Monday, 30 July 2007

သီချင်းလေးနဲ့ အတူ

အားလုံးကို အားနာလာပြီ။ ကျွန်တော်လဲ အခုရက်ပိုင်း အားကိုမအားနိုင်ဘူး။ ဒါပေမဲ့ မအားတဲ့ကြားကနေပြီး ဒီဘလော့မှာဆက်ရေးပေးနေတဲ့ ကိုစတီဗင်ကို ကျေးဇူးပါဗျာ။ လာဖတ်တဲ့သူတွေကိုလဲ အားနာတယ်။ အခုတော့ ဒီသီချင်းလေးကို အရင်နားထောင်ထားလိုက်ဦး... နောက်မှပဲ မအား၊ အားအောင်လုပ်ပြီးတော့ ရေးပေးတော့မယ်။ အများကြီးပေါ့။
ဒီသီချင်းလေးကတော့ ကျွန်တော်အကြိုက်ဆုံးလို့ပြောရင် ရမယ်ထင်တယ်။ ကြယ်တွေစုံတဲ့ညမှာ ကျွန်တော်လွမ်းတဲ့အိမ်ကို ရည်ညွှန်းပြီး ဒီသီချင်းလေးကို တင်လိုက်တာပါ။ (ထူးအိမ်သင်) ရဲ့  သီချင်းပါ။ နားဆင်ရင်း ကျေနပ်ပေးကြပါ။


အပြည့်အစုံသို့...

အလွန်ပြင်းစွာသော အရှိန်အပာုန်ဖြင့်တိုးတက်လာသောမြန်မာ BLOG များ ။

ယခုအခါတွင်...
မြန်မာနိုင်ငံ ကို ဗပာို ပြုကာ မြန်မာ ဘလော့(ဒ်) များ အလွန်ထွန်းကားလာကြောင်း စပ်စပ်စုစု တွေ့ရလေသည် ။ ကျွန်တော်တို့သည် အဘယ်ကြောင့်မသိ ၊ အင်္ဂလိပ် စကားပြောနှင့် ဂရမ်မာ တွေကို သဲကြီးမဲကြီး အချိန်ယူလေ့လာခဲ့ပြီးမှ အင်တာနက် ၏ ဘလော့(ဒ်) များထဲတွင် မိမိ လေ့လာသင်ယူခဲ့သော ပညာ ရပ်များအား အသုံးမချ ပါပဲ ရေသာခို အချောင်လိုက် ကာမိခင်ဘာသာရပ် ကိုသာဆက်လက်ကျင့်သုံး နေသည်ကိုတွေ့ရလေ သည် ။ မြန်မာ ဘလော့(ဒ်) တစ်ခု ဖန်ဆင်းရေး သည် လွယ်ကူလှသည်တော့မပာုတ်ပါချေ ။ အထူးသဖြင့် ဖောင့် ပြသနာ မှာလွန်စွာ ဒုက္ခ ပေးသောအရာဖြစ်လေသည် ။ နောက်ပြီး မြန်မာ လက်ကွက်ကိုလျှင်မြန်စွာ ရိုက်နိုင် ဖို့ရန်လဲ ခက်သေးသည် ။ အရေးကြီးဆုံးမှာတော့ မိမိ၏ ဘလော့(ဒ်) နောက်ခံ ကာလာ ၊ လှပ ရန်နှင့် ဆီပုံး ကြီးကိုအလှဆင်ရေးပင်ဖြစ်လေသည် ။ ယခု စပ်စပ်စုစု ဖြင့်မြန်မာ ဘလော့(ဒ်) များအားလိုက်လံ ရှုပ်ဖွ ခဲ့ရာ ဆီပုံး သည်မြန်မာ ဘလော့(ဒ်) တွင် အသက်ဖြစ်နေသည်ကိုတွေ့ရလေသည် ။
ရှေးယခင် ကာလများ တွင်...
ဝိုင်ဂျီအမ် စကားပြောခန်းများ မှာ အလွန့်အလွန် ခေတ်စား ခဲ့ သော်လည်း ၊ ယခုတွင်မူ ဘလော့(ဒ်) ၏ စိ်မ်ခေါ်မှု ကိုအပြင်းအထန် ခံစားနေရလေပြီ ။ လွန်ခဲ့သော ၅ လ ၊ ၆ လ လောက်က တရုပ်ပြည် သည် ဘလော့(ဒ်) အထူးပေါ်ပြူလာဖြစ်သော နိင်ငံအဖြစ် နာမည်ကြီးခဲ့ သော်လည်း ၊ ယခုအခါ တွင် မြန်မာနိုင်ငံသား တို့၏ အားသွန်ခွန်စိုက် အပတ်တကုတ် ကြိုးပမ်းအားထုတ်မှုဖြင့် နာမည်နာမ မှေးမှိန်သွားကြောင်း သတိထားမိရသည် ။

