Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Friday, 30 January 2009

စိတ်ဆိုးသောအခါ

People use to get angry, including me of course. =D We are angry when someone hurts our feeling, when someone dumps us, when someone points mistake on us, etc. It's just usual. We couldn't escape from this kind of emotional expressions. However, it's not good when things get intense. It's hurt. It's true, it's really HURT!

First, you'll hurt yourself and then you'll hurt others. It's not good at all. It's no use crying over the spilt milk. When you are angry, look around you. People don't care what you are feeling. They don't care how much you hurt. In the end, only you who is suffering from the anger. So, there is no use at all. Just try to Forgive & Forget about everything that makes you angry.
Forgiveness is just giving a room in your heart. I'd mentioned about forgiveness in the previous posts.


Life will be peaceful if there is no anger.

May we be happy and free from the anger. ^__^


အပြည့်အစုံသို့...

Friday, 14 December 2007

အသွားအပြန်

ကျမရဲ့ ခံယူချက်တခုပေါ့နော် .. အသွားအပြန်ဆိုတာ အကြောင်းအရာတော်တော်များများမှာ ရှိပါတယ်။ အသွားပဲရှိပြီး အပြန်မရှိလဲ မကောင်းပါဘူး။ အပြန်ပဲရှိပြီး အသွားမရှိလဲ မကောင်းပါဘူး။ နောက် နာမည်လှလှလေးပေးရရင်တော့ ပေးဆပ်မှုနဲ့ ရယူမှုပေါ့။ ကိုယ်က တဖက်သားပေါ်မှာ ပေးဆပ်မှုတွေအရမ်းများနေရတယ်လို့ ခံစားရရင် .. ဒါမှမဟုတ် တဖက်သားဆီက ရယူမှုတွေအရမ်းများနေတယ်လို့ ခံစားရရင် ပြန်သုံးသပ်ကြည့်ဖို့တော့ လိုနေပါပြီ။ ကိုယ့်ဘက်ကချည်းပဲ ပေးဆပ်နေရရင် ကြာလာရင် သည်းခံနိုင်ဖို့မလွယ်ပါဘူး။ ပြီးတော့ မခံနိုင်တော့တဲ့ တချိန်မှာ ပေါက်ကွဲထွက်လာပြီဆိုရင်လဲ အတိုင်းဆ အရမ်းကြီးမားနေတတ်ပါတယ် ။ ဒီတော့ ကိုယ့်ဘက်က မပေးဆပ်နိုင်တော့ဘူး.. ပေးဆပ်ချင်စိတ်လဲ မရှိတော့ဘူး လို့ထင်ရင် မပေးဆပ်ဖြစ်အောင် ကြိုးစားသင့်တယ်ထင်ပါတယ် ။ ကိုယ့်ရဲ့ခံစားချက်ကို တဖက်သား နားလည်အောင် ကျေကျေလည်လည်ပြောပြခြင်းဖြင့်သော် လည်းကောင်းပေါ့။ နောက်တခုက ရယူမှုပေါ့နော် သူများဆီကချည်းပဲရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်မျှော်လင့်ထားသလောက် သူတဖက်သားဆီက မရလာတဲ့အခါ တဖက်သားကိုပဲ စိတ်ဆိုးမလား.....။ ကြိမ်ဖန်များလာတဲ့အခါမှာတော့ စဉ်းစားချင့်ချိန်သင့်ပါပြီ။ ဘာလို့ ငါမျှော်လင့်ထားသလောက် သူတို့မပေးလဲပေါ့။ အဖြေက ရှင်းရှင်းလေးပါ ။ ကိုယ်ကလဲ သူမျှော်လင့်ထားသလောက် မပေးခဲ့ဖူးလို့ပေါ့။ ဒါက အမြဲတမ်းအတွက် မှန်တယ်လို့တော့ မထင်ပါဘူး ။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ မှန်မယ်ထင်ပါတယ်။ ဘာမှကြီးကြီးမားမားကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲလိုအသေးအဖွဲလေးတွေကနေပဲ နောက်ဆုံး မခံနိုင်အောင်ထိ ပေါက်ကွဲတတ်ကြတာ လူ့သဘာဝပါ ။ ဒီတော့ ဒီပို့စ်က သူငယ်ချင်းများအားလုံး စိတ်ရဲ့ချမ်းသားခြင်းနဲ့ ပြည့်စုံနိုင်စေဖို့ တဖက်တလမ်းက ကူညီချင်တဲ့သဘောပါ တခုခုလုပ်ပေးချင်တဲ့စိတ်ကြောင့် ဒီပို့စ်ကို တင်ခဲ့တာပါ အခြားရည်ရွယ်ချက် မပါရှိပါကြောင်း။ =)

အပြည့်အစုံသို့...

Saturday, 22 September 2007

ကျောက်ဆောင်လေး ဖြစ်ပါရစေ ။

ဆုတောင်းလို့သာပြည့်ခဲ့မယ်ဆိုရင်....

ကျွန်တော် ပိာုးအဝေး ကမ်းစပ်တစ်နေရာမှာ ကျောက်ဆောင်လေးသာဖြစ်ပါရစေ ။
လူတွေနဲ့ အလှမ်းဝေးဝေး တစ်နေရာ က ကမ်းစပ်လေးတစ်ခုနားမှာ ကျောက်တောင်လေးတစ်ခုဖြစ်ပါရစေ ။ နေပူပူ ၊ မိုးရွာရွာ ၊ မုန်တိုင်းတွေ ဘယ်လိုကျကျ ကြံ့ကြံ့ခံ နိုင်တဲ့ကျောက်ဆောင်လေးတစ်ခုပေါ့ ။ ပူလောင်မှု အားလုံးနဲ့ ဝေးဝေးမှာ တည်ရှိပြီး တစ်နေရာတည်းမှာ အေးအေးချမ်းချမ်း လေးရပ်တည်နေပါ့မယ် ။

