Sunday, 30 September 2007

ငယ်ငယ်တုန်းကအတွေ့အကြုံတွေ









ကျွန်တော် ငယ်ငယ်တုန်းကရှိခဲ့တဲ့ အတွေ့အကြုံလေးတွေပါ ။ မျှဝေ ချင်လို့ပါ ။

အပြည့်အစုံသို့...

Saturday, 29 September 2007

နံနက် မိုးသောက် ချိန်ရောက်ပြီ--အလင်းရောင် ထွက်ပါတော့

ကျွန်တော်တို့ ရဲ့ဖြတ်သန်းနေတဲ့ ညတာပာာ လွန်စွာကြာမြင့်နေပါပြီ .....။
တစ်ခါတစ်ရံ လရောင်ဖျော့ဖျော့ လေးကိုလှမ်းမြင်ခွင့်ရပေမယ့် ၊ တိမ်မည်းမည်း ကြီးတွေဖုံးလွှမ်းမှုကိုခံရပြန်ပါတယ် ။ မှောင်မည်း နေတဲ့ အချိန်ေ၀၀ါးစွာလျောက်လှမ်း နေရချိန်မှာ မိုးသည်းထန်မှု တွေ လေပြင်းကျမှုတွေကိုလည်း ခံရပြန်ပါတယ် ။ တခါတရံ မှာကြယ်လေး တစ်ပွင့်နှစ်ပွင့်ရဲ့ တောက်ပမှုကို လှမ်းမြင်ခွင့်ရလို့ စိတ်ကြည်လင်မိပေမယ့် ကြာရှည်မခံပါဘူး ။ အမှောင်ထဲမှာ ညဉ့်ငှက်ရဲ့ စူးစူးဝါးဝါးအောင်သံ တွေပာာလဲစိတ်ခြောက်ခြား စရာပါ ။ အလင်းရောင် ရှိတယ်လို့ထင်ရတဲ့နေရာတွေဆီကို စိတ်မှန်းနဲ့လျောက်လှမ်းရင်း ချောက်ကမ်းပါးတွေထဲ ကျသွားသူတွေလဲ မနည်းတော့ပါဘူး ။ အချိန်တွေရဲ့တိုက်စားမှုနဲ့ ယခု ဆိုမိုးသောက်ချိန်ရောက်နေပါပြီ ။ အလင်းရောင် လဲထွက်သင့်နေပါပြီ ။ ဒါပေမယ့် မျော်လင့် ထားတဲ့ အလင်းရောင် ပာာ အစက်အပြောက် အနေနဲ့တောင် မထွက်သေးပါဘူး ။ တိမ်မည်းမည်းတွေပာာ ဘယ်လောက်ပဲ စွမ်းအားကြီးကြီးပါ တစ်ချိန်မှာ နေမင်း အတွက်နေရာ ဖယ်ပေးရမှာပါ ။

နေမင်းရယ် လျင်မြန်စွာ ထွက်လာပါ - အမှောင်ထဲမှာ လမ်းပျောက်နေတဲ့ ကျွန်တော်တို့ ကို အသင့်ရဲ့ အလင်းနဲ့ လမ်းညွှန်ပါလော့ ။ ကျွန်ုပ် တို့အား အားအင်တွေဖြည့်ဆည်း ပေးပါလော့ ။


အပြည့်အစုံသို့...

Tuesday, 25 September 2007

သားအဖ နှစ်ဦး၏ ကယ်တင်ခြင်းကိုခံရသူ

တိုက်ဆိုင်မှုကြောင့်ပေလော....။
သို့တည်းမပာုတ် ၊ ထိုသူ၏ ဘုန်းကံကြောင့်ပေလော.....။

Scotland နိုင်ငံသား Fleming ပာုခေါ်ဆိုသူ လယ်သမားတစ်ယောက်ပာာ သူ၏ မိသားစု စားဝတ်နေရေး အတွက် ပင်ပန်းဆင်းရဲစွာ လုပ်ငန်းခွင်ဝင်နေစဉ် အနီးအနား ခြုံပုတ် တစ်နေရာမှ အော်ပာစ် အကူအညီတောင်းနေသည့်ကလေးငယ်တစ်ဦး၏ အသံကိုကြားလိုက်ရသည် ။ သို့နှင့် သူ လုပ်နေသည့်အလုပ်ကိုခေတ္တရပ်နားကာ အသံကြားရာနေရာဆီသို့အပြေးအလွှားသွားမိသည် ။ မြင်ရသည့်မြင်ကွင်းက သနားစရာ - ကလေးငယ်တစ်ဦး နွံထဲတွင် ခါးတစ်ပိုင်းလောက်အထိ နစ်မြုပ်ကာ ကြောက်အားလန့်အားဖြင့် အကူအညီတောင်းခံနေခြင်းပင် ။ ထိုစဉ်ခဏတွင် သူဘာကိုမှ အာရုံမထားနိုင်တော့ ၊ သူ့အလုပ်ကိုလည်းမေ့သွားသည် ။ သူ့အသိစိတ်တွင် ကြီးစိုးနေသည်က ဒီကလေးကို ကယ်တင်ရမည်ပာု ။ လယ်သမားကြီး Fleming သည်ထိုသနားစရာကောင်းသော ၊ ကြောက်စိတ်ဖြင့်တုန်ရင်နေသော ကလေးငယ်ကို ခက်ခဲစွာ ကယ်တင်နိုင်ခဲ့သည် ။ ထိုကလေးငယ်အား ကယ်ဆယ်ရေးအတွက် သူ့အလုပ်တွင် နှောင့်နှေးကြန့်ကြာသွားခဲ့ရသော်လည်း စိတ်ထဲတွင်မည်သို့မျှမခံစားခဲ့ရပေ ။

