Thursday, 20 September 2007

စတင်မိတ်ဆက်ခြင်းပေါ့နော်

အားလုံးပဲ မဂ်လာပါ..ဒီစိတ်ကူးခြင်းမိုးတိမ်ဆိုတဲ့ဘလော့ခ်မှာ ဘလော်ဂါတစ်ယောက်တိုးလာပါပြီ..မြတ်စုပါ..အက်မင်က invite လုပ်ပြီး ကျွန်မက accept လုပ်ထားတာလဲ နဲနဲတောင်ကြာသွားပါပြီ။ ဒီလိုပဲရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဖြစ်နေတာ။ အစပျိုးဖို့ပဲခက်ပါတယ်ဆိုတဲ့ စကားလေးက ကျွန်မအတွက်မှန်သွားရင်တော့ ကောင်းမယ်ရှင့်.. ဒါမှ ဒီဘလော့ခ်မှာ နောက်ထပ် များများရေးဖြစ်မှာ။ များများရေးဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ မျက်စိနောက်စရာ နောက်တစ်ယောက်ထပ်တိုးလာပြန်ပြီလို့.. အားလုံးကမသတ်မှတ်ဘူးဆိုရင် ကျေးဇူးအများကြီးတင်မိမှာပါရှင်.. :)

အပြည့်အစုံသို့...

သြော်...ပြောရအုံးမယ်

  • သြော်...ပြောရအုံးမယ်

  • ကျွန်တော် နဂါးလေး ကိုမနေ့ညက တော်တော်လေးဖတ်ပြီးသွားပြီ ။ လာမယ့် နှစ်ရက်သုံးရက်အတွင်းဆက်ရေးနိုင်တော့မှာပါ ။

  • သြော်...ပြောရအုံးမယ်

  • မနေ့ကကျွန်တော် ဒီဘလော့(ခ်)လေးကို ပို့(စ်)တစ်ခုနဲ့အမည်းရောင်ဆိုးမိတော့မလို့ဗျ ။ ကံကောင်းတယ် တူနှယ်ချင်းကြီး အချိန်မှီတားလို့တာပေါ့ ... မပာုတ်ရင်မလွယ်ဘူး ။

  • သြော်...ပြောရအုံးမယ်

  • ခုတလော အလုပ်လုပ်ရတာကိုပြင်းလာပြီဗျာ...ဘာလုပ်သင့်သလဲ အကြံညဏ်လေးပေးကြပါအုံး ။

  • သြော်...ပြောရအုံးမယ်

  • အခုတလော မိုက်ကယ်ဂျက်ဆင် ရဲ့ Heal The World သီချင်းကို ကြိုက်သွားပြန်ပြီဗျာ ။ အဲဒီတစ်ပုဒ်ထဲကို Nonstop နားထောင်တာ ၂ ရက်ရှိသွားပြီ ။

  • သြော်...ပြောရအုံးမယ်

  • ကျွန်တော် ခုတလော ရှေ့ဆက်ဘာလုပ် ရမလဲဆိုတဲ့ မေးခွန်းကြောင့်ခေါင်းတွေ ကိုက်နေတယ် ။ ရုတ်တရက်ကြီး လမ်းပျောက်သွားသလို ခံစားနေရတယ် ။

  • သြော်...ပြောရအုံးမယ်

  • ကျွန်တော် အမေ့ရဲ့ ဘဲဥပေါင်းပာင်း လေးကိုအရမ်းလွမ်းတာပဲ ။ ခုတလော ဘယ်ပာင်းမှစားလို့မမြိန်ဘူးဗျာ ။ ဘဲဥပေါင်းပာင်း လေးပဲစားချင်နေတယ် ။

