Wednesday, 4 July 2007
မွေးနေ့လက်ဆောင်
သူမရဲ့ကမ္ဘာဟာ အထီးကျန်မှုတွေနဲ့ပြည့်နှက်နေတယ်
မာနတွေ ကိုခြုံလွှမ်းလို့ပေါ့
သူမရဲ့ အခန်းကျဉ်းလေးမှာတော့...
ပြင်းထန်တဲ့နာကျင်မှုတွေ ချည်းပဲပေါ့။
သူမမှာ မှီခိုစရာ သူငယ်ချင်းမရှိခဲ့
မှေးစက်အနားယူဖို့လဲ မရှိခဲ့
သူမရဲ့မေတ္တာကို မျှဝေခံစားမဲ့သူမရှိခဲ့
မျှော်လင့်ချက်တွေ၊ ကြင်နာခြင်းတွေ လက်ခံပေးသူမရှိခဲ့။
ညပေါင်းများစွာ စဉ်းစားရင်း အိပ်မရ
နေ့ပေါင်းများစွာ စဉ်းစားရင်း အလုပ်ပျက်
သူမ အိပ်ရာပေါ်ကို ပစ်လှဲချလိုက်ပြီး
နောက်ဆုံးတော့ သေနတ်တစ်လက်ကို သူမခေါင်းမှာ ချိန်လိုက်တယ်။
မကြာဘူး..သူမဖုန်းမြည်သံကိုကြားလိုက်ရတယ်
သူမသေနတ်ကို ခေတ္တဖယ်ထားလိုက်တယ်
ဟိုတစ်ဖက်ကပြောနေတာက အမေ
သူမစကားလုံးတွေကိုကြားနေရတယ်။
”မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ သမီးငယ်
ဒီနေ့ဟာ မင်းတစ်ယောက်ထဲအတွက်ပါ
အမေ့ရဲ့ နှလုံးသားကလာတဲ့စကား
အမှန်တရားဆိုတာ မင်းသိပါစေ” တဲ့။
သူမနားထဲမှာ စကားလုံးတွေ ပြေးလွှားနေတယ်
သူမ အင်အားသစ်တစ်ခုကို ခံစားလိုက်ရသလား
သေနတ်ကို အသာအယာချ
သူမဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုလုံး ပြောင်းလဲသွားတယ်။
ရက်တွေကြာတော့ အဲဒီထူးခြားတဲ့နေ့လေးကို ပြန်သတိရလာတယ်
သူမအမေရဲ့စကားတွေကိုရောပေါ့
သူမ လက်ဆောင်တစ်ခုရလိုက်ပါတယ်
သူမရဲ့ ဘဝသစ်တစ်ခုလုံးကိုရောပေါ့။
Chicken soup for the teenagers soul မှကဗျာတစ်ပုဒ်ကို ခံစားတင်ပြပါသည်။
ရေးသားသူ :
min
ရေးသားချိန် :
7/04/2007 06:13:00 pm
0
comments
ထူးပါတယ်...
မက္ကဆီကို နိုင်ငံရဲ့တစ်ခုသော ညနေခင်းတွင်၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်သည် ကမ်းခြေ တစ်လျှောက် လမ်းလျှောက်ထွက်လာလေသည်။ မလှမ်းမကမ်းမှာ ထူးဆန်းသော လူတစ်ဦးကို တွေ့လိုက်သည်။ ကုန်းကုန်ကွကွနှင့် ကမ်းပေါ်က အရာတစ်ခုကို လှမ်းကောက်လိုက် ပင်လယ်ထဲသို့ပစ်ချလိုက်နှင့် အလုပ်ရှုပ်နေသည်။
စူးစမ်းလိုစိတ်နှင့် အနားကပ်ကြည့်လိုက်သောအခါ သူမြင်တွေ့ရသည်မှာ ထိုလူသည် ကမ်းခြေပေါ်ရှိ ကြယ်ငါးများကို တစ်ကောင်ချင်း ကောက်ယူကာ ပင်လယ်ထဲ လှမ်းပစ်ချနေခြင်းပင်ဖြစ်သည်။
သူငယ်ချင်းက ထိုလူကို အားမလိုအားမရ ဖြစ်ဟန်ဖြင့် - ”နောင်ကြီး ကျွန်တော်မရှင်းလို့ မေးခွင့်ပြုပါ။ နောင်ကြီး အခုဘာလုပ်နေတာပါလဲ။” ဟု မေးလိုက်သည်။ ထိုလူက - ”ကျွန်တော် ကြယ်ငါးတွေကို တစ်ကောင်ချင်း ပင်လယ်ထဲ ပြန်ပို့ပေးနေတာပါ။” ” အခုအချိန် ဒီရေကျနေတော့ ကြယ်ငါးတွေ သောင်ပြင်ပေါ် ပါလာနေလို့ပါ။ အဲဒီတော့ အောက်ဆီဂျင်မရပဲ သေသွားနိုင်တယ်လေ။ ” ဟု အေးဆေးစွာ ပြန်ဖြေလိုက်သည်။ ”အော်... ကျွန်တော်နားလည်ပါပြီ။ ” သူငယ်ချင်းက ပြောလိုက်သည် ” သို့ပေမယ့် ဒီကမ်းခြေမှာ သောင်တင်နေတဲ့ ကြယ်ငါးတွေ အများကြီး ရှိမှာပဲ။ အဲဒါတွေကို ဘယ်လိုကုန်အောင် ကောက်မှာတုန်းဗျ။” ”ပြီးတော့ နောင်ကြီး စဉ်းစားကြည့် ဒီကမ်းရိုးတန်းမှာဆို ကမ်းခြေတွေ အများကြီးရှိ နိုင်တယ်။ ဒီလိုလိုက်ကောက်နေတော့ ဘာအကျိုးထူးမှာလဲဗျ။” ဟုပြောလိုက်သည်။
ထိုလူက အပြုံးဖြင့်ကြည့်ပြီး သောင်ပြင်ပေါ်မှ ကြယ်ငါး နောက်တစ်ကောင်ကိုကောက်ယူကာ - ”ဒီ ကြယ်ငါး တစ်ကောင် အတွက်တော့ အကျိုး ထူးပါတယ်ဗျာ ” ဟုပြောလိုက်လေသတည်း.....