သို့သော်....။ နောက်တစ်နေ့ မနက်မိုးသောက်၍ လုပ်ငန်းခွင်စောစောဝင်ရန် အိမ်အပြင်သို့ထွက်ရာတွင် လွန်စွာများပြားလှသော လက်ဆောင်ပဏ္ဏများကို ရုတ်တရက်တွေ့လိုက်ရသည် ။ ထို့နောက် အ၀တ်အစားကိုသေသပ်စွာဝတ်စားဆင်ရင်ထားသော ဂုဏ်သရေရှိ လူကြီးတစ်ဦးသည် သူ့ထံလျှောက်လှမ်းလာကာ " အသင် ကျွန်ုပ် သားလေး၏အသက်ကို ကယ်ဆယ်ခဲ့သည့်အတွက် ကျေးဇူးဆပ်ရန် လာခြင်းဖြစ်ပါသည် ။ ဤလက်ဆောင်များကိုလက်ခံပေးစေလိုပါသည် " ပာု ယဉ်ကျေးပြူငှာစွာ စကားဆိုလေသည် ။ ထိုအခါ Fleming မှ တဖန် " အိုမပာုတ်တာ ... ကျွန်တော် ခင်ဗျားသားကိုကယ်ဆယ်တုန်းမှာ ဘာတုန့်ပြန်မှုကိုမှ မမျှော်လင့်ခဲ့ပါဘူး " ပာုငြင်းဆိုခဲ့လေသည် ။ ထိုသို့ သူတို့နှစ်ဦး အပြန်အလှန် ပြောဆိုနေသည်ကို လယ်သမား၏ သားသည်အိမ်အတွင်းမှ ခြောင်းမြောင်းကြည့်ရှုနေလေရာ ၊ ကလေးငယ် ကိုတွေ့ရှိသွားသော လူကြီးသည် Fleming အား " အသင် ရဲ့ သား ပာုတ်ပါသလား " ပာုမေးမြန်းသဖြင့် ၊ Fleming မှ မိမိ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးလေသည် ။ ထိုအခါ Fleming အား လက်ဆောင်ပဏ္ဏများ လက်မခံ ပါက အသင့်ရဲ့သားအား ကျွန်ုပ် ကျောင်းထားပေးပါရစေ ၊ အကယ်၍ သင့်သားသည် သင်ကဲ့သို့ ရိုးသားကြိုးစားသူ ဖြစ်ပါက နောင်တချိန်တွင် သင့်အားဂုဏ်ကျက်သရေ တိုးတက်စေမည့်သူတစ်ဦးဖြစ်ပေလိမ့်မည် ပာု ခွင့်တောင်းခံ ပြီးလျှင် ထို ကလေးငယ် ၏ ပညာရေးအားသူဖြည့်ဆည်းပေးလေသည် ။

ထိုသို့ဖြင့် လယ်သမားကြီး Fleming ၏ သားသည် လန်ဒန် မြို့ရှိ St. Mary's Hospital အမည်ရှိ ဆေးကျောင်းကြီးတွင်ဘွဲ့ရပြီး ၊ ပင်နီဆလင် ဆေးဝါးကိုရှာဖွေတွေ့ရှိသူ Sir Alexander Fleming ပာူ၍ ကမ္ဘာပေါ်တွင်ထင်ရှားသူတစ်ဦးဖြစ်လာသည် ။ သို့သော် တစ်ချိန်က သူ၏ဖခင်နွံထဲမှ ကယ်ဆယ်ခဲ့သည့်ကလေးငယ်သည် ယခုတဖန် နျူမိုးနီယားရောဂါ ကိုခံစားနေရသဖြင့် Sir Alexander Fleming ၏ ပင်နီဆလင် ဖြင့်ကုသပေးခဲ့ရပြန်လေသည် ။

ထိုသို့ လယ်သမားကြီး Fleming နှင့် Sir Alexander Fleming တို့သားအဖ နှစ်ဦးလုံး၏ ကယ်ဆယ်ခြင်း ခံရသူသည် Lord Randolph Churchill ၏ သား ဖြစ်သူ ၊ ဗြိတိန် နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် အမည်ထင်ရှားသူ Sir Winston Churchill ပင်ဖြစ်ပါသည် ။

အပြည့်အစုံသို့...

