Sunday, 15 March 2009

ကဗျာလေး တစ်ပုဒ်

ခုတလော စာရေးဖို့ထက် စာဖတ်ဖို့ ပိုပြီး အားသန်နေတယ် ။ ပို့စ်တင်ဖို့ထက် ပို့စ်တွေကို ပိုဖတ်ဖြစ်တယ် ။

ကျွန်တော် အရင်က Blogger မှာ ကျွန်တော်ဝယ်ထားတဲ့ Domain Name ကို Host တင်ပြီး ဘလော့ခ် ရေးခဲ့တယ် ။ နောက်တော့ ကျောင်းစာတွေများလာတာနဲ့ ၊ အလုပ်တွေ ပိုပြီးလုပ်နေခဲ့တာနဲ့ ပို့စ်တွေကို ပုံမှန်မရေးဖြစ်ဘူး ။ နောက်တော့ Blogger မှာ သိပ်ပြီး လုပ်ပိုင်ခွင့်တွေ မရှိတာနဲ့ စိတ်ကုန်လာလို့ ဘလော့ခ်ကို blogspot.com နဲ့ ပြောင်းလိုက်ပြီး မရေးတော့ဘူးလို့ထားထားလိုက်တယ် ဝင်လဲ မဝင်တော့ဘူး ။ အဓိကကတော့ Hosting site တစ်ခုရထားတာလဲ ပါတာပေါ့ ။

အဲဒီ့မှာ Hosting ထိုင်ပြီး ကိုယ်ပိုင် website တစ်ခုရေးမယ်လို့ လုပ်တယ် မအားတဲ့ကြားကနေ ။ ၁လလောက် အချိန်ကို လုယူပြီး ပြင်လိုက်တဲ့နောက်မှာ ကျွန်တော် wordpress ကိုအဲဒီ့ hosting site ထဲထည့်နိုင်ခဲ့တယ် ။ ဒါနဲ့ ဘလော့ခ်ကို ကျွန်တော့် မူရင်း domain name နဲ့ပြန်ရေးဖြစ်တယ် ။ ဒါပေမယ့် blogger ပေါ်ကတစ်ခုကတော့ ဒီတိုင်းပဲ ဖြစ်သွားတယ် ။ Blogger ကို မသုံးတာတော်တော်လေး ကြာသွားတော့ ကျွန်တော် အခု Ideacollections မှာလဲ စာတွေ ဝင်မရေးဖြစ်ဘူး ။

အခုတစ်လော...အလုပ်အရမ်း ပင်ပန်းပြီး စိတ်လဲ ပင်ပန်းနေတာမို့ အရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းတွေကို သိချင်တာနဲ့ အရင်က ရေးခဲ့တဲ့ ဘလော့ခ်ကို ပြန်ဖတ်ဖြစ်တယ် ။ ကျွန်တော် ဘလော့ခ်ရေးတယ် ဆိုတာကလဲ အဓိကက အဲဒါပဲ ။

ကျွန်တော့်ရည်ရွယ်ချက်က တစ်ချိန်မှာ အတိတ်က ရှိခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီး သိရအောင် ၊ အနာဂတ်ကို ကျွန်တော် မဖတ်ချင်ဘူး ... ကျွန်တော့်အတွက်က အတိတ်ကအကြောင်းတွေက ပိုပြီး အရေးပါတယ် ။ ဒါနဲ့ ကိုယ့်ဘလော့ခ် ကိုယ်ပြန် ဖတ်ရင်းနဲ့ ... တစ်ချိန်က အတန်းထဲမှာ ကျွန်တော် စပ်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ပြန်တွေ့မိတယ် ။

ကျွန်တော် ပြန်ဖတ်မိပြီး ..... အဲဒီ့ကဗျာလေးကို Share ချင်တာနဲ့ ဒီဘလော့ခ်အောက်မှာ ဖော်ပြလိုက်ပါတယ် ။ ကျွန်တော့် ကဗျာလေးကို ဝိုင်းပြီး ဝေဖန်...လေကန်ပေးကြပါ ခင်ဗျာ ။


The sun is shinning very wild,
I am thinking hard to rhyme.