တစ်ခါတစ်ရံ ရောက်လာတတ်တဲ့ ဒီရေလှိုင်းလေးတွေကို ကြိုဆိုမယ် ။ သူတို့တွေ ပင်လယ်ထဲပြန်ထွက် သွားတဲ့ အခါမှာ နှုတ်ဆက်မယ် ။ ပျင်းနေတဲ့အချိန်မှာ ပင်လယ်ပြင်ကြီး နဲ့ မိုးကုတ်စက်ဝိုင်းတို့ ထိစပ်တဲ့ နေရာကိုလှမ်းမျှော်ကြည့်မယ် ။ လေညှင်း လေးတွေသယ်ဆောင်လာတဲ့ သီတင်းစကားတွေကိုနားထောင်မယ် ။ နေ့အခါ နေမင်းကြီး ဘယ်လောက်ပဲပူပြင်းနေပါစေ ၊ ညအခါ ဘယ်လောက်ပဲ အေးချမ်းနေပါစေ အံကြိတ်ပြီး တောင့်ခံမယ် ။ အချိန်တွေကြာလာလို့ ရေလှိုင်းလေးတွေပာာ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ချို့ကို တိုက်စားမယ် ဆိုရင်လဲ ကျေကျေနပ်နပ်နဲ့ပေးပါ့မယ် ။ ကြီးမားလှတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်သန်း ပျံသန်းလာတဲ့ ငှက်ကလေးတွေကိုလည်း ကျွန်တော့်ရဲ့ ကျောကုန်းပေါ်မှာ နားခိုခွင့်ပြုမယ် ။ ပျံထွက်သွားတဲ့ ငှက်ကလေးတွေပာာ ကျွန်တော့်ကို မေ့သွားတောင်မှ ကျွန်တော်ပာာ တိုးတိုးလေး နှုတ်ဆက်နေမှာပါ ။ ပှုဇွန်လေးတွေ ၊ ဂဏန်းလေးတွေ လဲကျွန်တော့်ရဲ့ ခြေရင်းမှာလာရောက် ဆော့ကစားနိုင်ပါတယ် ။ ကျွန်တော် သဘာဝ လောကကြီးရဲ့ ဖြစ်နေပျက်နေမှု တွေကို ဒီအတိုင်း မလှုပ်မရှက် ရပ်ကြည့်နေရရင်ပဲကျေနပ်ပါပြီ ။ အချိန်အတိုင်းအတာ တစ်ခုရဲ့ ကုန်ဆုံးမှုကြောင့် ရေလှိုင်းလေးတွေပာာ ကျွန်တော့်တစ်ကိုယ်လုံးကို အပြီးအပိုင် တိုက်စားခဲ့မယ်ဆိုရင်တောင် ကျွန်တော်လိုက်လိုက်လျောလျော ခွင့်ပြုဦးမှာပါ ။ တိုက်စားသွားတဲ့ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ခုပာာ အခြားတိတ်ဆိတ်တဲ့နေရာလေးမှာ အနည်ထိုင်ခွင့် ရမယ်ဆိုရင်ဖြင့် ကျွန်တော် ရဲ့စိတ်အလျင်ပာာ ငြိမ်းချမ်းမှုရပါပြီ ။

အပြည့်အစုံသို့...

Friday, 21 September 2007

ကျေးဇူးပါ Blogger

စာအုပ်တွေဖတ်ရှုရမှာကိုပျင်းလာတဲ့ ကျွန်တော် ၊ ဘလော့(ခ်) တွေကိုမှန်မှန်ဖတ်ရှုနေမိတယ် ။ အစ ကတော့ဘလော့(ခ်)တွေကိုသိပ် ဂရုမစိုက်ခဲ့ပေမယ့် ၊ မထင်မှတ်ပဲ ဘလော့(ခ်)တွေကနေ အများကြီးလေ့လာခဲ့ရတယ် ... အတွေးအခေါ်တွေ ၊ နည်းပညာတွေ နဲ့ စာရေးသားမှုအပိုင်းတွေကိုပါ လေ့လာတက်မြောက်လာပါတယ် ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။


စာရေးရမှာကို အင်မတန်ပျင်းတဲ့ ကျွန်တော်ပာာ အခုဆို ဘလော့(ခ်) မှာ ပို့(စ်) တွေကိုမှန်မှန်တင်နေပါပြီ ။ ဘာမှမပာုတ်တဲ့ခေါင်းစဉ်တွေပေမယ့် စာရေးတဲ့အလေ့အကျင့်လေးရနေပါပြီ ။ ဒိုင်ယာရီ ကိုနေ့စဉ်မရေးနိုင်ပေမယ့် ဘလော့(ခ်)ကိုတော့နေ့စဉ်ပို့(စ်)လုပ်နိုင်နေပါပြီ ။ စာရေးဆရာ တစ်ယောက်မပာုတ်ပေမယ့် စာတွေရေးခြင်းဖြင့် ကျွန်တော့်ရဲ့ ရင်တွင်းမှပြည့်ကျပ်နေတဲ့ စကားလုံးတွေထွက်ပေါက်တွေ့ရှိရပါတယ် ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။



ဘလော့(ခ်)ပေါ်မှာ သူငယ်ချင်း အသစ်တွေရနေပါပြီ ။ အပြင်မှာ တစ်ခါမှမတွေ့ရသေးပေမယ့် ၊ ကိုယ့်ရဲ့ အတွေးတွေ ၊ ခံစားချက်တွေ ၊ ပျော်ရွှင်မှုတွေ ၊ ကို ၀ိုင်းဝန်းခံစားပေးတဲ့ သူငယ်ချင်းတွေကို ဘလော့(ခ်)တွေကြားထဲမှာ ရှာဖွေတွေ့ရှိရပြန်ပါတယ် ။ ရေးသားတဲ့ပို့(စ်)တွေပာာ အရေးအသားညံ့ဖျင်းစေအုံးတော့ အမှားကိုထောက်ပြ ၊ အမှန်ကို ရှင်းပြပေးတဲ့ ဘလော့(ခ်)ဂါ ကိုကို၊မမ တွေနဲ့ ရင်းနှီးခွင့်ရနေပါပြီ ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။


