ဖြင့် ၀င်ရောက်လာလေတော့သည် ။


နောက် Posts များတွင် နဂါးလေး သည် မည်ကဲ့သို့ " စပုတို " ပာူသော အမည်နာမ ရပုံ နှင့် မည်ကဲ့သို့ လူ့ဘ၀ ကိုစတင်သည်ကို တင်ပြမည်ဖြစ်သည် ။ ဆက်လက်ရန်............... ။

ညီအစ်ကိုသုံးယောက်ပုံပြင်


တစ်ခါတုန်းက စုန်းကဝေညီအစ်ကိုသုံးယောက်ဟာ ဆည်းဆာချိန်မှာ လေတဟူးဟူး
တိုက်ခတ်နေတဲ့
လမ်းတစ်လျှောက် ခရီးသွားနေကြတယ်တဲ့။ ဒီလိုနဲ့ အင်မတန်နက်ပြီး ဖြတ်ကူးဖို့ခက်တဲ့၊ ရေစီးသန်တဲ့ မြစ်တစ်စင်းဆီ ရောက်လာကြတယ်။ ဒါပေမယ့် ညီအစ်ကိုသုံးယောက်ဟာ မှော်ပညာကို သင်ယူ တတ်မြောက်ထားတဲ့သူတွေ ဖြစ်တဲ့အလျောက် သူတို့ရဲ့မှော်တောင်ဝှေးတွေကို ဝှေ့ရမ်းပြီး အန္တရာယ်ကြီးတဲ့ မြစ်ရေပြင် ကိုဖြတ်လျှက် တံတားတစ်ခုကို ဖန်ဆင်းလိုက်ကြတယ်။ သူတို့ဟာ တံတားကိုဖြတ်ကူးနေတုန်း တံတားရဲ့အလယ်မှာ ဝတ်ရုံခြုံထားသူတစ်ယောက် ကို မြင်ရသတဲ့။ အဲဒီဝတ်ရုံခြုံထားသူဟာ သေမင်းပဲဖြစ်တယ်။


သေမင်းက သူတို့ညီအစ်ကိုတွေကို စကားဆိုလိုက်တယ်တဲ့။ အဲဒီ့မြစ်ကိုဖြတ်ကူးသူခရီးသွားတိုင်းဟာ
မြစ်ထဲမှာနစ်ပြီးသေဆုံးတတ်တဲ့အစဉ်အလာရှိပေမယ့် သူ့ကိုလှည့်စားပြီး အသက်ရှင်လျှက်ဖြတ်သွားနိုင်တဲ့ သူတို့သုံးယောက်ကိုသေမင်းကဒေါသတွေထွက်နေတာပေါ့။ ဒါပေမဲ့ သေမင်းက ဟန်ဆောင်ပြီး သူတို့ရဲ့ မှော်ပညာကိုချီးကျူးစကားဆိုသတဲ့။ နောက်ပြီးတော့ သေခြင်းတစ်ရားကို လိမ္မာပါးနပ်စွာရှောင်ရှား နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါရစေဆိုပြီး တစ်ယောက်ချင်းဆီကို ဘာလိုချင်သလဲ မေးသတဲ့။

အဲဒီအခါ သူတို့သုံးယောက်ထဲမှာ ရန်လိုတတ်တဲ့သူဖြစ်တဲ့ အကြီးဆုံးအစ်ကိုက တည်ရှိပြီးသမျှ မှော်တောင်ဝှေး တွေထက် ပိုအစွမ်းထက်တ၊ဲ့ ဘယ်သူမှယှဉ်လို့မရနိုင်တဲ့၊ သေမင်းကို အောင်နိုင်ခဲ့သူနဲ့ ထိုက်တန်တဲ့ မှော်တောင်ဝှေးကို လိုချင်တယ်လို့ပြောလိုက်တယ်။ ဒါကြောင့် သေမင်းက မြစ်ကမ်းဘေးက Elder (အနက်ရောင်ဘယ်ရီပင် ၊ Elderberry ဟုလည်းခေါ်သည်) သစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကိုယူပြီး မှော်တောင်ဝှေး လုပ်ပေးလိုက်သတဲ့။