  • သြော်...ပြောရအုံးမယ်

  • ကျွန်တော် ဘတ်(စ်)ကားစီးလို့ ပြတင်းပေါက်မှာ ထိုင်ရင် လေတိုက်တာခံချင်တယ် ။ စင်္ကာပူက ကားတွေကမှန်ဖွင့်လို့ မရဘူးဗျ. ။ အဲယားကွန်း မခံချင်ဘူး .. သဘာဝ ပဲကြိုက်တယ် ။

  • သြော်...ပြောရအုံးမယ်

  • ကျွန်တော့် အလုပ်မှာသုံးနေတဲ့ System တွေကတဖြည်းဖြည်း စုတ်ချာလာပြီ ။ Programmers တွေကိုလည်း စိတ်တိုလာပြီ ။ အစကအကောင်းဗျ...ဘာစိတ်ကူးပေါက်လို့ ပြောင်းနေလဲမသိဘူး အခုပာာကြီးက အရမ်းအလုပ်ရှပ်တယ် ။

  • သြော်...ပြောရအုံးမယ်

  • ကျွန်တော် တရုတ်ဖြစ်ပြီး တရုတ်စကား မပြောတတ်တာ တော်တော်ရှက်ဖို့ကောင်းတာပဲ ။ အင်း...ကိုယ့်ကိုကိုယ်ပြုပြင်ဖို့ လိုအပ်လာပြီ ။

    အပြည့်အစုံသို့...

    Tuesday, 18 September 2007

    We are the world

    စာဖတ်သူ တွေကိုအရမ်းအားနာတယ်ဗျာ ။ မျက်နှာလည်းပူလာပြီ ( မီးပူတိုက် ရင် ခေါ်င်းအရမ်းငုံ့နေ တတ်လို့ပါ ) အမှန်ဆို ကျွန်တော် နဂါးလေး ကိုဆက်ရေးရမှာ ။ ဒါပေမယ့် စာဆက်ဖတ် ဖို့ကိုအပျင်းထူနေတာနဲ့ တိုးလို့တန်းလန်း ဖြစ်နေတယ် ( တလွဲ မတွေးပါနဲ့ -- တစ်ပိုင်းတစ်စ ဖြစ်တာကိုပြောတာပါ ) ။ အခု ရေးတဲ့ ပို့(စ်) လေးနဲ့ကျေနပ်ပေးပါ ။

    ပိာုနေ့ က Class 95 FM ကနေ မိုက်ကယ်ဂျက်ဆင် ရဲ့ We are the world သီချင်းကို နားထောင်လိုက်ရတယ် ။ တော်တော်ကြိုက်လို့ youtube ( ခေါ် ) မင်ရဲ့ပြောင်း ထဲမှာ ၀င်ရှာပြီး ဆက်နားထောင်တယ် ။ အရမ်းကြိုက်လို့ တညလုံး အဲဒီ့ တစ်ပုဒ်ထဲ ကို လှည့််ပတ်နားထောင်တယ် ။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင် ရဲ့ Live Show ကိုနားထောင်တာမပာုတ်ပဲနဲ့ အမေကြီးကန် လို့ခေါ်ခေါ်နေတဲ့ U.S. ကနေပြီး Africa နိုင်ငံရဲ့ဆင်းရဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ အဆိုတော်ပေါ်င်းမြောက်များစွာ ကသီဆိုထားတဲ့ ပာာကိုနားထောင်တာပါ ။ တဖြည်းဖြည်းနဲ့ ဒီ အာဖရိက နိုင်ငံတွေရဲ့ ဆင်းရဲမှုအကြောင်းတွေကိုသိချင်လာတယ် ။ အဲဒါနဲ့ Wikipedia တို့ WHO တို့ကိုမွှေတော့တာပဲ ။ ဖတ်ရင်နဲ့ သနားလာတယ် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆင်းရဲတယ်လို့ပြောတာပာာ တကယ်တော့ သူတို့နဲ့ ယှဉ်ရင် ချမ်းသာပါသေးတယ် ။ ရေမြောင်းပုတ် တွေထဲကရေကိုခတ်သောက် တာ ၊ ယဉ်ကောင် တလောင်းလောင်း နဲ့နေတဲ့ ကလေးလေး တွေကိုကြည့်ပြီး သနားလာတယ် ။ အဲဒါနဲ့ သဘောမတွေ့ ၊ မကျေနပ်သေးဘဲ ( မင်းရဲ့ပြောင်း ) youtube ထဲကိုထပ်ဝင်ပြီး ပုံတွေကြည့်တယ် ။ အရမ်းကို စိတ်မကောင်းစရာ တွေတွေ့ရတယ်ဗျာ ... ကလေးတစ်ယောက်က နွားရဲ့ ရှူရှူး နဲ့ခေါ်င်းလျှော်နေတာဗျ ။ ရင်ထဲမှာ ဆို့ ကနဲနေသွားတယ် တစ်ခုခုတော့တစ်ခုခုပဲ ( တကယ်တော့ စမ်းကြည့်တာလဲ ဘာမှမရှိပါဘူး ) ။

