Wednesday, 28 May 2008

မျှော်လင့်ခြင်း


ငါ့အိပ်ယာထဲ
စာအုပ်တွေပြန့်ကြဲ
ဘယ်လိုလုပ်မလဲ
ငါမှအိပ်လို့မရတာပဲ။

ညကောင်းကင်ထဲ
ကြယ်ရောင်လင်းပြောင်ဆဲ
ဘယ်ဆီမှာလဲ
မျှော်လင့်ချက်ရောင်ခြည်ရဲ့။

မေမေ့ရင်ခွင်ထဲ
နွေးထွေးတဲ့မေတ္တာတွေဝေဆဲ
ငါမျှော်နေခဲ့
ဘယ်တော့များအိမ်ပြန်ရောက်မှာလဲ။

အပြည့်အစုံသို့...