ထိုကဲ့သို့ ဘလော့(ဒ်) ရေစီးကြောင်း တွင်လိုက်ပါလှော်ခတ်နေသော သူများထဲတွင် ကျွန်တော်တို့ စိတ်ကူးချင်းမိုးတိမ် အောက်မှ ဘလော့(ဒ်)ဂါ များလဲ အပါအ၀င် ဖြစ်ကြောင်း................

အပြည့်အစုံသို့...

Sunday, 29 July 2007

အကျိုးလဲမပေး အဖိုးလဲမသေးတဲ့ ထီး

ထီး ကျွန်တော့် ကို အကျိုးမပေး တာ စလုံး ရောက်ကတည်းကပါ ။ စလုံး ရောက်စက မိုးအရမ်းရွာတာနဲ့ ခေါက်ထီးလေး တစ်ချောင်း ၀ယ်မိတယ် ။ မခိုင်ပါဘူး တစ်ပတ်လောက် ဆောင်းပြီး ကျိုးသွားရော ။ ဆောင်းနေတုန်း ကလဲ မိုးမလုံပါဘူး ။ ဒါနဲ့ ၂ ရက် ၃ ရက်အကြာမှာ နောက်ထပ် ခေါက်ထီး တစ်ချောင်းထပ် ၀ယ်တယ် ။ ပဲာပဲာ...တစ်ခုခုတော့ မှားနေပြီ ၊ နောက် ၃ ပတ်လောက်အကြာမှာ မခိုင်တော့ ပြန်ဘူး ။ တော်တော် စိတ်တိုလာပြီပေါ့ ။ ဒါနဲ့ မိုးလဲ သိပ်မရွာလို့ မ၀ယ်တော့ဘူးဆိုပြီးနေလိုက် တယ် ။ နောက် ၄ လလောက်ကြာတော့တစ်မနက် ကျောင်းမသွားခင် စောစောစီးစီး မိုးရွာရော ။ ထီး မ၀ယ်လို့မရတဲ့ အခြေအနေ ရောက်နေပြီပေါ့ ။ မတက်နိုင်ဘူး ဆိုပြီး အဲဒီ့မနက် ထီးဝယ်ပြီး ကျောင်းကိုဆောင်းသွားတယ် ။ ဒီတခါ ၀ယ်တဲ့ ထီး ကခိုင်သလားမပြောနဲ့ ။ အကြီးကြီး ၊ ခေါက်ထီးမပာုတ်တော့ဘူး ၊ ဂေါက်ကွင်း တွေမှာတောင် ယူသွားပြီးသုံးလို့ရတယ် ။ အခိုင်ဆုံး ထီးကိုရွေးပြီး ဈေးကောင်းကောင်း ပေးဝယ်ထားတာ ။ မိုးဘယ်လောက် ရွာမလဲ တွေ့မယ်ပေါ့ ...အားခဲထားတာ ။ သေပြီဆရာ...