    ကျွန်တော် စဉ်းစားခန်းစ၀င်တာပေါ့ဗျာ...ကိုယ်တိုင်ကတော့ အဆင်ပြေနေတယ်လို့မဆိုသာပေမယ့် စားနိုင်သောက်နိုင်သေးတယ်လေ ။ ဒီကလေးလေးတွေ ၊ ဆင်းရဲ တဲ့လူတွေကို ငါဘယ်လိုကူညီနိုင်မလဲပေါ့ ။ လူအားနဲ့ကူမလား ၊ ငွေအားနဲ့ကူမလား ??? စိတ်တော့မဆိုးပါနဲ့ .... ကျွန်တော် ဆုပဲတောင်းပေးနိုင်ပါတယ် ။ လူအားနဲ့ကူညီဖို့အတွက် က အာဖရိက အထိသွားရမှာလေ...နောက်ပြီး မရှက်မကြောက်ပြောရရင် ကိုယ့်ကိုကိုယ်သိပါတယ် လုပ်နိုင်မှာမပာုတ်ပါဘူး ။ ငွေအားလား..??? ပီားပီား ပြောတော့ပါဘူး ။ ကျွန်တော့် တူနှယ်ချင်း တိုင်းသိပါတယ်---ကပ်စေးနှဲ ကြီးမှန်းလေ ။ အဲဒါကြောင့် ကျွန်တော် အိပ်ယာဝင်ခါနီးတိုင်း သူတို့အတွက် ဆုတောင်းပေးမယ် ဆိုပြီးတော့လေ ။ အောက်မှာ ကျွန်တော် မင်းရဲ့ပြောင်း ထဲမှာတုန်းကကြည့်ခဲ့တာလေးတစ်ခုကို ရှဲ (Share) လိုက်တယ် ။ စိတ်မခိုင်သူများ မကြည့်ပါနဲ့ လို့ ကြိုတင် သတိပေးပါရစေ ( ဒါမှမပာုတ် ) လက်ကိုင်ပ၀ါ ဆောင်ထားကြပါ -- ဘေးမှာရှိတဲ့လူရဲ့ ပခုံး ပေါ်မငိုပါနဲ့ ဇာတ်လမ်းတွေဖြစ်ကုန်မှာ စိုးလို့ပါ ။

    အောက်မှာ ပလေး ( အင်္ဂလိပ် လို - Play ပါ ) buttom လေးရှိပါတယ် ။ မကြည့်ရဲ သူများ နားထောင် နိုင်ပါတယ် ။ ဒေါင်းလုပ် ( Download ) လုပ်ရန် ခေါ်င်းစဉ် ပေါ်မှာနှိပ်ပြီး ရယူနိုင်ပါတယ် ။ ဒီသီချင်းကြားဖူး ပါတယ်လို့တွေးမနေပါနဲ့ - မြန်ပြည်တလွှား မှာ.....

