Tuesday, 18 December 2007
ဘန်းခံထိတယ်ဗျ ။
Access has been denied
The access to requested URL has been denied.
ideascollection.blogspot.com/
To have the rating of this web page re-evaluated please contact your administrator.
အဲဒါကိုသာ ကြည့်ပေတော့ဗျာ ... ကျွန်တော်တို့ ဘလော့(ခ်)လေးလဲ ဘန်းခံထိထားရတယ် ။ ကြည့်ပြီးစိတ်တောင် မကောင်းဘူး ။ မျက်ရည် မနည်းထိန်းထားရတယ် ။
ပာင့်...ပာင့်....အီးအီး...ရွှတ် ။
အပြည့်အစုံသို့...
Monday, 17 December 2007
သိမ်းငှက်သူရဲကောင်း-ဒုတိယပိုင်း
Return of the Condor Hero အမည်ရှိ အခန်းဆက် တရုတ်ဇာတ်လမ်းအား မြ၀တီ ရုပ်မြင်သံကြားမှ ည၉နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျှက် ရှိပါသည်။ ထိုဇာတ်လမ်းအား သိမ်းငှက်သူရဲကောင်း ဒုတိယပိုင်း ပာူ၍ အမည်ပေးထားပြီး ပထမပိုင်းမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် မြ၀တီ မှပြသခဲ့ပြီး ဖြစ်သည် ။
ပထမပိုင်းတွင် အဓိက သရုပ်ဆောင်များ ဖြစ်သော ကောကျင့် နှင့် မက်မုန်ကျွန်းသခင် ဧ။်သမီး ယုန်အော် တို့မှာ ယခုအပိုင်းတွင် မိဘများနေရာမှ ပါဝင်လာကြပါသည် ။ ထို့ပြင် ပထမပိုင်း၌ တန်ခိုးကြီးမားခဲ့သော သိုင်းသမားအကျော်အမော် များလည်း တစ်ခန်းတစ်ကဏ္ဍ မှ ပါဝင်လာကြသည် ။ လွန်စွာမှ ချောမောလှပသည့် တရုတ်မင်းသမီးလေး Crystal Liu သည် ယခုအပိုင်းတွင်မှ ပါဝင်လာခြင်း ဖြစ်သော်လည်း ခေါင်းဆောင် မင်းသမီးလေး နေရာတွင် သရုပ်ဆောင်လေသည် ။ သူနှင့် အတူတွဲဖက်သည့် မင်းသားမှာ -- ပထမပိုင်း၌ ကောကျင့်၏ သွေးသောက်ညီအစ်ကို တော်စပ်သူ ဖြစ်ပြီး ယုန်အော့် လက်ချက်ဖြင့် သေဆုံးခဲ့သူ ရန်ကော ၏ သားပင် ဖြစ်သည် ။ ထိုဇာတ်လမ်း၌ ရန်ကော၏ သားသည် ကူးကူးအဖြစ် ၊ Crystal Liu သည် ကူးအော်အဖြစ် ပါဝင် သရုပ်ဆောင်ကာ သူတို့နှစ်ဦး၏ အချစ်နောက်ခံမှာ ဇာတ်လမ်း၏ ၇၀% ကို စိုးမိုးထားလေသည် ။ ထို့ပြင် တရုတ်ဇာတ်လမ်း တို့၏ တူညီချက်ဖြစ်သည့် လူသတ် ၊ လတ်စားချေ ၊ သိုင်းလောက ခေါင်းဆောင်နေရာ လုခြင်း စသော အခန်းများကို အသက်ဝင်ဝင် ပြသထားလေသည် ။
သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းသည် အခန်းဆက်လွန်စွာ ရှည်လျားသော်လည်း နောက်ခံ ဇာတ်လမ်းဇာတ်ကွက်မှာ လွန်စွာ စိတ်ဝင်စားဖွယ်ကောင်း သဖြင့် သိုင်းကား Crazy များအတွက် အလွတ်မပေး ကြည့်ရှုသင့်သော ဇာတ်ကားတစ်ကား ဖြစ်ကြောင်း အသိပေး လိုက်ရပါသည် ခင်ဗျား.....။
အင်တာနက်ပေါ်တွင် ရှာဖွေ ကြည့်ရှုလိုသူများ www.crunchyroll.com တွင် Return of the Condor Hero အမည်ဖြင့် ရှာဖွေကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည် ။ ..... ။
ပုံ / စတီဗင်
အပြည့်အစုံသို့...
Friday, 14 December 2007
အသွားအပြန်
ကျမရဲ့ ခံယူချက်တခုပေါ့နော် .. အသွားအပြန်ဆိုတာ အကြောင်းအရာတော်တော်များများမှာ ရှိပါတယ်။ အသွားပဲရှိပြီး အပြန်မရှိလဲ မကောင်းပါဘူး။ အပြန်ပဲရှိပြီး အသွားမရှိလဲ မကောင်းပါဘူး။ နောက် နာမည်လှလှလေးပေးရရင်တော့ ပေးဆပ်မှုနဲ့ ရယူမှုပေါ့။ ကိုယ်က တဖက်သားပေါ်မှာ ပေးဆပ်မှုတွေအရမ်းများနေရတယ်လို့ ခံစားရရင် .. ဒါမှမဟုတ် တဖက်သားဆီက ရယူမှုတွေအရမ်းများနေတယ်လို့ ခံစားရရင် ပြန်သုံးသပ်ကြည့်ဖို့တော့ လိုနေပါပြီ။ ကိုယ့်ဘက်ကချည်းပဲ ပေးဆပ်နေရရင် ကြာလာရင် သည်းခံနိုင်ဖို့မလွယ်ပါဘူး။ ပြီးတော့ မခံနိုင်တော့တဲ့ တချိန်မှာ ပေါက်ကွဲထွက်လာပြီဆိုရင်လဲ အတိုင်းဆ အရမ်းကြီးမားနေတတ်ပါတယ် ။ ဒီတော့ ကိုယ့်ဘက်က မပေးဆပ်နိုင်တော့ဘူး.. ပေးဆပ်ချင်စိတ်လဲ မရှိတော့ဘူး လို့ထင်ရင် မပေးဆပ်ဖြစ်အောင် ကြိုးစားသင့်တယ်ထင်ပါတယ် ။ ကိုယ့်ရဲ့ခံစားချက်ကို တဖက်သား နားလည်အောင် ကျေကျေလည်လည်ပြောပြခြင်းဖြင့်သော် လည်းကောင်းပေါ့။ နောက်တခုက ရယူမှုပေါ့နော် သူများဆီကချည်းပဲရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်မျှော်လင့်ထားသလောက် သူတဖက်သားဆီက မရလာတဲ့အခါ တဖက်သားကိုပဲ စိတ်ဆိုးမလား.....။ ကြိမ်ဖန်များလာတဲ့အခါမှာတော့ စဉ်းစားချင့်ချိန်သင့်ပါပြီ။ ဘာလို့ ငါမျှော်လင့်ထားသလောက် သူတို့မပေးလဲပေါ့။ အဖြေက ရှင်းရှင်းလေးပါ ။ ကိုယ်ကလဲ သူမျှော်လင့်ထားသလောက် မပေးခဲ့ဖူးလို့ပေါ့။ ဒါက အမြဲတမ်းအတွက် မှန်တယ်လို့တော့ မထင်ပါဘူး ။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ မှန်မယ်ထင်ပါတယ်။ ဘာမှကြီးကြီးမားမားကြီး မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲလိုအသေးအဖွဲလေးတွေကနေပဲ နောက်ဆုံး မခံနိုင်အောင်ထိ ပေါက်ကွဲတတ်ကြတာ လူ့သဘာဝပါ ။ ဒီတော့ ဒီပို့စ်က သူငယ်ချင်းများအားလုံး စိတ်ရဲ့ချမ်းသားခြင်းနဲ့ ပြည့်စုံနိုင်စေဖို့ တဖက်တလမ်းက ကူညီချင်တဲ့သဘောပါ တခုခုလုပ်ပေးချင်တဲ့စိတ်ကြောင့် ဒီပို့စ်ကို တင်ခဲ့တာပါ အခြားရည်ရွယ်ချက် မပါရှိပါကြောင်း။ =)
အပြည့်အစုံသို့...
Thursday, 6 December 2007
ရန်ကုန်'s Air-Con
ရန်ကုန်မြို့ကြီးမှာ စွမ်းအားမြင့် အဲယားကွန်း တွေ တပ်ထားတယ်ဗျ ။ မနက်တိုင်း မနက်တိုင်း ချမ်းလိုက်တာ မပြောနဲ့ ၊ အနွေးထည် နှစ်ထပ်သုံးထပ် ၀တ်တာတောင် ချမ်းလိုက်တာ တုန်နေရတယ် ။
အပြည့်အစုံသို့...
Tuesday, 4 December 2007
IT သို့မပာုတ် - ငအ ခေတ်
တိုးတက်လာတဲ့ IT ခေတ်ထဲမှာ အဆိုးနဲ့ အကောင်းနှစ်ခုပာာ ဒွန်တွဲနေပါတယ်တဲ့ ။ ကျွန်တော့်ရဲ့ မှတ်ချက်လေးပါ ။ ဒီထဲက ကျွန်တော်ရဲ့ အတွေ့ အကြေုံလေးကတော့ ---
-အင်တာနက် ပေါ်မှာ ရှာဖွေလို့ မရနိုင်ဘူး ၊ မတွေ့ နိုင်ဘူး ၊ ဒေါင်းလုဒ် မလုပ်နိုင်ဘူးဆိုတဲ့ အရာဆိုတာ လုံးဝမရှိပါဘူး ။ အရာအားလုံးကို အရယူနိုင်ပါတယ် ။
-အဲ... အဲဒီလို တိုးတက်လာတော့ လျှို့ဝှက်ချက် ဆိုတာတွေပာာလဲ လုံခြုံမှုကို မရရှိတော့ပါဘူး မိမိရဲ့ တွေလုံခြုံမှုမရှိတော့ဘူးပေါ့ ။ ကျွန်တော်လဲ Personal Blog လေးတစ်ခုကို ကိုယ့်ရဲ့ ဒိုင်ယာရီ သဘောမျိုး တိတ်တိတ်လေး လုပ်ထားပေမယ့် အခု သူငယ်ချင်းလေး တစ်ယောက်က တွေ့ ပြီးသွားပြီလေ ( အဲဒီသူငယ်ချင်းက တော့ ဒီပို့(စ်)ဖတ်ပြီး ကြောင်သွားမှာပဲ ) ။
မှတ်ချက် ။...။ အစ်ကို့ရဲ့ Personal Blog ကိုတွေ့သွားတဲ့ ညီလေးရေ မင်းကိုနစ်နာအောင်ပြောတာ မပာုတ်ပါဘူး ။ IT ခေတ်အကြောင်းပြောရင်း ဓါးစားခံ ဖြစ်သွားရတာပါ ။ ဆောရီးနော်...စိတ်ဆိုးသွားရင် ။
အပြည့်အစုံသို့...
Monday, 3 December 2007
ညွှန်းပါရစေ
မင်္ဂလာပါ။ အခုတစ်ပတ် စနေနေ့ က အတန်းထဲက စလုံး သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်ပါတယ်။ ကြည့်ချင်နေတာ ကကြာပါပြီ။ မအားတာနဲ့ ၊ မချိန်းဖြစ်ကြတာနဲ့ မို့ ပါ။ ရုပ်ရှင် နံမည်က ENCHANTED ပါ။ Disney ရဲ့ ကားတစ်ကားပါ။
တစ်ခုတော့ ကြို ပြောထားပါရစေ။ ဒီဇာတ်လမ်းလေးက animated film နဲ့ real world ပေါင်းထားတဲ့ ကားတစ်ကားပါ။ သူ့ ဇာတ်သဘောက fairy tale လိုမျိုးဖြစ်နေတော့ ကလေးကလားလို့ ထင်မယ်ဆိုရင်တော့ ထင်နိုင်ကြပါတယ်။ ပျော်စရာကားလေးတွေကို ကြိုက် ကြပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ရည်ရွယ်ပါတယ်။ rated -- ၊ action genre ၊ တို့ horror genre ဘာညာ သာရကာ မှ ဆိုတဲ့ သယ်ရင်များကတော့ ကြိုက် မယ်မထင်ဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ကြပါသည်။
ဇာတ်လမ်းလေးကတော့ ဒီလိုပေါ့ ။
တခါတုန်းကပေါ့။ Andalasia ဆိုတဲ့ ဗာရာဏသီလိုမျိုး ကာတွန်းထဲ ကတိုင်း ပြည်တစ်ခုရှိသတဲ့ ။ disney ကာတွန်းကားတွေထဲကလိုမျိုး သီချင်းတွေဆိုပြီးတော့ တိရ စ္ဆာန် တွေကို လဲ ချစ်တတ်တဲ့  မင်းသမီးလေး Giselle (Amy Adams) ဆိုတာရှိသတဲ့ ။ သူက မင်းသား Prince Edward (James Marsden) နဲ့ စေ့ စပ်ထားသတဲ့ ။ နောက်ပြီးတော့ fairy tale တွေ တိုင်းကလိုပဲ သူ့ မှာ အလွန် ဆိုးတဲ့ မိထွေး ရုပ်ဆိုးဆိုး စုန်းမ တစ်ယောက်ရှိတာပေါ့ကွယ်။ အဲဒီ မိထွေးက သူတို့ နှစ်ဦးကို လက်မထပ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ လက်ထပ် ပြီးရင် သူ က ဘုရင် မကြီး နေရက ဆင်းပေးရတော့ မှာလေ။ အဲတော့ သူက မင်းသမီးလေးကို နတ်ရေတွင်းထဲကို ပစ်ချလိုက်သတဲ့ ။။ တန် တန် တန် …
အဲဒီ မှာ ဇာတ် လမ်းက စတာပဲ ။ အဲဒီ နတ် ရေတွင်းက နေ ချလိုက်တာ မင်းသမီးလေးက ဘယ်ရောက်သွားသလဲ ဆိုရင် ….. အခုခေတ် New York City ကိုပေါ့။ သူ့ မှာ အသိဆိုလို့ လဲ တစ်ယောက်မှမရှိ ။ ယောင်ချာချာနဲ့ လျောက် သွားနေတုန်းနယူးယောက် ရှေ့ နေ Robert Philip (Patrick Dempsey) နဲ့ သွားတွေ့ တယ် ။ Robert ရဲ့ သမီးလေးက ပုံပြင်ထဲက မင်းသမီးလေးကို အပြင်မှာ တွေ့ ရတော့ ပျော်သွား ပြီး အိမ်ခေါ် လာဖို့  တောင်းဆိုပါတော့တယ် ။
ခေါ်လာပြီး နောက်နေ့ မနက်မှာပဲ Robert နဲ့ ယူတော့မယ့်  Nancy (Idina Menzel) က သူတို့ နှစ်ယောက်ကို တူတူ သွားတွေ့ ပါလေရောတဲ့ ကွယ်။ ဘယ်လို ရှင်းပြရှင်းပြ မယုံ တော့ ဘူးလေ။
နောက်နေ့ တော့ သူ့  ပုံပြင်ထဲက မင်းသား လေး ပါ နတ် ရေတွင်းထဲ ခုန် ဆင်းပြီး နယူးယောက်ကို လိုက်လာပါသတဲ့ ။ မင်းသမီး ရှာပုံတော် ဖွင့်တာပေါ့။
သုံးပွင့် ဆိုင် ဇာတ် လမ်း လေးပါပဲ ကွယ် ….