လုံးဝိုမိုးမရွာတော့တာပါ ။ အဲဒီ့ အချိန်မှစပြီး ထီးယူတဲ့ နေ့တိုင်းမိုးမရွာတော့ပါဘူး ။ ရွာရင်လဲ ဖွဲဖွဲ လေးပဲ ။ ကျွန်တော့်မှာ အဲဒီ ထီး ကြီးကိုင်ပြီး ကိုးရို့ ကားယား နဲ့ ။ ရထားပေါ်မှာရော ၊ လမ်းပေါ်မှာရော ၊ အတန်းထဲမှာ ရော ထီးကြီးက ကန့်လန့် ကန့်လန့် နဲ့ ။ စိတ်တိုလိုက်တာဗျာ ။ ဒါနဲ့ စိတ်တိုပြီး ထီးကို အိတ်နဲ့ သေချာ ထုပ်ပြီး မိုးဘယ်လောက် ရွာရွာ မသုံးဘူးလို့ ရာဇသံ ထုတ်ပြီး ၂ ပတ်လောက်ပဲကြာပါတယ် အလုပ်သွားခါနီး မသုံး လို့မရအောင် မိုးကရွာပါတော့တယ် ။ ကျွန်တော် သေသေချာချာ စဉ်းစားတယ် ၊ ငါသုံးရမလား ၊ မသုံးရဘူးလား ပေါ့ ..... နောက်တော့ အရှုံးပေး လိုက်ပါပြီ ။ သေသေချာချာ ထုပ်ထားတဲ့ ထီးလေးကို ထုပ်ဆောင်းလိုက်ပါတယ် ။ အရမ်းလဲ ကံကောင်းခဲ့ပါတယ် ... လမ်းတစ်ဝက်မှာ မိုးတိတ်ပြီး အဲဒီ့နေ့ လုံးဝကိုမိုး ထပ်မရွာတော့ပါ ။ အလုပ်ကအပြန်မှာ...ထီးကြီးကို ကိုင်ပြီး တစ်လမ်းလုံး ကိုးလို့ကန့်လန့်နဲ့ ၊ မြန်မာ ပြည်မှာဆိုရင် ကျွန်တော့ ပုံက ဗေဒင် ဆရာနဲ့ တူနေပါတယ် ။ လုံးဝ ကို ဗေဒင် ဆရာနဲ့တူတာပါ ။ ဘေးမှာလဲ လွယ်အိတ် တစ်လုံးက ပါသေးတယ်လေ ။ တော်တော့ကို စိတ်ကုန်နေပြီ....ထီးနဲ့ မိုး ကို တော်တော့ ကို စိတ်ကုန်နေပြီ ။ ပောာ......ယနေ့ လဲ အလုပ်သွားခါနီး မှ မိုးကြီးလေကြီး ကျပြန်ရော...ဒါနဲ့ ထီးကိုဆောင်းပြီး ရထားစီးသွားတယ် ။ ရထားပေါ်ကဆင်းလို့ လှိင်ခေါ်င်း ထဲကအထွက်မှာ နေလုံး ကြီးက လှောင်ပြောင်တဲ့ အပြုံးနဲ့ ဆီးကြီုနေတာကိုတွေ့ ရတယ်ဗျာ ။ ကျေးဇူးပြုပြီး ကျွန်တော့် နေရာ ကနေ စဉ်းစားပေး ကြပါ ။ အကြံညဏ် လဲ ပေးကြပါ ။ အဲဒီ့ ထီးကြီး ကိုလွှင့်ပစ် သင့်လား ၊ မပစ်သင့်လား ဆိုတာကိုပေါ့ ။ နောက်ပြီး ဒီနေ့ ရုံးကအပြန် လမ်းတစ်လျှောက်လုံး ဒီ ထီး ကြီးကိုင်ပြီး ဘယ်မျက်နှာနဲ့ အိမ်ပြန်ရမလဲဆိုတာကိုပေါ့ ။ ... ။

အပြည့်အစုံသို့...

