Thursday, 29 November 2007

မပစ် လိုက်ရတဲ့ မြားတို တစ်ချောင်း

ဒီနေ့  တိုက်ပွဲမှာ သူရှုံးနိမ့် ခဲ့တယ်။ သူ့စိတ်ကပဲ ရှုံးနိမ့် တယ်လို့ထင်နေတာလား။ တကယ်ပဲ ကျရှုံးသွားခဲ့တာလား ဆိုတာတော့ သူမဝေခွဲနိုင်ပါ။ လှပတဲ့တိုက်ပွဲ တစ်ခု မဖြစ်ခဲ့သည်ကတော့ သေချာသည်။
သူ အကြည့်ခံခဲ့ရသော မျက်လုံး များစွာ၏ အနက် အဓိပ္ပါယ် ကိုလဲ မဖွင့်ဆိုတတ် ။ ဖွင့်ဆိုဖို့ လဲ သူ့မှာ အားအင်မရှိ။ အခြားတိုက်ပွဲ ဝင်သူရဲကောင်းများ၏ အော်ဟစ် ညီးတွားသံများ၊ မျက်ရေများ၊ နှင့် နှလုံးသွေးများ သွန်ကျနေသော ထို နေရာမှ သူလှည့်ပြန်လာခဲ့သည်။

စစ်ကူမဲ့၊ ရိက္ခာမဲ့ ကာ လက်နှက်ချင်း မညီမျှသော ထိုတိုက်ပွဲသည် ကျခဲ့သော သူ့မျက်ရည် စက်များနှင့် မတန်။ သို့သော် သူ၏ရင်တွင်းမှ အကူအညီ တောင်းသံများကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ပူလောင် ဆူပွက်နေသော နှလုံးသွေးများကို ငြိမ်းသတ် ပေးနိုင်မည့် ရေတစ်ပေါက်တော့ သူ လိုအပ်နေသည်။
သွေးစိမ်းရှင်ရှင် ထွက်နေသော သူ့ ဒဏ်ရာ က ရင်ထဲက ဆူပွက်နေသော နှလုံးသွေး နှင့်တော့ မနှိုင်းအပ်။ သူငို ကြွေး တေင်းခံနေပါသော်လည်း တခါ ပြန်ရနိုင်တော့မည် မဟုတ်သော် ထိုတိုက်ပွဲတစ်ခု အတွက် သူ မမှုတော့ပါ ဟု သူ့ ကိုယ်သူ သတိပေးနေရသည်။ “နောက်ထပ်အခွင့်အရေးတစ်ခု” ဆိုသော စကားကို သူ မချင့်မရဲ ပြောကြည့်သည်။ သူ့ ပါးစပ်ကတော့ စကားလုံးတစ်လုံး တစ်လေမှ ထွက်မလာခဲ့ပေ။ သူလဲ အခွင့် အရေး နောက် တစ်ကြိမ် ရသင့်သည် မဟုတ်ပါလား ။ ရချင်သည် ဟုပြောလျှင် ပိုမှန်လိမ့်မည်။
သူရဲကောင်းတွေ ရဲ့ အသွေးအသားတွေ ဖြန့် ခင်းထားတဲ့ ဒီတိုက်ပွဲ ကို နောက်တစ်ခါ လာခွင့်၊ ဆင်နွှဲ ခွင့် ရခဲ့လျှင် ကော? အပြောင်းအလဲ တစ်ခုခုတော့ ဖြစ်လာမှာမလွဲပင်။ ရိက္ခာအပြည့် လက်နှက်အပြည့် နှင့် တစ်ဖန် ဆင်နွှဲ နိုင်လိမ့် မည်ဟု မျှော်လင့်ရုံ မှ တပါး အခြား မရှိတော့ ပါ။

အပြည့်အစုံသို့...