တစ်ကိုယ်တည်း အထီးကျန်နေတဲ့အချိန် ၊ မောမောနဲ့ အလုပ်ကပြန်လာတဲ့အချိန် ၊ စိတ်ဓါတ်တွေ တပာုန်ထိုးကျနေချိန်မှာ -> မိမိဘလော့(ခ်) လေးကိုလာလည်တဲ့ စာဖတ်သူတွေ Cbox ပေါ်မှာ ရေးသားခဲ့တဲ့ " လာလည်သွားပါတယ် " ဆိုတဲ့ စာသားလေးပာာ တိုတောင်းပြတ်သား ပေမယ့် အမြင့်မားဆုံးရေခဲတောင်ပေါ်မှာပေါက်တဲ့ နှစ်တစ်ထောင် ဂျင်ဆင်း ဆေးပင်ထက် ခွန်အားတွေ တိုးရပြန်ပါတယ် ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။


အပြည့်အစုံသို့...

Sunday, 19 August 2007

ငိုနေတဲ့ မျက်လုံးတစ်စုံ

ငါ့ကို ထားရစ်ခဲ့ကြပြီ။

ဖုံတင် အခန်းကျဉ်းထဲမှာ
ငါတစ်ယောက်တည်းအထီးကျန်စွာနေရစ်။

ရှုပ်ပွနေတဲ့ စားပွဲလေးပေါ်က စက္ကန့်တံတွေ
ငါ့ကို သရော်အပြုံးနဲ့ ကြည့်ရင်း လေးတွဲ့စွာ ခုတ်မောင်း။

ငါတစ်ယောက်တည်း ပေတစ်ရာလမ်းမပေါ်ကိုလျှောက်လှမ်း
သေချာတာက နေရာတစ်ခုဆီသို့။

နာကျင်မှုတွေကို ထွေးပိုက်ရင်း
အေးစက်တဲ့ ခုံတန်းလျားပေါ်ကနေ ငါ့နာမည် ခေါ်သံကို စောင့်နေခဲ့တယ်။

လူတွေက ငါ့ကို လူထူးဆန်းကြီးတစ်ယောက် သဖွယ် အကြည့်တွေနဲ့
ငါကတော့ ပြန်မကြည့်ရဲခဲ့ဘူး
ဒီလိုနဲ့ ငါ့ရဲ့ အခန်းကျဉ်းလေးဆီကိုပဲ ခေါင်းငိုက်စိုက်ပြန်ခဲ့။

ငါ့မျက်လုံးအစုံမှာ သွေးရောင်လွှမ်းလို့ပေါ့
ငိုချင်နေတဲ့ ငါ့မျက်လုံးတွေကို တားဆီးမဲ့အရာ မရှိခဲ့။
ခမ်းခြောက်နေတဲ့ ငါ့မျက်လုံးတွေကို ငါမုန်းတယ်။

နောက်ဆုံးတော့ ငါဆုတောင်းလိုက်တယ်
“မျက်စိနာ” မြန်မြန်ပျောက်ပါစေ- ဟု။

မျက်စိနာတုန်းက ဆေးခန်းကပြန်လာရင်း ရတဲ့ အတွေးကို ရေးထားတဲ့ စာလေးပါ။

အပြည့်အစုံသို့...

Friday, 17 August 2007

အမေပြောပြတဲ့ ကျွန်တော့်အကြောင်း

ဒီဘလော့ဟာ ကျွန်တော့် personal ဘလော့မဟုတ်သော်လည်း တွေးမိတဲ့အကြောင်း အရာနဲ့ ခံစားချက်တွေကိုတော့ ကြုံရင်ကြုံသလို ရေးဖြစ်ပါတယ်။
အခုလဲ သတိရမိတဲ့ ငယ်ငယ်က အကြောင်းအရာလေးတွေကို မှတ်မိသလောက် စာစီဖြစ်ခဲ့ပါတယ်။
နောင် ဘယ်အချိန်ကျရငိ ဒီအကြောင်းတွေကို မေ့သွားမလဲဆိုတာ မခန့်မှန်းနိုင်ဘူးလေ။
၎နှစ်အရွယ်တုန်းကပေါ့။


အမေက ကျွန်တော့်ကို အများနည်းတူ မူကြိုအပ်ဖို့ ကြိုးစားတယ်။ မူကြိုနာမည်က “ဇာနည်ရွှေသွေး” တဲ့။ အိမ်နဲ့ မလှမ်းမကမ်း လမ်းမကြီးပေါ်မှာ ရှိတာပါ။ မူကြိုဆိုပေမဲ့ ရှေးအိမ်ကြီးတစ်လုံးပါ။ မူကြို ဆရာမလေးတွေက ကရင်တိုင်းရင်းသူတွေပေါ့။ ပထမဆုံးရက် စအပ်တဲ့ နေကဆိုရင် အမေနဲ့ အတူလမ်းထဲက အမေ့ရောင်းရင်း အဒေါ်ကြီးတစ်ယောက်ပါ လိုက်လာတယ်။ သူတို့ ကျွန်တော့ကို ညာပြီး တစ်ယောက်တည်းထားခဲ့ကြတယ်လေ။ ပြီးတော့ သူတို့နှစ်ယောက်က ဆိုင်တစ်ဆိုင်ကို ကွယ်ပြီး ကျွန်တော့်ကို ကြည့်နေကြလေရဲ့။ သူတို့ကို ကျွန်တော်ကြိုးစားပြီး လိုက်ရှာကြည့်တယ်။ နောက်ဆုံး ရှာမတွေ့ပါဘူး။ ဘယ်ရမလဲ… ကျွန်တော်လဲ အသံပြဲကြီးနဲ့ အော်ငိုပါလေရောပေါ့။ ဘယ်လောက်ပဲ အော်ငိုပါစေ။ သူတို့ကတော့ မူကြိုဆရာမလေးတွေကို စိတ်ချစွာနဲ့ ပစ်ထားခဲ့ကြပြီပေါ့။