A word comes out from nowhere,
I am not saying anything there,

I am feeling cold and blind,
The big room seems small in mind,
A long and tough road, in my eyes.

အပြည့်အစုံသို့...

Sunday, 22 February 2009

I was completely stunned


အခုတလော Flickr ကို ကလိ ဖြစ်နေတယ် .. sign up လုပ်ထားတာ ကြာပြီ ဆိုပေမဲ့ ခုမှပဲ ပြန်မွှေဖြစ်တာ ..
Flickr ရဲ့  service ကိုတော့ အများသိမို့ သိပ် ညွှန်းဖို့ မလိုလောက်ပါဘူး .. ဒါပေမဲ့ edit photo မှာ picnik နဲ့ ဆက်ထားတာ ကိုက တမျိုး ထူးခြားနေတာ ... နောက်မှပဲ picknik အကြောင်းထပ်ပြောတော့မယ် ... အခုတော့ flickr ပေါ့...

Flickr ရဲ့  welcome message တခုကြောင့် အတော်ကို အံ့ သြသွားမိတယ် ... ဒီမှာကြည့် ...
...











အမြဲလို ဆို howdy တို့ 'allo တို့ နှုတ် ဆက်နေကျ .. ဒီနေ့မှ ဝင်ကြည့်တော့ ထူးထူးခြားခြား ဗျာ ...

Kudos to Flickr~

အပြည့်အစုံသို့...

Sunday, 15 February 2009

The arrow and the song

Henry Wadsworth Longfellow


ကိုကြားဖူးကြလား .. ၁၀ တန်း ကဗျာ ဆရာလေ .. ဒီ ကဗျာပေါ့ .. အခုတလောမှ ကဗျာတွေ လိုက် ဖတ်ဖြစ်နေလို့ ..


I shot an arrow into the air,
It fell to earth, I knew not where;
For, so swiftly it flew, the sight
Could not follow it in its flight.

I breathed a song into the air,
It fell to earth, I knew not where;
For who has sight so keen and strong,

That it can follow the flight of song?

Long, long afterward, in an oak
I found the arrow, still unbroke;
And the song, from beginning to end,
I found again in the heart of a friend.

Henry Wadsworth Longfellow


Henry Wadsworth Longfellow
(1807-1882)

ဒီလူကြီးပေါ့ ဗျာ ..

အပြည့်အစုံသို့...

Friday, 30 January 2009

စိတ်ဆိုးသောအခါ

People use to get angry, including me of course. =D We are angry when someone hurts our feeling, when someone dumps us, when someone points mistake on us, etc. It's just usual. We couldn't escape from this kind of emotional expressions. However, it's not good when things get intense. It's hurt. It's true, it's really HURT!

First, you'll hurt yourself and then you'll hurt others. It's not good at all. It's no use crying over the spilt milk. When you are angry, look around you. People don't care what you are feeling. They don't care how much you hurt. In the end, only you who is suffering from the anger. So, there is no use at all. Just try to Forgive & Forget about everything that makes you angry.
Forgiveness is just giving a room in your heart. I'd mentioned about forgiveness in the previous posts.


Life will be peaceful if there is no anger.

May we be happy and free from the anger. ^__^


အပြည့်အစုံသို့...


YEAR OF THE GENTLEMAN တဲ့ neyo က ပြောတာပဲ ..
အတန်း ထဲက စလုံးတွေကတော့ YEAR OF OX တဲ့ ..
အားလုံးကို ရှုတ် နေတာပဲ ..

ဘာပဲ ဖြစ်ဖြစ် အားလုံးကို မြန်မာပီပီလေး နှုတ်ဆက်လိုက်ပါတယ် ။

" ကုံးစီ ဖချိုင် " ပါ။


http://www.gift.org.sg/cards_cny/cow.jpg

( ဘာတွေ ရေးထားလဲတော့ အကျွန်လဲ နားမလည်ဘူး ဗျို့  .. ကျုပ် ကျပ်သာ လိ လိုက်ကြတော့။ )