Monday, 24 September 2007

ရှောင်လင်ကျောင်းသားကလေး


ကျွန်တော် ဒီရှောင်လင်ကျောင်းသားကလေး ရုပ်ရှင်ကိုပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ကြည့်ခဲ့ရတယ်ခင်ဗျ ။ တော်တော်ကောင်းတာပါ ။ ကလေးလေးတွေက အရမ်းချစ်စရာကောင်းတယ် ။ နောက်ပြီး သရုပ်ဆောင်ပုံ တွေကလည်း အသက်ဝင်တယ် ။ အဲဒီတုန်းကတော့ ဘာရယ်မပာုတ်ပါဘူး ကလေးကားဆိုပြီး ကြည့်လိုက်တာ ၊ ဘယ်ပာုတ်မလဲဗျာ ... တကယ်ကိုရယ်စရာကောင်းတာပါ ။ ဇတ်လမ်း နာမည်က shaolin Popey 2 လို့ခေါ်တယ် ။ shaolin Popey 1 လဲရှိတယ် ။ ဒါပေမယ့် အဲဒီတစ်ခုကသိပ်မကောင်းဘူး ... ရယ်တော့ရယ်ရတယ် ၊ ဒါပေမယ့် ကျွန်တော်က ဒုတိယ ပိုင်းကိုကြည့်ပြီးမှ ပထမ ကိုပြန်ကြည့်တာဆိုတော့ ပထမ ပာာကသိပ်အသက်မ၀င် သလို ဖြစ်သွားတယ် ။ ကလေး လေးတွေကိုအရမ်းချစ်တတ်ပြီး Comedy တွေကိုကြိုက်နှစ်သက်သူများကိုကြည့်ဖို့ တိုက်တွန်းပါတယ် ခင်ဗျာ ။ ကြည့်ရမယ့်နေရာ ပါ ပေးလိုက်မယ်ဗျာ ။ ကြည့်စေချင်လွန်းလို့ပါ ။

ဝင်ရမယ့် ၀က်ဆိုက် က www.crunchyroll.com ပါ ။

အပြည့်အစုံသို့...

MP3 Player တစ်ခုဖန်တီး တည်ဆောက်ခြင်း

လွန်စွာလွယ်ကူပြီး Loading လည်းမကြာတဲ့ MP3 Player လေးလုပ်လိုက်ကြရအောင်.....
ကျွန်တော် ဒီပလေယာ လေးကို Recommend ပေးပါတယ်။သူကရိုးရှင်းပြီး ဒီဇိုင်းလေးကလည်းသပ်ရပ်တယ်။
Demo ပုံလေးကတော့ ဒီမှာပါ ။

သူ့ကိုလုပ်ဖို့ အဆင့်လေးတွေသိပ်မရှိပါဘူး ။ လွယ်လဲလွယ်ကူပါတယ် ။ ကဲ စကြရအောင်.....
ပထမ ဦးစွာပောာဒီလင့်ကိုသွားပါ ။ http://www.its.ex.ac.uk/latis/resources/flashplayers/mp3player.php ။ ဒီလို စာမျက်နှာအသစ်လေးကိုတွေ့ရပါမယ် ။


အဲဒီ့မှာ သင့်ရဲ့ MP3 URL လင့်ကို Select ပြထားတဲ့နေရာမှာ အစားသွင်းရမှာပါ ။ MP3 URL မရှိသူများ ပာာ File Hosting တစ်ခုခုမှာ သွားရောက် Upload လုပ်ထားရမှာဖြစ်တယ် ။ အဲဒီလို လင့်ကိုအစားသွင်းပြီးတာနဲ့ မိမိစိတ်ကြိုက် နောက်ခံအရောင်တွေ ကိုပြောင်းပြီးပြီဆိုရင် Generate Code ဆိုတဲ့ buttom လေးကို နှိပ်လိုက်ပါ ။ အောက်မှာတွေ့ရတဲ့အတိုင်း Codes တွေနဲ့ Player ပုံစံလေးပေါ်လာပါလိမ့်မယ် ။


အဲဒီမှာ Select လုပ်ပြထားတဲ့ Codes တွေအားလုံးကို Copy ယူပြီးမိမိရဲ့စိတ်ကြိုက် ထားချင်တဲ့နေရာမှာ Paste လုပ်ရမှာဖြစ်တယ် ။ တကယ်လို့ မိမိရဲ့ Blog ပို့(စ်)တွေထဲမှာထဲ့လိုတယ်ဆိုရင် Edit Html ဆိုတဲ့နေရာ ကနေ၀င်ထည့်ရမှာပါ ။ Sidebar မှာထားချင်ရင်တော့ Page Element အသစ်တစ်ခုခေါ်ပြီး Codes တွေကို Paste လုပ်ထည့်ရမှာဖြစ်တယ် ။
ဒါပေမယ့် Codes ထည့်သွင်းတဲ့အပိုင်းပာာမပြီးသေးပါဘူး ။ နောက်ဆုံးအဆင့်တစ်ခုကျန်ပါသေးတယ် ။ ကျွန်တော် အောက်မှာ ပြထားတဲ့ ပုံထဲမှာ လေးထောင့်ဘောင်ခတ်ထားတဲ့ စာကြောင်းလေးကို Right Click လုပ်ပြီး Copy Shortcut ကိုနှိပ်ပါ (အနီရောင်နဲ့ ၀ိုင်းပြထားပါတယ် ) ။