မောက်မာတတ်တဲ့ဒုတိယအစ်ကိုကတော့ သေမင်းကို လှောင်ပြောင်အရှက်ခွဲချင်တာနဲ့
“ သေမင်းဆီကနေ အခြားသူတွေကို ပြန်ခေါ်နိုင်တဲ့အစွမ်းပေးပါ ”လို့ တောင်းလိုက်တယ်။
အဲ့ဒါနဲ့ သေမင်းက မြစ်ကမ်းဘေးက ကျောက်တုံးတစ်ခုကိုကောက်ယူပြီး “ ဒီကျောက်တုံးဟာ သေသွားတဲ့လူတွေကို ပြန်ခေါ်ပေးနိုင်တဲ့အစွမ်းရှိလိမ့်မယ် ” လို့ ပြောပြီး ဒုတိယအစ်ကိုကို ပေးလိုက်တယ်။

ပြီးတော့ သေမင်းဟာ တတိယညီအငယ်ဆုံးကို ဘာအလိုရှိသလဲ မေးသတဲ့။ ညီအငယ်ဆုံးဟာ ကိုယ့်ကိုကိုနှိမ့်ချ တတ်ပြီး သူတို့ထဲမှာ ဥာဏ်အရှိဆုံးသူဖြစ်လို့ သေမင်းကို မယုံကြည်ဘူးတဲ့။ ဒါကြောင့် သူက ဒီနေရာကနေစပြီး သေမင်းဘယ်တော့မှ လိုက်မလာနိုင်ဘဲနဲ့ ခရီးဆက်လို့ရစေမယ့် အရာတစ်ခုကို တောင်းလိုက်တယ်။ သေမင်းက
စိတ်အလိုမကျစွာနဲ့ သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို ပေးလိုက်သတဲ့။

ပြီးတော့ သေမင်းဟာ ညီအစ်ကိုသုံးယောက်ကို ခရီးဆက်သွားဖို့ လမ်းဖယ်ပေးလိုက်တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကိုသုံးယောက်ဟာ
သူတို့တွေ့ကြုံခဲ့ရတဲ့ စွန်းစားခန်းကြောင်းကို အံ့သြဝမ်းသာစွာပြောဆိုရင်း၊ သေမင်းရဲ့
လက်ဆောင်တွေအတွက် အားရကျေနပ်စွာနဲ့ ခရီးဆက်ခဲ့ကြသတဲ့။

တစ်ချိန်ကျလာတဲ့အခါ ညီအစ်ကိုသုံးယောက်ဟာ ကိုယ်သွားလိုတဲ့နေရာကိုသွားဖို့ လမ်းခွဲလိုက်ကြတယ်။ ပထမဆုံးအစ်ကိုဟာ သူနဲ့စကားများခဲ့ဖူးတဲ့ မှော်ဆရာတစ်ယောက်ကို ရှာဖွေရင်း သီတင်းပတ်များစွာ တိုင်အောင် ခရီးသွားခဲ့ပြီး ရွာတစ်ရွာကိုရောက်သွားတယ်။ သူရဲ့ သေမင်းလက်ဆောင် မှော်တောင်ဝှေးကို အသုံးပြုပြီး သူ့ရန်သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အခါ သူပဲနောက်ဆုံးအနိုင်ရခဲ့တာပါပဲ။ သူ့ရန်သူရဲ့ သေဆုံး နေတဲ့ ခန္ဓာကိုယ်ကို ချန်ရစ်ထားခဲ့ပြီး သူဟာတည်းခိုခန်းတစ်ခုကိုသွားခဲ့တယ်။အဲ့ဒီမှာသူဟာ
သေမင်းဆီကနေ
အစွမ်းထက်တဲ့ မှော်တောင်ဝှေးကို ဘယ်လိုရယူခဲ့တဲ့အကြောင်း၊ အဲ့ဒီမှော်တောင်ဝှေးရဲ့အစွမ်းကြောင့် သူ့ကို
ဘယ်သူမှ ယှဉ်ပြိုင်အနိုင်ယူလို့ မရကြောင်းတွေကို ကြွားဝါပြောဆိုမိတယ်တဲ့။ အဲ့ဒီညမှာ အခြားမှော်ဆရာ
တစ်ယောကဟာ သူအရက်မူးပြီးအိပ်ပျော်နေတဲ့ အခန်းထဲကို ခိုးဝင်လာတယ်။ သူဟာ အဲ့ဒီမှော်တောင်ဝှေးကို ခိုးယူပြီး ပထမအစ်ကိုကို သတ်လိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းက ပထမအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။