ဒီပုံပြင်ထဲကလိုပဲ လူတွေလဲ ကိုယ့်တာဝန်ကိုယ်ယူပြီး တစ်ထောင့်တစ်နေရာက လောကအကျိုးကို သယ်ပိုးကြမယ် ဆိုရင်ဖြင့်........
(CHICKEN SOUP FOR THE SOUL မှ ONE AT A TIME ၀တ္တုကို ဆီလျှော်အောင်ပြန်ဆိုသည်။ )
ရေးသားသူ :
min
ရေးသားချိန် :
7/04/2007 06:13:00 pm
0
comments
သူငယ်ချင်းများစွာ
သီချင်းနာမည်က "Friends Forever" တဲ့။ စိုင်းစိုင်းခမ်းလှိုင်လဲ ပြန်ဆိုထားသေးတယ်လေ။ နားထောင်ကြည့်ပါ။ တကယ်ခံစားရပါတယ်။
------
chorus အပိုဒ်လေးက တကယ်မိတယ်။
As we go on,
We remember,
All the times we,
Had together,
And as our lives change,
From what ever,
We will still be
Friends Forever.
ရေးသားသူ :
min
ရေးသားချိန် :
7/04/2007 06:13:00 pm
1 comments
Tuesday, 3 July 2007
သင်မျက်စိဘယ်လောက်လျှင်ပါသလဲ ?????

အပေါ်တွင် တွေ့နေရသောပုံကို သေချာစွာကြည့်ပါ ။ သင်မျက်စိ ဘယ်လောက်လျှင်ပါသလဲ ။ လူစုစုပေါင်းမှာ ၁၂ ယောက်လား ? ၁၃ ယောက်လား ? ။
ရေးသားသူ :
Unknown
ရေးသားချိန် :
7/03/2007 11:11:00 pm
0
comments
ကလေး လေးပဲဖြစ်ပါရစေ ။

Sentosa သွားတုန်းက ရိုက်ထားတဲ့ဓါတ်ပုံပါ ။ ကလေးလေး တွေရေထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစား နေတာကိုတွေ့လို့ ပီတိ ဖြစ်မိတာနဲ့ ရိုက်ထားလိုက်တာပါ (ဓါတ်ပုံ ကိုပြောတာပါ) ။
ရေးသားသူ :
Unknown
ရေးသားချိန် :
7/03/2007 10:56:00 pm
0
comments
Labels: Steven, အတွေ့အကြုံ
Monday, 2 July 2007
ချက်ခြင်း နှင့် ချစ်ခြင်း
ချက်ခြင်းသည် ပေးဆပ်ခြင်းရော၊ ရယူခြင်းရော ဖြစ်နိုင်သည်။
(ဆိုလိုရင်း။ ။ဂျီတော့မှာ send file ရော receive file ရောရပါသည်။)
ချက်ခြင်းတွင် မျက်စိမရှိ။
(ဆိုလိုရင်း။ ။ဂျီတော့မှာ ဝက်ဘ်ကင် တပ်လို့မရ။)
ချက်ခြင်းအစ မျက်စိက။
(ဆိုလိုရင်း။ ။အက်လုပ်ပြီးမှ ချက်လို့ရမှာပေါ့လို့။)
ချက်နှင့်စစ်တွင် မတရားတာမရှိ။
(ဆိုလိုရင်း။ ။ဒါဆို ဂျီတော့မှာ block လုပ်ရင် စိတ်ဆိုးရဘူးနော်။)
ပေါသွားရင် ခွင့်လွှတ်ပါ။
ရေးသားသူ :
min
ရေးသားချိန် :
7/02/2007 10:13:00 pm
0
comments
အိမ်မက်လေးတစ်ခု....