Sunday, 14 October 2007

အိန်ဂျယ် တယော ( နတ်သမီး Violin )

ထူးအယ်လ်လင်း ရဲ့ အိန်ဂျယ်တယော သီချင်းပါ ။ ဘာလို့ အိန်ဂျယ်တယော လို့ခေါ်လဲ တော့မသိဘူးဗျ ။ အမှန်ဆိုရင် နတ်သမီးတယော လို့ခေါ်ရမှာပေါ့ - မြန်မာလို စစ်စစ်မှန်မှန် လေးလေ ။ အင်္ဂလိပ်လို ထည့်ချင်ရင်လဲ Angel Violin လို့ခေါ်ပေါ့ဗျာ ။ ကျွန်တော်ကတော့ အခေါ်အသစ် ထွင်လိုက်တယ် - ဘာတဲ့ နတ်သမီး Violin ပါ ။ နည်းနည်းအရစ်ရှည် လိုက်တာပါ ။ ဘယ်လိုပဲ ခေါ်ခေါ်ပါ နားထောင် လို့ကောင်းတာတော့ အမှန်ပဲ ။ အောက်မှာ မျှဝေလိုက်ပါတယ် ။ နားသောသဆင် ပေးပါခင်ဗျာ ... ။


အပြည့်အစုံသို့...

Sunday, 7 October 2007

နဂါးနီ

သန်းမြတ်စိုးရဲ့ နဂါးနီ သီချင်းပါ ။
ကျွန်တော်တော့ အရမ်းကိုကြိုက်ပါတယ် ။
အရမ်းကိုကြိုက်လို့ မပေးတဲ့ကြားထဲကနေ
လိုတရဆီက မရရအောင် လုယူထားတာခင်ဗျ ။
တော်တော်ခက်ခက်ခဲခဲ လုခဲ့ရတယ် ။ အမ်ပီသရီး နဲ့လိုချင်ပေမယ့် မရတာနဲ့ ဒီအတိုင်းပဲ ပြန်တင်ပေးလိုက်မယ်ဗျာ ။ စိတ်တော့မရှိပါနဲ့ ။ Real Player နဲ့ပဲနားထောင်လို့ရတယ် ။
ကြိုက်ရင်ဒေါင်းလုဒ်ယူနိုင်ပါတယ် ။ အောက်မှာပေးထားတဲ့ လင့်ကိုသာ နှိပ်လိုက်ပါ ။

http://www.Lotaya.com/collections/Male/Than Myat Soe/Na Ga Ni/03Na Garr Ni.rm

အပြည့်အစုံသို့...

Monday, 1 October 2007

အတွေး နဲ့ရေးတဲ့ ကဗျာအစအန

ကျွန်တော် တွေးတယ် ၊ အတွေးတွေ စုလာတော့ အကြံညဏ် လေးရလာတယ် ။
ရတဲ့ အခွင့်အရေးလေးကို အလျှင်အမြန် အသုံးချလိုက်တယ် ။
ကဗျာ ဆိုပေမယ့် ၊ အတွေးတွေစုထားတဲ့ အတွေးစု လေးလို့ဆိုရင်ပိုမှန်မှာပါ ။
နေထိုင်ရတဲ့ ဘ၀မှာငြီးငွေ့ လာတာနဲ့ ဖြစ်ပေါ်လာတဲ့ အတွေးလေးတွေပါ ။


တစ်ခါတစ်ရံ
လူ့လောကနဲ့ ဝေးကွာရာ
ီကမ္ဘာ့စွန်း တစ်နေရာဆီသို့
ထွက်ပြေးကာ ရှောင်ပြေးချင်ပါရဲ့

တစ်ဦးတည်းပေမို့
ဘယ်လိုပဲနေနေပါ
လောကကြီးပာာ တိတ်ဆိတ်နေမှာပါ ။

..........။.....။..........


နေ့စဉ်နေ့တိုင်း
ရယ်ကာမောကာ
သွားသွားလာလာ
အနှစ်နှစ် ၊ အလလ
ကုန်ဆုံးကာ ၊ ကြာမြင့်လာခဲ့

အသိဝင် လို့
သတိ ပြုမိချိန်မှာ
ကျွန်တော် ၁၉ နှစ်ကျော်ပြီတဲ့

ဘယ်ဆီ ၊ ဘယ်ဝယ် လဲကွယ်
ရှင်သန်နေထိုင် ရခြင်းရဲ့ အနှစ်သာရ ရယ် ။

အပြည့်အစုံသို့...

Sunday, 30 September 2007

ငယ်ငယ်တုန်းကအတွေ့အကြုံတွေ









ကျွန်တော် ငယ်ငယ်တုန်းကရှိခဲ့တဲ့ အတွေ့အကြုံလေးတွေပါ ။ မျှဝေ ချင်လို့ပါ ။

အပြည့်အစုံသို့...