အဲ့ဒီအချိန်မှာ ဒုတိယအစ်ကိုဟာ သူတစ်ယောက်ထဲနေတဲ့ သူ့ရဲ့အိမ်ကိုပြန်ရောက်သွားတယ်။ သူဟာ

သေဆုံးသူတွေကို ပြန်ခေါ်နိုင်တဲ့ ကျောက်တုံးကိုထုတ်ကြည့်ပြီး သုံးကြိမ်သုံးခါ သူ့ရဲ့လက်ထဲမှာ
လှည့်ကြည့်သတဲ့။ အဲ့ဒီအခါ သူတစ်ချိန်က သိပ်ချစ်ခဲ့တဲ့ လက်ထပ်ဖို့ရည်ရွယ်ခဲ့ပြီးမှ သေးဆုံးသွာခဲ့တဲ့ သူ့ရဲ့ချစ်သူမိန်းကလေးကို အံ့သြဝမ်းသာစွာ တွေ့လိုက်ရတယ်။ ဒါပေမယ့် သူမဟာ သူနဲ့ဝတ်ရုံလွှာလေး
တစ်ခုခြားထားသလိုဖြစ်နေပြီး ဝမ်းနည်းနေတဲ့ အသွင်သဏ္ဌာန်ရှိနေတယ်တဲ့။ သူမဟာ အချိန်အကြာကြီး သူနဲ့ရှိနေပေးလို့မရတာကြောင့် ပျောက်ကွယ်သွားတယ်။ နောက်ဆုံးမှာတော့ ဒုတိယအစ်ကိုဟာ မျှော်လင့်
လို့မရတဲ့ စွဲလမ်းမှုတွေနဲ့ သူမကိုသေမင်းဆီမှာ ပြန်တွေ့ဖို့အတွက် ကိုယ့်ကိုယ်ကို သတ်သေလိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းဟာ ဒုတိယအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။

ဒါပေမယ့် သေမင်းဟာ နှစ်ပေါင်းများစွာတိုင်အောင် ညီအငယ်ဆုံးကို လိုက်ရှာခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ပါဘူး။ ညီအငယ်ဆုံးက အသက်တော်တော်အိုမင်းလာပြီး နောက်ဆုံး သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို သူ့သားကို
ချွတ်ပေး
လိုက့်တဲ့အခါမှသာ ရှာတွေ့တော့သတဲ့။ အဲ့ဒီအခါ ညီအငယ်ဆုံးဟာ သေမင်းကို သူငယ်ချင်းဟောင်း
တစ်ယောက်ကို ပြန်တွေ့ရသလို နှုတ်ဆက်ပြီး၊ သေမင်းနောက်ကို ဝမ်းမြောက်စွာ လိုက်သွားကာ သူ့ရဲ့အသက်
ရှင်နေတဲ့ ဘဝကိုခွဲခွာသွားခဲ့သတဲ့…..။

မူရင်း…..စာရေးဆရာမ J.K.Rowling ရဲ့ Harry Potter and the Deathly Hallows စာအုပ်ထဲမှ The tale of the three brothers ဆိုတဲ့စုန်းကဝေပုံပြင်လေးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီပုံပြင်လေးဟာ Deathly Hallows စာအုပ်ရဲ့ အနှစ်သာရလို့ ပြောလို့ရပါတယ်။ ဖတ်လို့မကောင်းရင် ကျွန်မရဲ့ဘာသာပြန် ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း တောင်းပန်အပ်ပါတယ်။


အပြည့်အစုံသို့...