Copy Shortcut ကိုနှိပ်ပြီးပြီဆိုရင် အောက်မှာပြထားတဲ့ ပုံကို ထပ်ကြည့်လိုက်ပါအုံး ။ ကျွန်တော် Highlight လုပ်ထားတဲ့နေရာလေး နှစ်နေရာကိုတွေ့ရပါလိမ့်မယ် ။ အဲဒီ့ Highlight လုပ်ထားတဲ့စာတွေကို Select လုပ်ပြီး Paste လုပ်ပါ ။ နှစ်နေရာ လုံးကိုလုပ်ရမှာပါ ။ အဲဒီ့ နေရာ နှစ်ခု မှာ ယခင် mp3player.swf အစား http://www.its.ex.ac.uk/....../mp3player.swf ဆိုတာလေးဖြစ်နေရပါမယ် ။ အဲဒီ့လင့်လေးကိုအစားထိုးဖို့ အလွန်အရေးကြီးပါတယ် ။ ဒါမှ Player ကကောင်းကောင်းအလုပ်လုပ်မှာပါ ။ အမှန်ဆိုရင် ကျွန်တော်တို့က ဒေါင်းလုဒ် လုပ်ပြီး File Hosting တစ်ခုခုမှာတင် ပြီးရင် ကိုယ်တင်ထားတဲ့ လင့်နဲ့ပြန်အစားထိုးရမှာပါ ။ ဒါပေမယ့် ဒါပာာအရမ်းအလုပ်ရှုပ်တဲ့အတွက် Server ရဲ့ လင့်ကို အဆင်သင့်ယူသုံးထားတာပါ ။ စိတ်ရှည်လက်ရှည် စမ်းချင်သူများအနေဖြင့် စမ်းသပ်နိုင်ပါတယ် ။ အဲဒါအားလုံးပြီးသွားရင်တော့ မိမိအရမ်းလိုချင်တောင်းတနေတဲ့ MP3 Player လေးပာာ ဖွင့်နားထောင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုရမှာပါ ။


အစမ်း နားထောင်ချင်သူများ ပာာ ဒီနေရာကို Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်

အပြည့်အစုံသို့...

ဆုရ မျိုးကောင်း ပြောင်း


နဘရာစကာ (Nebraska) ပြည်နယ်ရှိ လယ်သမားတစ်ဦးစိုက်ပျိုးတဲ့ ပြောင်းဖူးတွေဟာ အကောင်းဆုံးဆု နှစ်စဉ်ရလေ့ရှိတယ်။ နှစ်တိုင်း ပြိုင်ပွဲ ဝင်လိုက်တယ်ဆိုရင်ပဲ အပြာရောင် ဖဲကြိုးဆုက သူ့ အတွက် မလွဲ ဆိုသလိုပါပဲ….
ယခုနှစ်တော့ သတင်းစာတိုက်တွေကပါ သိပြီးကျော်ကြားသွားတယ်။ သတင်းထောက် တစ်ဦးဟာလဲ အင်တာဗျူးမေးဖို့ ဖိတ်ခေါ်လာတယ်။ ဘယ်နည်းဘယ်ပုံ ဆုရနေတယ်ဆိုတာ လေ့လာဖို့ တဲ့လေ။ နောက်တော့ သတင်းထောက်သိရှိသွားတာက ထိုလယ်သမားဟာ အခြားသော လယ်နီးနားချင်းများနှင့် သူ့ ရဲ့ ဆုရ ပြောင်းမျိုးစေ့များ ကိုဝေမျှသုံးစွဲသည် ဆိုသည့်အချက်ပဲဖြစ်တယ်။
အဲဒီတော့ သတင်းထောက်က မေးလိုက်တယ်။ “ ခင်ဗျားနဲ့တူတူ ပြိုင်ပွဲဝင်နေတဲ့ သူတွေကို ဘာလို့ အကောင်းဆုံးမျိုးစေ့တွေ မျှပေးရတာလဲ။ ”
“ခင်ဗျား မသိသေးဘူးနဲ့တူပါရဲ့ ” လယ်သမားကပြန်ဖြေတယ်။ “ တကယ်လို့  လယ်နီးချင်းတွေသာ မျိုးကောင်းတဲ့ ပြောင်းကို မစိုက်ရင် ဝတ်မှုံကူးနည်းက ကျွန်တော့်ပြောင်းဖူးတွေရဲ့ အရည်အသွေးကို နိမ့်ကျ သွားစေမှာပေါ့။ ” လယ်သမားက ဆက်လက်ရှင်းပြတယ်။ “ ကျွန်တော် မျိုးကောင်းစိုက်ချင်ရင် တခြားသူတွေကိုပါ မျိုးကောင်းစိုက်ဖို့ ကူညီပေးရမှာပေါ့”
လယ်သမားဟာ ဘဝမှာ အချင်းချင်း ပတ်သက် ဆက်နွှယ်နေမှုကို သတိထားမိသည်။ ဘေးက လယ်တွေရဲ့ ပြောင်းတွေသာ မတိုးတက်ရင် သူ့ ရဲ့ ပြောင်းတွေလဲ တိုးတက်မှာ မဟုတ်ဘူး။
ဒီ ဥပမာလေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ တွေကိုလဲ အကျိုးပြုနိုင်မှာပါ။
ကိုယ် ငြိမ်းချမ်းမှုကို လိုချင်ရင် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် ကူညီရမယ်။
ကိုယ် စိတ်အေးချမ်းကောင်းမွန်စွာနေထိုင်ချင်သူများဟာ အခြားသူများကို လဲကောင်းမွန်စွာနေနိုင် အောင် ကူညီကြရမယ်။
ကိုယ် ပျော်ရွှင်ချင်ရင် သူတပါး ပျော်ရွှင်အောင် ကူညီကြရမယ်။
ဒီပုံပြင် ရဲ့သင်္ခန်းစာကတော့ “ ပြောင်းကောင်းကောင်း စိုက်ချင်ရင် လယ်နီးချင်းတွေကိုပါ ပြောင်းကောင်းစိုက်နိုင်အောင် ကူညီလိုက်ပါ။

အပြည့်အစုံသို့...