Sunday, 22 July 2007

သူတို့ကို သတိရ တယ် ။




Mouse (ကွန်ပြူတာမှာ သုံးတာပါ ၊ ကြွက်မပာုတ်ပါဘူး) ကလေးတစ်လုံးပာာ ဘာမှ ကြီးကြီးကျယ်ကျယ် မရှိလှပါဘူး ။ ဒါပေမယ့် ကျွန်တော် ပုံမှာ ပြထားတဲ့ Mouse လေးကိုတော့ မြင်မြင်ခြင်းပဲ ခံစားမှုလေး တစ်ခုဝင်လာပါတယ် ။
ဒါကတော့ ........
နောက်ကြောင်းကိုပြန်လှန်ရမယ်ဆိုရင်ပေါ့...
ကျွန်တော် ဆယ်တန်းမှာ တုန်းက Counter Strike Game က ရန်ကုန် မှာခေတ်စားဆုံးပေါ့ ။ ကျွန်တော် အဲဒီဂိန်းကို စစချင်းစဆော့တဲ့အချိန်လဲဖြစ်တယ် ။ အမြဲတန်းဆော့ဖြစ်တဲ့ ဂိန်းဆိုင်က သုံးတဲ့ Mouse တွေက အခုပုံထဲမှာ ပြထားတဲ့ ပုံစံလေးတွေပါပဲ ။ နှိပ်လို့ အရမ်းကောင်းတာပေါ့ ။ အသံလေးတွေကိုက ကလစ် ၊ ကလစ် နဲ့အရမ်းနားထောင်ကောင်းတာပဲ ။ ကလစ် လို့ အသံလေးတစ်ချက် အမြည်မှာ တစ်ဖက်က ရန်သူ သွေးတွေဖွေး ထွက်သွားတာ ပာာအဲဒီဂိန်း ကိုကျွန်တော်ကြိုက် တဲ့အချက်တွေပေါ့ ။ ထားပါတော့..လိုရင်းကိုဆက်မယ် ။
အဲဒီမှာ ကျွန်တော်တက်နေတဲ့ကျူရှင်က ယောင်္ကျား လေးတွေအားလုံးပာာလဲ ဂိန်းသရဲ တွေပါဗျာ ။ အားလုံးပာာ အဲဒီ့ ဂိန်းဆိုင်သွားဖို့ဆိုရင် ကြည့်လိုက်တာနဲ့ တစ်ယောက်အလိုက်ကိုတစ်ယောက် သိတဲ့သူပေါ့ ။ အတန်းမစခင် တစ်နာရီ အလိုနဲ့ အတန်းပြီး တစ်နာရီ အချိန်အတွင်းမှာ ကျွန်တော်တို့အတန်းထဲက ဘယ်သူ့ကိုမဆို အဲဒီ့ ဂိန်းဆိုင်မှာ လာရောက် ရှာနိုင်ပါတယ် ။ အဲဒီလိုမျိုး ကျွန်တော်တို့ပာာ ပျော်ပျော်ပါးပါး နဲ့ ဆော့ကစားကြတာ...ဆယ်တန်းဆိုတဲ့ ကျောင်းတော်ကြီးပြီးလို့တစ်ယောက်တစ်နေရာဆီကွဲတော့မှပဲ ရပ်ဖြစ်တော့တယ်ဆိုပါတော့ ။
ကျွန်တော့ ဘ၀ မှာအဲဒီ့အချိန်ကလောက် ဂိန်းဆော့လို့ ကောင်းတဲ့ရက်တွေပာာဘယ်သောအခါမှ မရှိခဲ့ပါဘူး ။ နောက်ပြီး အဲဒီ တုန်းက သူငယ်ချင်းတွေပာာလဲ အလွန်ကို ခင်မင်ခဲ့တဲ့ သူတွေပေါ့ ။ ခု သူတို့နဲ့ ကွဲခဲ့တာ သုံးနှစ် ကျော်ကျော်လောက်ရှိခဲ့ပါပြီ ။ အဲဒီ Counter Strike ကိုဆက်မကစားဖြစ်တော့တာလဲ ၊ သူငယ်ချင်းတွေ ကွဲခဲ့တဲ့ အချိန်က စလို့ပေါ့ ။ ကျွန်တော် အရမ်းသတိရတာပဲ ၊ သူတို့တွေအားလုံးနဲ့ တစ်ကြိမ်လောက် လူစုံတက်စုံ ပြန်လည်ဆုံတွေ့ပြီး Counter Strike ကိုပြန်လည် ကစား ချင်တယ် ဗျာ ။ တစ်ကြိမ်လောက်ပါပဲ ... အများကြီး မတောင်းဆိုပါဘူး ။

အပြည့်အစုံသို့...