Saturday, 4 August 2007

သူခိုး ဗျို့ ... သူခိုး ဗျို့ ။

သူခိုး ဗျို့ ... သူခိုး ဗျို့ ။

သူခိုး တစ်မျိုးပာာ သင်၏ပိုင်ဆိုင်မှုများ ကို အစဉ်အမြဲ ခိုးနေသည်ပာု ဆိုပါက ကျွန်ုပ်အား စိတ်ဆိုးမည်လော ။ သို့သော် သင်တစ်ဦး တည်းကိုမှ သူသည်ရွေးကာ ခိုးယူနေခြင်းမပာုတ်ပါ ၊ စိတ်မကောင်း မဖြစ်ပါနှင့် ။ သူ သည်သက်ရှိသက်မဲ့ အရာရာတိုင်းအား အစဉ်ခိုးယူ နေခြင်းဖြစ်သည် ။ ကျွန်ုပ်တို့ သည်သတိမမူ မိသဖြင့်သာမသိခြင်းဖြစ်ပါ၏ ။ ထိုသူခိုးမှာ အလွန်စွမ်းအားကြီးရကား မည်သည့် ဥပဒေ ၊ မည်သည့် ရဲ ၊ စုံထောက် မျှ ဖမ်းဆီး နိုင်စွမ်းမရှိခဲ့ပေ ။ သို့ဆိုပါက ထိုသူခိုးမှာ မည်သူမည်ဝါ ဆိုသည်ကိုသင်အရိပ်အမြွက် သိလောက်ပေပြီ ။ ထိုသူမှာ အခြား မပာုတ် ...အချိန်...ပင်ဖြစ်ပေသည် ။
သင်၏ ရှိရှိသမျှပိုင်ဆိုင်မှုများကို မရပ်မနား ခိုးယူနေသူဖြစ်သည် ။
သင်သတိထားမိပါသလား ။ ယခု စာကိုဖတ်နေချိန်တွင် သင်၏ အလွန်တန်ဖိုးရှိသော ရတနာ တစ်မျိုးကို ထိုသူခိုး သည်ခိုးယူပြီးဖြစ်သည် ။ ၄င်းမှာ ...သင်၏ ကလေးဘ၀ ...ဖြစ်ပေ၏ ။ ကလေးဘ၀ အလွန်ပျော်ရွှင်ရသော ၊ အပြစ်ကင်းစင်သော ဘ၀ လေးကို ခိုးယူခြင်းခံရသဖြင့် ၊ ယခု အချိန်တွင် တာဝန်တွေနှင့်ပိနေရသည် ။ တစ်ခါတစ်ရံ မိမိအပြစ်လွတ်ရေးအတွက် မုသာဝါဒ ကိုသုံးရသေးသည် ။ လိမ်ပြောမိသည့်အတွက် ပျော်ရွှင်မှု ဆိုသည်မှာအဘယ်မှာ ရှိမည်နည်း ။
ထို ရတနာ ဆုံးရှုံး သွားသည့်အတွက် ကျွန်ုပ်အလွန် ၀မ်းနည်းမိသည် ။ သို့သော် ကျွန်တော် တို့နောက်မကျသေးပါ ။ ကျန်ရှိနေသေးသည့် ရတနာ များကို ထို သူခိုး မခိုးယူခင် အကျိုးရှိရှိ အသုံးချရမည် ဖြစ်သည် ။ အခိုးခံရပြီးမှ ၀မ်းနည်းနေမည့်အစား...ပိုင်ဆိုင်တုန်းအချိန်တွင် အကျိုးရှိစွာ အသုံးချပါစို့ ။ သူသည် အားလုံးကိုခိုးယူမည်ဖြစ်သည် ( နောင်တစ်ချိန်တွင် သင့်အသက်ပင်ပါဝင်ပါ၏ ) ၊ ထို့ကြောင့် သူမခိုးခင် ၊ အရာရာနောက်မကျခင်တွင် အကျိုးရှိစွာ အသုံးပြုပါစို့...............