Saturday, 29 September 2007

နံနက် မိုးသောက် ချိန်ရောက်ပြီ--အလင်းရောင် ထွက်ပါတော့

ကျွန်တော်တို့ ရဲ့ဖြတ်သန်းနေတဲ့ ညတာပာာ လွန်စွာကြာမြင့်နေပါပြီ .....။
တစ်ခါတစ်ရံ လရောင်ဖျော့ဖျော့ လေးကိုလှမ်းမြင်ခွင့်ရပေမယ့် ၊ တိမ်မည်းမည်း ကြီးတွေဖုံးလွှမ်းမှုကိုခံရပြန်ပါတယ် ။ မှောင်မည်း နေတဲ့ အချိန်ေ၀၀ါးစွာလျောက်လှမ်း နေရချိန်မှာ မိုးသည်းထန်မှု တွေ လေပြင်းကျမှုတွေကိုလည်း ခံရပြန်ပါတယ် ။ တခါတရံ မှာကြယ်လေး တစ်ပွင့်နှစ်ပွင့်ရဲ့ တောက်ပမှုကို လှမ်းမြင်ခွင့်ရလို့ စိတ်ကြည်လင်မိပေမယ့် ကြာရှည်မခံပါဘူး ။ အမှောင်ထဲမှာ ညဉ့်ငှက်ရဲ့ စူးစူးဝါးဝါးအောင်သံ တွေပာာလဲစိတ်ခြောက်ခြား စရာပါ ။ အလင်းရောင် ရှိတယ်လို့ထင်ရတဲ့နေရာတွေဆီကို စိတ်မှန်းနဲ့လျောက်လှမ်းရင်း ချောက်ကမ်းပါးတွေထဲ ကျသွားသူတွေလဲ မနည်းတော့ပါဘူး ။ အချိန်တွေရဲ့တိုက်စားမှုနဲ့ ယခု ဆိုမိုးသောက်ချိန်ရောက်နေပါပြီ ။ အလင်းရောင် လဲထွက်သင့်နေပါပြီ ။ ဒါပေမယ့် မျော်လင့် ထားတဲ့ အလင်းရောင် ပာာ အစက်အပြောက် အနေနဲ့တောင် မထွက်သေးပါဘူး ။ တိမ်မည်းမည်းတွေပာာ ဘယ်လောက်ပဲ စွမ်းအားကြီးကြီးပါ တစ်ချိန်မှာ နေမင်း အတွက်နေရာ ဖယ်ပေးရမှာပါ ။

နေမင်းရယ် လျင်မြန်စွာ ထွက်လာပါ - အမှောင်ထဲမှာ လမ်းပျောက်နေတဲ့ ကျွန်တော်တို့ ကို အသင့်ရဲ့ အလင်းနဲ့ လမ်းညွှန်ပါလော့ ။ ကျွန်ုပ် တို့အား အားအင်တွေဖြည့်ဆည်း ပေးပါလော့ ။


အပြည့်အစုံသို့...