ကျွန်တော်မှတ်မိတယ်။ မူကြိုတွေရဲ့  ထုံးစံအတိုင်း နေ့လည်ဆိုရင် အိပ်ရတယ်လေ။ ကျွန်တော်က ငယ်ငယ်ထဲက နေ့လည်ကို အိပ်ရတယ်လို့မှမထင်ပဲ။(အခုတော့လဲငိုက် ချင်တာတောင် ငိုက်ခွင့်မရတော့ပါဘူး။) အဲဒီတော့ ဘယ်ပြောကောင်းမလဲ ကြိမ်လုံးစာမိပါလေရောပေါ့။ နောက်တစ်နေ့တော့ မအိပ်ချင်တဲ့ ကျွန်တော်က အိပ်ချင်ယောင်ဆောင်ကြည့်တာပေါ့။ ကလေးဆိုတော့ အိပ်ချင်ယောင်ဆောင်လေ သိသာလေပဲလေ၊ မရတော့ပါဘူးလေ နောက်ဆုံးတော့လဲ အများနည်းတူ အိပ်ရတော့တာပဲ။


နောက်ပြီး စာသင်ရသေးတယ်။ အင်္ဂလိပ်စာ ဝေါဟာရတွေကို အသံထွက်သင်ပေးတယ်။ ဥပမာ ဆိုပါတော့ အသီးတွေဆိုရင် - ပန်းသီးကို အဲပဲလ်၊ ငှက်ပျောသီးကို ဘနားနား၊ စသည်ဖြင့်ပေါ့။ အဲဒီတုန်းကတော့ အများကြီးပဲမှတ်ခဲ့ရတယ်။ အသီးအရွက်တွေ၊ အသုံးအဆောင်တွေ၊ တိရ စ္ဆာန်တွေနာမည် စုံလို့ပါပဲ။ အမေပြန်ပြောပြတာတော့ အလုံးပေါင်း ၂၀၀ကျော်ဆိုလား ရလိုက်တယ်ဆိုပဲ..


မူကြိုတက်တာ နဲနဲကြာလာတော့ သူငယ်ချင်းတွေလဲ ရလိုက်တယ်။ ကဗျာတွေလဲ အများကြီး အလွတ်ရလိုက်တယ်။ သြကာသ ဘုရာရှိခိုး၊ မင်္ဂလသုတ် ကဗျာတွေ၊ “ယုန်ကလေးကနားရွက်ထောင်..” စတဲ့ ကဗျာတွေရောပဲ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေကိုရော၊ အမျိုးတွေကိုရောပါ ကြွားစရာ တွေရလာတာပေါ့။
ဒါတွေကတော့ မူလတန်းကျောင်းမတက်ခင်က အထိပါပဲ……..

အပြည့်အစုံသို့...

Sunday, 22 July 2007

သူတို့ကို သတိရ တယ် ။




Mouse (ကွန်ပြူတာမှာ သုံးတာပါ ၊ ကြွက်မပာုတ်ပါဘူး) ကလေးတစ်လုံးပာာ ဘာမှ ကြီးကြီးကျယ်ကျယ် မရှိလှပါဘူး ။ ဒါပေမယ့် ကျွန်တော် ပုံမှာ ပြထားတဲ့ Mouse လေးကိုတော့ မြင်မြင်ခြင်းပဲ ခံစားမှုလေး တစ်ခုဝင်လာပါတယ် ။
ဒါကတော့ ........
နောက်ကြောင်းကိုပြန်လှန်ရမယ်ဆိုရင်ပေါ့...
ကျွန်တော် ဆယ်တန်းမှာ တုန်းက Counter Strike Game က ရန်ကုန် မှာခေတ်စားဆုံးပေါ့ ။ ကျွန်တော် အဲဒီဂိန်းကို စစချင်းစဆော့တဲ့အချိန်လဲဖြစ်တယ် ။ အမြဲတန်းဆော့ဖြစ်တဲ့ ဂိန်းဆိုင်က သုံးတဲ့ Mouse တွေက အခုပုံထဲမှာ ပြထားတဲ့ ပုံစံလေးတွေပါပဲ ။ နှိပ်လို့ အရမ်းကောင်းတာပေါ့ ။ အသံလေးတွေကိုက ကလစ် ၊ ကလစ် နဲ့အရမ်းနားထောင်ကောင်းတာပဲ ။ ကလစ် လို့ အသံလေးတစ်ချက် အမြည်မှာ တစ်ဖက်က ရန်သူ သွေးတွေဖွေး ထွက်သွားတာ ပာာအဲဒီဂိန်း ကိုကျွန်တော်ကြိုက် တဲ့အချက်တွေပေါ့ ။ ထားပါတော့..လိုရင်းကိုဆက်မယ် ။
အဲဒီမှာ ကျွန်တော်တက်နေတဲ့ကျူရှင်က ယောင်္ကျား လေးတွေအားလုံးပာာလဲ ဂိန်းသရဲ တွေပါဗျာ ။ အားလုံးပာာ အဲဒီ့ ဂိန်းဆိုင်သွားဖို့ဆိုရင် ကြည့်လိုက်တာနဲ့ တစ်ယောက်အလိုက်ကိုတစ်ယောက် သိတဲ့သူပေါ့ ။ အတန်းမစခင် တစ်နာရီ အလိုနဲ့ အတန်းပြီး တစ်နာရီ အချိန်အတွင်းမှာ ကျွန်တော်တို့အတန်းထဲက ဘယ်သူ့ကိုမဆို အဲဒီ့ ဂိန်းဆိုင်မှာ လာရောက် ရှာနိုင်ပါတယ် ။ အဲဒီလိုမျိုး ကျွန်တော်တို့ပာာ ပျော်ပျော်ပါးပါး နဲ့ ဆော့ကစားကြတာ...ဆယ်တန်းဆိုတဲ့ ကျောင်းတော်ကြီးပြီးလို့တစ်ယောက်တစ်နေရာဆီကွဲတော့မှပဲ ရပ်ဖြစ်တော့တယ်ဆိုပါတော့ ။
ကျွန်တော့ ဘ၀ မှာအဲဒီ့အချိန်ကလောက် ဂိန်းဆော့လို့ ကောင်းတဲ့ရက်တွေပာာဘယ်သောအခါမှ မရှိခဲ့ပါဘူး ။ နောက်ပြီး အဲဒီ တုန်းက သူငယ်ချင်းတွေပာာလဲ အလွန်ကို ခင်မင်ခဲ့တဲ့ သူတွေပေါ့ ။ ခု သူတို့နဲ့ ကွဲခဲ့တာ သုံးနှစ် ကျော်ကျော်လောက်ရှိခဲ့ပါပြီ ။ အဲဒီ Counter Strike ကိုဆက်မကစားဖြစ်တော့တာလဲ ၊ သူငယ်ချင်းတွေ ကွဲခဲ့တဲ့ အချိန်က စလို့ပေါ့ ။ ကျွန်တော် အရမ်းသတိရတာပဲ ၊ သူတို့တွေအားလုံးနဲ့ တစ်ကြိမ်လောက် လူစုံတက်စုံ ပြန်လည်ဆုံတွေ့ပြီး Counter Strike ကိုပြန်လည် ကစား ချင်တယ် ဗျာ ။ တစ်ကြိမ်လောက်ပါပဲ ... အများကြီး မတောင်းဆိုပါဘူး ။

