မျှော်လင့်ခြင်း
ငါ့အိပ်ယာထဲ ညကောင်းကင်ထဲ မေမေ့ရင်ခွင်ထဲ
စာအုပ်တွေပြန့်ကြဲ
ဘယ်လိုလုပ်မလဲ
ငါမှအိပ်လို့မရတာပဲ။
ကြယ်ရောင်လင်းပြောင်ဆဲ
ဘယ်ဆီမှာလဲ
မျှော်လင့်ချက်ရောင်ခြည်ရဲ့။
နွေးထွေးတဲ့မေတ္တာတွေဝေဆဲ
ငါမျှော်နေခဲ့
ဘယ်တော့များအိမ်ပြန်ရောက်မှာလဲ။
ငါ့အိပ်ယာထဲ ညကောင်းကင်ထဲ မေမေ့ရင်ခွင်ထဲ
စာအုပ်တွေပြန့်ကြဲ
ဘယ်လိုလုပ်မလဲ
ငါမှအိပ်လို့မရတာပဲ။
ကြယ်ရောင်လင်းပြောင်ဆဲ
ဘယ်ဆီမှာလဲ
မျှော်လင့်ချက်ရောင်ခြည်ရဲ့။
နွေးထွေးတဲ့မေတ္တာတွေဝေဆဲ
ငါမျှော်နေခဲ့
ဘယ်တော့များအိမ်ပြန်ရောက်မှာလဲ။
ရေးသားသူ :
Mo
ရေးသားချိန် :
5/28/2008 09:46:00 am
0
comments
2008 Tamesek Regatta မှာ Business School က ဆုတွေ အများကြီး ရတယ် ကွ ။
ရေးသားသူ :
Unknown
ရေးသားချိန် :
4/19/2008 01:13:00 pm
0
comments
Labels: Steven
ပာုတ်ပါတယ် ... တောင်းတဲ့ ဆုသာပြည့်မယ်ဆိုရင် ကျွန်တော် အိပ်မက်ဆိုး မက်ချင်တယ် ။ ရုပ်ရှင်တွေထဲမှာ အိပ်မက်ဆိုးမက်လို့ ထအော်တဲ့ လူတွေ ၊ ရူးသွပ်သွားတဲ့ သူတွေကို ကြည့်ရတော့ ကျွန်တော်လဲ သူတို့လို အိပ်မက်ဆိုး မက်ချင်တယ် ။ ရူးသွားပြီဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ ဘာဆိုဘာမှ မသိတော့ဘူး ။ အကောင်းပဲ သိချင်တယ် အဆိုးမသိချင်ဘူးဆိုရင် တရားမမျှတဘူးလေ ~~~ အဲဒီတော့ နှစ်ခုလုံးကို မသိချင်ဘူး ~~~ ဒီအတိုင်းပဲနေချင်တယ် ။
နောက်ပြီး အော်လိုက်ချင်တယ် --- ဘာရယ်လို့ မပာုတ်ဘူး ၊ ဒီအတိုင်းပဲ အော်လိုက်ချင်တယ် ( " အား " လို့ပဲ ဖြစ်ဖြစ် ၊ " ပေား " လို့ပဲ ဖြစ်ဖြစ် ၊ " ၀ူး " လို့ပဲ ဖြစ်ဖြစ် ) ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ... ဒီအတိုင်းပဲ အော်လိုက်ချင်တာ ။
ရေးသားသူ :
Unknown
ရေးသားချိန် :
4/15/2008 06:43:00 pm
0
comments
Labels: Steven
သုံးနေတဲ့ Google Talk ကို အားမရတာနဲ့ Google Talk Lab ကို ဒေါင်းလုဒ်ချပြီး သုံးပါရော ။ Install လုပ်ပြီးလို့ စဖွင့်တာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်ပါလေရော ။ Settingုကိုရှာလို့မတွေ့လို့ ဘယ်ကစဘယ်လိုလုပ်ရမလဲ မသိဖြစ်သွားတယ် ။ ဒါနဲ့ ဘာဖြစ်ဖြစ်ဆိုပြီး Sign In ၀င်လိုက်တယ် ဗျာ ။ ၀င်ပြီးတော့မှ သိတာ ဒီ Google Talk Lab ထဲမှာ Call Buttom မှမပါတာကို ။ ကျွန်တော် Chatting ပဲထိုင်လို့ရတာ ပဲပာာ ။ မကြိုက်ဘူး ။ ဒါနဲ့ သုံးနေကျ Gtalk ကိုပြန် Install လုပ်ရတယ် ( ကျွန်တော်က အကျင့်သိပ်မကောင်းဘူး - အသစ်တွေ့ရင် အပောာင်းကို မေ့ရုံမပာုတ်ဘူး တစ်ခါတည်း ပစ်လိုက်တာ - အသစ်က မကောင်းဘူးဆိုမှ အပောာင်းကို အသည်းအသန်ပြန်ရှာတာ ) ။