Sunday, 23 September 2007

ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။


ဒီပုံပြင်လေးက တော့ တော်တော်ကြာလို့ ဟောင်းနေပါပြီ။ ဒီလိုပါ။ အဖေက သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်ကို ရွှေရောင် ပါကင်စာရွက် ကို ဖြုန်းတီးမှုဖြင့် ဆုံးမနေသည်။ ငွေ အကျပ် အတည်းဖြစ်နေချိန်တွင် ဖြုံးတီးရကောင်းလားဟု အပြစ်ပေးခြင်းဖြစ်သည်။ ထိုညက ကလေးမလေးက ခရစ်စမတ် သစ်ပင်ခြေရင်းတွင် ဝမ်းနည်းစွာဖြင့် ထို ရွှေရောင် သေတ္တာလေးကို ချထားခဲ့သည်။
နောက်တနေ့ မနက်။ “ ဒါဖေဖေ့အတွက် ” ဟုဆိုကာ ရွှေရောင် သေတ္တာလေးကို သူမ အဖေ ထံပေးလာသည်။ အဖေကတော့ ယခင်က စိတ်ဆိုးခဲ့သည်ကို ပြန်လည် နောင်တရနေမိသည်။ ဒါပေမဲ့ သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ စိတ်ပြန်ဆိုးသွားသည်။ သေတ္တာထဲမှာ ဗလာနတ္တိ။ သူ သမီးလေးကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ “လက်ဆောင်ပေးတယ်ဆိုတာ တစ်ခုခု ပါရတယ်ကွ။ ” သူအော်လိုက်တော့ မိန်းကလေးက ငိုသံပါပါနဲ့ ပြန် ဖြေသည်။ “ ဒီသေတ္တာက ဗလာမဟုတ်ပါဘူးဖေဖေ။ အထဲမှာ သမီး အနမ်းတွေ အများကြီးထည့်ထားတယ်။ အားလုံး ဖေဖေ့ အတွက်ပါ။ ” ဆိုသော အဖြေစကားကြားရလေသည်။
သမီးလေးရဲ့ ဖေဖေ ဒီတစ်ခါတော့ မှင်သက်မိသွားသည်။ ဆွ့ံအသွားသည့်နှယ်။ ပြီးမှပဲ သမီးလေးရှေ့ ချက်ချင်း ဒူးထောက်လို့ သူ့လက်တွေနဲ့လည်း သိုင်းဖက်ထားသည်။ ဖေဖေ့ကို ခွင့်လွှတ်ပါ ဟုလဲ အကြိမ်ကြိမ်တောင်းပန်နေတော့သည်။
များမကြာမီပဲ ကားမတော်တဆမှုတစ်ခုက အဖေ့ဆီကနေ သမီးလေးကို အပြီးပိုင် ခွဲကာခေါ်သွားတော့သည်။ ထိုအဖေသည်လည်း သမီးလေးပေးသော လက်ဆောင် ရွှေရောင် သေတ္တာလေးထဲမှ အနမ်းများကို စိတ်ညစ်တိုင်း၊ အားငယ်တိုင်း ထုတ်ကြည့်ကာ သမီးလေး၏မေတ္တာကိုလဲ အမြဲပင် သတိရကာနေပါတော့သည်။


လူတိုင်းတွင် ချစ်မေတ္တာနှင့် အနမ်းများစွာထည့်ထားသော ရွှေသေတ္တာ ပိုင်ဆိုင်ကြသည်။ မိသားစုများ၊ သူငယ်ချင်းများ ဆီမှ။ ထိုအရာထက် မည်သည့်အရာကမျှ တန်ဖိုးမရှိနိုင်ပေ။


ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။ အနမ်းတွေနဲ့ ပြည့်လျှမ်းနေတဲ့ သေတ္တာ။

အပြည့်အစုံသို့...

ခဲတံပုံပြင်


ခဲတံ ပြုလုပ်တဲ့ အတတ်ဖြင့် အသက်မွေးသူတဦးသည် ခဲတံလေးတစ်ချောင်းကို ရောင်းတန်းဝင် ဘူးထဲသို့ ထည့်မပိတ်မီ အပြင်ကို ခေတ္တ ထုတ်ထားလိုက်တယ်။

“မင်းသိဖို့ လိုတဲ့အချက်ငါးချက်ရှိတယ်။ ” ထိုလူက ခဲတံကို ပြောလိုက်တယ်။ “မင်းကို အပြင်လောကကို မထုတ်မီမှာ ဒီအချက်တွေကို မင်း အမြဲသတိရမယ်ဆိုရင် မင်းဟာ လောကမှာ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်လာလိမ့်မယ်။ ”

“ ၁ အချက်။ မင်းဟာ မင်းကိုယ်မင်း လူတစ်ယောက်ရဲ့ လက်ထဲမှာ အမြဲ ရှိနေစေရမယ်”
“၂ အချက် ။ မင်းဟာ နာကျင်တဲ့ ချွန်စက်ဒဏ်ကို အချိန် မရွေးခံရနိုင်တယ် ။ ဒါပေမဲ့ အဲဒါဟာ မင်းကောင်းစားဖို့ပဲ။”
“၃ အချက် ။ မင်းလုပ်ခဲ့တဲ့ အမှားတွေကို မင်းကိုယ်တိုင် ပြင်နိုင်ရမယ် ။”
“၄ အချက် ။ မင်းရဲ့  အရေးကြီးဆုံး အစိတ်အပိုင်းဟာ မင်းရဲ ကိုယ်တွင်းမှာ ပဲရှိတယ်။ ”
“၅ အချက် ။ မင်း ကို ဘယ်မျက်နှာပြင်ပေါ်မှာပဲ ရေးရေး ထင်အောင်ရေးရမယ်။ ဘယ်အခြေအနေရောက်ရောက် မင်းဆက်လက် ရေးသားသွားရမယ်။”