Tuesday, 25 September 2007

သားအဖ နှစ်ဦး၏ ကယ်တင်ခြင်းကိုခံရသူ

တိုက်ဆိုင်မှုကြောင့်ပေလော....။
သို့တည်းမပာုတ် ၊ ထိုသူ၏ ဘုန်းကံကြောင့်ပေလော.....။

Scotland နိုင်ငံသား Fleming ပာုခေါ်ဆိုသူ လယ်သမားတစ်ယောက်ပာာ သူ၏ မိသားစု စားဝတ်နေရေး အတွက် ပင်ပန်းဆင်းရဲစွာ လုပ်ငန်းခွင်ဝင်နေစဉ် အနီးအနား ခြုံပုတ် တစ်နေရာမှ အော်ပာစ် အကူအညီတောင်းနေသည့်ကလေးငယ်တစ်ဦး၏ အသံကိုကြားလိုက်ရသည် ။ သို့နှင့် သူ လုပ်နေသည့်အလုပ်ကိုခေတ္တရပ်နားကာ အသံကြားရာနေရာဆီသို့အပြေးအလွှားသွားမိသည် ။ မြင်ရသည့်မြင်ကွင်းက သနားစရာ - ကလေးငယ်တစ်ဦး နွံထဲတွင် ခါးတစ်ပိုင်းလောက်အထိ နစ်မြုပ်ကာ ကြောက်အားလန့်အားဖြင့် အကူအညီတောင်းခံနေခြင်းပင် ။ ထိုစဉ်ခဏတွင် သူဘာကိုမှ အာရုံမထားနိုင်တော့ ၊ သူ့အလုပ်ကိုလည်းမေ့သွားသည် ။ သူ့အသိစိတ်တွင် ကြီးစိုးနေသည်က ဒီကလေးကို ကယ်တင်ရမည်ပာု ။ လယ်သမားကြီး Fleming သည်ထိုသနားစရာကောင်းသော ၊ ကြောက်စိတ်ဖြင့်တုန်ရင်နေသော ကလေးငယ်ကို ခက်ခဲစွာ ကယ်တင်နိုင်ခဲ့သည် ။ ထိုကလေးငယ်အား ကယ်ဆယ်ရေးအတွက် သူ့အလုပ်တွင် နှောင့်နှေးကြန့်ကြာသွားခဲ့ရသော်လည်း စိတ်ထဲတွင်မည်သို့မျှမခံစားခဲ့ရပေ ။

သို့သော်....။ နောက်တစ်နေ့ မနက်မိုးသောက်၍ လုပ်ငန်းခွင်စောစောဝင်ရန် အိမ်အပြင်သို့ထွက်ရာတွင် လွန်စွာများပြားလှသော လက်ဆောင်ပဏ္ဏများကို ရုတ်တရက်တွေ့လိုက်ရသည် ။ ထို့နောက် အ၀တ်အစားကိုသေသပ်စွာဝတ်စားဆင်ရင်ထားသော ဂုဏ်သရေရှိ လူကြီးတစ်ဦးသည် သူ့ထံလျှောက်လှမ်းလာကာ " အသင် ကျွန်ုပ် သားလေး၏အသက်ကို ကယ်ဆယ်ခဲ့သည့်အတွက် ကျေးဇူးဆပ်ရန် လာခြင်းဖြစ်ပါသည် ။ ဤလက်ဆောင်များကိုလက်ခံပေးစေလိုပါသည် " ပာု ယဉ်ကျေးပြူငှာစွာ စကားဆိုလေသည် ။ ထိုအခါ Fleming မှ တဖန် " အိုမပာုတ်တာ ... ကျွန်တော် ခင်ဗျားသားကိုကယ်ဆယ်တုန်းမှာ ဘာတုန့်ပြန်မှုကိုမှ မမျှော်လင့်ခဲ့ပါဘူး " ပာုငြင်းဆိုခဲ့လေသည် ။ ထိုသို့ သူတို့နှစ်ဦး အပြန်အလှန် ပြောဆိုနေသည်ကို လယ်သမား၏ သားသည်အိမ်အတွင်းမှ ခြောင်းမြောင်းကြည့်ရှုနေလေရာ ၊ ကလေးငယ် ကိုတွေ့ရှိသွားသော လူကြီးသည် Fleming အား " အသင် ရဲ့ သား ပာုတ်ပါသလား " ပာုမေးမြန်းသဖြင့် ၊ Fleming မှ မိမိ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးလေသည် ။ ထိုအခါ Fleming အား လက်ဆောင်ပဏ္ဏများ လက်မခံ ပါက အသင့်ရဲ့သားအား ကျွန်ုပ် ကျောင်းထားပေးပါရစေ ၊ အကယ်၍ သင့်သားသည် သင်ကဲ့သို့ ရိုးသားကြိုးစားသူ ဖြစ်ပါက နောင်တချိန်တွင် သင့်အားဂုဏ်ကျက်သရေ တိုးတက်စေမည့်သူတစ်ဦးဖြစ်ပေလိမ့်မည် ပာု ခွင့်တောင်းခံ ပြီးလျှင် ထို ကလေးငယ် ၏ ပညာရေးအားသူဖြည့်ဆည်းပေးလေသည် ။