တစ်ကယ်တော့ Google Talk Lab ဆိုတာ ဒေါင်းလုဒ်လုပ်စရာတောင် မလိုပါဘူး ။ Web ပေါ်မှာ Launch လုပ်ပြီးတောင် သုံးလို့ရတယ် - သုံးလို့ကြိုက်တယ်ဆိုရင် လင့်ကို Favorites ထဲထည့်ထားလိုက်ရုံပေါ့ ။ ဒေါင်းလုဒ်လုပ်ပြီးသား နဲ့ Web ပေါ်မှာ Launch လုပ်ပြီးသုံးတာ ဘာမှမကွာဘူးဗျ အားလုံးအတူတူပဲ - အဲဒီတော့ ဘာလို့ Hard Disk ကို မလိုအပ်တဲ့ File အတွက်အလုပ်လုပ်ခိုင်းအုံးမှာလဲ ??? ကျွန်တော်ကတော့ အားမပေးဘူး ။ ဒါပေမယ့် Download လုပ်မယ် ၊ မလုပ်ဘူး ဆိုတာက ကျွန်တော်လိုက်ပြီး ဆုံးဖြတ်ရမှာ မပာုတ်တော့ အရမ်း အတင်းအကြပ်ကြီး မတိုက်တွန်းချင်ပါဘူး ။ ကျွန်တော်ကတော့ သုံးနေကျ Google Talk ကိုပဲ ကြိုက်တယ် ။ နှစ်ခုစလုံးက အနည်းဆုံး Window XP / Vista ရှိမှ အလုပ်လုပ်တာပဲပာာကို ။ သုံးနေကျ Google Talk မှာ Call Buttom ရှိတယ် ။ စကားပါပြောလို့ ရတယ် ( ပိုကောင်းတယ်လို့ ထင်တယ် ) .Google Talk Lab မှာက Group Chat ပါတယ်ဆိုပေမယ့် ကျွန်တော်တို့က Confrences တွေ Meeting တွေကို အွန်လိုင်းပေါ်မှာ လုပ်ရလောက်အောင် သိပ်ပြီး မကြီးကျယ်သေးဘူးလေ ။ အဲဒီတော့ တကယ်လို့ လုပ်ချင်ရင်တောင် Web ပေါ်မှာပဲ Launch လုပ်ပြီးသုံးလိုက်မှာပေါ့ တစ်နှစ်လုံးနေမှ တစ်ခါ ၊ နှစ်ခါ လောက်ပဲသုံးတာကို - အများကြီးမှ မပာုတ်တာ ။
ရေးသားသူ :
Unknown
ရေးသားချိန် :
4/13/2008 12:09:00 am
0
comments
Labels: Steven
ှSinglish ကို အသည်းအသန် သင်နေတယ် ခင်ဗျ ။ ခုတလော စလုံးသူလေးတွေကို စကားပြောရတာ Singlish လိုမပာုတ်ရင် နှစ်ခါသုံးခါလောက် ပြန်ပြန်ပြောနေရတာ အရမ်းအောက်တယ် ။ မဖြစ်ဘူး သင်မှဖြစ်တော့မယ် --- အင်္ဂလိပ်စာတွေ လေ့လာထားတာတော့ သွားပြီပေါ့ဗျာ ။ ဒီလိုပဲ သဲထဲ ရေသွန်သလိုဖြစ်ပြီပေါ့ ။ ဘယ်တက်နိုင်ပါ့မလဲ Rome မှာနေရင် Rome လိုကျင့်ကြံ ရမယ်ဆိုသလိုပဲ ကျွန်တော်လဲ ဒီ Singlish တွေကိုသင်ရတော့မှာပေါ့ ။ လုပ်ချင်တာကို လုပ်ရမှာထက် လုပ်သင့်တာကို