ခဲတံ ကလဲ နားလည်ပြီး မှတ်ထားပါမည် ဟုကတိပေးသည်။

ယခု ခဲတံ နေရာတွင် သင့်ကိုယ်သင် ကိုယ်စားထည့်လိုက်ပါ။ ဒီအချက်တွေကို မင်း အမြဲသတိရမယ်ဆိုရင် မင်းဟာ လောကမှာ အကောင်းဆုးံ လူတစ်ဦးဖြစ်လာလိမ့်မယ်။

၁။ တခြားလူတွေ ဆုံးမအကြံပေးတာ။ မိဘဆွေမျိုး သူငယ်ချင်းတွေ အကြံပေးတာကို ခံယူပါ။
၂။ အခက်အခဲတွေကို အချိန်မရွေးကြုံတွေ့ နိုင်ပေမဲ့၊ အဲဒါတွေကပဲ မင်းကို ပိုမို သန်မာတဲ့ လူတစ်ဦး ဖြစ်စေမှာ။
၃။ မင်းအမှားတွေကို မင်းကိုယ်မင်း ပြင်နိုင်အောင်ကြိုးစားပါ။
၎။ မင်းရဲ့ အရေးကြီး အစိတ်အပိုင်းဟာ မင်းရဲ့ အတွင်းစိတ်ပါပဲ။
၅။ မင်း ဘယ်အခြေအနေ ဘယ်နေရာပဲရောက်ရောက် မင်းလုပ်ရမဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းရွက်ပါ။

ခဲတံဥပမာကို အသုံးချပြီး ဒီအချက် တွေကို မှတ်ထားမယ်၊ လိုက်နာမယ်၊ ဆိုရင်တော့ မင်းဘဝက အမြဲ တိုးတက်နေမှာပါ။


Parable Of The Pencil - Pencil story ဆိုတဲ့ ဝတ္တုတိုလေးကို ဘာသာပြန်ထားတာပါ။

အပြည့်အစုံသို့...

မမေ့နိုင်

ခုနှစ် ၊ ရက် ၊ လ ... အတိအကျမသိတော့ပါ ။
ကျွန်တော် ငါးတန်း တုန်းကဖြစ်သည် ။
အတန်းပိုင် ဆရာမ က နက်ဖြန် ကျောင်းမလာလဲရတယ် စာမသင်ဘူးပာု အသေအချာမှာထားပါလျှက် ကျွန်တော်တို့တစ်ခန်းလုံး ( စာကြိုးစား ပြီး အလွန်တော်သော မမလေး ၂ ယောက် ၃ ယောက် မှလွဲကာ ) ကျောင်းတက်ကြသည် ။ ကြိုတင်တိုင်ပင် ကာကျောင်းတက်ကြခြင်းဖြစ်သည် ။ ဆရာများ မအားလပ်ခြင်း ၊ ဆရာမကြီး ရုံးခန်းတွင် မရှိခြင်းတို့ကို ရိပ်မိသော ကျွန်တော်တို့ အခွင့်ကောင်းယူကာကျောင်းလာကြသည် ။ ကျောင်းလာသည်ဆိုတော့လည်း ဆရာမ ခင်ဗျာ ... အဘယ်မှာ အပြစ်ဆိုနိုင်မည်နည်း ။ သူဆိုနိုင်သည်က " လိမ်လိမ်မာမာနေကြ ဆရာမတွေမအားဘူး ၊ ကိုယ့်စာကိုယ်လုပ်ကြ ပာု " ။

ကျွန်တော်တို့ လိမ်မာကြပါသည် ။ ကျောင်းဝန်းပြင်ထွက်ပြီး ယောင်္ကျားလေးတွေ ဘောကန်ကြကာ ၊ မိန်းကလေးများ ထုတ်ဆီးတိုးကြသည် ။ ပျော်လိုက်သည့်ဖြစ်ခြင်း ကျွန်တော်တို့ဘောလုံး ကျောင်းပြတင်းပေါက်မှန် အားထိမှန် သဖြင့် " ခွမ်း " ဆိုသောအသံကြားမှ အသိဝင်ကြလေသည် ။ ပြသနာ လုပ်ပြီဆိုတော့ ကုတ်နေရပြီပေါ့ ။ အားလုံး မသိမသာ အတန်းထဲ ပြန်ဝင်ကြသည် ။ စာဖတ်ချင်ယောင်ဆောင်သည် ၊ အိပ်ချင်ပာန်ဆောင်သည် ၊ စကားတိုးတိုးပြောကြသည် ။ သိပ်မကြာပါဘူး ... ခြောက်ခြားစရာ ခြေသံ ကိုကြားရပါတော့တယ် ။ ကျွန်တော်တို့ ယောင်္ကျားလေးတွေအားလုံး ကျောင်းဝန်းတစ်ခုလုံးကို မုန့်စားဆင်းချိန် မတိုင်မီ သန့်ရှင်းရေး အပြီးလုပ်ရမယ်တဲ့ ။ ရာဇသံ ပေပဲလေ ( အယူခံမရှိပါ ၊ ချေပသူသည် ကြီးလေးသောအပြစ်ကိုခံရမည် ) ။ အားလုံး တံမြက်လှည်း ၊ အမှိက်ကျုံး ပေါ့ ။ မုန့်စားဆင်းချိန် ပြီးသောအခါ ကျွန်တော်တို့ ဆရာမ အခြေအနေ ကိုအလှည့်ကျ ကြည့်ကြသည် ။ အချိန် အတော်ကြာသည်အထိ တိတ်ဆိတ်နေသောအခါ ... ပထမ အိမ်သာသွားသလိုနှင့် မယောင်မလည် ရုံးခန်းကို လေ့လာသည် ။ တစ်ယောက်မှနှစ်ယောက် ၊ နှစ်ယောက်မှသုံးယောက် ... လေ့လာလို့ကျေနပ်သောအခါ အတန်းထဲတွင် သီချင်းများ ဆိုကြသည် ။ အစတော့ အသံတိုးတိုးလေး ၊ သီချင်းကောင်းလေးတွေ ဆိုကြသည် ။ နောက် အသံနည်းနည်း ကျယ်လာသည် ။ သီချင်းများလည်း ပျက်ဆီးလာသည် ။