အိမ်မက်တွေ ခဏခဏ မက်ခဲ့ဖူးပါတယ် ( အိပ်နေတုန်းမက်တဲ့အိမ်မက်ကို ပြောတာမပာုတ်ပါ ၊ စိတ်ကူးယဉ်တာကို ပြောခြင်းပါ ) ။ ဖြစ်နိုင်တာတွေ ရော မဖြစ်နိုင်တာတွေရော အများကြီးပါ ။ အဲဒီ့ထဲမှာ အခုတလောမှ မက်ဖြစ်တဲ့အိမ်မက်လေးကိုတော့အမှန်တကယ်ဖြစ်လာနိုင်ဖို့အရမ်းမျှော်လင့်
နေပါတယ် ။ အောက်မှာ ထည့်ပေးလိုက်တဲ့ သီချင်းလေး ကိုနားထောင်ကြည့်စေလိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရှင်းပြမယ့်အိမ်မက်ပာာ ထိုသီချင်းလေးနဲ့ဆက်သွယ်နေလို့ပါပဲ ။
ထိုသီချင်းလေးကိုနားထောင်နေစဉ်မှာ စာဖတ်သူ နေနဲ့ဘယ်လိုခံစားချက်မျိုး
ဝင်လာမလဲ ဆိုတာတော့ ကျွန်တော့်အနေနဲ့ မခန့်မှန်းနိုင်ပါဘူး ။ ကျွန်တော့်အနေနဲ့ကတော့........
အမေရိကန် နိင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အစွန်အဖျားဒေသမှာဖြစ်ဖြစ်.....
အင်္ဂလန် နိုင်ငံ ရဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေး တစ်ခုမှာဖြစ်ဖြစ်.....
ညနေ နေ၀င်ချိန် ပုဇွန်ဆီရောင်သန်းနေခိုက်မှာ -- (သစ်ပင်ကြီးတွေ) အရွက်တွေကြွေခြောက်ပြီး ၊ ရိုးတံ တွေထိုးထိုးထောင်ထောင်နဲ့တစ်ဖတ်တစ်ချက်စီပေါက်နေတဲ့ အဝေးပြေး လမ်းမတစ်လျှောက် ကို........
ကိုယ့်ချစ်သူ နဲ့ (တကယ်တော့ ခုချိန်ထိရှာမတွေ့သေးပါဘူး) ၊
နေ၀င်လို့ကြယ်တွေမြင်ရချိန်ထိ ရှေးပောာင်း ကားစုတ်ကလေး ပေါ်မှာ ဒီသီချင်းလေး ကိုဖွင့်ပြီး လှည့်ပတ်စီးချင်တာပါ ။
နေ့စဉ်နေ့တိုင်းပေါ့.............
ရေးသားသူ :
Unknown
ရေးသားချိန် :
7/02/2007 04:04:00 pm
1 comments
Sunday, 1 July 2007
ရယ်ကြရအောင်..
"A picture tells thousand words." တဲ့။
အဲဒီတော့ ဟာသကို စာတွေရေးနေမယ့်အစား ပုံလေးတွေပဲ ပို့စ် တော့မယ်။ အီးမေးလ် ထဲကရထားတဲ့ ပုံတွေပါ။ တွေ့ဖူးပြီးသား ပါရင် ကျော်ကြည့်လိုက်ပါ ခင်ဗျာ။ 







ရေးသားသူ :
min
ရေးသားချိန် :
7/01/2007 10:22:00 pm
0
comments
အချစ်အကြောင်း
“ အချစ် အချစ် တခစ်ခစ်နှင့် တစ်လစ်လျှာကြီး ထွက်လေသည် ”
တာရာမင်းဝေရဲ့ “ ဝတ်မှုန်တစ်စက်၏အတ္ထုပတ္တိ ” စာအုပ်ထဲက စာကြောင်းတစ်ကြောင်းပါ။ ပြန်တွေးမိတိုင်း ရယ်ရလို့ပါ။ အချစ်ဆိုတာကို သူများတွေက “ ပေးဆပ်ခြင်း ”၊ “ ရယူခြင်း ” ဆိုပြီး ကြီးကြီးကျယ်ကျယ် အဓိပ္ပာယ်တွေ ဖွင့်ဆိုနေကြချိန်မှာ အခုလို အချစ်အကြောင်းကို ပေါ့ပေါ့ပါးပါး ရေးထားတဲ့စာကြောင်းလေး တစ်ကြောင်းကိုဖတ်လိုက်ရတာ တော်တော်ရယ်ရပါတယ်။
အားလုံး ရယ်မောပျော်ရွှင်စေလိုသော ရည်ရွယ်ချက်ဖြင့်…….
Mo
ရေးသားသူ :
Mo
ရေးသားချိန် :
7/01/2007 11:04:00 am
1 comments