ဒါတောင် သိချင်မှ သိကြဦးမှာ ။ gong xi fa cai ဆိုတာကို ပြောပြောနေကြတာ ကြားဖူးပါတယ် ဆိုတဲ့ သူတွေကို အနက်ဖွင့် ပြလိုက်ပါတယ်။

"Gong Xi Fa Cai"

Gong Xi: means wishing/blessing

Fa: means enlarge(ment)

Cai: means wealth


လူတွေကို ဥစ္စာ ဓန တိုးပွားဖို့ ဆုတောင်းတဲ့ သဘောပါ။

စာဖတ် သူတို့လဲ နထီးနှစ် ( ဆဲနေတဲ့ အတိုင်းပဲ ) year of ox မှာ ကုန်း ရုံးပြီး economy crisis က နေ အလွတ် ရုံး နိုင်ကြပါစေ ဗျာ။

သာဓု ~ သာဓု ~ သာဓု

အပြည့်အစုံသို့...

Thursday, 29 January 2009

lemme wash the dirty laundry in public .

ဆယ်တန်း စာမေးပွဲတွေက လဲ နီးလာပြီ။ ဒီအချိန်လောက်မှာ ကုန်းကျုံး ကျက်ခဲ့ရတာဆိုရင် ၄ နှစ်တောင် ကြာခဲ့ပေါ့။ ဒီနှစ်က ညီ ၂ ဝမ်းခွဲတိတိ တယောက်က ပါ ၁၀ တန်း ဖြေမှာ ဆိုတော့ အားပေးရဦးမှာပဲ။ ၁၀ တန်း ဆိုလို့ သတိ ရတယ် ။ ကျက်ရသမျှ စာတွေ ထဲမှာ အရ ဆုံးကတော့ အင်္ဂလိပ်စာ ပထမ အခန်းပဲ ဗျို့ ။ အားအားရှိ ဒါပဲ ထိုင် ရွတ် နေတာကိုး ။ မှတ် မိသေးတယ် ။ စလုံးကောင်တွေကို ၁ မိနစ်စာလောက် preview ရွတ် ပြလိုက်တာ ဝေါင်း ခနဲ ဝေါင်း ခနဲ နေတာပဲ ( wow ကိုပြောတာပါ ) ကဲ အသက် အောင့် လိုက်ပြီ။ စပြီ။

It is easy to understand the calendar we use today. It was not always so easy. People had to try for thousands of years before they knew how to put together days, weeks, months, and years.

More than 2,000 years ago, scientists in Egypt made a calendar. ( blah blah blah )
ကဲ မပြောဘူးလား မှတ်မိပါတယ် ဆို။ ပြောရတာ ရှက် ဖို့လဲ ကောင်းပါရဲ့  ။ ကိုယ့် ပေါင်ကိုယ် လှန်ထောင်း ရသလိုပါပဲ။ Ouch! ရွှေနိုင်ငံတော် ကြီးဆီက တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာ ဆိုတာကြီးက ကျက် ဖြေကြီးပေါ့။ memory work မှာတော့ ရွှေကျောင်းသားတွေကို လာမယှဉ်နဲ့။ ဒီလို မှ မကျက်ရင်လဲ ကျမှာ ကိုးဗျ။ literature ဖတ် ဖို့ နေနေသာသာ grammar ဆိုတာတောင် ဘာမှန်း သေချာ မသိခဲ့ပါဘူးဗျာ။ ကိုယ့် ကိုယ်ကို လဲ သိပ်ကြီး အထင်တွေ ကြီးနေမှာ စိုးလို့ ပြန် ပြောရတာလဲ ပါသပေါ့။ ငါ ဒီလိုတွေ ကျက်လာခဲ့တဲ့ အင်္ဂလိပ်စာ ကို သင်လာပြီး တော့ ဘာမှ ဆက်မလုပ် ရင် ဘာမှကို တိုးလာမှာ မဟုတ်ဘူး လို့ တွေးမိအောင်လဲ ပါသပေါ့။ ဒါတောင် essay က တိုး သွားသေးတာ .. ကံကောင်းပုံများ ။ essay ဆိုတာ ကြီးကို ကျက် ရတယ်ပြောရင် ခွက်ခွက် လန်အောင် ရီလိုက်ကြမဲ့ စလုံးတွေ ကို တွေး မြင်ပါသေးရဲ့ ။
ဒါပေမဲ့ သူတို့က ပြောသေးသဗျ... မင်းတို့ အင်္ဂလိပ်စာကို ဘယ်တုန်းက သင်ရတာတုန်း တဲ့ ။ ကျွန်တော်တို့ လဲ ၄ နှစ်ဆို အေ .. လှည်းထောက် ဆိုပြီး ဘဘုန်း ဆီမှာ သင်ခဲ့ ကြတာပါပဲ။ ထူးမခြားနား ပါပဲ။
အဲတော့ သူများ နောက် ကောက် မကျရလေအောင် ကြိုးစားလိုက်ကြဦးစို့ ရဲ့  ။