" ကျောင်းတော်ထဲမှာ...ဆော့ကာကဲကာ....အပေါင်းအဖော်များနဲ့ ပျော်ရွှင်မယ် ။ တို့ကိုမုန်းရင် မချိသလိုပြုံးမယ်...ဆက်လက်ဆိုကာကခုန်မယ် ... တုနှယ်..တဲ့နှယ်..တယ့်တယ်တယ်.... "

အဲဒါကတော့ မိန်းကလေးများ စပ်ဆိုတဲ့သီချင်းပါ ။ ကျွန်တော်တို့လည်းအသံသေး အသံကြောင်နဲ့လိုက်ဆိုပါတယ် ။ များသော အားဖြင့်ကျွန်တော်တို့ အသံပါ ။ နောက်တော့...


" ဒီကမ္ဘာကို ဆိုက်ကားနဲ့ပတ်မယ်...ငါတို့အတူတကွနင်းကြပါစို့....မှောင်မည်းနေတဲ့မိုးသားများရဲ့အောက်...အပျော်ဆုံးသီချင်းများကိုဆိုပြီးတော့...ဆိုက်ကားနင်းမယ် လာသွားစို့ ............. "

ဒါကဒုတိယ အပြောင်အပျက် ဆိုထားတဲ့သီချင်းပါ ။ နောက်တော့ သီချင်းတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် လျှောက်ပြောင်လှောင်ပြီးဆိုပါတယ် ။ ကျောင်းဆင်းခါနီး အောက်ပါ သီချင်းလေးနဲ့ ပိတ်ခဲ့ပါတယ် .....


" ဂစ်တာ တီးတဲ့ကျောင်းသားများပာာ ... ဒို့များပော့ ..ဒုန်း ဒုန်း ၊ ၀ုန်း ၀ုန်း .. ။ ဂစ်တာ တီးတဲ့ကျောင်းသားများပာာ ... ဒို့များပော့ ..ဒုန်း ဒုန်း ၊ ၀ုန်း.. ။ လာပြီ ဒီမှာကွ Rock & Roll သံစဉ်တွေပာာ ဒို့လက်ထဲမှာ .. ဒီမှာကွ Rock & Roll ဒုန်း ၊ ဒုန်း ၊ ပေားပေားပေားပေား........ဖျောင်း ၊ ဖျောင်း ။ "

အဲဒီ့သီချင်းစာသားထဲမှာ - ဒုန်း ဒုန်း ၊ ၀ုန်း - ဆိုတဲ့ အသံတွေပာာ ကျွန်တော်တို့ စာရေးစားပွဲကို တံမြက်စည်းတုတ်တွေ ၊ ကြက်မွှေးတုတ်တွေနဲ့ ရိုက်လို့ထွက်လာတဲ့အသံပါ ။ ပေားပေားပေား - ဆိုတာကတော့
ဝိုင်းပြီးချီးမြောက်ကြတဲ့ ပရိသတ် ရဲ့အသံတွေဖြစ်ပြီးတော့ -- နောက်ဆုံးမှာ ထွက်လာတဲ့ = ဖျောင်းဖျောင်း = ဆိုတာကတော့ လက်ခုတ်တီးတဲ့အသံမပာုတ်ပါဘူး ။ ကျွန်တော်တို့လည်း အဲဒါကြောင့် ထူးဆန်းအံ့သြစွာနဲ့ စပ်စု ကြည့်တော့ ......

အားလားလား.......အတန်းပိုင်ဆရာမ ခင်ဗျ ။
ကြိမ်လုံးကြီး ကိုင်ပြီးရပ်အားပေးနေလေရဲ့ ။ကျွန်တော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ ၊ ကြောက်အားလန့်အားနဲ့ ဘုရားတနေမိတယ် ။ ကိုယ့်ကိုကိုယ် လွန်သွားမှန်းလဲ သိကြတယ် ။ ဒါကြောင့် ဘာမှ မပြောရဲဘူး ။ အပ်ကျသံတောင် ကြားရလောက်တယ် ။ အပြစ်ကတော့ ကျောင်းဆင်းချိန်မှာ အလံတိုင်ရှေ့ထွက် ပြီး အခြားကျောင်းသူကျောင်းသားတွေရှေ့မှာ လက်မြှောက် နေရတာပဲဖြစ်တယ် ။ တကျောင်းလုံးကုန်မှ ကျွန်တော်တို့ပြန်ရတယ် ။ ဒါပေမယ့် မရှက်ကြပါဘူး ။ ရှက်စရာလို့လည်း မထင်ခဲ့ကြဘူးလေ ။ သေသေချာချာ ပြောနိုင်တာကတော့ ပျော်ခဲ့ပါတယ် ။ တော်တော်လေး ပျော်ခဲ့ကြတယ် ။ ကျောင်းတက်ချိန်ကိုပြန်စဉ်းစား မိတိုင်း အဲဒီ အကြောင်းလေးကို သတိရနေဆဲပါပဲ ။