ထိုသို့ဖြင့် လယ်သမားကြီး Fleming ၏ သားသည် လန်ဒန် မြို့ရှိ St. Mary's Hospital အမည်ရှိ ဆေးကျောင်းကြီးတွင်ဘွဲ့ရပြီး ၊ ပင်နီဆလင် ဆေးဝါးကိုရှာဖွေတွေ့ရှိသူ Sir Alexander Fleming ပာူ၍ ကမ္ဘာပေါ်တွင်ထင်ရှားသူတစ်ဦးဖြစ်လာသည် ။ သို့သော် တစ်ချိန်က သူ၏ဖခင်နွံထဲမှ ကယ်ဆယ်ခဲ့သည့်ကလေးငယ်သည် ယခုတဖန် နျူမိုးနီယားရောဂါ ကိုခံစားနေရသဖြင့် Sir Alexander Fleming ၏ ပင်နီဆလင် ဖြင့်ကုသပေးခဲ့ရပြန်လေသည် ။

ထိုသို့ လယ်သမားကြီး Fleming နှင့် Sir Alexander Fleming တို့သားအဖ နှစ်ဦးလုံး၏ ကယ်ဆယ်ခြင်း ခံရသူသည် Lord Randolph Churchill ၏ သား ဖြစ်သူ ၊ ဗြိတိန် နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် အမည်ထင်ရှားသူ Sir Winston Churchill ပင်ဖြစ်ပါသည် ။

အပြည့်အစုံသို့...

Monday, 24 September 2007

ရှောင်လင်ကျောင်းသားကလေး


ကျွန်တော် ဒီရှောင်လင်ကျောင်းသားကလေး ရုပ်ရှင်ကိုပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ကြည့်ခဲ့ရတယ်ခင်ဗျ ။ တော်တော်ကောင်းတာပါ ။ ကလေးလေးတွေက အရမ်းချစ်စရာကောင်းတယ် ။ နောက်ပြီး သရုပ်ဆောင်ပုံ တွေကလည်း အသက်ဝင်တယ် ။ အဲဒီတုန်းကတော့ ဘာရယ်မပာုတ်ပါဘူး ကလေးကားဆိုပြီး ကြည့်လိုက်တာ ၊ ဘယ်ပာုတ်မလဲဗျာ ... တကယ်ကိုရယ်စရာကောင်းတာပါ ။ ဇတ်လမ်း နာမည်က shaolin Popey 2 လို့ခေါ်တယ် ။ shaolin Popey 1 လဲရှိတယ် ။ ဒါပေမယ့် အဲဒီတစ်ခုကသိပ်မကောင်းဘူး ... ရယ်တော့ရယ်ရတယ် ၊ ဒါပေမယ့် ကျွန်တော်က ဒုတိယ ပိုင်းကိုကြည့်ပြီးမှ ပထမ ကိုပြန်ကြည့်တာဆိုတော့ ပထမ ပာာကသိပ်အသက်မ၀င် သလို ဖြစ်သွားတယ် ။ ကလေး လေးတွေကိုအရမ်းချစ်တတ်ပြီး Comedy တွေကိုကြိုက်နှစ်သက်သူများကိုကြည့်ဖို့ တိုက်တွန်းပါတယ် ခင်ဗျာ ။ ကြည့်ရမယ့်နေရာ ပါ ပေးလိုက်မယ်ဗျာ ။ ကြည့်စေချင်လွန်းလို့ပါ ။

ဝင်ရမယ့် ၀က်ဆိုက် က www.crunchyroll.com ပါ ။

အပြည့်အစုံသို့...

MP3 Player တစ်ခုဖန်တီး တည်ဆောက်ခြင်း

လွန်စွာလွယ်ကူပြီး Loading လည်းမကြာတဲ့ MP3 Player လေးလုပ်လိုက်ကြရအောင်.....
ကျွန်တော် ဒီပလေယာ လေးကို Recommend ပေးပါတယ်။သူကရိုးရှင်းပြီး ဒီဇိုင်းလေးကလည်းသပ်ရပ်တယ်။
Demo ပုံလေးကတော့ ဒီမှာပါ ။

သူ့ကိုလုပ်ဖို့ အဆင့်လေးတွေသိပ်မရှိပါဘူး ။ လွယ်လဲလွယ်ကူပါတယ် ။ ကဲ စကြရအောင်.....
ပထမ ဦးစွာပောာဒီလင့်ကိုသွားပါ ။ http://www.its.ex.ac.uk/latis/resources/flashplayers/mp3player.php ။ ဒီလို စာမျက်နှာအသစ်လေးကိုတွေ့ရပါမယ် ။