ဒါပေမဲ့  သူတို့ နှစ်ဦးကို လက်မထပ်စေချင်တဲ့  မိထွေးက ဒီတိုင်းတော့ ဘယ်နေလိမ့် မလဲ။ သူ ကလဲ စုန်း ပါဝါ ရှိနေပြီးသားလေ ။
True love’s kiss ကိုယုံကြည်တဲ့ မင်းသမီးလေး နဲ့  ပုံပြင်ထဲကမင်းသား၊ ပြီးတော့ နယူးယောက်မြို့ တော်က သမီး တစ်ယောက် ဖခင် ရှေ့ နေ၊ နဲ့  ရှေ့  နေရဲ့  ကောင်မလေး တို့  ဘယ်လို စခန်း သွားကြမလဲ ။
ဘယ် အတွဲက ဘယ်လို happily ever after ဖြစ်ကြမလဲ ဆိုတာကတော့ ….
Movie Review ဆိုတော့ ဒီလောက်ပဲ ပြောနိုင်မယ်နော် .. သိချင် ရင် ဝယ်ဖတ် … အဲလေ.. ရုပ်ရှင်ရုံ သွားကြည့်ပါ လို့ ။
အမြည်း ပေးပြီးပြီ ဆိုတော့  လက်ဆောင်လေးတွေ ပါပေးဦးမယ်။
Disney ရဲ့ စတိုင်လ် အတိုင်း ဒီဇာတ်ကား ရဲ့  soundtrack တွေ ကလဲ အံ့မခန်းပါပဲ ။
ကော်နက်ရှင် ကောင်းပါတယ် ဆိုတဲ့  သယ်ရင်းတွေက ဒီလင့်ကို နှိပ်ပြီး သွားကြည့်လိုက်ပါ။ Disney ဆိုဒ် က ရထားတဲ့  သီချင်း movie လေး ၃ပုဒ်ပါ။
မဟုတ်လို့  song ချည်းပဲ လိုချင်ပါတယ်ဆိုရင် နောက်မှ ယူပါ။ တင် ပေးပါ့မယ်။
အခုတော့ ဒီလောက်ပါပဲ ။
နောက် ကျွန်တော် ပိုက်ဆံ ရှိရင် အားလို့ ရုပ်ရှင် ထပ်ကြည့်ဖြစ်ရင် movie review လေးတွေ ထပ် share လိုက်ပါဦးမယ်။
အပြည့်အစုံသို့...
Saturday, 1 December 2007
ပြောချင်တာက
ပြောစရာတွေရှိပါတယ်
ဒါပေမယ့် ဘာပြောရမလဲ မသိဘူး။
အတင်းအဖျင်းတွေလဲအများကြီးပဲ
ဒါပေမယ့် ဘယ်ပာာ အရင်စရမလဲ သိဘူး။
တူနှယ်ချင်း တွေကို သိစေချင်တာက
မြန်ပြည်ကြီးမှာ အင်တာနက် တွေအရမ်းနှေးတယ်ဆိုတာပေါ့ ။
အပြည့်အစုံသို့...
Thursday, 29 November 2007
မပစ် လိုက်ရတဲ့ မြားတို တစ်ချောင်း
ဒီနေ့  တိုက်ပွဲမှာ သူရှုံးနိမ့် ခဲ့တယ်။ သူ့စိတ်ကပဲ ရှုံးနိမ့် တယ်လို့ထင်နေတာလား။ တကယ်ပဲ ကျရှုံးသွားခဲ့တာလား ဆိုတာတော့ သူမဝေခွဲနိုင်ပါ။ လှပတဲ့တိုက်ပွဲ တစ်ခု မဖြစ်ခဲ့သည်ကတော့ သေချာသည်။
သူ အကြည့်ခံခဲ့ရသော မျက်လုံး များစွာ၏ အနက် အဓိပ္ပါယ် ကိုလဲ မဖွင့်ဆိုတတ် ။ ဖွင့်ဆိုဖို့ လဲ သူ့မှာ အားအင်မရှိ။ အခြားတိုက်ပွဲ ဝင်သူရဲကောင်းများ၏ အော်ဟစ် ညီးတွားသံများ၊ မျက်ရေများ၊ နှင့် နှလုံးသွေးများ သွန်ကျနေသော ထို နေရာမှ သူလှည့်ပြန်လာခဲ့သည်။
စစ်ကူမဲ့၊ ရိက္ခာမဲ့ ကာ လက်နှက်ချင်း မညီမျှသော ထိုတိုက်ပွဲသည် ကျခဲ့သော သူ့မျက်ရည် စက်များနှင့် မတန်။ သို့သော် သူ၏ရင်တွင်းမှ အကူအညီ တောင်းသံများကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ပူလောင် ဆူပွက်နေသော နှလုံးသွေးများကို ငြိမ်းသတ် ပေးနိုင်မည့် ရေတစ်ပေါက်တော့ သူ လိုအပ်နေသည်။
သွေးစိမ်းရှင်ရှင် ထွက်နေသော သူ့ ဒဏ်ရာ က ရင်ထဲက ဆူပွက်နေသော နှလုံးသွေး နှင့်တော့ မနှိုင်းအပ်။ သူငို ကြွေး တေင်းခံနေပါသော်လည်း တခါ ပြန်ရနိုင်တော့မည် မဟုတ်သော် ထိုတိုက်ပွဲတစ်ခု အတွက် သူ မမှုတော့ပါ ဟု သူ့ ကိုယ်သူ သတိပေးနေရသည်။ “နောက်ထပ်အခွင့်အရေးတစ်ခု” ဆိုသော စကားကို သူ မချင့်မရဲ ပြောကြည့်သည်။ သူ့ ပါးစပ်ကတော့ စကားလုံးတစ်လုံး တစ်လေမှ ထွက်မလာခဲ့ပေ။ သူလဲ အခွင့် အရေး နောက် တစ်ကြိမ် ရသင့်သည် မဟုတ်ပါလား ။ ရချင်သည် ဟုပြောလျှင် ပိုမှန်လိမ့်မည်။
သူရဲကောင်းတွေ ရဲ့ အသွေးအသားတွေ ဖြန့် ခင်းထားတဲ့ ဒီတိုက်ပွဲ ကို နောက်တစ်ခါ လာခွင့်၊ ဆင်နွှဲ ခွင့် ရခဲ့လျှင် ကော? အပြောင်းအလဲ တစ်ခုခုတော့ ဖြစ်လာမှာမလွဲပင်။ ရိက္ခာအပြည့် လက်နှက်အပြည့် နှင့် တစ်ဖန် ဆင်နွှဲ နိုင်လိမ့် မည်ဟု မျှော်လင့်ရုံ မှ တပါး အခြား မရှိတော့ ပါ။
အပြည့်အစုံသို့...
Sunday, 14 October 2007
အိန်ဂျယ် တယော ( နတ်သမီး Violin )
ထူးအယ်လ်လင်း ရဲ့ အိန်ဂျယ်တယော သီချင်းပါ ။ ဘာလို့ အိန်ဂျယ်တယော လို့ခေါ်လဲ တော့မသိဘူးဗျ ။ အမှန်ဆိုရင် နတ်သမီးတယော လို့ခေါ်ရမှာပေါ့ - မြန်မာလို စစ်စစ်မှန်မှန် လေးလေ ။ အင်္ဂလိပ်လို ထည့်ချင်ရင်လဲ Angel Violin လို့ခေါ်ပေါ့ဗျာ ။ ကျွန်တော်ကတော့ အခေါ်အသစ် ထွင်လိုက်တယ် - ဘာတဲ့ နတ်သမီး Violin ပါ ။ နည်းနည်းအရစ်ရှည် လိုက်တာပါ ။ ဘယ်လိုပဲ ခေါ်ခေါ်ပါ နားထောင် လို့ကောင်းတာတော့ အမှန်ပဲ ။ အောက်မှာ မျှဝေလိုက်ပါတယ် ။ နားသောသဆင် ပေးပါခင်ဗျာ ... ။
အပြည့်အစုံသို့...
Sunday, 7 October 2007
နဂါးနီ
သန်းမြတ်စိုးရဲ့ နဂါးနီ သီချင်းပါ ။
ကျွန်တော်တော့ အရမ်းကိုကြိုက်ပါတယ် ။
အရမ်းကိုကြိုက်လို့ မပေးတဲ့ကြားထဲကနေ
လိုတရဆီက မရရအောင် လုယူထားတာခင်ဗျ ။
တော်တော်ခက်ခက်ခဲခဲ လုခဲ့ရတယ် ။ အမ်ပီသရီး နဲ့လိုချင်ပေမယ့် မရတာနဲ့ ဒီအတိုင်းပဲ ပြန်တင်ပေးလိုက်မယ်ဗျာ ။ စိတ်တော့မရှိပါနဲ့ ။ Real Player နဲ့ပဲနားထောင်လို့ရတယ် ။
ကြိုက်ရင်ဒေါင်းလုဒ်ယူနိုင်ပါတယ် ။ အောက်မှာပေးထားတဲ့ လင့်ကိုသာ နှိပ်လိုက်ပါ ။
http://www.Lotaya.com/collections/Male/Than Myat Soe/Na Ga Ni/03Na Garr Ni.rm
အပြည့်အစုံသို့...
Monday, 1 October 2007
အတွေး နဲ့ရေးတဲ့ ကဗျာအစအန
ကျွန်တော် တွေးတယ် ၊ အတွေးတွေ စုလာတော့ အကြံညဏ် လေးရလာတယ် ။
ရတဲ့ အခွင့်အရေးလေးကို အလျှင်အမြန် အသုံးချလိုက်တယ် ။
ကဗျာ ဆိုပေမယ့် ၊ အတွေးတွေစုထားတဲ့ အတွေးစု လေးလို့ဆိုရင်ပိုမှန်မှာပါ ။
နေထိုင်ရတဲ့ ဘ၀မှာငြီးငွေ့ လာတာနဲ့ ဖြစ်ပေါ်လာတဲ့ အတွေးလေးတွေပါ ။
တစ်ခါတစ်ရံ
လူ့လောကနဲ့ ဝေးကွာရာ
ီကမ္ဘာ့စွန်း တစ်နေရာဆီသို့
ထွက်ပြေးကာ ရှောင်ပြေးချင်ပါရဲ့
တစ်ဦးတည်းပေမို့
ဘယ်လိုပဲနေနေပါ
လောကကြီးပာာ တိတ်ဆိတ်နေမှာပါ ။
..........။.....။..........
နေ့စဉ်နေ့တိုင်း
ရယ်ကာမောကာ
သွားသွားလာလာ
အနှစ်နှစ် ၊ အလလ
ကုန်ဆုံးကာ ၊ ကြာမြင့်လာခဲ့
အသိဝင် လို့
သတိ ပြုမိချိန်မှာ
ကျွန်တော် ၁၉ နှစ်ကျော်ပြီတဲ့
ဘယ်ဆီ ၊ ဘယ်ဝယ် လဲကွယ်
ရှင်သန်နေထိုင် ရခြင်းရဲ့ အနှစ်သာရ ရယ် ။
အပြည့်အစုံသို့...
Sunday, 30 September 2007
ငယ်ငယ်တုန်းကအတွေ့အကြုံတွေ
ကျွန်တော် ငယ်ငယ်တုန်းကရှိခဲ့တဲ့ အတွေ့အကြုံလေးတွေပါ ။ မျှဝေ ချင်လို့ပါ ။
အပြည့်အစုံသို့...
Saturday, 29 September 2007
နံနက် မိုးသောက် ချိန်ရောက်ပြီ--အလင်းရောင် ထွက်ပါတော့
ကျွန်တော်တို့ ရဲ့ဖြတ်သန်းနေတဲ့ ညတာပာာ လွန်စွာကြာမြင့်နေပါပြီ .....။
တစ်ခါတစ်ရံ လရောင်ဖျော့ဖျော့ လေးကိုလှမ်းမြင်ခွင့်ရပေမယ့် ၊ တိမ်မည်းမည်း ကြီးတွေဖုံးလွှမ်းမှုကိုခံရပြန်ပါတယ် ။ မှောင်မည်း နေတဲ့ အချိန်ေ၀၀ါးစွာလျောက်လှမ်း နေရချိန်မှာ မိုးသည်းထန်မှု တွေ လေပြင်းကျမှုတွေကိုလည်း ခံရပြန်ပါတယ် ။ တခါတရံ မှာကြယ်လေး တစ်ပွင့်နှစ်ပွင့်ရဲ့ တောက်ပမှုကို လှမ်းမြင်ခွင့်ရလို့ စိတ်ကြည်လင်မိပေမယ့် ကြာရှည်မခံပါဘူး ။ အမှောင်ထဲမှာ ညဉ့်ငှက်ရဲ့ စူးစူးဝါးဝါးအောင်သံ တွေပာာလဲစိတ်ခြောက်ခြား စရာပါ ။ အလင်းရောင် ရှိတယ်လို့ထင်ရတဲ့နေရာတွေဆီကို စိတ်မှန်းနဲ့လျောက်လှမ်းရင်း ချောက်ကမ်းပါးတွေထဲ ကျသွားသူတွေလဲ မနည်းတော့ပါဘူး ။ အချိန်တွေရဲ့တိုက်စားမှုနဲ့ ယခု ဆိုမိုးသောက်ချိန်ရောက်နေပါပြီ ။ အလင်းရောင် လဲထွက်သင့်နေပါပြီ ။ ဒါပေမယ့် မျော်လင့် ထားတဲ့ အလင်းရောင် ပာာ အစက်အပြောက် အနေနဲ့တောင် မထွက်သေးပါဘူး ။ တိမ်မည်းမည်းတွေပာာ ဘယ်လောက်ပဲ စွမ်းအားကြီးကြီးပါ တစ်ချိန်မှာ နေမင်း အတွက်နေရာ ဖယ်ပေးရမှာပါ ။
နေမင်းရယ် လျင်မြန်စွာ ထွက်လာပါ - အမှောင်ထဲမှာ လမ်းပျောက်နေတဲ့ ကျွန်တော်တို့ ကို အသင့်ရဲ့ အလင်းနဲ့ လမ်းညွှန်ပါလော့ ။ ကျွန်ုပ် တို့အား အားအင်တွေဖြည့်ဆည်း ပေးပါလော့ ။
အပြည့်အစုံသို့...