Friday, 20 July 2007

စိတ်ကူးခြင်းမိုးတိမ် အောက်မှာ စိတ်ကူးယဉ်ခွင့် ပြုပါ ။

စိတ်ကူးခြင်းမိုးတိမ်အောက်မှာ ကျွန်တော်စိတ်ကူးယဉ်ကြည့် လိုက်တယ်ဗျာ ... Impossible လို့ခေါ်ရလောက်အောင် ကိုမဖြစ်နိုင်ဘူးလို့ ထင်တာတွေပဲ ရွေးပြီးစိတ်ကူးယဉ် လိုက်တယ် ။
စိတ်ကူးယဉ် တာမို့ လက်တွေ့ ဖြစ်နိုင်ခြေ တွေနဲ့ အရမ်းကွာဝေး နေတာကို တော့စိတ်ထဲခုမသွားကြပါနဲ့ ။

ကျွန်တော် က အာကာသ ကြီးကိုအရမ်း စိတ်ဝင်စား တာခင်ဗျ ။ အဲဒါနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ် ၊ အဲဒါနဲ့ ဆိုင်တဲ့ ရုပ်ရှင်ကြည့်တယ် ။ အဲဒီ့ ပုံတွေရှာ ကြည့်တယ် ။ အိပ် ရင်တောင် အိပ်မက်မက်တယ် ဆိုပါတော့ ။ အရမ်းဖြစ်ချင် တာတစ်ခုတော့ရှိတယ် ---> အာကာသ ထဲကို ထွက်ပြီး ကြယ်တွေ ၊ လတွေ ၊ ဂြိုလ် တွေ နဲ့ စာအုပ်ထဲမှာ ဖတ်ရသမျ ကိုလိုက်လေ့လာချင်တယ် ။ နောက်ပြီး အဲဒီ့ ထဲမှာပဲ လိုက်လေ့လာ ၊ ဓါတ်ပုံ တွေလိုက်ရိုက်ပြီး အာကာသ ရဲ့ နေရာတိုင်းကို ရောက်အောင်သွားချင်တယ် ။ ပီာပီား....(အရူး လို့တော့ ကင်ပွန်း မတပ်လိုက်ပါနဲ့ ဗျာ ။ စိတ်ကူးယဉ် ပါ ဆိုနေမှ ) ။

တစ်ခါတစ်လေ...လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်လိုက်ရတာ အရမ်းအရသာ ရှိတာပဲ ။ ဘယ်သူက ပေါတယ် လို့ပြောပါစေ ။ ဂရုမစိုက်ဘူး ။ စိတ်ကူးယဉ်ပါ ဆိုနေမှ ... ဖြစ်ဖို့ခဲယဉ်း တာပေါ့ ။ ဒါကြောင့် နောက်လဲ ပောာဒီ မိုးတိမ်လေး အောက်မှာ လာလာ ပြီး စိတ်ကူးယဉ် မယ်လို့ ဆုံးဖြတ် ထားတယ် ။

အပြည့်အစုံသို့...

ဘလော့ဒ် ကလေး တိတ်ဆိတ်ငြိမ်သက်နေတာပဲ ။

ဘလော့ဒ် ဂါတွေအိပ်ပျော်နေကြပြီခင်ဗျ ။ တိတ်ဆိတ်နေတာ နည်းနည်းကြာပြီ ။ ပီာပီား... ။
အမှန်တော့ ကျွန်တော်တို့အားလုံးပာာ ကျောင်းတက်နေကြလို့ အချိန်မရတာနဲ့ မရေးဖြစ်ကြတာပါ ။ ကျေးဇူးပြု ပြီး သည်းခံစေချင်ပါတယ် ။ နောက်ပြီး ဘာရေးတင်ရမလဲ ဆိုတာလဲ သိပ်ပြီး ကြံရာမရ တာနဲ့မို့ပါ ။

အပြည့်အစုံသို့...