သာဓု ~ သာဓု ~ သာဓု

ဒီထပ်ပို ပြီး calendar ကို မှတ်မိသူများ ရှိကြရင်လဲ comment မှာ ရေးသွားကြပါဦး။

အခုနှစ် ၁၀ တန်း ဖြေကြမဲ့ သူများ အားလုံး ဖြေဆိုနိုင် ကြပါစေ။

အပြည့်အစုံသို့...

Saturday, 11 October 2008

ပေါက်တတ်ကရ စာတမ်းလွှာ


အပျင်းပိုးကျရောက်နေတဲ့ ကျွန်တော်တို့ရဲ့  ဘလော့ကို ပေါက်တက်ကရ လေးနဲ့ စိုစိုပြေပြေ ဖြစ်အောင် ကုစားလိုက်ပုံကတော့ ဒီလိုပါ တဲ့ ဗျာ ......

(ဇာတ်ထဲ အငြိမ့်ထဲက မင်းသမီးခေါ်တာ ကျနေတာပဲ .. ပြောပုံက )

စံတော်ချိန် တီးလုံး တီးစေ ...

မင်းသမီး ထွက်စေ ...

လူရွှင်တော်များ ဇာတ်နောက် ဝင်စေ ...

လိုက်ကာ ပိတ် ၊ ပြန်ဖွင့်စေ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာတမ်းလေးတပုဒ်ရေးဖို့ အရေး ချဲ့ ကား နေတာနဲ့ ပဲ လာဖတ်တဲ့လူတွေလဲ ဖျာပေါ်မှာ ကွေးနေကြပြီ ... အလယ်နားက အဒေါ်ကြီးလဲ မျက်လုံး ပေကလပ် ပေကလပ်နဲ့ ... အိပ်ချင်တာများဗျာ ကိုယ့်အိမ်ကိုယ် ဇိမ်နဲ့ မအိပ်ဘူး .. လူစော်နံ၊ ကလေးသေးစော်နံ .. ပိုက်ဆံလဲ အကုန်ခံပြီးများ ပွဲလာကြည့်ရသလို့ .. အံ့ပ

အော် .. ဒီ ငနဲတော့ လိုရင်းကို မရောက်ဘူး လို့ တော့ အပြောမစော လိုက်ကြပါနဲ့ဗျာ ..
အခုကျုပ်ရေးမယ့် စာတမ်းက အိပ်တဲ့ အကြောင်းမို့ဗျို့  .... နိဒါန်း ပျိုးနေရတာ ပဲ .. ကဲ စလိုက် ကြတာပေါ့ဗျို့  ..

မှတ်ချက် ။ ဒီစာတမ်း ကို သူများအိမ်ရောက်နေရင်၊ သို့ ၊ အလုပ်ထဲမှာ ဖြစ်နေခဲ့ရင် မဖတ်ဖို့ အကြံပြုပါတယ်။

အောက်ပါ အချက်တွေ နဲ့ ကိုက်ညီနေရင် သင်အိပ်ဖို့ အချိန် ပိုလိုအပ်နေပြီ ။ တော်တော် များများ မှန် နေရင် ဆက်မဖတ်နဲ့တော့ ဗျို့  .... တစ်ချိုး တည်းသာ ဝင်အိပ်လိုက် .. အစထဲက ပြောပြီးသားပဲ အလုပ်ထဲမှာ ဖတ် ရင် မသင့်တော်ဘူး လို့လေ..