Tuesday, 25 September 2007
သားအဖ နှစ်ဦး၏ ကယ်တင်ခြင်းကိုခံရသူ
တိုက်ဆိုင်မှုကြောင့်ပေလော....။
သို့တည်းမပာုတ် ၊ ထိုသူ၏ ဘုန်းကံကြောင့်ပေလော.....။
Scotland နိုင်ငံသား Fleming ပာုခေါ်ဆိုသူ လယ်သမားတစ်ယောက်ပာာ သူ၏ မိသားစု စားဝတ်နေရေး အတွက် ပင်ပန်းဆင်းရဲစွာ လုပ်ငန်းခွင်ဝင်နေစဉ် အနီးအနား ခြုံပုတ် တစ်နေရာမှ အော်ပာစ် အကူအညီတောင်းနေသည့်ကလေးငယ်တစ်ဦး၏ အသံကိုကြားလိုက်ရသည် ။ သို့နှင့် သူ လုပ်နေသည့်အလုပ်ကိုခေတ္တရပ်နားကာ အသံကြားရာနေရာဆီသို့အပြေးအလွှားသွားမိသည် ။ မြင်ရသည့်မြင်ကွင်းက သနားစရာ - ကလေးငယ်တစ်ဦး နွံထဲတွင် ခါးတစ်ပိုင်းလောက်အထိ နစ်မြုပ်ကာ ကြောက်အားလန့်အားဖြင့် အကူအညီတောင်းခံနေခြင်းပင် ။ ထိုစဉ်ခဏတွင် သူဘာကိုမှ အာရုံမထားနိုင်တော့ ၊ သူ့အလုပ်ကိုလည်းမေ့သွားသည် ။ သူ့အသိစိတ်တွင် ကြီးစိုးနေသည်က ဒီကလေးကို ကယ်တင်ရမည်ပာု ။ လယ်သမားကြီး Fleming သည်ထိုသနားစရာကောင်းသော ၊ ကြောက်စိတ်ဖြင့်တုန်ရင်နေသော ကလေးငယ်ကို ခက်ခဲစွာ ကယ်တင်နိုင်ခဲ့သည် ။ ထိုကလေးငယ်အား ကယ်ဆယ်ရေးအတွက် သူ့အလုပ်တွင် နှောင့်နှေးကြန့်ကြာသွားခဲ့ရသော်လည်း စိတ်ထဲတွင်မည်သို့မျှမခံစားခဲ့ရပေ ။
သို့သော်....။ နောက်တစ်နေ့ မနက်မိုးသောက်၍ လုပ်ငန်းခွင်စောစောဝင်ရန် အိမ်အပြင်သို့ထွက်ရာတွင် လွန်စွာများပြားလှသော လက်ဆောင်ပဏ္ဏများကို ရုတ်တရက်တွေ့လိုက်ရသည် ။ ထို့နောက် အ၀တ်အစားကိုသေသပ်စွာဝတ်စားဆင်ရင်ထားသော ဂုဏ်သရေရှိ လူကြီးတစ်ဦးသည် သူ့ထံလျှောက်လှမ်းလာကာ " အသင် ကျွန်ုပ် သားလေး၏အသက်ကို ကယ်ဆယ်ခဲ့သည့်အတွက် ကျေးဇူးဆပ်ရန် လာခြင်းဖြစ်ပါသည် ။ ဤလက်ဆောင်များကိုလက်ခံပေးစေလိုပါသည် " ပာု ယဉ်ကျေးပြူငှာစွာ စကားဆိုလေသည် ။ ထိုအခါ Fleming မှ တဖန် " အိုမပာုတ်တာ ... ကျွန်တော် ခင်ဗျားသားကိုကယ်ဆယ်တုန်းမှာ ဘာတုန့်ပြန်မှုကိုမှ မမျှော်လင့်ခဲ့ပါဘူး " ပာုငြင်းဆိုခဲ့လေသည် ။ ထိုသို့ သူတို့နှစ်ဦး အပြန်အလှန် ပြောဆိုနေသည်ကို လယ်သမား၏ သားသည်အိမ်အတွင်းမှ ခြောင်းမြောင်းကြည့်ရှုနေလေရာ ၊ ကလေးငယ် ကိုတွေ့ရှိသွားသော လူကြီးသည် Fleming အား " အသင် ရဲ့ သား ပာုတ်ပါသလား " ပာုမေးမြန်းသဖြင့် ၊ Fleming မှ မိမိ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးလေသည် ။ ထိုအခါ Fleming အား လက်ဆောင်ပဏ္ဏများ လက်မခံ ပါက အသင့်ရဲ့သားအား ကျွန်ုပ် ကျောင်းထားပေးပါရစေ ၊ အကယ်၍ သင့်သားသည် သင်ကဲ့သို့ ရိုးသားကြိုးစားသူ ဖြစ်ပါက နောင်တချိန်တွင် သင့်အားဂုဏ်ကျက်သရေ တိုးတက်စေမည့်သူတစ်ဦးဖြစ်ပေလိမ့်မည် ပာု ခွင့်တောင်းခံ ပြီးလျှင် ထို ကလေးငယ် ၏ ပညာရေးအားသူဖြည့်ဆည်းပေးလေသည် ။
ထိုသို့ဖြင့် လယ်သမားကြီး Fleming ၏ သားသည် လန်ဒန် မြို့ရှိ St. Mary's Hospital အမည်ရှိ ဆေးကျောင်းကြီးတွင်ဘွဲ့ရပြီး ၊ ပင်နီဆလင် ဆေးဝါးကိုရှာဖွေတွေ့ရှိသူ Sir Alexander Fleming ပာူ၍ ကမ္ဘာပေါ်တွင်ထင်ရှားသူတစ်ဦးဖြစ်လာသည် ။ သို့သော် တစ်ချိန်က သူ၏ဖခင်နွံထဲမှ ကယ်ဆယ်ခဲ့သည့်ကလေးငယ်သည် ယခုတဖန် နျူမိုးနီယားရောဂါ ကိုခံစားနေရသဖြင့် Sir Alexander Fleming ၏ ပင်နီဆလင် ဖြင့်ကုသပေးခဲ့ရပြန်လေသည် ။
ထိုသို့ လယ်သမားကြီး Fleming နှင့် Sir Alexander Fleming တို့သားအဖ နှစ်ဦးလုံး၏ ကယ်ဆယ်ခြင်း ခံရသူသည် Lord Randolph Churchill ၏ သား ဖြစ်သူ ၊ ဗြိတိန် နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် အမည်ထင်ရှားသူ Sir Winston Churchill ပင်ဖြစ်ပါသည် ။
အပြည့်အစုံသို့...
Monday, 24 September 2007
ရှောင်လင်ကျောင်းသားကလေး
ကျွန်တော် ဒီရှောင်လင်ကျောင်းသားကလေး ရုပ်ရှင်ကိုပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ကြည့်ခဲ့ရတယ်ခင်ဗျ ။ တော်တော်ကောင်းတာပါ ။ ကလေးလေးတွေက အရမ်းချစ်စရာကောင်းတယ် ။ နောက်ပြီး သရုပ်ဆောင်ပုံ တွေကလည်း အသက်ဝင်တယ် ။ အဲဒီတုန်းကတော့ ဘာရယ်မပာုတ်ပါဘူး ကလေးကားဆိုပြီး ကြည့်လိုက်တာ ၊ ဘယ်ပာုတ်မလဲဗျာ ... တကယ်ကိုရယ်စရာကောင်းတာပါ ။ ဇတ်လမ်း နာမည်က shaolin Popey 2 လို့ခေါ်တယ် ။ shaolin Popey 1 လဲရှိတယ် ။ ဒါပေမယ့် အဲဒီတစ်ခုကသိပ်မကောင်းဘူး ... ရယ်တော့ရယ်ရတယ် ၊ ဒါပေမယ့် ကျွန်တော်က ဒုတိယ ပိုင်းကိုကြည့်ပြီးမှ ပထမ ကိုပြန်ကြည့်တာဆိုတော့ ပထမ ပာာကသိပ်အသက်မ၀င် သလို ဖြစ်သွားတယ် ။ ကလေး လေးတွေကိုအရမ်းချစ်တတ်ပြီး Comedy တွေကိုကြိုက်နှစ်သက်သူများကိုကြည့်ဖို့ တိုက်တွန်းပါတယ် ခင်ဗျာ ။ ကြည့်ရမယ့်နေရာ ပါ ပေးလိုက်မယ်ဗျာ ။ ကြည့်စေချင်လွန်းလို့ပါ ။
ဝင်ရမယ့် ၀က်ဆိုက် က www.crunchyroll.com ပါ ။
အပြည့်အစုံသို့...
MP3 Player တစ်ခုဖန်တီး တည်ဆောက်ခြင်း
လွန်စွာလွယ်ကူပြီး Loading လည်းမကြာတဲ့ MP3 Player လေးလုပ်လိုက်ကြရအောင်.....
ကျွန်တော် ဒီပလေယာ လေးကို Recommend ပေးပါတယ်။သူကရိုးရှင်းပြီး ဒီဇိုင်းလေးကလည်းသပ်ရပ်တယ်။
Demo ပုံလေးကတော့ ဒီမှာပါ ။
သူ့ကိုလုပ်ဖို့ အဆင့်လေးတွေသိပ်မရှိပါဘူး ။ လွယ်လဲလွယ်ကူပါတယ် ။ ကဲ စကြရအောင်.....
ပထမ ဦးစွာပောာဒီလင့်ကိုသွားပါ ။ http://www.its.ex.ac.uk/latis/resources/flashplayers/mp3player.php ။ ဒီလို စာမျက်နှာအသစ်လေးကိုတွေ့ရပါမယ် ။
အဲဒီ့မှာ သင့်ရဲ့ MP3 URL လင့်ကို Select ပြထားတဲ့နေရာမှာ အစားသွင်းရမှာပါ ။ MP3 URL မရှိသူများ ပာာ File Hosting တစ်ခုခုမှာ သွားရောက် Upload လုပ်ထားရမှာဖြစ်တယ် ။ အဲဒီလို လင့်ကိုအစားသွင်းပြီးတာနဲ့ မိမိစိတ်ကြိုက် နောက်ခံအရောင်တွေ ကိုပြောင်းပြီးပြီဆိုရင် Generate Code ဆိုတဲ့ buttom လေးကို နှိပ်လိုက်ပါ ။ အောက်မှာတွေ့ရတဲ့အတိုင်း Codes တွေနဲ့ Player ပုံစံလေးပေါ်လာပါလိမ့်မယ် ။
အဲဒီမှာ Select လုပ်ပြထားတဲ့ Codes တွေအားလုံးကို Copy ယူပြီးမိမိရဲ့စိတ်ကြိုက် ထားချင်တဲ့နေရာမှာ Paste လုပ်ရမှာဖြစ်တယ် ။ တကယ်လို့ မိမိရဲ့ Blog ပို့(စ်)တွေထဲမှာထဲ့လိုတယ်ဆိုရင် Edit Html ဆိုတဲ့နေရာ ကနေ၀င်ထည့်ရမှာပါ ။ Sidebar မှာထားချင်ရင်တော့ Page Element အသစ်တစ်ခုခေါ်ပြီး Codes တွေကို Paste လုပ်ထည့်ရမှာဖြစ်တယ် ။
ဒါပေမယ့် Codes ထည့်သွင်းတဲ့အပိုင်းပာာမပြီးသေးပါဘူး ။ နောက်ဆုံးအဆင့်တစ်ခုကျန်ပါသေးတယ် ။ ကျွန်တော် အောက်မှာ ပြထားတဲ့ ပုံထဲမှာ လေးထောင့်ဘောင်ခတ်ထားတဲ့ စာကြောင်းလေးကို Right Click လုပ်ပြီး Copy Shortcut ကိုနှိပ်ပါ (အနီရောင်နဲ့ ၀ိုင်းပြထားပါတယ် ) ။
Copy Shortcut ကိုနှိပ်ပြီးပြီဆိုရင် အောက်မှာပြထားတဲ့ ပုံကို ထပ်ကြည့်လိုက်ပါအုံး ။ ကျွန်တော် Highlight လုပ်ထားတဲ့နေရာလေး နှစ်နေရာကိုတွေ့ရပါလိမ့်မယ် ။ အဲဒီ့ Highlight လုပ်ထားတဲ့စာတွေကို Select လုပ်ပြီး Paste လုပ်ပါ ။ နှစ်နေရာ လုံးကိုလုပ်ရမှာပါ ။ အဲဒီ့ နေရာ နှစ်ခု မှာ ယခင် mp3player.swf အစား http://www.its.ex.ac.uk/....../mp3player.swf ဆိုတာလေးဖြစ်နေရပါမယ် ။ အဲဒီ့လင့်လေးကိုအစားထိုးဖို့ အလွန်အရေးကြီးပါတယ် ။ ဒါမှ Player ကကောင်းကောင်းအလုပ်လုပ်မှာပါ ။ အမှန်ဆိုရင် ကျွန်တော်တို့က ဒေါင်းလုဒ် လုပ်ပြီး File Hosting တစ်ခုခုမှာတင် ပြီးရင် ကိုယ်တင်ထားတဲ့ လင့်နဲ့ပြန်အစားထိုးရမှာပါ ။ ဒါပေမယ့် ဒါပာာအရမ်းအလုပ်ရှုပ်တဲ့အတွက် Server ရဲ့ လင့်ကို အဆင်သင့်ယူသုံးထားတာပါ ။ စိတ်ရှည်လက်ရှည် စမ်းချင်သူများအနေဖြင့် စမ်းသပ်နိုင်ပါတယ် ။ အဲဒါအားလုံးပြီးသွားရင်တော့ မိမိအရမ်းလိုချင်တောင်းတနေတဲ့ MP3 Player လေးပာာ ဖွင့်နားထောင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုရမှာပါ ။
အစမ်း နားထောင်ချင်သူများ ပာာ ဒီနေရာကို Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်
အပြည့်အစုံသို့...
ဆုရ မျိုးကောင်း ပြောင်း
နဘရာစကာ (Nebraska) ပြည်နယ်ရှိ လယ်သမားတစ်ဦးစိုက်ပျိုးတဲ့ ပြောင်းဖူးတွေဟာ အကောင်းဆုံးဆု နှစ်စဉ်ရလေ့ရှိတယ်။ နှစ်တိုင်း ပြိုင်ပွဲ ဝင်လိုက်တယ်ဆိုရင်ပဲ အပြာရောင် ဖဲကြိုးဆုက သူ့ အတွက် မလွဲ ဆိုသလိုပါပဲ….