အဲဒီ့မှာ သင့်ရဲ့ MP3 URL လင့်ကို Select ပြထားတဲ့နေရာမှာ အစားသွင်းရမှာပါ ။ MP3 URL မရှိသူများ ပာာ File Hosting တစ်ခုခုမှာ သွားရောက် Upload လုပ်ထားရမှာဖြစ်တယ် ။ အဲဒီလို လင့်ကိုအစားသွင်းပြီးတာနဲ့ မိမိစိတ်ကြိုက် နောက်ခံအရောင်တွေ ကိုပြောင်းပြီးပြီဆိုရင် Generate Code ဆိုတဲ့ buttom လေးကို နှိပ်လိုက်ပါ ။ အောက်မှာတွေ့ရတဲ့အတိုင်း Codes တွေနဲ့ Player ပုံစံလေးပေါ်လာပါလိမ့်မယ် ။


အဲဒီမှာ Select လုပ်ပြထားတဲ့ Codes တွေအားလုံးကို Copy ယူပြီးမိမိရဲ့စိတ်ကြိုက် ထားချင်တဲ့နေရာမှာ Paste လုပ်ရမှာဖြစ်တယ် ။ တကယ်လို့ မိမိရဲ့ Blog ပို့(စ်)တွေထဲမှာထဲ့လိုတယ်ဆိုရင် Edit Html ဆိုတဲ့နေရာ ကနေ၀င်ထည့်ရမှာပါ ။ Sidebar မှာထားချင်ရင်တော့ Page Element အသစ်တစ်ခုခေါ်ပြီး Codes တွေကို Paste လုပ်ထည့်ရမှာဖြစ်တယ် ။
ဒါပေမယ့် Codes ထည့်သွင်းတဲ့အပိုင်းပာာမပြီးသေးပါဘူး ။ နောက်ဆုံးအဆင့်တစ်ခုကျန်ပါသေးတယ် ။ ကျွန်တော် အောက်မှာ ပြထားတဲ့ ပုံထဲမှာ လေးထောင့်ဘောင်ခတ်ထားတဲ့ စာကြောင်းလေးကို Right Click လုပ်ပြီး Copy Shortcut ကိုနှိပ်ပါ (အနီရောင်နဲ့ ၀ိုင်းပြထားပါတယ် ) ။



Copy Shortcut ကိုနှိပ်ပြီးပြီဆိုရင် အောက်မှာပြထားတဲ့ ပုံကို ထပ်ကြည့်လိုက်ပါအုံး ။ ကျွန်တော် Highlight လုပ်ထားတဲ့နေရာလေး နှစ်နေရာကိုတွေ့ရပါလိမ့်မယ် ။ အဲဒီ့ Highlight လုပ်ထားတဲ့စာတွေကို Select လုပ်ပြီး Paste လုပ်ပါ ။ နှစ်နေရာ လုံးကိုလုပ်ရမှာပါ ။ အဲဒီ့ နေရာ နှစ်ခု မှာ ယခင် mp3player.swf အစား http://www.its.ex.ac.uk/....../mp3player.swf ဆိုတာလေးဖြစ်နေရပါမယ် ။ အဲဒီ့လင့်လေးကိုအစားထိုးဖို့ အလွန်အရေးကြီးပါတယ် ။ ဒါမှ Player ကကောင်းကောင်းအလုပ်လုပ်မှာပါ ။ အမှန်ဆိုရင် ကျွန်တော်တို့က ဒေါင်းလုဒ် လုပ်ပြီး File Hosting တစ်ခုခုမှာတင် ပြီးရင် ကိုယ်တင်ထားတဲ့ လင့်နဲ့ပြန်အစားထိုးရမှာပါ ။ ဒါပေမယ့် ဒါပာာအရမ်းအလုပ်ရှုပ်တဲ့အတွက် Server ရဲ့ လင့်ကို အဆင်သင့်ယူသုံးထားတာပါ ။ စိတ်ရှည်လက်ရှည် စမ်းချင်သူများအနေဖြင့် စမ်းသပ်နိုင်ပါတယ် ။ အဲဒါအားလုံးပြီးသွားရင်တော့ မိမိအရမ်းလိုချင်တောင်းတနေတဲ့ MP3 Player လေးပာာ ဖွင့်နားထောင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုရမှာပါ ။


အစမ်း နားထောင်ချင်သူများ ပာာ ဒီနေရာကို Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်

အပြည့်အစုံသို့...