၁ ။ အတော် ရီစရာမကောင်းသော အရာများကို ပက်ပက်စက်စက် ရီမိနေခြင်း ။
၂ ။ ခေါင်းကို ဆင်နင်းထားသကဲ့ သို့ခံစားရခြင်း ၊ ကိုယ့်ခြေထောက်ကို ကြည့်လျှင်ပင် ကောင်းမွန်စွာ မမြင်ရ ပျောက်ဆုံးနေသည်ဟု ပင် ခံစားရခြင်း။
( ချွင်းချက် . . . အသင်သည် ကိုယ်ဝန်သည် (သို့) ဂါဖီးလ် (သို့) အလား သဏ္ဍာန်တူ ပုဂ္ဂိုလ် ဖြစ်နေပါက
နဂိုမူလအတိုင်း မိမိခြေထောက်ကိုမိမိ မြင်ရလိမ့်မည် မဟုတ်။ ထိုသည်မှာ ပုံမှန်ဖြစ်ပြီး စိုးရိမ်ဖွယ်မရှိ။ )
၃။ မြင်မြင် သမျှ အလှ အပ ချည်း ဖြစ်နေခြင်း ။ (credits to akm )
၎။ မျက်စိ မှိတ်ပြီးလျှင် ပြန်ဖွင့်ရန် အခက်အခဲ ရှိခြင်း။
၅။ မိမိ မြင်ကွင်းနှင့် အနီးအနားတွင် အလင်းမှုံ လိုလို အဖြူ အမှုံလေးများ တွေ့ နေရသလို ခံစားရခြင်း .. ( ရောဂါ ရင့်လျှင် သက်တံ့ ရောင် အစုံအလင် အမှုံများပါ တွေ့ ရနိုင်သည် စိုးရိမ်ဖွယ်မရှိ။)
၆။ အလိုလို နေရင်း ရုပ်ရှင် ဗီဒီယို ဇာတ်လမ်း များ ကြည့်ရသလို plot စုံညီစွာ မြင်ရ ကြားရခြင်း .. တခါ တရံ အသေးစိတ်ကျကျ .. လင်မယား ရန်ဖြစ် သလို အသံ များပါ ကြား နေရခြင်း(ဇာတ်ညွှန်း လက်တမ်းချရေး တဲ့ ဗမာပြည်က ပညာရှင်တွေ ဆိုရင် အသုံးတည့် လိုက်မည့်ဖြစ်ခြင်း။)
၇။ ကိုယ်သွား ချင်ရာတွေ သွားလည်ပြီး လောလော လတ်လတ် ပြန်ရောက်လာ သကဲ့သို့ ခံစားရခြင်း ။ ( တခါတလေများဆို ကမ္ဘာ ပတ်ချင်ပတ်နေလေရော .. ပြန်ရောက်လာမှ ... ' ဪ ' ခနဲ ဖြစ်တာ ..
၈။ ရောဂါ နောက်ဆုံး အဆင့် .. တွေ့ သမျှလူကို ဖနောင့်နှင့်ပေါက်ချင်စိတ်များပင် ပေါက်ပေါက် လာခြင်း ..

ကျုပ်လည်း အိပ်မှ နဲ့ တူရဲ့  ... တော်ကြာ လက်ပတော့ ကြီး ဖနောင့် နဲ့ ပေါက်မိနေမှ အဖေမကယ်နိုင် အမေ မကယ်နိုင် ယက်ကန် ယက်ကန် ဖြစ်နေလရော့မယ် ။

နားစို့ ကလေးတို့ ရေ ... အိပ်ကြတော့။



အပြည့်အစုံသို့...