ယခုနှစ်တော့ သတင်းစာတိုက်တွေကပါ သိပြီးကျော်ကြားသွားတယ်။ သတင်းထောက် တစ်ဦးဟာလဲ အင်တာဗျူးမေးဖို့ ဖိတ်ခေါ်လာတယ်။ ဘယ်နည်းဘယ်ပုံ ဆုရနေတယ်ဆိုတာ လေ့လာဖို့ တဲ့လေ။ နောက်တော့ သတင်းထောက်သိရှိသွားတာက ထိုလယ်သမားဟာ အခြားသော လယ်နီးနားချင်းများနှင့် သူ့ ရဲ့ ဆုရ ပြောင်းမျိုးစေ့များ ကိုဝေမျှသုံးစွဲသည် ဆိုသည့်အချက်ပဲဖြစ်တယ်။
အဲဒီတော့ သတင်းထောက်က မေးလိုက်တယ်။ “ ခင်ဗျားနဲ့တူတူ ပြိုင်ပွဲဝင်နေတဲ့ သူတွေကို ဘာလို့ အကောင်းဆုံးမျိုးစေ့တွေ မျှပေးရတာလဲ။ ”
“ခင်ဗျား မသိသေးဘူးနဲ့တူပါရဲ့ ” လယ်သမားကပြန်ဖြေတယ်။ “ တကယ်လို့  လယ်နီးချင်းတွေသာ မျိုးကောင်းတဲ့ ပြောင်းကို မစိုက်ရင် ဝတ်မှုံကူးနည်းက ကျွန်တော့်ပြောင်းဖူးတွေရဲ့ အရည်အသွေးကို နိမ့်ကျ သွားစေမှာပေါ့။ ” လယ်သမားက ဆက်လက်ရှင်းပြတယ်။ “ ကျွန်တော် မျိုးကောင်းစိုက်ချင်ရင် တခြားသူတွေကိုပါ မျိုးကောင်းစိုက်ဖို့ ကူညီပေးရမှာပေါ့”
လယ်သမားဟာ ဘဝမှာ အချင်းချင်း ပတ်သက် ဆက်နွှယ်နေမှုကို သတိထားမိသည်။ ဘေးက လယ်တွေရဲ့ ပြောင်းတွေသာ မတိုးတက်ရင် သူ့ ရဲ့ ပြောင်းတွေလဲ တိုးတက်မှာ မဟုတ်ဘူး။
ဒီ ဥပမာလေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ တွေကိုလဲ အကျိုးပြုနိုင်မှာပါ။
ကိုယ် ငြိမ်းချမ်းမှုကို လိုချင်ရင် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် ကူညီရမယ်။
ကိုယ် စိတ်အေးချမ်းကောင်းမွန်စွာနေထိုင်ချင်သူများဟာ အခြားသူများကို လဲကောင်းမွန်စွာနေနိုင် အောင် ကူညီကြရမယ်။
ကိုယ် ပျော်ရွှင်ချင်ရင် သူတပါး ပျော်ရွှင်အောင် ကူညီကြရမယ်။
ဒီပုံပြင် ရဲ့သင်္ခန်းစာကတော့ “ ပြောင်းကောင်းကောင်း စိုက်ချင်ရင် လယ်နီးချင်းတွေကိုပါ ပြောင်းကောင်းစိုက်နိုင်အောင် ကူညီလိုက်ပါ။
အပြည့်အစုံသို့...
Sunday, 23 September 2007
ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။
ဒီပုံပြင်လေးက တော့ တော်တော်ကြာလို့ ဟောင်းနေပါပြီ။ ဒီလိုပါ။ အဖေက သုံးနှစ်အရွယ် မိန်းကလေး တစ်ယောက်ကို ရွှေရောင် ပါကင်စာရွက် ကို ဖြုန်းတီးမှုဖြင့် ဆုံးမနေသည်။ ငွေ အကျပ် အတည်းဖြစ်နေချိန်တွင် ဖြုံးတီးရကောင်းလားဟု အပြစ်ပေးခြင်းဖြစ်သည်။ ထိုညက ကလေးမလေးက ခရစ်စမတ် သစ်ပင်ခြေရင်းတွင် ဝမ်းနည်းစွာဖြင့် ထို ရွှေရောင် သေတ္တာလေးကို ချထားခဲ့သည်။
နောက်တနေ့ မနက်။ “ ဒါဖေဖေ့အတွက် ” ဟုဆိုကာ ရွှေရောင် သေတ္တာလေးကို သူမ အဖေ ထံပေးလာသည်။ အဖေကတော့ ယခင်က စိတ်ဆိုးခဲ့သည်ကို ပြန်လည် နောင်တရနေမိသည်။ ဒါပေမဲ့ သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ စိတ်ပြန်ဆိုးသွားသည်။ သေတ္တာထဲမှာ ဗလာနတ္တိ။ သူ သမီးလေးကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ “လက်ဆောင်ပေးတယ်ဆိုတာ တစ်ခုခု ပါရတယ်ကွ။ ” သူအော်လိုက်တော့ မိန်းကလေးက ငိုသံပါပါနဲ့ ပြန် ဖြေသည်။ “ ဒီသေတ္တာက ဗလာမဟုတ်ပါဘူးဖေဖေ။ အထဲမှာ သမီး အနမ်းတွေ အများကြီးထည့်ထားတယ်။ အားလုံး ဖေဖေ့ အတွက်ပါ။ ” ဆိုသော အဖြေစကားကြားရလေသည်။
သမီးလေးရဲ့ ဖေဖေ ဒီတစ်ခါတော့ မှင်သက်မိသွားသည်။ ဆွ့ံအသွားသည့်နှယ်။ ပြီးမှပဲ သမီးလေးရှေ့ ချက်ချင်း ဒူးထောက်လို့ သူ့လက်တွေနဲ့လည်း သိုင်းဖက်ထားသည်။ ဖေဖေ့ကို ခွင့်လွှတ်ပါ ဟုလဲ အကြိမ်ကြိမ်တောင်းပန်နေတော့သည်။
များမကြာမီပဲ ကားမတော်တဆမှုတစ်ခုက အဖေ့ဆီကနေ သမီးလေးကို အပြီးပိုင် ခွဲကာခေါ်သွားတော့သည်။ ထိုအဖေသည်လည်း သမီးလေးပေးသော လက်ဆောင် ရွှေရောင် သေတ္တာလေးထဲမှ အနမ်းများကို စိတ်ညစ်တိုင်း၊ အားငယ်တိုင်း ထုတ်ကြည့်ကာ သမီးလေး၏မေတ္တာကိုလဲ အမြဲပင် သတိရကာနေပါတော့သည်။
လူတိုင်းတွင် ချစ်မေတ္တာနှင့် အနမ်းများစွာထည့်ထားသော ရွှေသေတ္တာ ပိုင်ဆိုင်ကြသည်။ မိသားစုများ၊ သူငယ်ချင်းများ ဆီမှ။ ထိုအရာထက် မည်သည့်အရာကမျှ တန်ဖိုးမရှိနိုင်ပေ။
ထို သေတ္တာလေးက သာမန်သေတ္တာ…… သို့ ပေမဲ့။ အနမ်းတွေနဲ့ ပြည့်လျှမ်းနေတဲ့ သေတ္တာ။
အပြည့်အစုံသို့...
ခဲတံပုံပြင်
ခဲတံ ပြုလုပ်တဲ့ အတတ်ဖြင့် အသက်မွေးသူတဦးသည် ခဲတံလေးတစ်ချောင်းကို ရောင်းတန်းဝင် ဘူးထဲသို့ ထည့်မပိတ်မီ အပြင်ကို ခေတ္တ ထုတ်ထားလိုက်တယ်။
“မင်းသိဖို့ လိုတဲ့အချက်ငါးချက်ရှိတယ်။ ” ထိုလူက ခဲတံကို ပြောလိုက်တယ်။ “မင်းကို အပြင်လောကကို မထုတ်မီမှာ ဒီအချက်တွေကို မင်း အမြဲသတိရမယ်ဆိုရင် မင်းဟာ လောကမှာ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်လာလိမ့်မယ်။ ”
“ ၁ အချက်။ မင်းဟာ မင်းကိုယ်မင်း လူတစ်ယောက်ရဲ့ လက်ထဲမှာ အမြဲ ရှိနေစေရမယ်”
“၂ အချက် ။ မင်းဟာ နာကျင်တဲ့ ချွန်စက်ဒဏ်ကို အချိန် မရွေးခံရနိုင်တယ် ။ ဒါပေမဲ့ အဲဒါဟာ မင်းကောင်းစားဖို့ပဲ။”
“၃ အချက် ။ မင်းလုပ်ခဲ့တဲ့ အမှားတွေကို မင်းကိုယ်တိုင် ပြင်နိုင်ရမယ် ။”
“၄ အချက် ။ မင်းရဲ့  အရေးကြီးဆုံး အစိတ်အပိုင်းဟာ မင်းရဲ ကိုယ်တွင်းမှာ ပဲရှိတယ်။ ”
“၅ အချက် ။ မင်း ကို ဘယ်မျက်နှာပြင်ပေါ်မှာပဲ ရေးရေး ထင်အောင်ရေးရမယ်။ ဘယ်အခြေအနေရောက်ရောက် မင်းဆက်လက် ရေးသားသွားရမယ်။”
ခဲတံ ကလဲ နားလည်ပြီး မှတ်ထားပါမည် ဟုကတိပေးသည်။
ယခု ခဲတံ နေရာတွင် သင့်ကိုယ်သင် ကိုယ်စားထည့်လိုက်ပါ။ ဒီအချက်တွေကို မင်း အမြဲသတိရမယ်ဆိုရင် မင်းဟာ လောကမှာ အကောင်းဆုးံ လူတစ်ဦးဖြစ်လာလိမ့်မယ်။
၁။ တခြားလူတွေ ဆုံးမအကြံပေးတာ။ မိဘဆွေမျိုး သူငယ်ချင်းတွေ အကြံပေးတာကို ခံယူပါ။
၂။ အခက်အခဲတွေကို အချိန်မရွေးကြုံတွေ့ နိုင်ပေမဲ့၊ အဲဒါတွေကပဲ မင်းကို ပိုမို သန်မာတဲ့ လူတစ်ဦး ဖြစ်စေမှာ။
၃။ မင်းအမှားတွေကို မင်းကိုယ်မင်း ပြင်နိုင်အောင်ကြိုးစားပါ။
၎။ မင်းရဲ့ အရေးကြီး အစိတ်အပိုင်းဟာ မင်းရဲ့ အတွင်းစိတ်ပါပဲ။
၅။ မင်း ဘယ်အခြေအနေ ဘယ်နေရာပဲရောက်ရောက် မင်းလုပ်ရမဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းရွက်ပါ။
ခဲတံဥပမာကို အသုံးချပြီး ဒီအချက် တွေကို မှတ်ထားမယ်၊ လိုက်နာမယ်၊ ဆိုရင်တော့ မင်းဘဝက အမြဲ တိုးတက်နေမှာပါ။
Parable Of The Pencil - Pencil story ဆိုတဲ့ ဝတ္တုတိုလေးကို ဘာသာပြန်ထားတာပါ။
အပြည့်အစုံသို့...
မမေ့နိုင်
ခုနှစ် ၊ ရက် ၊ လ ... အတိအကျမသိတော့ပါ ။
ကျွန်တော် ငါးတန်း တုန်းကဖြစ်သည် ။
အတန်းပိုင် ဆရာမ က နက်ဖြန် ကျောင်းမလာလဲရတယ် စာမသင်ဘူးပာု အသေအချာမှာထားပါလျှက် ကျွန်တော်တို့တစ်ခန်းလုံး ( စာကြိုးစား ပြီး အလွန်တော်သော မမလေး ၂ ယောက် ၃ ယောက် မှလွဲကာ ) ကျောင်းတက်ကြသည် ။ ကြိုတင်တိုင်ပင် ကာကျောင်းတက်ကြခြင်းဖြစ်သည် ။ ဆရာများ မအားလပ်ခြင်း ၊ ဆရာမကြီး ရုံးခန်းတွင် မရှိခြင်းတို့ကို ရိပ်မိသော ကျွန်တော်တို့ အခွင့်ကောင်းယူကာကျောင်းလာကြသည် ။ ကျောင်းလာသည်ဆိုတော့လည်း ဆရာမ ခင်ဗျာ ... အဘယ်မှာ အပြစ်ဆိုနိုင်မည်နည်း ။ သူဆိုနိုင်သည်က " လိမ်လိမ်မာမာနေကြ ဆရာမတွေမအားဘူး ၊ ကိုယ့်စာကိုယ်လုပ်ကြ ပာု " ။
ကျွန်တော်တို့ လိမ်မာကြပါသည် ။ ကျောင်းဝန်းပြင်ထွက်ပြီး ယောင်္ကျားလေးတွေ ဘောကန်ကြကာ ၊ မိန်းကလေးများ ထုတ်ဆီးတိုးကြသည် ။ ပျော်လိုက်သည့်ဖြစ်ခြင်း ကျွန်တော်တို့ဘောလုံး ကျောင်းပြတင်းပေါက်မှန် အားထိမှန် သဖြင့် " ခွမ်း " ဆိုသောအသံကြားမှ အသိဝင်ကြလေသည် ။ ပြသနာ လုပ်ပြီဆိုတော့ ကုတ်နေရပြီပေါ့ ။ အားလုံး မသိမသာ အတန်းထဲ ပြန်ဝင်ကြသည် ။ စာဖတ်ချင်ယောင်ဆောင်သည် ၊ အိပ်ချင်ပာန်ဆောင်သည် ၊ စကားတိုးတိုးပြောကြသည် ။ သိပ်မကြာပါဘူး ... ခြောက်ခြားစရာ ခြေသံ ကိုကြားရပါတော့တယ် ။ ကျွန်တော်တို့ ယောင်္ကျားလေးတွေအားလုံး ကျောင်းဝန်းတစ်ခုလုံးကို မုန့်စားဆင်းချိန် မတိုင်မီ သန့်ရှင်းရေး အပြီးလုပ်ရမယ်တဲ့ ။ ရာဇသံ ပေပဲလေ ( အယူခံမရှိပါ ၊ ချေပသူသည် ကြီးလေးသောအပြစ်ကိုခံရမည် ) ။ အားလုံး တံမြက်လှည်း ၊ အမှိက်ကျုံး ပေါ့ ။ မုန့်စားဆင်းချိန် ပြီးသောအခါ ကျွန်တော်တို့ ဆရာမ အခြေအနေ ကိုအလှည့်ကျ ကြည့်ကြသည် ။ အချိန် အတော်ကြာသည်အထိ တိတ်ဆိတ်နေသောအခါ ... ပထမ အိမ်သာသွားသလိုနှင့် မယောင်မလည် ရုံးခန်းကို လေ့လာသည် ။ တစ်ယောက်မှနှစ်ယောက် ၊ နှစ်ယောက်မှသုံးယောက် ... လေ့လာလို့ကျေနပ်သောအခါ အတန်းထဲတွင် သီချင်းများ ဆိုကြသည် ။ အစတော့ အသံတိုးတိုးလေး ၊ သီချင်းကောင်းလေးတွေ ဆိုကြသည် ။ နောက် အသံနည်းနည်း ကျယ်လာသည် ။ သီချင်းများလည်း ပျက်ဆီးလာသည် ။
" ကျောင်းတော်ထဲမှာ...ဆော့ကာကဲကာ....အပေါင်းအဖော်များနဲ့ ပျော်ရွှင်မယ် ။ တို့ကိုမုန်းရင် မချိသလိုပြုံးမယ်...ဆက်လက်ဆိုကာကခုန်မယ် ... တုနှယ်..တဲ့နှယ်..တယ့်တယ်တယ်.... "
အဲဒါကတော့ မိန်းကလေးများ စပ်ဆိုတဲ့သီချင်းပါ ။ ကျွန်တော်တို့လည်းအသံသေး အသံကြောင်နဲ့လိုက်ဆိုပါတယ် ။ များသော အားဖြင့်ကျွန်တော်တို့ အသံပါ ။ နောက်တော့...