လုပ်ရဖို့က ပိုအဓိကကျတယ်လေ ။ ခုတလော အားနေလို့ လျှောက်လုပ်နေတာ လူပင်ပန်းပြီး ငွေကုန်တာပဲ အဖတ်တင်တယ် တခြား ဘာမှလဲ ထူးထူးခြားခြားထွက်မလာဘူး ။ လှုပ်ရှားနေတော့ ဗိုက်ပိုဆာတယ် သူ့ကိုဖြည့်ရတာနဲ့ ပိုက်ပိုက်လဲ ပိုကုန်တယ် ။ Singlish မြန်မြန်တတ်ဖို့ ဆိုတာလဲ စလုံးသူတွေနဲ့ စကားများများပြောမှ ရမယ်မပာုတ်လား ( စလုံးသားတွေက စကားနည်းတယ်ဗျ ၊ သိပ်မပြောချင်ကြဘူး :D ) ။ ဒီအတိုင်း တစ်နေကုန် အိပ်နေပြန်ရင်လဲ ဘယ်သူနဲ့မှ မတွေ့တော့ ဘယ်မှာလာပြီး အပြောအဆိုတွေကလဲ တိုးတက်လာမလဲ ။
အဲဒါပေါ့ လုပ်ချင်တာထက် လုပ်သင့်တာကို ပိုလုပ်ရမယ်ဆိုတာ ။
ရေးသားသူ :
Unknown
ရေးသားချိန် :
4/09/2008 03:43:00 pm
0
comments
Labels: Steven
|
ရေးသားသူ :
Unknown
ရေးသားချိန် :
4/07/2008 09:14:00 pm
0
comments
Labels: Steven
ကျွန်တော် ဆယ်တန်းပြီးမှ ကွန်ပြူတာကို လက်နဲ့ ထိခွင့်ရတာ ပြောရရင် ရှက်တောင်ရှက်တယ် ။ ဆယ်တန်းတုန်းကတော့ Counter Strike ခိုးဆော့လို့ ကွန်ပြူတာပေါ်က Keyboard နဲ့ Mouse ကိုတော့ ကောင်းကောင်းသိတယ် ။ ကျန်တာတော့ ဘာမှကိုမသိတာ အမှန် ။ 
ဒါနဲ့ ဆယ်တန်းပြီးတော့ ကွန်ပြူတာ သင်တန်းကို စတက်ဖို့လုပ်တော့ ဘယ်ကစရမှန်းမသိဘူး ။ အစ်ကိုဝမ်းကွဲ တစ်ယောက်က အကြံပေးတယ် Basic ကစတက်တဲ့ ။ အင်္ဂလိပ်စာကိုလဲ ကောင်းကောင်း ရေးဖူးဖတ်ဖူးထားတော့ Basic က အခြေခံမှန်း ရိပ်မိတယ် ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ဘေးစစ် ( Basic ) ပဲတက်လိုက်တယ် ။ ဘာသင်လဲဆိုတော့ Typing နဲ့ Microsoft Word နဲ့ Microsoft Excel သင်တယ် ။ အဲဒီတုန်းကတော့ ဆရာမ နဲနဲနောက်လှည့်တာနဲ့ ဂိမ်းပဲ ကစားတာပါ သိပ်ပြီး သင်တယ် မရှိပါဘူး ။ Basic တန်းရဲ့ နောက်ဆုံးနေ့မှာ အင်တာနက် နဲ့ အီးမေးကို နဲနဲ ပြတယ် ။ ပြတယ် သာဆိုတာပါ ... တကယ်တော့ ဆရာမကပဲ သုံးသွားတာပါ ။ အဲဒီတုန်းက Files တွေကို ဒေါင်းလုပ်လုပ်တဲ့ နည်း မပြောနဲ့ Files တွေကို Copy / Paste တောင် ကောင်းကောင်း မလုပ်တတ်တဲ့ ကျွန်တော် ဆရာမက အင်တာနက် ကနေ သီချင်းဖွင့်ပြတော့ မျက်လုံးကြီး ကျွတ်ထွက် မလိုတောင် ပြူးဖြဲ ကြည့်ခဲ့တာ ။ ကွန်ပြူတာထဲမှာမရှိတဲ့ သီချင်းတွေကို ဒီလိုပဲ နားထောင်လို့ ရလားပေါ့ အံ့သြ လိုက်တာ ။ အဲဒီတုန်းက ဂူဂဲ ကိုတောင် Search Engine တစ်ခုမှန်း မသိသေးဘူးလေ ။ Gmail ဆိုတာတော့ ပြောတောင် မပြောပါနဲ့ .... ဘာကြီးလဲလို့ ပြန်မေးမိမှာ စိုးလို့ ။