အပြည့်အစုံသို့...

Friday, 20 July 2007

စိတ်ကူးခြင်းမိုးတိမ် အောက်မှာ စိတ်ကူးယဉ်ခွင့် ပြုပါ ။

စိတ်ကူးခြင်းမိုးတိမ်အောက်မှာ ကျွန်တော်စိတ်ကူးယဉ်ကြည့် လိုက်တယ်ဗျာ ... Impossible လို့ခေါ်ရလောက်အောင် ကိုမဖြစ်နိုင်ဘူးလို့ ထင်တာတွေပဲ ရွေးပြီးစိတ်ကူးယဉ် လိုက်တယ် ။
စိတ်ကူးယဉ် တာမို့ လက်တွေ့ ဖြစ်နိုင်ခြေ တွေနဲ့ အရမ်းကွာဝေး နေတာကို တော့စိတ်ထဲခုမသွားကြပါနဲ့ ။

ကျွန်တော် က အာကာသ ကြီးကိုအရမ်း စိတ်ဝင်စား တာခင်ဗျ ။ အဲဒါနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ် ၊ အဲဒါနဲ့ ဆိုင်တဲ့ ရုပ်ရှင်ကြည့်တယ် ။ အဲဒီ့ ပုံတွေရှာ ကြည့်တယ် ။ အိပ် ရင်တောင် အိပ်မက်မက်တယ် ဆိုပါတော့ ။ အရမ်းဖြစ်ချင် တာတစ်ခုတော့ရှိတယ် ---> အာကာသ ထဲကို ထွက်ပြီး ကြယ်တွေ ၊ လတွေ ၊ ဂြိုလ် တွေ နဲ့ စာအုပ်ထဲမှာ ဖတ်ရသမျ ကိုလိုက်လေ့လာချင်တယ် ။ နောက်ပြီး အဲဒီ့ ထဲမှာပဲ လိုက်လေ့လာ ၊ ဓါတ်ပုံ တွေလိုက်ရိုက်ပြီး အာကာသ ရဲ့ နေရာတိုင်းကို ရောက်အောင်သွားချင်တယ် ။ ပီာပီား....(အရူး လို့တော့ ကင်ပွန်း မတပ်လိုက်ပါနဲ့ ဗျာ ။ စိတ်ကူးယဉ် ပါ ဆိုနေမှ ) ။

တစ်ခါတစ်လေ...လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်လိုက်ရတာ အရမ်းအရသာ ရှိတာပဲ ။ ဘယ်သူက ပေါတယ် လို့ပြောပါစေ ။ ဂရုမစိုက်ဘူး ။ စိတ်ကူးယဉ်ပါ ဆိုနေမှ ... ဖြစ်ဖို့ခဲယဉ်း တာပေါ့ ။ ဒါကြောင့် နောက်လဲ ပောာဒီ မိုးတိမ်လေး အောက်မှာ လာလာ ပြီး စိတ်ကူးယဉ် မယ်လို့ ဆုံးဖြတ် ထားတယ် ။

အပြည့်အစုံသို့...

Wednesday, 18 July 2007

->အိမ်ပြန်ချင်တဲ့သူများရှိကြသလား...

အိမ်ကိုသတိရလွမ်းဆွတ်နေတဲ့သူများ ယခု ယူကျု ကိုမကြည့်ပါနဲ့လို့တားပါရစေ ။ ကျွန်တော် အိမ်ကိုအရမ်းသတိရလွမ်းဆွတ်လို့ ဒီသီချင်းလေးကိုတင်လိုက်တာပါ ။ ကျွန်တော့်ကြောင့်အခြားသူတွေပါ လိုက်ပြီးအိမ်ပြန်ချင်စိတ်ပေါ်မယ်ဆိုရင် စိတ်ကောင်းမှာမပာုတ်ပါဘူးခင်ဗျာ...။

အပြည့်အစုံသို့...