" ဒီကမ္ဘာကို ဆိုက်ကားနဲ့ပတ်မယ်...ငါတို့အတူတကွနင်းကြပါစို့....မှောင်မည်းနေတဲ့မိုးသားများရဲ့အောက်...အပျော်ဆုံးသီချင်းများကိုဆိုပြီးတော့...ဆိုက်ကားနင်းမယ် လာသွားစို့ ............. "
ဒါကဒုတိယ အပြောင်အပျက် ဆိုထားတဲ့သီချင်းပါ ။ နောက်တော့ သီချင်းတွေကို တစ်ပုဒ်ပြီး တစ်ပုဒ် လျှောက်ပြောင်လှောင်ပြီးဆိုပါတယ် ။ ကျောင်းဆင်းခါနီး အောက်ပါ သီချင်းလေးနဲ့ ပိတ်ခဲ့ပါတယ် .....
" ဂစ်တာ တီးတဲ့ကျောင်းသားများပာာ ... ဒို့များပော့ ..ဒုန်း ဒုန်း ၊ ၀ုန်း ၀ုန်း .. ။ ဂစ်တာ တီးတဲ့ကျောင်းသားများပာာ ... ဒို့များပော့ ..ဒုန်း ဒုန်း ၊ ၀ုန်း.. ။ လာပြီ ဒီမှာကွ Rock & Roll သံစဉ်တွေပာာ ဒို့လက်ထဲမှာ .. ဒီမှာကွ Rock & Roll ဒုန်း ၊ ဒုန်း ၊ ပေားပေားပေားပေား........ဖျောင်း ၊ ဖျောင်း ။ "
အဲဒီ့သီချင်းစာသားထဲမှာ - ဒုန်း ဒုန်း ၊ ၀ုန်း - ဆိုတဲ့ အသံတွေပာာ ကျွန်တော်တို့ စာရေးစားပွဲကို တံမြက်စည်းတုတ်တွေ ၊ ကြက်မွှေးတုတ်တွေနဲ့ ရိုက်လို့ထွက်လာတဲ့အသံပါ ။ ပေားပေားပေား - ဆိုတာကတော့
ဝိုင်းပြီးချီးမြောက်ကြတဲ့ ပရိသတ် ရဲ့အသံတွေဖြစ်ပြီးတော့ -- နောက်ဆုံးမှာ ထွက်လာတဲ့ = ဖျောင်းဖျောင်း = ဆိုတာကတော့ လက်ခုတ်တီးတဲ့အသံမပာုတ်ပါဘူး ။ ကျွန်တော်တို့လည်း အဲဒါကြောင့် ထူးဆန်းအံ့သြစွာနဲ့ စပ်စု ကြည့်တော့ ......
အားလားလား.......အတန်းပိုင်ဆရာမ ခင်ဗျ ။
ကြိမ်လုံးကြီး ကိုင်ပြီးရပ်အားပေးနေလေရဲ့ ။ကျွန်တော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ ၊ ကြောက်အားလန့်အားနဲ့ ဘုရားတနေမိတယ် ။ ကိုယ့်ကိုကိုယ် လွန်သွားမှန်းလဲ သိကြတယ် ။ ဒါကြောင့် ဘာမှ မပြောရဲဘူး ။ အပ်ကျသံတောင် ကြားရလောက်တယ် ။ အပြစ်ကတော့ ကျောင်းဆင်းချိန်မှာ အလံတိုင်ရှေ့ထွက် ပြီး အခြားကျောင်းသူကျောင်းသားတွေရှေ့မှာ လက်မြှောက် နေရတာပဲဖြစ်တယ် ။ တကျောင်းလုံးကုန်မှ ကျွန်တော်တို့ပြန်ရတယ် ။ ဒါပေမယ့် မရှက်ကြပါဘူး ။ ရှက်စရာလို့လည်း မထင်ခဲ့ကြဘူးလေ ။ သေသေချာချာ ပြောနိုင်တာကတော့ ပျော်ခဲ့ပါတယ် ။ တော်တော်လေး ပျော်ခဲ့ကြတယ် ။ ကျောင်းတက်ချိန်ကိုပြန်စဉ်းစား မိတိုင်း အဲဒီ အကြောင်းလေးကို သတိရနေဆဲပါပဲ ။
ဒဏ်ခတ်ခံရလို့ အိမ်ပြန် တစ်နာရီကျော်ကျော်လောက် နောက်ကျလို့ အိမ်ပေါက်ဝ မှာ ကြိမ်လုံးကြီး ကိုင်ပြီးစောင့်နေတဲ့ အမေနဲ့တိုးခဲ့ရပုံနဲ့ ၊ အမေ ပေးခဲ့တဲ့ ပြစ်ဒဏ်ကိုတော့ မဖော်ပြ ပါရစေနော်.....။
အပြည့်အစုံသို့...
Saturday, 22 September 2007
ကျောက်ဆောင်လေး ဖြစ်ပါရစေ ။
ဆုတောင်းလို့သာပြည့်ခဲ့မယ်ဆိုရင်....
ကျွန်တော် ပိာုးအဝေး ကမ်းစပ်တစ်နေရာမှာ ကျောက်ဆောင်လေးသာဖြစ်ပါရစေ ။
လူတွေနဲ့ အလှမ်းဝေးဝေး တစ်နေရာ က ကမ်းစပ်လေးတစ်ခုနားမှာ ကျောက်တောင်လေးတစ်ခုဖြစ်ပါရစေ ။ နေပူပူ ၊ မိုးရွာရွာ ၊ မုန်တိုင်းတွေ ဘယ်လိုကျကျ ကြံ့ကြံ့ခံ နိုင်တဲ့ကျောက်ဆောင်လေးတစ်ခုပေါ့ ။ ပူလောင်မှု အားလုံးနဲ့ ဝေးဝေးမှာ တည်ရှိပြီး တစ်နေရာတည်းမှာ အေးအေးချမ်းချမ်း လေးရပ်တည်နေပါ့မယ် ။
တစ်ခါတစ်ရံ ရောက်လာတတ်တဲ့ ဒီရေလှိုင်းလေးတွေကို ကြိုဆိုမယ် ။ သူတို့တွေ ပင်လယ်ထဲပြန်ထွက် သွားတဲ့ အခါမှာ နှုတ်ဆက်မယ် ။ ပျင်းနေတဲ့အချိန်မှာ ပင်လယ်ပြင်ကြီး နဲ့ မိုးကုတ်စက်ဝိုင်းတို့ ထိစပ်တဲ့ နေရာကိုလှမ်းမျှော်ကြည့်မယ် ။ လေညှင်း လေးတွေသယ်ဆောင်လာတဲ့ သီတင်းစကားတွေကိုနားထောင်မယ် ။ နေ့အခါ နေမင်းကြီး ဘယ်လောက်ပဲပူပြင်းနေပါစေ ၊ ညအခါ ဘယ်လောက်ပဲ အေးချမ်းနေပါစေ အံကြိတ်ပြီး တောင့်ခံမယ် ။ အချိန်တွေကြာလာလို့ ရေလှိုင်းလေးတွေပာာ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ချို့ကို တိုက်စားမယ် ဆိုရင်လဲ ကျေကျေနပ်နပ်နဲ့ပေးပါ့မယ် ။ ကြီးမားလှတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်သန်း ပျံသန်းလာတဲ့ ငှက်ကလေးတွေကိုလည်း ကျွန်တော့်ရဲ့ ကျောကုန်းပေါ်မှာ နားခိုခွင့်ပြုမယ် ။ ပျံထွက်သွားတဲ့ ငှက်ကလေးတွေပာာ ကျွန်တော့်ကို မေ့သွားတောင်မှ ကျွန်တော်ပာာ တိုးတိုးလေး နှုတ်ဆက်နေမှာပါ ။ ပှုဇွန်လေးတွေ ၊ ဂဏန်းလေးတွေ လဲကျွန်တော့်ရဲ့ ခြေရင်းမှာလာရောက် ဆော့ကစားနိုင်ပါတယ် ။ ကျွန်တော် သဘာဝ လောကကြီးရဲ့ ဖြစ်နေပျက်နေမှု တွေကို ဒီအတိုင်း မလှုပ်မရှက် ရပ်ကြည့်နေရရင်ပဲကျေနပ်ပါပြီ ။ အချိန်အတိုင်းအတာ တစ်ခုရဲ့ ကုန်ဆုံးမှုကြောင့် ရေလှိုင်းလေးတွေပာာ ကျွန်တော့်တစ်ကိုယ်လုံးကို အပြီးအပိုင် တိုက်စားခဲ့မယ်ဆိုရင်တောင် ကျွန်တော်လိုက်လိုက်လျောလျော ခွင့်ပြုဦးမှာပါ ။ တိုက်စားသွားတဲ့ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ခုပာာ အခြားတိတ်ဆိတ်တဲ့နေရာလေးမှာ အနည်ထိုင်ခွင့် ရမယ်ဆိုရင်ဖြင့် ကျွန်တော် ရဲ့စိတ်အလျင်ပာာ ငြိမ်းချမ်းမှုရပါပြီ ။
အပြည့်အစုံသို့...
ကော်စီကာကျွန်းသား ကလေး
ကော်စီကာ ကျွန်းမှာ သူမွေးဖွားခဲ့ပါတယ် ။ မွေးချင်းတွေ ထဲမှာ ဒုတိယမြောက် သားလဲဖြစ်တယ် ။ သူ့အထက်မှာ အစ်ကိုကြီးတစ်ယောက်ရှိပြီး အောက်မှာ ညီ ၊ ညီမ ပေါင်း ခြောက်ယောက်ရှိတယ် ။ ဖခင် ပာာအစိုးရ အရာရှိတစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ကိုမမွေးခင် လပိုင်းအလို မှာပဲ သူ့ဖခင်ပာာ ကျွန်းပေါ် နယ်ချဲ့ကျူးကျော်လာသူတို့ကိုတိုက်ခိုက်ရင်းနဲ့ ကျဆုံးသွား ခဲ့ပါတယ် ။ ကာကွယ်ရေးတပ် တွေပာာလဲ ကျူးကျော်သူတို့ လက်အောက်မှာလက်နှက်ချ သွားခဲ့ပါတယ် ။ ကျူးကျော်သူတွေကတော့ အခြားမပာုတ်ပါဘူး ၊ လူဝီ တစ်ဆယ့်ခြောက်ရဲ့ ပြင်သစ်တပ်မတော်ကြီးပါ ။ ဒီလိုနဲ့ သူနေထိုင်တဲ့ ကော်စီကာ ကျွန်းပာာ ပြင်သစ်ပိုင်ဖြစ်ခဲ့ရတယ် ။
သူ့မိခင် ပာာလွန်စွာပေါင်းသင်းဆက်ဆံရေး တော်တဲ့ အရာရှိကတော်တစ်ယောက်ပေါ့ အထက်ပိုင်း လူကြီးများစွာနဲ့ လည်းသိကျွမ်းသူတစ်ယောက်ပေါ့ ။ သူပာာ ငယ်စဉ်ကတည်းက တစ်ယောက်တည်းနေရတာကို နှစ်သက်သူပါ ။ မောင်နှမ တွေအများကြီး ရှိပေမယ့် ရောရောနှောနှော ဆော့ကစားခြင်းမရှိဘူး ။ သူ့ရဲ့ တစ်ခုတည်းသောအဖော်ကတော့ ကစားစရာ အမြှောက်လေးတစ်ခုပဲဖြစ်တယ် ။ သူပာာ အဲဒီ့အမြှောက်ကလေး ကိုယူပြီး ကျွန်းရဲ့ ကျောက်ဆောင်တွေရှိတဲ့နေရာမှာ တစ်ကိုယ်တည်း စစ်တိုက်တိုင်း ကစားနေလဲ့ရှိသူပါ ။ သဲတွေနဲ့ စစ်သားရုပ်လေးတွေလုပ် ၊ ခံတပ်တွေဆောက်ပြီး တစ်ကိုယ်တည်း စစ်ချီတက်နေတတ်တယ် ။
ဒီလိုနဲ့ တစ်ရက်မှာ သူ့မိခင်ရဲ့ အသိအရာရှိကြီးတစ်ယောက်ပာာ အိမ်အလည်လာရင်းနဲ့ ဖခင်မရှိတော့တဲ့ သူတို့မောင်နှမတွေထဲက တစ်ဦးကို ပြင်သစ်နိုင်ငံရဲ့ ဘုရင့်ကျောင်းမှာ စာသင်ပေးဖို့ ကမ်းလှမ်းတယ် ။ ဒါနဲ့ ဘယ်သူ့ကိုခေါ်ရမလဲလို့ရွေးဖို့ အားလုံးကိုခေါ်တော့ အားလုံးပေါင်း ခုနှစ်ယောက် ပဲရှိလို့စစ်ကြည့်တော့ သူကအိမ်မှာမရှိဘူးဖြစ်နေတယ် ။ ဒါနဲ့သူ့ကိုခေါ်ဖို့ အတွက်ကို ဘယ်မောင်နှမ တွေမှမခေါ်ရဲ ကြဘူး ။ အရာရှိကြီးက စိတ်ဝင်စားသွားတယ် ။ ငါ ကိုယ်တိုင် သွားခေါ်မယ်ဆိုပြီး သူဆော့နေတဲ့ ကျောက်ဆောင်တွေရှိတဲ့ နေရာ ကိုလိုက်သွားတယ် ။ နောက်တော့ခက်ဝေးဝေး ကနေအကဲခတ်ကြည့်ပြီး သူ့ ကိုကြိုက်သွားတယ် ။ ပြင်သစ်ပြည်ကြီးရဲ့ ဘုရင့်ကျောင်းမှာသူ့ကိုပညာသင်ပေးဖို့ သူ့ကိုခေါ်သွားတယ် ။ ဘုရင့်ကျောင်းမှာ သူပာာ ပြင်သစ်ဘာသာ ၊ သင်္ချာဘာသာ ၊ ကဗျာစပ်မှု ၊ ကိုယ်ခံပညာ နဲ့ စစ်ပညာဘာသာ ရပ်တွေကို လေ့လာသင်ကြားရတယ် ။ သူကညဏ်ကောင်းသူ ဆိုတော့ ဘာသာရပ်တွေကို အခက်အခဲ သိပ်မရှိစွာသင်ကြားနိုင်တယ် ။ သင်္ချာဘာသာ မှာတစ်ဖက်ကမ်းခက် ကျွမ်းကျင်တဲ့ကျောင်းသားအဖြစ် ကျောင်းမှာထင်ရှားတယ် ။ ဒါပေမယ့် ပြင်သစ်ဘာသာ ကိုသူလုံးဝ သင်ကြားလို့မရခဲ့ဘူး ။ သူ့ရဲ့ စိတ်တွင်းမှာ ကိန်းအောင်းနေတဲ့ ဒေါသ က သူ့ကို ပြင်သစ်ဘာသာ လေ့လာမှုကိုနှောင့်ယှက်နေတာဖြစ်တယ် ။ သူနေထိုင်တဲ့ ကျွန်းကို ပြင်သစ်တွေက တိုက်ခိုက်သိမ်းယူလိုက်လို့ ၊ ပြင်သစ်တွေရဲ့ ကျူးကျော်မှုကြောင့် သူ့ဖခင် သေဆုံးသွားရတာတွေအတွက် သူပာာ ပြင်သစ်တွေကို နာကျည်းနေသူဖြစ်တယ် ။ ဒါကြောင့် ပြင်သစ်စာသင်ကြားတဲ့ အချိန်ပာာ သူ့အတွက် ငရဲ ခန်းလိုပဲ ။ ပြင်သစ်ဘာသာ မှလွဲပြီး ကျန်တဲ့ ဘာသာတွေမှာ ဘက်စုံတော်နေတဲ့သူ့ကို ဆရာ တွေက စာပေဘာသာမှာ အလွန့်အလွန် နာမည်ကြီးတဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နောင်အခါမှာ ထင်ရှားလိမ့်မယ်လို့ ကြိုတင်အပောာထုတ်ထားကြတယ် ။