Sunday, 29 June 2008

ခရီးသွား ငါးယောက်

" အဲဒီ အတိုင်းဘဲ ငြိမ်ငြိမ်နေကြဦး "
" ၉ .... ၈ .... ၇ .... ၆ .... ၅ .... ၄ ..... ငါ မ မှီ တော့ဘူးထင်တယ် ... ၃ ... ၂ .... ၁ ... "
" ဟာ .. သွားပြီကွာ .. သောက်တလွဲ .. ဘေးကို ကြည့်ပါဆိုတာကို "

Tripod မပါ ၊ ရိုက်ပေးမည့်သူ မရှိ ဘဲနှင့် ဓါတ်ပုံ ရိုက်ရတဲ့ ဒုက္ခ ကတော့ ကောင်းကောင်း သိသွားခဲ့ ပြီပေါ့ ။ ၁၀ စက္ကန့် ချိန်ထားပြီး group ရှိရာ ဆီသို့ ပြေးလွှား သွားရသည် တောင် ကောင်းကောင်း မမှီချင်။ pose ပေးမလို့ လုပ်တုန်း ကင်မရာက ရိုက်သွားပြီ .. ကဲ ကောင်းကြပါလေရော ... Prinston နဲ့ ကျွန်တော်က ဘေးကို မကြည့် မိ၊ ဖြီးနေသည့် သွားများကလည်း လွန်ပါကောလား ၊ Mo ကတော့ ဘေးကိုကြည့်တာမှ လွန်ပါရော Prinston နဲ့ များရန်ဖြစ် စကားများထားသည့် နှယ်။ နောက်ဆုံး ထွက်လာသည့် ပုံကျတော့ .....



ကဲ ... group photo ကောင်းကောင်း ကို မရိုက်ရဘူး ... နောက်တပုံတော့ အဆင်ပြေကောင်းရဲ့  ဟု ထပ် ကာ ထပ်ကာ ရိုက် နေလေသည်။ နေကလည်း ဝင်လုပြီ မို့ သုတ်ခြေတင်နေရသည်။ တနေကုန် နေပူရှိန်ကြောင့်လဲ လူတွေက ပြိုင်းပြိုင်း ထနေလေပြီ။

XXX




blog trip သွားမယ်ရယ်လို့ စိတ်ထဲက တွေးလိုက်မိသည်နှင့် တပြိုင်နက် ဖုန်းတွေ ချက်ချင်း ကောက် ဆက်လိုက် မိသည်။ ဒါတောင် မြတ်စုက သူ့  ကျ မခေါ်ပါ ဘဲ ချန်ထားရကောင်းဟု ခုလု ခုလု နှင့် ( ဘာကြီးလဲတော့ သိဘူး .. မြတ်စု စိတ်ဆိုးနဲ့ နော်. . . စတာ )


သွားဖြစ်လိုက်တော့လည်း ကတိုက်ကရိုက်။ စားစရာမုန့် နဲ့ ဖျော်ရည် ကို FairPrice က ကမန်းကတန်း ဝယ်ပြီး သုတ်ခြေတင်လိုက်ရသည်။ ပြီးတော့ ၅ ယောက်ထဲက ၄ ယောက်က ကား မှတ်တိုင်မှာ ဆုံကြ ပြီး တူတူ စီးဖြစ်ကြသည်။ ကား အပေါ်ထပ်က ဝင်ထိုင်ကာ ဝန်ဒါမီယာ ရပ်ကွက်တွေက ဈေးကြီးပေးရသည့် လုံးချင်းတိုက်တွေကို ငေးရင်း နှင့် လိုက်ပါလာကြလေသည်။ ၄ ယောက်တည်းနှင့် စကားက တယောက်တပေါက်.. ကော်ဖီရောင် တိုက်တွေကို ကြိုက်သူကကြိုက် ၊ သွေးမစုပ်တတ်သည့် သွေးစုပ်ဖုတ်ကောင် အကြောင်းစာအုပ်ကို ထိုင်ဖတ်သူကဖတ် ၊ ရေကူးကန်ပါသည့် ၃ထပ်တိုက်ကို ငမ်းသူက ငမ်း ၊ မှတ်တိုင် ကျော်သွား မည်စိုးသဖြင့် ဘေးဘီ ကြည့်သူက ကြည့်နှင့် အတော်ပင် အလုပ်ဖြစ်နေကြလေ သည်။ ဒီလိုနှင့် ရောက်မှန်းမသိ ရောက်သွားလေသည်။

ကားပေါ်က ဆင်းဆင်းချင်း ရင်မောဖွယ်ရာ ကုန်းတက်ကြီးကို စတက်ရလေတော့သည် ။ ဟောဟဲ .. ဟောဟဲ ။ ဓါတ်ပုံတွေ ရိုက်ကြ ပြီးသကာလ မောမော ပန်းပန်းနှင့် ဇရပ်ဆောင်လေး ထဲ ဝင်ထိုင်နား ကြလေသည်။ ၅ ယောက်သား မောသည်နှင့်ဘဲ စကားတွေလဲ ဖောင်မဖွဲ့  နိုင်၊ ဖဲသာ ထိုင်ကြ ဖြစ်ကြတော့သည်။ တိန် ...ကောင်းရော ..