Wednesday, 4 July 2007

မွေးနေ့လက်ဆောင်

သူမရဲ့ကမ္ဘာဟာ အထီးကျန်မှုတွေနဲ့ပြည့်နှက်နေတယ်
မာနတွေ ကိုခြုံလွှမ်းလို့ပေါ့
သူမရဲ့ အခန်းကျဉ်းလေးမှာတော့...
ပြင်းထန်တဲ့နာကျင်မှုတွေ ချည်းပဲပေါ့။

သူမမှာ မှီခိုစရာ သူငယ်ချင်းမရှိခဲ့
မှေးစက်အနားယူဖို့လဲ မရှိခဲ့
သူမရဲ့မေတ္တာကို မျှဝေခံစားမဲ့သူမရှိခဲ့
မျှော်လင့်ချက်တွေ၊ ကြင်နာခြင်းတွေ လက်ခံပေးသူမရှိခဲ့။

ညပေါင်းများစွာ စဉ်းစားရင်း အိပ်မရ
နေ့ပေါင်းများစွာ စဉ်းစားရင်း အလုပ်ပျက်
သူမ အိပ်ရာပေါ်ကို ပစ်လှဲချလိုက်ပြီး
နောက်ဆုံးတော့ သေနတ်တစ်လက်ကို သူမခေါင်းမှာ ချိန်လိုက်တယ်။

မကြာဘူး..သူမဖုန်းမြည်သံကိုကြားလိုက်ရတယ်
သူမသေနတ်ကို ခေတ္တဖယ်ထားလိုက်တယ်
ဟိုတစ်ဖက်ကပြောနေတာက အမေ
သူမစကားလုံးတွေကိုကြားနေရတယ်။

”မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ သမီးငယ်
ဒီနေ့ဟာ မင်းတစ်ယောက်ထဲအတွက်ပါ
အမေ့ရဲ့ နှလုံးသားကလာတဲ့စကား
အမှန်တရားဆိုတာ မင်းသိပါစေ” တဲ့။

သူမနားထဲမှာ စကားလုံးတွေ ပြေးလွှားနေတယ်
သူမ အင်အားသစ်တစ်ခုကို ခံစားလိုက်ရသလား
သေနတ်ကို အသာအယာချ
သူမဘဝအတွက် ဆုံးဖြတ်ချက်တစ်ခုလုံး ပြောင်းလဲသွားတယ်။

ရက်တွေကြာတော့ အဲဒီထူးခြားတဲ့နေ့လေးကို ပြန်သတိရလာတယ်
သူမအမေရဲ့စကားတွေကိုရောပေါ့
သူမ လက်ဆောင်တစ်ခုရလိုက်ပါတယ်
သူမရဲ့ ဘဝသစ်တစ်ခုလုံးကိုရောပေါ့။

Chicken soup for the teenagers soul မှကဗျာတစ်ပုဒ်ကို ခံစားတင်ပြပါသည်။


အပြည့်အစုံသို့...

Monday, 2 July 2007

အိမ်မက်လေးတစ်ခု....

အိမ်မက်တွေ ခဏခဏ မက်ခဲ့ဖူးပါတယ် ( အိပ်နေတုန်းမက်တဲ့အိမ်မက်ကို ပြောတာမပာုတ်ပါ ၊ စိတ်ကူးယဉ်တာကို ပြောခြင်းပါ ) ။ ဖြစ်နိုင်တာတွေ ရော မဖြစ်နိုင်တာတွေရော အများကြီးပါ ။ အဲဒီ့ထဲမှာ အခုတလောမှ မက်ဖြစ်တဲ့အိမ်မက်လေးကိုတော့အမှန်တကယ်ဖြစ်လာနိုင်ဖို့အရမ်းမျှော်လင့်
နေပါတယ် ။ အောက်မှာ ထည့်ပေးလိုက်တဲ့ သီချင်းလေး ကိုနားထောင်ကြည့်စေလိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရှင်းပြမယ့်အိမ်မက်ပာာ ထိုသီချင်းလေးနဲ့ဆက်သွယ်နေလို့ပါပဲ ။


ထိုသီချင်းလေးကိုနားထောင်နေစဉ်မှာ စာဖတ်သူ နေနဲ့ဘယ်လိုခံစားချက်မျိုး
ဝင်လာမလဲ ဆိုတာတော့ ကျွန်တော့်အနေနဲ့ မခန့်မှန်းနိုင်ပါဘူး ။ ကျွန်တော့်အနေနဲ့ကတော့........
အမေရိကန် နိင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အစွန်အဖျားဒေသမှာဖြစ်ဖြစ်.....
အင်္ဂလန် နိုင်ငံ ရဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေး တစ်ခုမှာဖြစ်ဖြစ်.....
ညနေ နေ၀င်ချိန် ပုဇွန်ဆီရောင်သန်းနေခိုက်မှာ -- (သစ်ပင်ကြီးတွေ) အရွက်တွေကြွေခြောက်ပြီး ၊ ရိုးတံ တွေထိုးထိုးထောင်ထောင်နဲ့တစ်ဖတ်တစ်ချက်စီပေါက်နေတဲ့ အဝေးပြေး လမ်းမတစ်လျှောက် ကို........
ကိုယ့်ချစ်သူ နဲ့ (တကယ်တော့ ခုချိန်ထိရှာမတွေ့သေးပါဘူး) ၊
နေ၀င်လို့ကြယ်တွေမြင်ရချိန်ထိ ရှေးပောာင်း ကားစုတ်ကလေး ပေါ်မှာ ဒီသီချင်းလေး ကိုဖွင့်ပြီး လှည့်ပတ်စီးချင်တာပါ ။
နေ့စဉ်နေ့တိုင်းပေါ့.............


အပြည့်အစုံသို့...