ဒဏ်ခတ်ခံရလို့ အိမ်ပြန် တစ်နာရီကျော်ကျော်လောက် နောက်ကျလို့ အိမ်ပေါက်ဝ မှာ ကြိမ်လုံးကြီး ကိုင်ပြီးစောင့်နေတဲ့ အမေနဲ့တိုးခဲ့ရပုံနဲ့ ၊ အမေ ပေးခဲ့တဲ့ ပြစ်ဒဏ်ကိုတော့ မဖော်ပြ ပါရစေနော်.....။

အပြည့်အစုံသို့...

Saturday, 22 September 2007

ကျောက်ဆောင်လေး ဖြစ်ပါရစေ ။

ဆုတောင်းလို့သာပြည့်ခဲ့မယ်ဆိုရင်....

ကျွန်တော် ပိာုးအဝေး ကမ်းစပ်တစ်နေရာမှာ ကျောက်ဆောင်လေးသာဖြစ်ပါရစေ ။
လူတွေနဲ့ အလှမ်းဝေးဝေး တစ်နေရာ က ကမ်းစပ်လေးတစ်ခုနားမှာ ကျောက်တောင်လေးတစ်ခုဖြစ်ပါရစေ ။ နေပူပူ ၊ မိုးရွာရွာ ၊ မုန်တိုင်းတွေ ဘယ်လိုကျကျ ကြံ့ကြံ့ခံ နိုင်တဲ့ကျောက်ဆောင်လေးတစ်ခုပေါ့ ။ ပူလောင်မှု အားလုံးနဲ့ ဝေးဝေးမှာ တည်ရှိပြီး တစ်နေရာတည်းမှာ အေးအေးချမ်းချမ်း လေးရပ်တည်နေပါ့မယ် ။

တစ်ခါတစ်ရံ ရောက်လာတတ်တဲ့ ဒီရေလှိုင်းလေးတွေကို ကြိုဆိုမယ် ။ သူတို့တွေ ပင်လယ်ထဲပြန်ထွက် သွားတဲ့ အခါမှာ နှုတ်ဆက်မယ် ။ ပျင်းနေတဲ့အချိန်မှာ ပင်လယ်ပြင်ကြီး နဲ့ မိုးကုတ်စက်ဝိုင်းတို့ ထိစပ်တဲ့ နေရာကိုလှမ်းမျှော်ကြည့်မယ် ။ လေညှင်း လေးတွေသယ်ဆောင်လာတဲ့ သီတင်းစကားတွေကိုနားထောင်မယ် ။ နေ့အခါ နေမင်းကြီး ဘယ်လောက်ပဲပူပြင်းနေပါစေ ၊ ညအခါ ဘယ်လောက်ပဲ အေးချမ်းနေပါစေ အံကြိတ်ပြီး တောင့်ခံမယ် ။ အချိန်တွေကြာလာလို့ ရေလှိုင်းလေးတွေပာာ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ချို့ကို တိုက်စားမယ် ဆိုရင်လဲ ကျေကျေနပ်နပ်နဲ့ပေးပါ့မယ် ။ ကြီးမားလှတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်သန်း ပျံသန်းလာတဲ့ ငှက်ကလေးတွေကိုလည်း ကျွန်တော့်ရဲ့ ကျောကုန်းပေါ်မှာ နားခိုခွင့်ပြုမယ် ။ ပျံထွက်သွားတဲ့ ငှက်ကလေးတွေပာာ ကျွန်တော့်ကို မေ့သွားတောင်မှ ကျွန်တော်ပာာ တိုးတိုးလေး နှုတ်ဆက်နေမှာပါ ။ ပှုဇွန်လေးတွေ ၊ ဂဏန်းလေးတွေ လဲကျွန်တော့်ရဲ့ ခြေရင်းမှာလာရောက် ဆော့ကစားနိုင်ပါတယ် ။ ကျွန်တော် သဘာဝ လောကကြီးရဲ့ ဖြစ်နေပျက်နေမှု တွေကို ဒီအတိုင်း မလှုပ်မရှက် ရပ်ကြည့်နေရရင်ပဲကျေနပ်ပါပြီ ။ အချိန်အတိုင်းအတာ တစ်ခုရဲ့ ကုန်ဆုံးမှုကြောင့် ရေလှိုင်းလေးတွေပာာ ကျွန်တော့်တစ်ကိုယ်လုံးကို အပြီးအပိုင် တိုက်စားခဲ့မယ်ဆိုရင်တောင် ကျွန်တော်လိုက်လိုက်လျောလျော ခွင့်ပြုဦးမှာပါ ။ တိုက်စားသွားတဲ့ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ခုပာာ အခြားတိတ်ဆိတ်တဲ့နေရာလေးမှာ အနည်ထိုင်ခွင့် ရမယ်ဆိုရင်ဖြင့် ကျွန်တော် ရဲ့စိတ်အလျင်ပာာ ငြိမ်းချမ်းမှုရပါပြီ ။

အပြည့်အစုံသို့...