ရေးသားသူ :
Unknown
ရေးသားချိန် :
4/06/2008 03:40:00 pm
0
comments
Labels: Steven, အတွေ့အကြုံ
အနက်ရောင်ညတစ်ညမှာ
အနီရောင် သေဆုံးခြင်း တစ်ခု လွှမ်းမိုးသွားခဲ့မယ်လို့ ဘယ်သူများ ထင်မိမှာတဲ့လဲ။
ရွှေအိုရောင်အိနေတဲ့ ဘုံနမ်းမြင့်ထက်မှာ
ပန်းနုရောင်မင်းသမီး တစ်ပါး အေးချမ်းစွာလဲလျှောင်းနေတယ်။
အစိမ်းရောင်ရင့်ရင့် နှလုံးသားကို ဂူသွင်း မြှုပ်နှံတဲ့ အခမ်းအနားတစ်ခုရဲ့ လူအုပ်တွေထဲမှာ
ဖြူဖျော့ဖျော့ မျက်နှာတစ်ခုက ဘာအမူအရာမှမပြ။
ရီခြင်း၊ငိုခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေ ကတော့ ရင်ဘတ်ထဲမှာ ဘုရားပွဲလှည့်နေကြလေ၏
အပြင်ဘက်ကို ပေါက်ကွဲထွက်ဖို့ တွန်းကန်အားတစ်ခုက မပြည့်စုံသေး။
အဲလိုနဲ့ ပဲ ရူးသွပ်ခြင်း ကဗျာတစ်ပုဒ် လောကထဲသို့ ကျရောက်လာသတ္တံ့ ။
ရေးသားသူ :
min
ရေးသားချိန် :
4/05/2008 11:22:00 am
2
comments
" ပော့ ပော့လူ ....ထ ၊ ခဏ ထအုံး ။ "
" ............... "
" ပော့လူ ထ ၊ ထလို့ ပြောနေတယ်လေ ။ "
ကျွန်တော် မျက်လုံးဖွင့် ကြည့်တော့ အရမ်းဒေါသတွေထွက်နေတဲ့ ပုံရှိတဲ့ ရေစက်လေး တစ်စက်ကိုတွေ့လိုက်ရတော့ .....
" မင်းက ရေစက်လေး ပဲ ငါ့ ကိုဘာအတွက်နှိုးရတာလဲ "
" ပာာ ကျုပ်က မျက်ရည်စက်ဗျ ၊ ရေစက်မပာုတ်ဘူး ... ခင်ဗျားကို ပြောစရာရှိလို့ "
" မင်းက မျက်ရည်စက် ? ငါ့ ကိုပြောစရာ ရှိလို့ ? "
" ပာုတ်တယ် ။ ကျုပ် ခင်ဗျားကို ပြောချင်တာကြာပြီ ။ အစကတော့ သနားလို့ မပြောခဲ့တာ ... ခုတော့ ပြောရတော့မယ် ။ "
" နေပါအုံး ။ ဘာအကြောင်းမို့လို့လဲကွ မင်းကများ ကြီးကြီးကျယ်ကျယ် နဲ့ "
" တစ်ခုတော့ ရှိတယ် ... ကျုပ်ပြောနေတုန်းမှာ ၀င်ပြီး ကြားဖြတ်မပြောပါဘူးလို့ အရင် ကတိပေး ရမယ် ။ "
" ပာာ...တော်တော် လျှာရှည်တဲ့ ကောင်ပဲကွာ ..ပေးတယ် ၊ ပေးတယ် ပြောတော့ "
ကျုပ် နားလည်တယ် ၊ ခင်ဗျား မှာ အခက်အခဲတွေ အများကြီးကြုံခဲ့ ရတယ် ၊ ၀မ်းနည်းစရာတွေ များခဲ့တယ် ၊ စိတ်ညစ်မှုတွေလဲ ခဏခဏ တွေ့ခဲ့ ရတယ် ။ ဒါပေမယ့် ခင်ဗျား လုံးဝ မငိုခဲ့ ဘူး ။ ခင်ဗျား ငိုချင်တဲ့ စိတ်ဖြစ်ပေါ်ပေမယ့် ချုပ်တည်းထားတယ် ။ အဲဒါပာာ ကိုယ့်ကိုယ်ကို လိမ်နေတာပဲ ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်နေတာပဲ ။ ခင်ဗျား ငိုနေတဲ့ လူတွေကို ကြည့် ပြီး စိတ်ဓါတ် မခိုင်မာဘူးလို့ ပြောတယ် ။ တကယ်တော့ ခင်ဗျား ကိုယ်တိုင်ကမှ စိတ်ဓါတ်ပျော့ ညံ့ တာ ။ ခင်ဗျားက ကိုယ်ငိုနေတာကို လူတွေမြင်သွားရင် အထင်သေးခံရမှာ ကိုကြောက်နေတာ ၊ လူတွေခင်ဗျားကို သနားတယ်လို့ ပြောခံရမှာကို ကြောက်နေတာ ။ ငိုကြွေးခြင်းဆိုတာ သဘာဝက ပေးထားတဲ့ အလှတရား တစ်ခုပါ ။ ဘာဖြစ်လို့ တားဆီးချင်ရတာလဲ ၊ ဘာဖြစ်လို့ ဆန့် ကျင်ချင်ရတာလဲ ၊ ဘာဖြစ်လို့ ချုပ်ကိုင်ချင်ရတာလဲ ။ ငိုကြွေးခြင်းက ခင်ဗျား စိတ်ကို ကြည်လင်လန်းဆန်းစေတယ် ၊ ခင်ဗျားခံစားနေရတဲ့ ဝေဒနာတွေကို ဆေးကြောပေးတယ် ။ ကျုပ်တို့ မျက်ရည်တွေဆိုတာ ခင်ဗျားတို့ ၀မ်းနည်းငိုကြွေးပြီး အထီးကျန်နေချိန်မှာ အဖော်ပြုပေးဖို့ အတွက် ဒီလောကကြီးထဲကို မွေးဖွားလာရတာပဲ ။ အခုတော့ ခင်ဗျားက ငိုချင်တဲ့ စိတ်ကို ချုပ်တည်းလိုက်တော့ ကျုပ်တို့ မှာ ခင်ဗျားရဲ့ ကျဉ်းမြောင်းလှတဲ့ မျက်ဝန်းအိမ်လေးထဲမှာ အလုပ်မရှိပဲ နေနေရတယ် ။ ခင်ဗျား ပာာ ကိုယ့်ကိုယ်ကိုလဲ မသနား ... ကျုပ်တို့ အပေါ်မှာလဲ ရက်စက်တဲ့ လူပဲဗျာ ......
" ပာာ ... ပာာ ။ အဲလိုတော့ မပြောပါနဲ့ ကွာ ... "
" ဘာလဲ ... ခင်ဗျားက မပာုတ်ပါဘူး လို့ ငြင်းချင်သေးလို့ လား ??? "
" ပာုတ်ပါတယ်ကွာ ... မင်း မမှားပါဘူး ။ မှန်ပါတယ် ။ ငါ မကောင်းခဲ့ တာပါ ။ ငါ ငိုချင်ခဲ့ ပေမယ့် ကိုယ့် ကိုယ်ကို လိမ်ခဲ့ တယ် ။ ငါ နားလည်ပါပြီ ကွာ ၊ ငါ ..... "
" ပော့ ကောင် ... စောစောစီးစီး ဘာတွေပြောနေတာလဲ ။ နိုးရင်လဲ ထတော့ "
သြော် ... ကျွန်တော် အိပ်မက်မက်နေခဲ့တာကိုး ။ အိပ်ယာပေါ်က ကျွန်တော်ထတော့ ပါးပေါ်ကို မျက်ရည်စက်လေး တစ်စက် လိမ့် ဆင်းအလာမှာတော့ ............
ရေးသားသူ :
Unknown
ရေးသားချိန် :
3/08/2008 05:31:00 pm
2
comments
Labels: Steven



ကလေး တစ်ချို့ရဲ့ သဘာဝ စတိုင်လေးတွေကို ရိုက်ထားတာပါ ။ တစ်ခါတစ်လေ အိုက်တင်ထုတ် တာထက် သဘာဝလေးအတိုင်း လှုပ်ရှား သွားလာနေတာက ပိုပြီးလှပတယ်လေ ။ တခြား ဘာသဘောမှ မရှိပါဘူး ။
ရေးသားသူ :
Unknown
ရေးသားချိန် :
3/03/2008 11:34:00 am
0
comments
Labels: ရုပ်ပုံ
copyright Min™, Mo™, Prinston™, Steven Wang™, myatsu™ © 2009-2010 -some rights reserved.