Thursday, 28 June 2007

လှံစိုက်ခံလိုက်ရတဲ့ မြေနိမ့်

နာခံရတာတွေ များတော့.......
ကိုယ်ပိုင် ခံစားချက် တွေကို ပြောပြခွင့်မရခဲ့.....
နောက်ဆုံးတော့....
ဆွံ့ အခဲ့ရပြီ......

ခေါင်းငုံ့ လျှောက် ရပါများတော့ လည်း.....
အခုတော့.....
ကောင်းကင်ကြီးဘာအရောင်လဲဆိုတာ ပြောမပြတတ်တော့ပြီလေ......

အပြည့်အစုံသို့...

Wednesday, 27 June 2007

အိုင်ဒီယာ တွေ ခံစားချက် တွေ ပျောက်ဆုံး ကုန်ပြီ ။

ကျွန်တော် အရင်ကဆို ကဗျာ တွေရေးသားရတာကို အလွန်နှစ်ခြိုက်တဲ့သူပါဗျာ ။ ကဗျာ လေးတွရေးပြီး ပီတိ လေးတွေဖြစ်နေသူပေါ့ ။ ဒါပေမယ့် ခုတလော ကဗျာ ရေးဖို့ စဉ်းစားလိုက်တိုင်း ခံစားမှုတွေ ၊ အကြောင်းအရာ ကုန်ကြမ်း တွေ ထွက်မလာဘူးဖြစ်နေတယ် ။ ကိုယ့်ကိုကိုယ်လည်း အံ့သြ မိတယ် ။ ငါဘာဖြစ်သွားတာလဲ လို့ပေါ့ ။ တကယ်ပါ .... တကယ်ကို ရေးလို့မရတော့တာပါ ။ အရမ်းရေးချင်ပေမယ့် ဘာစာသားမှထွက်မလာတော့ ကိုယ့်ကိုကိုယ် လည်း နည်းနည်းတော့ ဒေါသ ထွက်မိတယ် ။ ကဗျာ မှမပာုတ်ပါဘူး တခြား စိတ်ပိုင်းဆိုင်ရာတွေ မှာလည်း ကိုယ့်ကိုကိုယ် ပြောင်းလဲ လာတာကို သတိ ထားမိတယ်ခင်ဗျ ။ ကျွန်တော် တော့သွားပါပြီဗျာ....။ သွားပါပြီ ။

အပြည့်အစုံသို့...

Tuesday, 26 June 2007

ဖောက်သည်ချပါရစေ.....

ဒီနေ့ ကျွန်တော့် စာမေးပွဲ နောက်ဆုံးနေ့ပါ ခင်ဗျာ ။ ငယ်ငယ် တုန်းကလိုတော့ မပျော်နိင်ပါဘူး ။ အသက်လေးကထောက်လာတော့ ဒါတွေကို ပျော်စရာ တစ်ခုအဖြစ်မတွေ့တော့ဘူးလေ ။ ပြီးတော့ အိမ် က မိသားစု တွေနဲ့လဲ Gtalk ထဲမှာတွေ့ပြီး စကား ပြောခွင့် ရလိုက်တော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားတယ် ။ အသက် ကငယ်တော့တာလဲ မပာုတ်ပဲ နဲ့ အခုအချိန်ထိ အားငယ် တတ်တုန်း ပေါ့ ။ ကျွန်တော် ဘာ ပို့(စ်) လုပ်ရမလဲမသိတာနဲ့ဘဲ ရင်ထဲ ကလာတဲ့အတိုင်းဖွင့်ချမိပါတယ်...သည်းခံပေး ပါရန် တောင်းပန်ပါတယ်ခင်ဗျာ....။

အပြည့်အစုံသို့...

အဖြူရောင်တန်ဖိုးတစ်ခု

ကလေးငယ်တွေဟာ ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေဟာ အရမ်းကိုဖြူစင်ကြပါတယ်။ သူတို့ရဲ့မျက်ဝန်လေးတွေဟာ တောက်ပကြည်လင်စွာ အသက်ဝင်နေကြတယ်။ သူတို့လေးတွရဲ့ မျက်ဝန်းတွေထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အရိပ်အရောင်တွေ မရှိပါဘူး။ မုန်းတီးခြင်း၊ နာကြည်းခြင်း၊ မနာလိုဝန်တိုခြင်း ဆိုတာတွေလဲ မရှိပါဘူး။ ပူပန်သောကဆိုတာ ဘာမှန်းမသိတဲ့ ကလေးလေးတွေဟာ ချစ်ဖို့ကောင်းကြတာ မဆန်းဘူးလို့ ထင်ပါတယ်။ ကျွန်မတို့လည်း ငယ်စဉ်ကလေးဘ၀တုန်းက ဖြူစင်ခဲ့ကြပါတယ်။ အရွယ်ရောက်လာလို့ လောကကြီးထဲကိုဝင်ရောက်လာကြတဲ့အခါမှာတော့ ငယ်ငယ်တုန်းကလို မဖြူစင်နိုင်တော့ပါဘူး။ တခါတလေကျတော့လည်း ငယ်ဘ၀လေးကို ပြန်သတိရပြီး ငယ်ငယ်တုန်းကလောက် မဖြူစင်တော့တဲ့ ကိုယ့်ကိုကို ရွံ့မုန်းမိပါတယ်။ လူတိုင်းကိုမဖြူစင်တော့လို့ ရွံ့မုန်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးဆိုတာ ရှိတတ်ကြတာပါပဲ။ ကျွန်မ တွေးမိတာက ကျွန်မအပါအ၀င် လူတိုင်းလူတိုင်းသာ စိတ်ထားဖြူစင်ကြရင်(စိတ်ထားဖြူစင်မှုကို တန်ဖိုးတစ်ခုအနေနဲ့ ပိုင်ဆိုင်ထားကြရင်)
လူတိုင်းလူတိုင်းဟာ ချစ်ဖို့ကောင်းနေပြီးတော့ ဒီလောကကြီးဟာဘယ်လောက်နေပျော်ဖို့ ကောင်းလိုက်မလဲ
နော်လို့.................