ပါလာသည့် အထုတ်အထည်တွေ ဖြေစားပြီးတော့ ၇နာရီ လဲ ထိုးခါနီးပြီမို့ ခရီးဆက်ဖြစ်ကြသည်။ ဟိုနားဒီနား လှည့်ပတ် ဓါတ်ပုံရိုက်ကြပြီး သကာလ ညမှောင်လာသဖြင့် ပြန်ကြမည်ပြုလေ၏။





" ခြောက်ကပ်ကပ် ပန်းခြံကြီးထဲမှာ ငါတို့ရယ်ခဲ့ကြတယ်။ နှစ်ပေါင်းကြာ ညောင်းတာတောင် Hawpar Villa ကြီး မပျက်မစီးဘဲ ကျန်နေသလို ဒီ အပျော်၊ အရယ် တွေက နောက် ၂ နှစ် ၃ နှစ် ၅ နှစ် ၁၀ နှစ် ကြာသည့်တိုင် မပျက်မယွင်းဘဲ ကျန်ကြွင်းပါစေသား "



စာကြွင်း ။ ။ လွန်ခဲ့တဲ့ ၅ နှစ်က ဒီ ခြောက်ကပ်ကပ် Hawpar Villa ပန်းခြံ ကြီးကို ဝင်ခ ၇ ကျပ်ပေးရသတဲ့ အရပ်ကတို့ ရေ .. အခု အလကား ဝင်ရတော့ ၃၅ ကျပ်သက်သာ သွားလေသတည်း ..... ခရီးသွားမှတ်တမ်းကို အများနည်းတူ ခရီးသွား မှတ်တမ်း ကဲ့သို့ မရေးတတ်သော အကျွန်ုပ် အား သည်းခံတော်မူကြပါ။ မရေးနဲ့ ဆိုတာကို အတင်း ရေးမိတဲ့အတွက် ဘလော့ ဘက်တော်သားများအားလုံး စိတ်မဆိုးကြေး .. :)

အပြည့်အစုံသို့...

အသက်သွင်းခြင်း


နေမင်းရဲ့ ရောင်ခြည်ပာာ
အိပ်ပျော်နေတဲ့ တေးသီငှက်လေးတွေကို အသက်သွင်းတယ်။

တေးသီငှက်လေးတွေရဲ့ ချိုမြိန်တဲ့ တေးသံပာာ
နှိုးစက်သံနဲ့ မထတဲ့ ကျွန်တော့်ကို အသက်သွင်းပြန်တယ်။

ကျွန်တော်ရဲ့ ကာရံ မညီညာတဲ့ ကဗျာတစ်ပုဒ်ပာာ
တိတ်ဆိတ်ငြိမ်သက်နေတဲ့ စိတ်ကူးခြင်းမိုးတိမ်ကို အသက်သွင်းခွင့် ရပါစေ။


အပြည့်အစုံသို့...