    " တို့  ချစ်တဲ့ကမ္ဘာ... .
    တို့ချစ်တဲ့ကလေးတွေ ....
    တို့လက်တွေ တွဲကာ လှမ်းယူနိုင်ကြမည်... အနာဂတ်နေ့ရက်တွေ
    ပိုမိုကောင်းမွန်စေမယ်......
    ကမ္ဘာ့ရင်သွေးတိုင်းအတွက်ကွယ်
    ဒို့တတ်နိုင်တဲ့တာဝန်များကို ထမ်းရွက်နေမယ်...."

    ဆိုပြီးသီချင်းတစ်ပုဒ်ရှိတယ်လေ ။ မှတ်မိကြမလားတော့မသိဘူး ။အဲဒီလို သီချင်းလေးများ ကြားရင် မိုက်ကယ်ဂျက်ဆင် ရဲ့ we are the world နဲ့  အာဖရိကက ကလေးတွေကို လှမ်းမြင်ပြီး သတိတရ ဆုတောင်းပေးဖို့ မမေ့ပါနဲ့လို့ ...............

    We are the world - song

    အပြည့်အစုံသို့...

    Saturday, 15 September 2007

    ကျွန်ုပ်နှင့် ရုပ်ရှင်များ

    ဟိုတနေ့ ကပဲ ပျင်းတာနဲ့ ကျောင်းကစာကြည့်တိုက်သွားပြီး အခွေတွေရော စာအုပ်တွေပါ တန်းစီပြီးငှားခဲ့တယ်.. ပြောရင်ယုံမှာတောင်မဟုတ်ဘူး.. အခွေက ၅ ခွေ၊ စာအုပ်က ၁၀ အုပ်လားပဲ။ လုပ်ချလာပုံကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲဗျို့ ။ အဲဒါက အရေးမကြီးပါဘူး။ အခု ပြောပြချင်တာက အဲဒီထဲက ရုပ်ရှင် ကားတွေအကြောင်း.....


    ၀ ၀ ၀ ၀ ဝ


    အခွေတွေနာမည်က -

    1. The Queen
    2. Kung Fu Hustle
    3. Flubber
    4. Big Daddy
    5. Spy Kids 3.D (Game Over)


    ခုအထိကတော့ အဲဒီထဲက ၂ခွေပဲ ကြည့်ရသေးတာပါ။ နဲနဲ ဝေမျှချင်တာနဲ့ ပဲ အဲဒီ အကြောင်းရေးမလို့. ပထမဆုံးကြည့်ဖြစ်တာက THE QUEEN. ရွှေကမ္ဘာလုံး ဆုနဲ့ အကယ်ဒမီ အော်စကာဆု ရတဲ့ မင်းသမီးကြီး Helen Mirren က Queen Elizabeth အကောင်းဆုံးလုပ်ပြသွားခဲ့တာပါ။

    အကျဉ်းချုံး ဇာတ်ကတော့ ဒီလိုပါ -


    When news of the death of Princess Diana, undobtedly the most famous woman in the world, breaks upon a schocked and disbelieving British public, Her Majesty Queen Elizabeth II retreats behind the walls of Balmoral Castle with her family, unable to comprehend the public response to the tragedy. Tony Blair find a way to reconnect the Queen with the British public. (Review found on the back cover)