ဘုရင့်ကျောင်းတော်ထဲမှာ တက်နေကြတဲ့ကျောင်းသားတွေပာာ ကုန်သည်သား၊သမီးများ ၊ ဘုရင်ခံ ၊ မှုးမတ် ၊ အကြံပေးအရာရှိ စသော လူကုံထံ ၊ လူချမ်းသာ တို့၏ သား၊သမီး များသာ ဖြစ်ရာ ပိုက်ဆံကိုရေလိုသုံး ၊ အပျော်အပါး ကိုသာအဓိကလိုက်စားနေကြသူများဖြစ်ကြသည် ။ သို့သော် သူ့မှာ မူကျောင်းထားပေးသော အရာရှိကြီးသည် တစ်ခေါ်က်မှ လာရောက် မကြည့်ရှုခြင်း ၊ ချစ်ခင်ရသော မိခင် ကလည်းအနီးမှာမရှိခြင်း နှင့် ပိုက်ဆံ ဆိုသည်မှာလည်းကျောင်းသန့်ရှင်းရေးအလုပ်မှ သာရရှိသဖြင့် များများမရှိပေ ။ ထို့ပြင် သူ၏ ကိုယ်ပာန် နေအထားမှာလည်း အခြားသော ကျောင်းသားများထက် သိသိသာသာ ပုနေခြင်း သို့ကြောင့် အများအမြင် တွင် ပြောင်လှောင်စရာ ဖြစ်နေလေသည် ။ စာတော်သော သူ့ကိုဆရာများက အရေးပေးသဖြင့် ကျောင်းသားအများစု မှာသူ့ကိုလွန်စွာ နှိမ်လေ သည် ။ ထိုသို့သော အခြင်းအရာ များကြောင့် သူသည် ပြင်သစ်များကိုလွန်စွာမှ မုန်းတီးလာသည် ။ သူ၏ စိတ်အစဉ်တွင် " ငါနောင်တစ်ချိန် မှာ ဒီပြင်သစ်နိုင်ငံကို ထုံးလိုချေ ၊ ရေလိုနှောက် ပစ်မယ် " ပာု ကြုံးဝါး ထားလေ သည် ။
တစ်ရက် ... ထိုနေ့သည် ကျောင်းသားများ၏ စစ်ပညာဘာသာရပ် ကိုစစ်ဆေးသောနေ့ ဖြစ်သည် ။ အားလုံးသောကျောင်းသားများကို တူညီသော မေးခွန်းတစ်ခုမေး သည် ။ အကောင်းဆုံး ဖြေဆိုနိုင်သည့်ကျောင်းသား သည် အဆင့်မြင့်စစ်ပညာသင်ကြားရေး ကျောင်းသို့ပို့ကာ ဆက်လက် ဆည်းပူး နိုင်မည်ဖြစ်သည် ။ ထိုအချိန်တွင် သူ့အသက်မှာ ၁၇ နှစ်ကျော်ကာမျှပင်ဖြစ်သည် ။ ကျောင်းသားများထဲတွင် အသက်အငယ်ဆုံး ကျောင်းသား မျှပင်ဖြစ်သည် ။ ထိုနေ့ သူတို့ကိုမေးသောမေးခွန်းမှာ " အမောင်ကျောင်းသားတို့ ... သင်တို့သည် စစ်တပ်ကြီးတစ်တပ်တွင် ဦးစီးနေသော ဗိုလ်တစ်ဦး ဆိုပါစို့ ။ သင့် စစ်တပ်သည် အဖက်ဖက်မှ ကြီးမားသော ရန်သူတပ်မကြီး၏ ၀န်းရံ ပိတ်ဆို့မှုကိုခံနေရပါပြီ ။ သင်မည်သို့ ကြံစည်မည်နည်း ? " ဖြစ်သည် ။ ကျောင်းသားအားလုံး၏ အဖြေမှာ လက်နှက်ချကာ အညံ့ခံမည်ပာု ပေးခဲ့သော်လည်း ... သူကမူ ဆရာအားမေးခွန်းတစ်ခုပြန်ထုတ်လိုက်သည် ။ " ရန်သူစစ်တပ် တွင် စားနပ်ရိပ်ခါ နှင့် စစ်လက်နှက်မည်မျှရှိသည်ကိုသိလိုပါသည် ..တဲ့ " ။ ရုတ်တရက် မမျှော်လင့်သော မေးခွန်းကြောင့် အံ့အားသင့်သွားသည် ။ " စစ်လက်နှက် ၊ စာနပ်ရိပ်ခါ အပြည့်အစုံ ရှိသည် " ပာု ဆိုသောအခါ ...သူ ၏ အဖြေမှာ ---> " ကောင်းပြီး ၊ ကျွန်ုပ် ၏ တပ်မတော်ကို သေချာစွာစုစည်းပြီးလျှင် ညချမ်းရုတ်တရက် အချိန်တွင် ရန်သူ၏ အားအနည်းဆုံးအပိုင်းမှ ဖောက်ထွက် လွတ်မြောက်အောင် ကြံဆောင်ပါမည် " ပာုဖြစ်သည် ။ ထိုအဖြေကြောင့် သူသည် အသက် အငယ်ဆုံးကျောင်းသားအဖြစ် အဆင့်မြင့် စစ်ပညာသင်ကြားရေးကျောင်းတွင် ပညာသင်ကြားခွင့်ရရှိခဲ့လေသည် ။ ထို့ပြင် သူဆိုနေကြ စကားတစ်ခွန်းရှိလေသည် " မဖြစ်နိုင်ဘူး ဆိုသောစကားလုံးသည် သူရူးတွေ၏ စကားလုံးသာဖြစ်သည် " ဆိုသောစကားဖြစ်သည် ။
ထိုသို့ဖြင့်သူသည် အဆင့်မြင့်စစ်ကျောင်းတော်ကြီးတွင် ပညာဆည်းပူး နေရင်းတစ်ရက်တွင် ကျောင်းစရိပ် ဆက်လက်မပေးနိုင်မှု ၊ ပြင်သစ်တော်လှန်ရေးကြီးစတင်နေမှု တို့ကြောင့်ကျောင်းမှထွက်လိုက်ရလေသည် ။ သို့သော် တစ်ချိန်က သူပြောခဲ့သည့်အတိုင်း သူသည် နောင်တစ်ချိန်တွင် " ပြင်သစ်နိုင်ငံအား ထုံးလိုချေ ၊ ရေလိုနှောက် " နိုင်ခဲ့သူတစ်ယောက်ဖြစ်လာလေသည် ။ ထိုသူကား အခြားမပာုတ် တစ်ချိန်တုန်းက ပြင်သစ်နိုင်ငံသာမက ဥရောပ တစ်တိုက်လုံးကို ကိုင်လှုပ်ခဲ့သူ " နပိုလီယံ ဘိုနာပတ် " ပင်ဖြစ်လေသည် ။
အပြည့်အစုံသို့...
အတွေးလွန် ဝတ္တု
အချိန်သည်ကား ခရစ်နှစ် ၂၁၅၅ မတ်လ ၁၇ ရက်။
လမ်းမကြီး တစ်လျောက်လုံး တိတ်ဆိတ် ငြိမ်သက်လို့ နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိန်းကလေးတစ်ဦး ဝုန်းခနဲ ရောက်ချလာသည်။ သူမစီးလာသောယဉ်ပျံမှာလဲ ရုတ်ချည်း ပင် ပျောက်ကွယ်သွားတော့သည်။
သူမကား မူလတန်းကျောင်းသူအရွယ် မိန်းကလေးတဦး။ နာမည်က ဆူဆန်။
သူမ၏သူငယ်ချင်းထံသို့ အရေးကြီး တွေ့ ရှိချက်တစ်ခုကို ဖောက်သည်ချရန် ရောက်လာခြင်းဖြစ်သည်။ ခြံတံခါး ဝအနားရောက်လာတော့ “ဘယ်သူပါလဲ၊ ဘယ်သူနဲ တွေ့  ချင်ပါသလဲ ” ဟုအသံတစ်ခု တံခါးဝမှ ထွက်ပေါ်လာသည်။ “တွမ်ရဲ့ သူငယ်ချင်း ဆူဆန်ပါရှင်” ဟုပြောလိုက်ပြီးချင်း ခြံတံခါးမှာ အလိုလျောက် ပွင့်သွားသည်။
အခန်းတစ်ခန်းထဲတွင် အလုပ်ရှုပ်နေပုံပေါ်သော တွမ်ကိုသူမတွေ့လိုက်ရသည်။ “ဟေ့တွမ်။ ငါအရေးကြီး ပြောစရာရှိလို့။ ငါ့အဖိုးက တစ်ခါပြောဖူးတယ် သူ့ အဖိုးလက်ထက်က ဆိုရင် ပုံပြင်တွေက စာအုပ်တွေပေါ်မှာ ပုံနှိပ်ထားကြတယ်တဲ့ ။ အခု ငါ့အဖိုး ပေးလိုက်လို့ အဲဒီပုံပြင် စာအုပ်တစ်အုပ် ရလာခဲ့ပြီ။ ” ဟုပြောရင်း ပစ္စည်းတစ်ခုကို ထုတ်ပြသည်။ သူတို့ နှစ်ဦး စာရွက် တွေကို ပျော်ရွှင်စွာ လှန်ကြည့်နေကြသည်။ အဝါရောင်သန်းနေပြီး ကျွတ် ဆတ်နေသော စာရွက်ပေါ်မှ ရုပ်သေနေသော ရုပ်ပုံများကို ထူးဆန်းစွာကြည့်နေကြသည်။ မထူးဆန်းပဲနေရိုးလား။ သူတို့ ဖတ်နေကျ ပုံပြင်စာအုပ်များမှ လှုပ်ရှားနေသော ဇာတ်ကောင်များနှင့်ယှဉ်လျှင်တော့ ထူးဆန်းသပေါ့။ ရေးထားသည့် အကြောင်းအရာများကလည်း ထူးဆန်းချင်စရာပင်။ “ကျောင်း”အကြောင်း။
“ကျောင်းအကြောင်းကို ဘာလို့များ ရေးကြီးခွင်ကျယ် လုပ်ပြီး ထည့်ရေးနေရတာလဲမသိဘူး” တွမ်က မျက်လုံးအဝိုင်းသားနှင့် မေးလိုက်တော့ “လွန်ခဲ့ တဲ့နှစ်ပေါင်းများစွာက ကျောင်းက အခုနဲ့မှ မတူပဲဟ။ သူတို့မှာက ဆရာဆိုတာ ရှိတယ်။ ဆရာရှိတာ မဆန်းပေမဲ့ သူတို့ဆရာက ရိုးရိုးဆရာမဟုတ်ဘူးဟ၊ “လူ”ဆရာကြီး တစ်ယောက်ဟဲ့” ဟု ဆူဆန်က ဆရာမကြီးပုံဖမ်းကာ ပြောလိုက်သည်။ တွမ်က လဲစိတ်ဝင်တစား။ “လူတစ်ယောက်က ဘယ်နှယ့်လို့ ဆရာဖြစ်နိုင်မှာတုန်းဟ ကြံကြီးစည်ရာ။ ” “နောက်ပြီးတော့ ငါကတော့ သူစိမ်းတစ်ယောက်ကို ကိုယ့်အိမ်ကိုခေါ်သင်ရမှာ ….. တွေးတောင်မတွေးမိဘူး” ဟုမယုံသင်္ကာ အသံဖြင့် ပြန်ပြောသည်။ အဲဒီမှ ဆူဆန်က “ မသိဘဲနဲ့ လျှောက်ပြောမနေနဲ့ တွမ်၊ သူတို့ ဆရာတွေက အိမ်မှာ မဟုတ်ဘူးဟ။ သူတို့မှာ သီးသီးခြားခြား အဆောက်အဦး တစ်ခုရှိတယ်။ ပြီးတော့ ကလေးတွေအားလုံးက အဲဒီနေရာကို လာကြတယ်။ စာသင်ကြတယ်လေ” ဆူဆန်က ရှင်းပြနေသည်။
“ ဒါဆိုရင် ကလေးတွေ အကုန်လုံးက ဘာသာရပ်တူတူတွေကို သင်ကြ ရတာပေါ့ ဟုတ်လားဆူဆန်။” ဟု ပြန်မေးခွန်းထုတ်သည်။ ဆူဆန်က “ အသက်တူတူဆိုရင် ဘာသာတူတူ သင်ကြတာပေါ့။ သိချင်ရင် ဆက်ဖတ်ပါတွမ်ရာ။ စကားမများစမ်းပါနဲ့ ” ဟုဆိုကာ နောက်စာမျက်နှာကို လှန်လိုက်သည်။ “ ငါ့အမေပြောဖူးတယ်ဟ။ မိန်းကလေး ယောက်ျားလေး တစ်ဦးစီရဲ့  သင်ယူနိုင်မှု အခြေအနေနဲ့ စိတ်နေစိတ်ထားတွေကို လိုက်ပြီး ဆရာဆိုတာ တီထွင်ရတာတဲ့။ ပြီးတော့ နင်ဆိုရင်လဲ နင့်မိဘက လိုက်ဖက်တဲ့ဆရာကို သီးသန့် ဝယ် ဆင်ထားတာပဲမဟုတ်လား” ဟု ရှည်လျား စွာ အတွန့်တက်လိုက်သည်။ “ နင်ဆက်မဖတ်ချင် မဖတ်နဲ့တော့ဟာ” “သူတို့တုန်းက အခုလိုမှ မတူပဲနဲ့” ဟုဆူဆန်က ပြန်အော်လိုက်သည်။ အဲဒီတော့မှ တွမ်က “ ငါမဖတ်ချင်ဘူးလို့လဲ မပြောခဲ့ပါဘူး” ဟု လျင်မြန်စွာပြန်ဖြေသည်။
သူမဖတ်ရမှာတော့စိုးသည်။ ရှေးရှေးက ကျောင်း အကြောင်းကိုတော့ သူတော်တော်စိတ်ဝင်စားသွားသည်။ အကြောင်းအရာများကတော့ ရယ်ချင်စရာ။ လူကစာသင် သတဲ့လေ။ ပြီးတော့ ကလေးတွေအကုန်က တူတူ စာသင်ကြရသတဲ့။ အင်းလေ ပျော်စရာတော့ ကောင်းမှာပဲ။ သူတစ်ကိုယ်ထဲတွေးနေမိသည်။
သူတို့နှစ်ယောက်စာအုပ်ဖတ်နေရင် တစ်ဝက်မကျိုးသေးခင်မှာပင် တွမ်၏အမေက ခေါ်သည်။ “ သားရေ ကျောင်းချိန်ရောက်ပြီ။ ဆူဆန်လဲ ကျောင်းချိန်မဟုတ်လားကွယ်။ ပြန်တော့လေ သမီးလေး။”
ဆူဆန်က ဖုန်တက်နေသော စာအုပ်ကြီးကိုမပြီး အိမ်ပြန်ရန် ပြင်သည်။ တွမ်ကတော့ စာသင်ရန် အခန်းဆီသို့ လျှောက်သွားသည်။ တွမ်၏ အခန်းနှင့် ကပ်လျှပ် ရှိသော အခန်း။ ပြီးတော့ သူ့ အမေ ဝယ်ပေးထားသောဆရာ။ ဟိုရှေးခေတ်က လူဆရာနှင့်တော့ ကွာသည်။ သူ့ ဆရာက “ စက် ” ဆရာ။ စနေတင်္နဂနွေမှလွဲ ပြီးကျန်ရက်များအားလုံး ဒီအချိန်ဆိုရင် စာသင်ရသည်။ သူ့ ရှေ့ မှလင်းလာသော တီဗွီဖန်သားပြင် ကြောင့် တွမ်၏အတွေးများ ရပ်သွားခဲ့ရသည်။ “ ဒီနေ့ သင်မှာကတော့ အပိုင်းဂဏန်းများပေါင်းနည်းဖြစ်ပါတယ် ” ဟူသော နေ့တိုင်းကြားနေကျ ရိုးအီနေသည့် အသံကြီး။ “ မနေ့က ပေးလိုက်တဲ့ အိမ်စာကို memory card အပေါက်ထဲကို ထည့်ပါ” ဟုလဲ ထို စက် ဆရာက ဆက်ပြောနေသည်။ သူ လုပ်နေကျအတိုင်း ထိုးထည့်လိုက်ပြီး ဆက်တွေးနေသည်က ……. ရှေးကဆိုလျှင် အရွယ်တူ ကလေးများ တစုတစည်းတည်း။ ရီကြမောကြ၊ ပျော်ကြပါးကြနှင့် ။ စာသင်တော့လည်း အတူတူ။ အိမ်ပြန်တော့လည်းအတူတူ။ တစ်ယောက်နှင့် တစ်ယောက် အိမ်စာလဲကူ ရှင်းပြနိုင်သည်မဟုတ်လော။ ဆရာများကလဲ လူတွေဆိုတော……. ဟု တွေးနေစဉ် စက်ဆရာက “ ၁/၄ နဲ့ ၁/၈ ပိုင်းပေါင်းရင် ..” ဟု ပျင်းစရာသင်္ခန်းစာကြီးကို ဆက်ဆွေးနွေးနေပြန်သည်။
“ တီဗွီကြီး ဖွင့်ပြီးဘာလုပ်နေတာလဲ ကွ.. ” ယောက်ျားကြီးတစ်ယောက်အသံ။ ထို စက်ဆရာ၏ အသံမဟုတ်တာတော့ သေချာသည်။ အသံကတော့ အတော် ရင်းနှီးနေသယောင်။ ဒါဆို တွမ်၏ အဖေလား… အဖြေကတော့ “ မဟုတ်ပါ” ။
ကျွန်တော့်အဖေ။ ရှေ့ တည့်တည့်တွင်လဲ ထပ်တလဲလဲ ကြည့်နေကျ “I, Robot ” ကားပွင့်လျှက်ရှိနေသည်။ “ မိုးချုပ်နေပြီ အိပ်တော့ ” ဟု အဖေက ပြောသွားသဖြင့် ဒီဗွီဒီ စက်ကို ပိတ်ပြီး အခန်းထဲ ဝင်အိပ်ဖို့ပြင်သည်။
နားထဲမှာတော့ စက်ဆရာ၏ “ ၁/၄ နဲ့ ၁/၈ ပိုင်းပေါင်းရင် ..” ဟု ပျင်းစရာသင်္ခန်းစာကြီး အသံကို သာကြားယောင်နေသည်။
လက်စသတ်တော့ ငါအိပ်မက် မက်နေတာပါလား………..
အပြည့်အစုံသို့...
စိတ်အစာ အာဟာရလေးများ
လောကတွင် အကောင်းဆုံးနှင့် အလှပဆုံးအရာများသည် မြင်လည်းမမြင်နိုင် ကိုင်တွယ်၍လည်းမရပေ။ သင်၏ နှလုံး သားထဲတွင်သာအမြဲ တစေ ကိန်းဝပ်နေတတ်သည်သာ။ (Helen Keller)
အတိတ်ကိုလည်း ဒေါသနှင့် ပြန်လှည့်မကြည့်ပါနှင့်၊ အနာဂတ်ကိုလည်း စိုးရွံ့ စိတ်နှင့် မျှော်မကြည့်ပါနှင့်၊ ပစ္စုပ္ပာန် ကိုသာ ဂရုတစိုက် နှင့်စောင့်ကြည့်ပါ။ (James Thurber)
ဘဝသည် စက်ဘီးစီးနေသူသဖွယ်။ သင်ခြေနင်းရပ်မသွားမခြင်း ဘယ်တော့မှမလဲ။ (Claude Pepper)
ဘဝတွင် အသက် ရှည်ခြင်း (length of life)သည် အရေးမကြီးလှ၊ ဘဝအဓိပ္ပါယ် နက်ရှိုင်းမှု (depth of life) အတွက်သာ ရှေ့  ရှုပါ။ (Ralph Waldo Emerson )
ဘဝ၏အနာဂတ်ဆိုသည်မှာ ၄င်းတို့ ၏ အိပ်မက်များ အကောင်အထည်ဖော်နိုင်ရေုးကို ယုံကြည်သူများတွင်သာရှိသည့်အရာဖြစ်သည်။ (Eleanor Roosevelt)
ဘာမှမလုပ်သူများသည်သာ ဘယ်တော့မှအမှားမလုပ်သူများဖြစ်ကြသည်။ ( Mikhail Gorbachev)
သင့်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်သူသည် သင်ကိုယ်တိုင်သာဖြစ်သည်။ ( Anonymous)
သင်မပစ်သော ပစ်ချက်တိုင်းသည် ၁၀၀% လွဲသောပစ်ချက်များဖြစ်သည်။ (Wayne Gretzky )
အပြည့်အစုံသို့...
Friday, 21 September 2007
ကျေးဇူးပါ Blogger
စာအုပ်တွေဖတ်ရှုရမှာကိုပျင်းလာတဲ့ ကျွန်တော် ၊ ဘလော့(ခ်) တွေကိုမှန်မှန်ဖတ်ရှုနေမိတယ် ။ အစ ကတော့ဘလော့(ခ်)တွေကိုသိပ် ဂရုမစိုက်ခဲ့ပေမယ့် ၊ မထင်မှတ်ပဲ ဘလော့(ခ်)တွေကနေ အများကြီးလေ့လာခဲ့ရတယ် ... အတွေးအခေါ်တွေ ၊ နည်းပညာတွေ နဲ့ စာရေးသားမှုအပိုင်းတွေကိုပါ လေ့လာတက်မြောက်လာပါတယ် ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။
စာရေးရမှာကို အင်မတန်ပျင်းတဲ့ ကျွန်တော်ပာာ အခုဆို ဘလော့(ခ်) မှာ ပို့(စ်) တွေကိုမှန်မှန်တင်နေပါပြီ ။ ဘာမှမပာုတ်တဲ့ခေါင်းစဉ်တွေပေမယ့် စာရေးတဲ့အလေ့အကျင့်လေးရနေပါပြီ ။ ဒိုင်ယာရီ ကိုနေ့စဉ်မရေးနိုင်ပေမယ့် ဘလော့(ခ်)ကိုတော့နေ့စဉ်ပို့(စ်)လုပ်နိုင်နေပါပြီ ။ စာရေးဆရာ တစ်ယောက်မပာုတ်ပေမယ့် စာတွေရေးခြင်းဖြင့် ကျွန်တော့်ရဲ့ ရင်တွင်းမှပြည့်ကျပ်နေတဲ့ စကားလုံးတွေထွက်ပေါက်တွေ့ရှိရပါတယ် ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။
ဘလော့(ခ်)ပေါ်မှာ သူငယ်ချင်း အသစ်တွေရနေပါပြီ ။ အပြင်မှာ တစ်ခါမှမတွေ့ရသေးပေမယ့် ၊ ကိုယ့်ရဲ့ အတွေးတွေ ၊ ခံစားချက်တွေ ၊ ပျော်ရွှင်မှုတွေ ၊ ကို ၀ိုင်းဝန်းခံစားပေးတဲ့ သူငယ်ချင်းတွေကို ဘလော့(ခ်)တွေကြားထဲမှာ ရှာဖွေတွေ့ရှိရပြန်ပါတယ် ။ ရေးသားတဲ့ပို့(စ်)တွေပာာ အရေးအသားညံ့ဖျင်းစေအုံးတော့ အမှားကိုထောက်ပြ ၊ အမှန်ကို ရှင်းပြပေးတဲ့ ဘလော့(ခ်)ဂါ ကိုကို၊မမ တွေနဲ့ ရင်းနှီးခွင့်ရနေပါပြီ ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။
တစ်ကိုယ်တည်း အထီးကျန်နေတဲ့အချိန် ၊ မောမောနဲ့ အလုပ်ကပြန်လာတဲ့အချိန် ၊ စိတ်ဓါတ်တွေ တပာုန်ထိုးကျနေချိန်မှာ -> မိမိဘလော့(ခ်) လေးကိုလာလည်တဲ့ စာဖတ်သူတွေ Cbox ပေါ်မှာ ရေးသားခဲ့တဲ့ " လာလည်သွားပါတယ် " ဆိုတဲ့ စာသားလေးပာာ တိုတောင်းပြတ်သား ပေမယ့် အမြင့်မားဆုံးရေခဲတောင်ပေါ်မှာပေါက်တဲ့ နှစ်တစ်ထောင် ဂျင်ဆင်း ဆေးပင်ထက် ခွန်အားတွေ တိုးရပြန်ပါတယ် ။
ကျေးဇူးပါ Blogger .
သင့်ရဲ့ ကျေးဇူးတွေပါ ။
အပြည့်အစုံသို့...
အသက်ဝင်လာပါပြီ ။
မစည်ကားရင် ပွဲဈေးတောင်မသွားတဲ့ ကျွန်တော်ပာာ ... ဒီ ဘလော့(ခ်)လေး အသက်ဝင်လှုပ်ရှား လာလို့အရမ်းဝမ်းသာမိပါတယ် ။ နောက်ပြီး အသစ်ရောက်လာတဲ့ ဘလော့(ခ်)ဂါ မမလေး ကိုလဲ Warmly Welcome ပါ ( အင်္ဂလိပ်လိုပြောကြည့်တာ ပီရဲ့လားတော့သိဘူး ) ။ ကျွန်တော်ကတော့ နေ့တိုင်း ပို့(စ်)တင်ဖြစ်လိမ့် မယ်ခင်ဗျ ... နေ့တိုင်းအားနေတယ်လေ ။ အလုပ်လုပ်နေတယ်ဆိုပေမယ့်ဗျာ...သူဠေးက လခ လဲပေး အင်တာနက် လဲအလကား သုံးခိုင်းနေတယ်လို့ထင်ရလောက်အောင် ဘာမှလုပ်စရာမရှိတာပါ ။ နေ့တိုင်း ကိုးနာရီလုံးလုံး ရုံးခန်းထဲ မှာထိုင်ပေးနေရင် ပြီးတာပဲ ။ ကျွန်တော်တို့ တွေစာအရေးအသား သိပ်မကောင်းလို့ စာဖတ်သူတွေ ကိုနည်းနည်းတော့အားနာတယ်ဗျာ ။ ကြိုးစားတွား မှာပါ ။ ကျွန်တော်ကိုယ်တိုင်ကလည်း အင်္ဂလိပ်လိုမတတ် / မြန်မာလိုလည်းမတော် / တရုတ်လိုလည်းမသိ ဆိုတော့ ဘက်စုံမှာ စံပြ လို့ပြောရမလိုဖြစ်နေပြီ ။ ဒါပေမယ့် ကြိုးစားတွားမှာပါ ... ကြိုးစားတွားမှာပါ ။ မနက်က တူနှယ်ချင်း တစ်ယောက်က ဘာပို့(စ်) တင်ရမလဲ မသိဘူးဆိုပြီး စိတ်ညစ်တယ်လို့ပြောတယ် ။ သူ့ဖြစ်ပုံတွေ ထိုင်နားထောင်ပြီး ကျွန်တော်တောင်အခု ဘာပို့(စ်)တင်ရမလဲ မသိဖြစ်နေပြီ ။ အဓိက ပြောချင်တာကတော့ ကြိုးစားတွားမှာပါ ခင်ဗျာ ... ပို့(စ်)ကောင်းကောင်းလေးတွေ တင်နိုင်ဖို့နဲ့ စာဖတ်သူတွေ လာလည်ရကျိုးနပ် ရပါစေ့မယ် ။ ကျွန်တော် ကြိုးစားတွားမှာပါ ။
အပြည့်အစုံသို့...
ဘလော့ရေးဖို့ စဉ်းစားကြည်လေတော့..
ငါ့ဦးနှောက်ကို အရည် ညှစ်ကြည့်လိုက်တယ်
်ကဗျာအပိုင်းအစတွေလဲ ဖရိုဖရဲကျလာလေရဲ့
ဖတ်ဖူးတဲ့ စာလေးတွေရယ်။
ဟိုအကြောင်း၊ ဒီအကြောင်း
ကိုယ့်အကြောင်းနဲ့၊ သူများအကြောင်းတွေ
ကျလာတဲ့ အပိုင်းအစတစ်ခုချင်း ဆက်ကြည့်တော့
ပေါ်လာတာက...“ဘာရေးရမှန်းမသိပါ” တဲ့။
အပြည့်အစုံသို့...