ဆုရ မျိုးကောင်း ပြောင်း


နဘရာစကာ (Nebraska) ပြည်နယ်ရှိ လယ်သမားတစ်ဦးစိုက်ပျိုးတဲ့ ပြောင်းဖူးတွေဟာ အကောင်းဆုံးဆု နှစ်စဉ်ရလေ့ရှိတယ်။ နှစ်တိုင်း ပြိုင်ပွဲ ဝင်လိုက်တယ်ဆိုရင်ပဲ အပြာရောင် ဖဲကြိုးဆုက သူ့ အတွက် မလွဲ ဆိုသလိုပါပဲ….
ယခုနှစ်တော့ သတင်းစာတိုက်တွေကပါ သိပြီးကျော်ကြားသွားတယ်။ သတင်းထောက် တစ်ဦးဟာလဲ အင်တာဗျူးမေးဖို့ ဖိတ်ခေါ်လာတယ်။ ဘယ်နည်းဘယ်ပုံ ဆုရနေတယ်ဆိုတာ လေ့လာဖို့ တဲ့လေ။ နောက်တော့ သတင်းထောက်သိရှိသွားတာက ထိုလယ်သမားဟာ အခြားသော လယ်နီးနားချင်းများနှင့် သူ့ ရဲ့ ဆုရ ပြောင်းမျိုးစေ့များ ကိုဝေမျှသုံးစွဲသည် ဆိုသည့်အချက်ပဲဖြစ်တယ်။
အဲဒီတော့ သတင်းထောက်က မေးလိုက်တယ်။ “ ခင်ဗျားနဲ့တူတူ ပြိုင်ပွဲဝင်နေတဲ့ သူတွေကို ဘာလို့ အကောင်းဆုံးမျိုးစေ့တွေ မျှပေးရတာလဲ။ ”
“ခင်ဗျား မသိသေးဘူးနဲ့တူပါရဲ့ ” လယ်သမားကပြန်ဖြေတယ်။ “ တကယ်လို့  လယ်နီးချင်းတွေသာ မျိုးကောင်းတဲ့ ပြောင်းကို မစိုက်ရင် ဝတ်မှုံကူးနည်းက ကျွန်တော့်ပြောင်းဖူးတွေရဲ့ အရည်အသွေးကို နိမ့်ကျ သွားစေမှာပေါ့။ ” လယ်သမားက ဆက်လက်ရှင်းပြတယ်။ “ ကျွန်တော် မျိုးကောင်းစိုက်ချင်ရင် တခြားသူတွေကိုပါ မျိုးကောင်းစိုက်ဖို့ ကူညီပေးရမှာပေါ့”
လယ်သမားဟာ ဘဝမှာ အချင်းချင်း ပတ်သက် ဆက်နွှယ်နေမှုကို သတိထားမိသည်။ ဘေးက လယ်တွေရဲ့ ပြောင်းတွေသာ မတိုးတက်ရင် သူ့ ရဲ့ ပြောင်းတွေလဲ တိုးတက်မှာ မဟုတ်ဘူး။
ဒီ ဥပမာလေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ တွေကိုလဲ အကျိုးပြုနိုင်မှာပါ။
ကိုယ် ငြိမ်းချမ်းမှုကို လိုချင်ရင် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် ကူညီရမယ်။
ကိုယ် စိတ်အေးချမ်းကောင်းမွန်စွာနေထိုင်ချင်သူများဟာ အခြားသူများကို လဲကောင်းမွန်စွာနေနိုင် အောင် ကူညီကြရမယ်။
ကိုယ် ပျော်ရွှင်ချင်ရင် သူတပါး ပျော်ရွှင်အောင် ကူညီကြရမယ်။
ဒီပုံပြင် ရဲ့သင်္ခန်းစာကတော့ “ ပြောင်းကောင်းကောင်း စိုက်ချင်ရင် လယ်နီးချင်းတွေကိုပါ ပြောင်းကောင်းစိုက်နိုင်အောင် ကူညီလိုက်ပါ။

အပြည့်အစုံသို့...