    The Queen Elizabeth II ရဲ့  တော်ဝင် နန်းဆန်တဲ့ အပြုအမူ အပြောအဆိုတွေကို ပီပြင်အောင် လုပ်သွားခဲ့တဲ့ မင်းသမီးကြီး ဟယ်လင် ကိုလဲ မချီးကျူးပဲ မနေနိုင်အောင်ပါပဲ။ မင်းသမီး ဒိုင်ယာနာ ရဲ့ နောက်ဆုံးခရီးကိုလဲ အမှတ်တရ ပြန်လည်တွေ့ မြင် ရမဲ့ကားကောင်း တစ်ကားလဲဖြစ်ပါတယ်။ “လူတွေရှေ့ မှာ ဝမ်းနည်းကြောင်း ကြေညာရတာထက် သူ့ ရဲ့ ရင်ထဲမှာပဲထားရတာကို နှစ်သက်ပါတယ်” ဆိုတဲ့ ဘုရင်မကြီး၊ နောက်ဆုံး တော့ ဘိလပ်ပြည်သူ ပြည်သားတွေနဲ့ သတင်းမီဒီယာ ရှေ့ မှာထွက်ပြီး မိန့် ခွန်းပြောသွားခဲ့တဲ့ ဘုရင်မကြီး ကိုလဲ မြင်ရဦးမှာပါ။ စာဖတ်သူတွေလဲ ကြုံ ကြိုက်မယ်ဆိုရင် ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားရယ်လို့  ညွှန်းပါရစေ .....................

    အပြည့်အစုံသို့...

    Friday, 14 September 2007

    ကျွန်တော်နှင့် ရူးသွပ်မှုများ

    စင်္ကာပူရောက်စ တွင်ရူးသွပ်ခြင်း



  • MRT ကဒ်ကို မည်သည့်မျက်နှာပြင်ကအတည့် ၊ ဇောက်ထိုး လှန်ကြည့်ခြင်း

  • စင်္ကာပူက ရထား မောင်းတာ အရမ်းမြန်လိုက်တာပာု ၊ ရင်သပ်ရှုမောခြင်း

  • လမ်းကူးခါနီးတွင် ဘယ်၊ညာ မည်သည့်ဘက် အရင်ကြည့်ရမည်ကို အမြဲမှားခြင်း

  • ည ၂ နာရီ အထိကွန်ပြူတာသုံးသော သူငယ်ချင်းအား မအိပ်ဘူးလားပာု ခဏခဏ မေးခြင်း

  • အင်္ဂလိပ် သီချင်းများသာ ရွေးနားထောင်ခြင်း ၊ ဒေါင်းလုတ် လုပ်ခြင်း


  • အခုတလော ရူးသွပ်မှုများ



  • ကျွန်တော်သုံးနေသော MRT ကဒ်သည်အတည့်လား ဇောက်ထိုးလား မသိခြင်း

  • ရထားသွားနှုန်းမှာ အလွန့်အလွန် နှေးကွေးသဖြင့် အလုပ်သို့ သေပြေးရှင်ပြေး ပြေးရခြင်း

  • လမ်းဖြတ်ကူးတိုင်း ကားပွာန်းသံ ကိုဘေးမှကြားနေခြင်း

  • သူငယ်ချင်းအား စောစောအိပ်ခိုင်းကာ သူ့ကွန်ပြူတာအား မနက် ၃ ၊ ၄ နာရီ အထိ ထိုင်သုံးနေခြင်း

  • မြန်မာသီးချင်းများအား အသည်းအသန်ရှာဖွေ နားထောင်လာခြင်း နှင့် အင်္ဂလိပ် သီချင်းများ သည် အလွန် ဆူညံလာခြင်း ။



  • တို့ပင်ဖြစ်သည် ။ ကျွန်တော့် ရူးသွပ်မှုသည် စိုးရိမ်ရေမှတ် သို့ရောက်ရှိနေလေပြီ ။ မတော်တဆ လမ်းတွင်တွေ့ပါက ဝေးဝေးရှောင် ( ဝေါင်ဝေါင်ရှေး ) ကြပါ ခင်ဗျား...( ဘဏ်ကဒ်သည် ပြောင်သလင်းနေပြီ -- ထို့ကြောင့် သယ်ရင်း များအားမုန့်ဝယ်မကျွေးနိုင်ပြီ -- ခွင့်လွှတ်ပေးကြပါ ။ ) ။


    အပြည့်အစုံသို့...