အပြည့်အစုံသို့...

Sunday, 24 June 2007

ဘလော့ဂါ တစ်ယောက်ရဲ့ ရင်ဖွင့်သံ....

ဘလော့ဂါ တစ်ယောက်ရဲ့ ရင်ဖွင့်သံ....
ကျွန်တော် ပာာ ၀က်ဆိုက် တွေ ဘလော့ဂါ တွေရေးရတာကို အလွန်ဝါသနာပါသူပါ ။ တစ်ကယ်တော့ ပာုတ်တိပတ်တိ ရေးတတ်တာတော့ မပာုတ်ပါဘူး ။ ကျွန်တော့် ပထမ ဆုံး ၀က်ဆိုက် လေးကိုရေးတုန်းကပေါ့ မှတ်မိပါသေးတယ်....Domain name ဆိုတာကိုတောင် မသိခဲ့ သူ ပါ ။ အဲဒီနောက် ၀က်ဆိုက်စာမျက်နှာ တွေထဲကို ပုံတွေ ၊ စာတွေ ၊ ဂိမ်းတွေ ထဲ့တတ်လာပါတယ် ။ ဒါပေမယ့် ဘလော့ဂါ ပာာ ကျွန်တော့်အတွက် အမည်နာမ တစ်ခုလို
ပါပဲ ။ ဘလော့အကြောင်းကိုသိပ်မသိသေးဘူးပေါ့ ။ နောက်တော့ ဘလော့ အတော်များများကို ၀င်ရောက် ဖတ်ရှ ပြီး
ရေးဖို့အတွက်စိတ်ဝင် စားသွားခဲ့ တာပေါ့ ။ ယခုတော့ ဘလော့တွေ ရေးရတာ ကိုကျွန်တော် ပျော်ပိုက် နေပြီပေါ့ ခင်ဗျာ ..။ ဒါပေမယ့် ကျွန်တော် က ခံစားချက် ၊ သတင်း ၊ ပုံပြင် တွေကိုသိပ်မရေးတတ်ဘူးခင်ဗျ ။ ကျွန်တော့်ရဲ့ အဓိက ရွေးချယ်မှုတွေပာာ ပာာသ လေးတွေဖြစ်တတ်ပါတယ် ။ ပာာသ လေးတွေနဲ့ပျော်ပိုက်နေတတ်သူပါဗျာ ။ နောက်ဆို ကျွန်တော့် ရဲ့ ပာာသ တွေကို ဖတ်ခွင့် ရတော့မှာပါ ။ ပီာပီာပီာ....လက်စွမ်းပြချင်တာနဲ့အတော်ပဲပေါ့ ။ ယခုလို ဒီဘလော့မှာ ၀င်ရောက်ရေးခွင့်ရတဲ့အတွက် အက်ဒမင် ကိုလဲ ကျေးဇူး အထူး ပင်တင်ရှိပါတယ် ဗျာ ..။

အပြည့်အစုံသို့...

notebook လေးနဲ့  သူ၏ရင်ဖွင့်သံ-၁


ကျွန်တော်ကတော့ ကျွန်တော့်သခင်ရဲ့  လက်စွဲပေါ့။ သခင်က သူကျောင်းသွားရင်အမြဲပဲ ခေါ်သွား တယ်လေ။ ကျွန်တော်လေ.. ရထားစီးရတာ သိပ်ပျော်တာပေါ့။ ရထားပေါ်ကအဆင်း၊ ကျောင်းရောက်ပြီ ဆို တာနဲ့ သခင်နဲ့  ကျွန်တော်ပြေးကြရတာ များ ပါတယ်။ ဒါပေမယ့်လေ... သခင့်ရဲ့  အတန်းချိန်မှာ Programming မပါတဲ့ နေ့  ဆိုရင်တော့ အိမ်မှာနေခဲ့ရတာ ပျင်းစရာအရမ်း ကောင်းတာပေါ့။

ပြောရဦးမယ်... ကျွန်တော်လဲသခင်တို့  လူတွေလိုပဲပေါ့... တခါတလေတော့ ဖျားတာနာတာရှိတာပေါ့။ အဲဒီအချိန်တွေဆိုရင်လေ သခင်ကကျွန်တော့် ကို အရမ်းပဲစိတ်ပူတာပေါ့။ ကျွန်တော်မှတ်မိသေးတယ်... ဟိုတခါ ကျွန်တော် virus ၀င်တုန်းကဆို.. သခင့်မျက်လုံးတွေအပြူးသားနဲ့လေ။ တော်သေးတာပေါ့.. သခင်အသိမြန်ပေလို့။ သခင်ဆေးကုပေးတာ မြန်မြန် ပြန်ကောင်းသွားတယ်လေ။

အခုသခင်ကကျွန်တော့်် ကိုအိပ်တော့တဲ့။ Hibernate လုပ်သွားတယ်လေ... ဒါပဲနော်. နောက်မှပဲ ကျွန်တော့်် အကြောင်းတွေဆက်ပြောပြတော့မယ်။

အော်..ပြောဖို့ မေ့နေတယ်.. ကျွန်တော့်နာမည်က”အေဆာ”တဲ့။

အပြည့်အစုံသို့...

ကြက်သွန်နီနှင့်အချစ် ကဗျာ


ကြက်သွန်နီထဲ..
ဘာများရှိမလဲလို့ ..
အသဲအမဲလိုက်လို့ ရှာ..
အလွှာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
မျက်စိတွေသာရဲ..

ချစ်သူရင်ခွင်ထဲ..
ဘာများရှိမလဲလို့ ..
ဇွဲနဲ့ မဲနဲ့ ရှာ..
မာရာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
အသည်းတွေသာကွဲ..

Anonymous

အပြည့်အစုံသို့...