Wednesday, 18 July 2007

->အိမ်ပြန်ချင်တဲ့သူများရှိကြသလား...

အိမ်ကိုသတိရလွမ်းဆွတ်နေတဲ့သူများ ယခု ယူကျု ကိုမကြည့်ပါနဲ့လို့တားပါရစေ ။ ကျွန်တော် အိမ်ကိုအရမ်းသတိရလွမ်းဆွတ်လို့ ဒီသီချင်းလေးကိုတင်လိုက်တာပါ ။ ကျွန်တော့်ကြောင့်အခြားသူတွေပါ လိုက်ပြီးအိမ်ပြန်ချင်စိတ်ပေါ်မယ်ဆိုရင် စိတ်ကောင်းမှာမပာုတ်ပါဘူးခင်ဗျာ...။

အပြည့်အစုံသို့...

Thursday, 12 July 2007

ငါးကလေးတွေမွေးကြမယ် ။

ငါးမွေး ၀ါသနာ ပါသူတွေထဲမှာ ကျွန်တော်လဲ ပါပါတယ် ။ ငါးလေးတွေကိုသိပ်ချစ်တာဗျ ။ ခု ကျွန်တော် ၀င်ကြည့်မိတဲ့ ရွှေငါးလေးတွေကို အားလုံးနဲ့ဖြန့်ဝေလိုက်ပါတယ် ။























အပြည့်အစုံသို့...

Wednesday, 11 July 2007

ဆရာမပေးသော ဥပမာ

ဆရာမ စာသင်တုန်းကပြောဖူးတဲ့ ဟာသလေးဖြစ်ပါတယ်။
လူနှစ်ယောက် မိုးသည်းထန်စွာရွာသောအချိန်၌် ဖုန်းပြောနေကြစဉ်ဖြစ်သည်။

ပထမတစ်ယောက် က ” Find the Truth, Find The Truth” လို့ပြောတယ်။
အဲဒီအချိန်မှာပဲ ဖုန်းလိုင်းကို မိုးကြိုးပစ်လိုက်ပြီး...
ပြောတဲ့စကားက ”Find the Tooth, Find the Tooth” ဖြစ်သွားရော ။
ကြားရတဲ့လူက ”What?, Find the Tooth? Which tooth?” လို့ မေးတော့။
ပထမလူက စိတ်တိုတိုနဲ့ ” Find the Truth ! Find the Truth !, You're Stupid ” ဆိုပြီးအော်ပြောလိုက်တော့။
ဟိုဘက်လူက” Find the Tooth ! Find the Tooth ! Your Toothpick ” လို့ ပြန်ပြီးကြားလိုက်တယ်တဲ့...

အပြည့်အစုံသို့...

Tuesday, 10 July 2007

အင်ဂျင်နီယာတွေ မရှိသောလောကကြီးမှာ

အင်ဂျင်နီယာများ ကမ္ဘာကြီးလောကကြီးမှာ အရေးပါအရာရောက်ပုံကို Internet ထဲက ရုပ်ပုံများဖြင့်ပြောပြပါရစေ...

စက်မှု့ အင်ဂျင်နီယာမရှိရင်တော့...





လေကြောင်းပညာဆိုင်ရာ အင်ဂျင်နီယာမရှိရင်တော့...





မြို့ ပြအင်ဂျင်နီယာမရှိရင်တော့...





ဆက်သွယ်ရေး နှင့် နည်းပညာဆိုင်ရာ အင်ဂျင်နီယာမရှိရင်တော့...





ကွန်ပြူတာသိပ္ပံဆိုင်ရာ အင်ဂျင်နီယာမရှိရင်တော့...





လျှပ်စစ် အင်ဂျင်နီယာမရှိရင်တော့...

အပြည့်အစုံသို့...