    ပျော်ရွှင်ခြင်းနှင့် ရာခိုင်နှုန်းများ


    ဒီပို့ စ်ကတော့ “The 100 Simple Secrets of HAPPY PEOPLE” ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးတွေပါ။ စာဖတ်သူ... ဒီ စာကို မဖတ်ခင်မှာ တွေးကြည့်ပါ။ သင် ယခု ပျော်ရွှင်ပါရဲ့ လား ? ပျော်ရွှင်အောင် ဘာလုပ်ကြမလဲ။ ကြည့်လိုက်ကြရအောင်။
    x x x x x x x x x x x x x x x


    သင့်ကိုယ်ကို ယုံကြည်ပါ ။ ။ အသက် အရွယ်အပိုင်းအခြား အားလုံးတွင် မိမိ၏ အရည်အသွေးကို မိမိ ယုံကြည်ခြင်းသည် ဘဝပျော်ရွှင်မှုကို ၃၀% ပို မြင့်တက်စေပါသည်။( Myers and Diener 1995 )
    တစ်စုံတစ်ခုကို သင်မသေချာလျှင် အကောင်းဘက်က လှည့်တွေးပါ ။ ။ မပျော်ရွှင် သူများ ၏ အမြင် ၈၀% သည် မကောင်းသည့် ဘက်မှ ဖြစ်သည်။ ပျော်ရွှင်သူများသည် ကောင်းသည့်ဘက်မှ ၈၀% တွေးတောဖြစ်ကြသည်။ ( Brebner 1995 )
    သင့်ပတ်ဝန်းကျင်မှ လူအများနှင့် ဝါသနာတူညီမှုများအကြောင်း ဆွေးနွေးပါ ။ ။ တူညီသောစိတ်ဝ်စားမှုတစ်ခုစီသည် သင့်ဘ၀ပျော်ရွှင်မှုအတွက် ၂% တိုးတက်စေသည်။ ( Chand 1990)
    သင့်ခံစားချက်များကို အခြားသူများနှင့် ဝေမျှပါ ။ ။ လူမှုဆက်ဆံရေးတွင် ပွင့်လင်းသူများသည် အခြားသူများထက် မိမိဘဝ ကို ၂၄% ပိုမို ကျေနပ်ကြသည်။( Finch, Barrera, Okun, Snow-Turek 1997 )
    နေ့ စဉ် အသီးတစ်ခုခု စားပါ ။ ။ နေ့ စဉ် အသီးတစ်ခု စားသော အလေ့အကျင့်ရှိသူသည် တစ်နေ့ တာပျော်ရွှင်မှုကို ၁၁% မြင့်တက်စေသည်။ ( Heatey and Thombs 1997)
    ကောင်းမွန်စွာ အိပ်စက် အနားယူပါ ။ ။ တစ်ညတွင် ၈နာရီထက် နည်းသော အိပ်ချိန်ရှိသူများသည် နောက်နေ့အတွက် မိမိကိုယ်ကို ကျေနပ်ခြင်းကို တစ်နာရီ လျှင် ၈% လျှော့နည်းစေသည်။ ( Pilcher and Ott 1998 )
    အိမ်နီးချင်းများ ဆီသို့  မကြာခဏလည်ပတ်ပါ ။ ။ ပတ်ဝန်းကျင်နှင့် ပိုမို ထိတွေ့ ဆက်ဆံခြင်းသည် ပျော်ရွှင်မှု ကို ၃၀% နီးပါးအထိ မြင့်တက်စေသည်။ ( Sugarman 1997)
    သီချင်းနားထောင်ပါ ။ ။ မိမိ ကြိုက်နှစ်သက်သော သီချင်းများကို ရွေးချယ် နားထောင်သူများ၏ ၉၂ % သည်
    အကောင်းမြင်တတ်ကြသည်။ ( Hakanen 1995)
    စာဖတ်ပါ ။ ။ စာဖတ်ခြင်း ( စိတ်ကို လေ့ကျင့်ခန်းပေးခြင်း) ဖြင့် နေ့ စဉ် ပျော်ရွှင်မှုကို ၈% ပိုမို တိုးတက်စေသည်။ ( Scope 1999)
    အထက်ပါ စာအုပ်ကို အမြည်းနှင့် အားမရပဲ အပြည့်အစုံ ဖတ်ချင်သူများ အတွက် ဒီနေရာမှာ အီးဘုတ် ရယူပါ။
    စာဖတ်သူများအားလုံးပျော်ရွှင်နိုင်ကြပါစေ။

    အပြည့်အစုံသို့...