Saturday, 28 June 2008

၂၈ ရက် ဇွန်လ ။


၂၈ ရက်နေ့ ဇွန်လ ပိုင်းမှာ ဖြစ်ခဲ့ ၊ ပျက်ခဲ့တာလေးတွေပါ ။

ကမ္ဘာ့သမိုင်းရဲ့ စာမျက်နှာတွေကို ပြန်လည်ရှာဖတ်ရတာလဲ အရသာ တစ်ခုပါ ။ ဘယ်နေ့တွေမှာ ဘာတွေဖြစ်ခဲ့တယ် ဘယ်သူတွေ ဘယ်နေ့မှာ မွေးခဲ့ပြီး ဘယ်သူတွေက ဘယ်နေ့မှာ ကျဆုံးခဲ့တယ် ဆိုတာတွေက သိသင့်တယ်မပာုတ်ပေမယ့် သိခွင့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ကိုယ်နဲ့ မွေးနေ့တူတဲ့ သူတွေထဲမှာ ကိုယ်သိတဲ့သူ ၊ ကိုယ်အထင်ကြီးနေတဲ့သူရဲ့ နာမည်တွေကို သိရရင်လဲ ကိုယ့်ကိုကိုယ်ပဲ အဲဒီလူလို နာမည်ကြီးလာမလိုလိုနဲ့ အလိုလို ယုံကြည်မှုတွေ ရှိလာတတ်တယ် ။ အဲ..ကိုယ်သိတဲ့သူ သေသွားတဲ့နေ့ဆိုရင်တော့ ဆက်မဖတ်ချင်တော့ဘူး ။


အဲလို...အဲလိုပေါ့......
1682 မှာ...
ရှန်ပိန် (Champagne - စာလုံးပေါင်းမှားတယ်ထင်လို့ အင်္ဂလိပ်လို ရေးပေးတာ) ကို Dom Perignon ဆိုတဲ့ သူက တီထွင်ခဲ့ပါတယ်တဲ့ ။

1836 မှာ...
အမေရိကန်ရဲ့ စတုတ္ထမြောက် သမ္မတကြီး James Madison လူ့ပြည်ငြီးလို့ နတ်ရွာကြွသွားပါသတဲ့ ။ (နတ်ရွာ ရောက်မရောက်တော့ ကျွန်တော်လဲ မသိဘူး ။)

1838 မှာ...
Victoria ဘုရင်မကြီးပာာ အင်္ဂလန်နိုင်ငံရဲ့ သရဖူကို အသက် ၁၉ နှစ်နဲ့ ဆောင်းခဲ့ပါတယ်တဲ့ ။

1950 မှာ...
ဒီနှစ်ကတော့ နဲနဲကြမ်းတယ် ...မြောက်ကိုရီးယားရဲ့ စစ်တပ်က တောင်ကိုရီးယားရဲ့ ဆိုး(လ်) မြို့ကို ၀င် ရောက် Capture ပါတယ်တဲ့ ။

1990 မှာ...
ဗြိတိန်မှာပါတဲ့ ... Prince Charles က ပိုလို (Polo) ကစားနေရင်းနဲ့ သူ့ရဲ့ pony လေး (pony ကိုမြန်မာလို ဘယ်လိုခေါ်လဲပာင် ? ကျွန်တော် မြန်မာလို ဘယ်လိုပြောရမယ် မသိလို့ ... ပီား) ပေါ်ကနေ ပြုတ်ကျပြီး ညာဖက်လက် ကျိုးသွား ပါတယ်တဲ့ ။ ( ကမြင်းတာ နဲတောင်နဲသေးတယ် )

2008 မှာ...
ဘလော့(ခ်)ရေးတာ ၀ါသနာပါတဲ့ ကျောင်းသားတစ်ယောက် အချိန်ပိုင်း အလုပ်ခွင်ထဲမှာ အင်တာနက်ခိုးသုံးရင်းနဲ့ ဒီပို့(စ်)ကိုရေးနေပါတယ်တဲ့ ။

Source (မူရင်း) :
ပလေဂျရီဇင် (Plagiarism) ဖြစ်မှာစိုးလို့ Reference ကိုပါထည့်သွင်းဖော်ပြလိုက်ပါတယ် ။ http://www.thehistorychannel.co.uk

အောက်ဆုံးက ၂၀၀၈ ပါမှာ မပာုတ်ဘူးနော် ။ အဲဒါက ကျွန်တော့် Copyright. ဘယ်ကမှ ယူသုံးမထားဘူး။ တကယ်လို့ တစ်ယောက်ယောက်က သုံးချင်ရင်တောင် ကျွန်တော့်တို့ စိတ်ကူးခြင်းမိုးတိမ် ကိုအောက်မှာ ဖော်ပြပေးရမယ်။

အပြည့်အစုံသို့...