    Thursday, 13 September 2007

    ငလျှင် တဲ့တော်.....

    လုပ်ကြပါအုံး ... ငလျှင်တဲ့ ။
    မနေ့ညကပါ အတိအကျဆိုရင် ၁၂ ရက် စက်တင်ဘာလ ည ၇နာရီ ကျော်ကျော်လောက်မှာပါ ။ အမှန်အတိုင်းဝန်ခံ ရရင် ငလျှင်လှုပ်တုန်းက ကျွန်တော်သိတောင်မသိပါဘူး ။ မူးခနဲ ဖြစ်သွားလို့ ကိုယ့်ကိုကိုယ် ဗိုက်ဆာနေတယ်ထင်ပြီး ထမင်းတောင် ထွက်ဝယ်ဖြစ်သေးတယ် ။ ပိုက်ပိုက် အလကားကုန်သွားတာ ပေါ့ဗျာ ။ ထမင်းဆိုင် ကလူတွေပြောနေတာတော့ကြားတယ် ဒါပေမယ့်သူတို့က တရုတ်လိုတွေပြောတာ ။ နားလည်တ၀က်မလည်တ၀က်နဲ့ ။ သေသေချာချာ သိခဲ့တာကတော့ တစ်ခုခုဖြစ်နေတယ်ပေါ့ ။ နောက်တော့ စဉ်းစားတယ် အရေးကြီးရင် အချက်ပေးသံ မြည်ရမယ် ။ ဘာသံမှမကြားရတော့ အေးအေးပဲ ဆိုပြီးနေလိုက်တာပါ ။ အိမ်ပြန်ရောက်လို့ အိပ်တဲ့ အထိဘာမှမသိသေးပါဘူး ... ကျွန်တော် တုံး ပုံများအံ့သြ လောက်တယ် ။ ဒီနေ့ အလုပ်ရောက်မှ မန်နေဂျာ ကမနေ့ကတစ်ယောက်ထဲ မကြောက်ဘူးလားမေးလို့...ဘာလဲမေးတော့မှ... ငလျှင်တဲ့ ။ ကျွန်တော်လား .. လုံးဝ ကိုမကြောက်တတ်ပါဘူး...သိမှမသိခဲ့ပဲ ။ သိခဲ့ရင်တော့လား....ပဲာပဲာပဲာ ရုံးကြီးကိုချက်ချင်းတံခါးပိတ်ပြီး အိမ်ပြန်ပြေး တော့မှာ ။ နောက်မှ အဆူခံတော့မယ်ဆိုပြီး ။


    အပြည့်အစုံသို့...

    Monday, 10 September 2007

    ဂူဂဲ ရဲ့ ၁၉၉၉ ခုနှစ်က သုံးခဲ့တဲ့ လိုဂို လေးများ ။

    ကျွန်တော်လည်း ပို့(စ်) တစ်ခု တင်ဦးမည်ဗျာ ။ စိတ်တော့မရှိပါနဲ့ ။ ပြိုင်တာမပာုတ်ပါဘူး ။ ပုံတွေပဲတင်မှာပါပဲ ။ ဒါပေမယ့် ကျွန်တော်က ဂူဂဲ ကိုအသေအလဲ ကြိုက်တဲ့လူဆိုတော့ ခု ဂူဂဲ ရဲ့ လိုဂို ပုံတွေကိုတင်ပေးဖို့ အကြံရတယ် ။ ဒါတွေက ဂူဂဲ - ၁၉၉၉ ခုနှစ်က သုံးခဲ့တဲ့ လိုဂို ပုံလေးတွေပါ ။ ချစ်စရာ ကောင်းပါတယ် ။ ကြည့်ကြည့်နော် .... ။



    Holidays နေ့ရက်တွေအတွက်ဒီလိုဂိုလေး သုံးခဲ့ပါတယ်တဲ့ ။



    ကျေးဇူးတော်နေ့ အတွက်ပါတဲ့။



    Halloween အတွက်တဲ့ (ကျွန်တော်လဲဘာမှန်းမသိဘူးဗျ ။ )



    Uncle Sam ကို ဂုဏ်ပြုတာတဲ့ (ပြောတာပဲ) ။



    Google ကြီး Beta ဘ၀ တုန်းကသုံးတာတဲ့။



    ဒီ ၂ ခုကတော့ ဘာမှန်းကိုမသိပါ ဘူး ။ လှလို့တင်လိုက်တာ ။


    အပြည့်အစုံသို့...

    အနမ်းတစ်ပွင့်ခြွေလင့်ခဲ့ပါ ချစ်သူ...

    ဆင်စွယ်ရောင် အနမ်းတစ်ပွင့်....ပန်းနုရောင် နှုတ်ခမ်းတစ်စုံ... ဆူးတွေကိုတောင် ငါမမှု

    နောက်ဆုံးတော့ တစ်ယောက်တည်းအထီးကျန်..


    အပြည့်အစုံသို့...

    Tuesday, 4 September 2007

    အလင်းပျောက်တဲ့ငါ

    ကောင်မလေးရေ...

    မျက်စိတစ်မှိတ် လျှက်တစ်ပြတ်တွင်း
    မင်းကို မြင်ရ ခဏ တာတွင်
    တွေဝေ မိန်းမူး ၊ ငေးကြည့်မဆုံး
    ငါ့ရဲ့ အိပ်မက်ထဲ မင်းစ၀င်ပြီ ။

    မင်းအနား ဖြတ်သွား
    ကိုယ်သင်း ရနံ့ ခံစား မိပြန်
    အရာရာမေ့ ဘ၀မေ့ ကာ
    ငါ့ရဲ့ အသိပျောက်ဆုံးပြီ ။

    မင်းရဲ့ လက်ကလေး
    မတော်တဆ ထိမိရုံဖြင့်
    တုန်လှုပ် ခြောက်ခြား
    ငါ့ရဲ့ နှလုံး မခုန်တော့ပြီ ။

    မင်းချက်ကြွေး တဲ့
    ထိုစားစရာ .. ရသာထူးလှ
    ထူးသည့် စေတနာ ၊ သည်တစ်ခါကို
    ငါ့ရဲ့ နှလုံးသားက မမေ့ပြီ ။

    မင်းရဲ့ ခေါ်သံ
    ပျော့ပျောင်း ညှင်သာ
    သာယာလှပ ဂီတ သံအလား
    ငါ့ရဲ့ စိတ်တို့ဝေခွဲ မရပြီ ။


    ဘုရားရှင်က
    လမ်းညွှန်ဆုံးမ ထောက်ပြခဲ့သည်
    အာရုဏ် ငါးပါး မေ့နိုင်ရမည်
    ဒါမှ ဘ၀ အလင်း လျှင်မြန် တွေ့မယ် .... တဲ့ ။


    ငါ့မှာ ...
    လွန်စွာ မိုက်မဲ ၊ မှောင်ထဲတိုးဝင်
    အာရုဏ် ငါးပါး အားလုံး မေ့မရ
    ငါ့ရဲ့ သံသရာ ၊ စက်ဝန်း ပမာ
    လည်ပတ်အုံးမည် ... အလင်းပျောက်ပြီ ။

    အပြည့်အစုံသို့...