Thursday, 20 September 2007
စတင်မိတ်ဆက်ခြင်းပေါ့နော်
အားလုံးပဲ မဂ်လာပါ..ဒီစိတ်ကူးခြင်းမိုးတိမ်ဆိုတဲ့ဘလော့ခ်မှာ ဘလော်ဂါတစ်ယောက်တိုးလာပါပြီ..မြတ်စုပါ..အက်မင်က invite လုပ်ပြီး ကျွန်မက accept လုပ်ထားတာလဲ နဲနဲတောင်ကြာသွားပါပြီ။ ဒီလိုပဲရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဖြစ်နေတာ။ အစပျိုးဖို့ပဲခက်ပါတယ်ဆိုတဲ့ စကားလေးက ကျွန်မအတွက်မှန်သွားရင်တော့ ကောင်းမယ်ရှင့်.. ဒါမှ ဒီဘလော့ခ်မှာ နောက်ထပ် များများရေးဖြစ်မှာ။ များများရေးဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ မျက်စိနောက်စရာ နောက်တစ်ယောက်ထပ်တိုးလာပြန်ပြီလို့.. အားလုံးကမသတ်မှတ်ဘူးဆိုရင် ကျေးဇူးအများကြီးတင်မိမှာပါရှင်.. :)
အပြည့်အစုံသို့...
သြော်...ပြောရအုံးမယ်
  • သြော်...ပြောရအုံးမယ်
  • ကျွန်တော် နဂါးလေး ကိုမနေ့ညက တော်တော်လေးဖတ်ပြီးသွားပြီ ။ လာမယ့် နှစ်ရက်သုံးရက်အတွင်းဆက်ရေးနိုင်တော့မှာပါ ။
  • သြော်...ပြောရအုံးမယ်
  • မနေ့ကကျွန်တော် ဒီဘလော့(ခ်)လေးကို ပို့(စ်)တစ်ခုနဲ့အမည်းရောင်ဆိုးမိတော့မလို့ဗျ ။ ကံကောင်းတယ် တူနှယ်ချင်းကြီး အချိန်မှီတားလို့တာပေါ့ ... မပာုတ်ရင်မလွယ်ဘူး ။
  • သြော်...ပြောရအုံးမယ်
  • ခုတလော အလုပ်လုပ်ရတာကိုပြင်းလာပြီဗျာ...ဘာလုပ်သင့်သလဲ အကြံညဏ်လေးပေးကြပါအုံး ။
  • သြော်...ပြောရအုံးမယ်
  • အခုတလော မိုက်ကယ်ဂျက်ဆင် ရဲ့ Heal The World သီချင်းကို ကြိုက်သွားပြန်ပြီဗျာ ။ အဲဒီတစ်ပုဒ်ထဲကို Nonstop နားထောင်တာ ၂ ရက်ရှိသွားပြီ ။
  • သြော်...ပြောရအုံးမယ်
  • ကျွန်တော် ခုတလော ရှေ့ဆက်ဘာလုပ် ရမလဲဆိုတဲ့ မေးခွန်းကြောင့်ခေါင်းတွေ ကိုက်နေတယ် ။ ရုတ်တရက်ကြီး လမ်းပျောက်သွားသလို ခံစားနေရတယ် ။
  • သြော်...ပြောရအုံးမယ်
  • ကျွန်တော် အမေ့ရဲ့ ဘဲဥပေါင်းပာင်း လေးကိုအရမ်းလွမ်းတာပဲ ။ ခုတလော ဘယ်ပာင်းမှစားလို့မမြိန်ဘူးဗျာ ။ ဘဲဥပေါင်းပာင်း လေးပဲစားချင်နေတယ် ။
  • သြော်...ပြောရအုံးမယ်
  • ကျွန်တော် ဘတ်(စ်)ကားစီးလို့ ပြတင်းပေါက်မှာ ထိုင်ရင် လေတိုက်တာခံချင်တယ် ။ စင်္ကာပူက ကားတွေကမှန်ဖွင့်လို့ မရဘူးဗျ. ။ အဲယားကွန်း မခံချင်ဘူး .. သဘာဝ ပဲကြိုက်တယ် ။
  • သြော်...ပြောရအုံးမယ်
  • ကျွန်တော့် အလုပ်မှာသုံးနေတဲ့ System တွေကတဖြည်းဖြည်း စုတ်ချာလာပြီ ။ Programmers တွေကိုလည်း စိတ်တိုလာပြီ ။ အစကအကောင်းဗျ...ဘာစိတ်ကူးပေါက်လို့ ပြောင်းနေလဲမသိဘူး အခုပာာကြီးက အရမ်းအလုပ်ရှပ်တယ် ။
  • သြော်...ပြောရအုံးမယ်
  • ကျွန်တော် တရုတ်ဖြစ်ပြီး တရုတ်စကား မပြောတတ်တာ တော်တော်ရှက်ဖို့ကောင်းတာပဲ ။ အင်း...ကိုယ့်ကိုကိုယ်ပြုပြင်ဖို့ လိုအပ်လာပြီ ။
    အပြည့်အစုံသို့...
    Tuesday, 18 September 2007
    We are the world
    စာဖတ်သူ တွေကိုအရမ်းအားနာတယ်ဗျာ ။ မျက်နှာလည်းပူလာပြီ ( မီးပူတိုက် ရင် ခေါ်င်းအရမ်းငုံ့နေ တတ်လို့ပါ ) အမှန်ဆို ကျွန်တော် နဂါးလေး ကိုဆက်ရေးရမှာ ။ ဒါပေမယ့် စာဆက်ဖတ် ဖို့ကိုအပျင်းထူနေတာနဲ့ တိုးလို့တန်းလန်း ဖြစ်နေတယ် ( တလွဲ မတွေးပါနဲ့ -- တစ်ပိုင်းတစ်စ ဖြစ်တာကိုပြောတာပါ ) ။ အခု ရေးတဲ့ ပို့(စ်) လေးနဲ့ကျေနပ်ပေးပါ ။
    ပိာုနေ့ က Class 95 FM ကနေ မိုက်ကယ်ဂျက်ဆင် ရဲ့ We are the world သီချင်းကို နားထောင်လိုက်ရတယ် ။ တော်တော်ကြိုက်လို့ youtube ( ခေါ် ) မင်ရဲ့ပြောင်း ထဲမှာ ၀င်ရှာပြီး ဆက်နားထောင်တယ် ။ အရမ်းကြိုက်လို့ တညလုံး အဲဒီ့ တစ်ပုဒ်ထဲ ကို လှည့််ပတ်နားထောင်တယ် ။ ဒါပေမယ့် မိုက်ကယ်ဂျက်ဆင် ရဲ့ Live Show ကိုနားထောင်တာမပာုတ်ပဲနဲ့ အမေကြီးကန် လို့ခေါ်ခေါ်နေတဲ့ U.S. ကနေပြီး Africa နိုင်ငံရဲ့ဆင်းရဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ အဆိုတော်ပေါ်င်းမြောက်များစွာ ကသီဆိုထားတဲ့ ပာာကိုနားထောင်တာပါ ။ တဖြည်းဖြည်းနဲ့ ဒီ အာဖရိက နိုင်ငံတွေရဲ့ ဆင်းရဲမှုအကြောင်းတွေကိုသိချင်လာတယ် ။ အဲဒါနဲ့ Wikipedia တို့ WHO တို့ကိုမွှေတော့တာပဲ ။ ဖတ်ရင်နဲ့ သနားလာတယ် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆင်းရဲတယ်လို့ပြောတာပာာ တကယ်တော့ သူတို့နဲ့ ယှဉ်ရင် ချမ်းသာပါသေးတယ် ။ ရေမြောင်းပုတ် တွေထဲကရေကိုခတ်သောက် တာ ၊ ယဉ်ကောင် တလောင်းလောင်း နဲ့နေတဲ့ ကလေးလေး တွေကိုကြည့်ပြီး သနားလာတယ် ။ အဲဒါနဲ့ သဘောမတွေ့ ၊ မကျေနပ်သေးဘဲ ( မင်းရဲ့ပြောင်း ) youtube ထဲကိုထပ်ဝင်ပြီး ပုံတွေကြည့်တယ် ။ အရမ်းကို စိတ်မကောင်းစရာ တွေတွေ့ရတယ်ဗျာ ... ကလေးတစ်ယောက်က နွားရဲ့ ရှူရှူး နဲ့ခေါ်င်းလျှော်နေတာဗျ ။ ရင်ထဲမှာ ဆို့ ကနဲနေသွားတယ် တစ်ခုခုတော့တစ်ခုခုပဲ ( တကယ်တော့ စမ်းကြည့်တာလဲ ဘာမှမရှိပါဘူး ) ။
    ကျွန်တော် စဉ်းစားခန်းစ၀င်တာပေါ့ဗျာ...ကိုယ်တိုင်ကတော့ အဆင်ပြေနေတယ်လို့မဆိုသာပေမယ့် စားနိုင်သောက်နိုင်သေးတယ်လေ ။ ဒီကလေးလေးတွေ ၊ ဆင်းရဲ တဲ့လူတွေကို ငါဘယ်လိုကူညီနိုင်မလဲပေါ့ ။ လူအားနဲ့ကူမလား ၊ ငွေအားနဲ့ကူမလား ??? စိတ်တော့မဆိုးပါနဲ့ .... ကျွန်တော် ဆုပဲတောင်းပေးနိုင်ပါတယ် ။ လူအားနဲ့ကူညီဖို့အတွက် က အာဖရိက အထိသွားရမှာလေ...နောက်ပြီး မရှက်မကြောက်ပြောရရင် ကိုယ့်ကိုကိုယ်သိပါတယ် လုပ်နိုင်မှာမပာုတ်ပါဘူး ။ ငွေအားလား..??? ပီားပီား ပြောတော့ပါဘူး ။ ကျွန်တော့် တူနှယ်ချင်း တိုင်းသိပါတယ်---ကပ်စေးနှဲ ကြီးမှန်းလေ ။ အဲဒါကြောင့် ကျွန်တော် အိပ်ယာဝင်ခါနီးတိုင်း သူတို့အတွက် ဆုတောင်းပေးမယ် ဆိုပြီးတော့လေ ။ အောက်မှာ ကျွန်တော် မင်းရဲ့ပြောင်း ထဲမှာတုန်းကကြည့်ခဲ့တာလေးတစ်ခုကို ရှဲ (Share) လိုက်တယ် ။ စိတ်မခိုင်သူများ မကြည့်ပါနဲ့ လို့ ကြိုတင် သတိပေးပါရစေ ( ဒါမှမပာုတ် ) လက်ကိုင်ပ၀ါ ဆောင်ထားကြပါ -- ဘေးမှာရှိတဲ့လူရဲ့ ပခုံး ပေါ်မငိုပါနဲ့ ဇာတ်လမ်းတွေဖြစ်ကုန်မှာ စိုးလို့ပါ ။
    အောက်မှာ ပလေး ( အင်္ဂလိပ် လို - Play ပါ ) buttom လေးရှိပါတယ် ။ မကြည့်ရဲ သူများ နားထောင် နိုင်ပါတယ် ။ ဒေါင်းလုပ် ( Download ) လုပ်ရန် ခေါ်င်းစဉ် ပေါ်မှာနှိပ်ပြီး ရယူနိုင်ပါတယ် ။ ဒီသီချင်းကြားဖူး ပါတယ်လို့တွေးမနေပါနဲ့ - မြန်ပြည်တလွှား မှာ.....
    " တို့  ချစ်တဲ့ကမ္ဘာ... .
    တို့ချစ်တဲ့ကလေးတွေ ....
    တို့လက်တွေ တွဲကာ လှမ်းယူနိုင်ကြမည်... အနာဂတ်နေ့ရက်တွေ
    ပိုမိုကောင်းမွန်စေမယ်......
    ကမ္ဘာ့ရင်သွေးတိုင်းအတွက်ကွယ်
    ဒို့တတ်နိုင်တဲ့တာဝန်များကို ထမ်းရွက်နေမယ်...."
    ဆိုပြီးသီချင်းတစ်ပုဒ်ရှိတယ်လေ ။ မှတ်မိကြမလားတော့မသိဘူး ။အဲဒီလို သီချင်းလေးများ ကြားရင် မိုက်ကယ်ဂျက်ဆင် ရဲ့ we are the world နဲ့  အာဖရိကက ကလေးတွေကို လှမ်းမြင်ပြီး သတိတရ ဆုတောင်းပေးဖို့ မမေ့ပါနဲ့လို့ ...............
    We are the world - song
    အပြည့်အစုံသို့...
    Saturday, 15 September 2007
    ကျွန်ုပ်နှင့် ရုပ်ရှင်များ
    ဟိုတနေ့ ကပဲ ပျင်းတာနဲ့ ကျောင်းကစာကြည့်တိုက်သွားပြီး အခွေတွေရော စာအုပ်တွေပါ တန်းစီပြီးငှားခဲ့တယ်.. ပြောရင်ယုံမှာတောင်မဟုတ်ဘူး.. အခွေက ၅ ခွေ၊ စာအုပ်က ၁၀ အုပ်လားပဲ။ လုပ်ချလာပုံကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲဗျို့ ။ အဲဒါက အရေးမကြီးပါဘူး။ အခု ပြောပြချင်တာက အဲဒီထဲက ရုပ်ရှင် ကားတွေအကြောင်း.....
    ၀ ၀ ၀ ၀ ဝ
    အခွေတွေနာမည်က -
    1. The Queen
    2. Kung Fu Hustle
    3. Flubber
    4. Big Daddy
    5. Spy Kids 3.D (Game Over)
    ခုအထိကတော့ အဲဒီထဲက ၂ခွေပဲ ကြည့်ရသေးတာပါ။ နဲနဲ ဝေမျှချင်တာနဲ့ ပဲ အဲဒီ အကြောင်းရေးမလို့. ပထမဆုံးကြည့်ဖြစ်တာက THE QUEEN. ရွှေကမ္ဘာလုံး ဆုနဲ့ အကယ်ဒမီ အော်စကာဆု ရတဲ့ မင်းသမီးကြီး Helen Mirren က Queen Elizabeth အကောင်းဆုံးလုပ်ပြသွားခဲ့တာပါ။
    အကျဉ်းချုံး ဇာတ်ကတော့ ဒီလိုပါ -
    When news of the death of Princess Diana, undobtedly the most famous woman in the world, breaks upon a schocked and disbelieving British public, Her Majesty Queen Elizabeth II retreats behind the walls of Balmoral Castle with her family, unable to comprehend the public response to the tragedy. Tony Blair find a way to reconnect the Queen with the British public. (Review found on the back cover)
    The Queen Elizabeth II ရဲ့  တော်ဝင် နန်းဆန်တဲ့ အပြုအမူ အပြောအဆိုတွေကို ပီပြင်အောင် လုပ်သွားခဲ့တဲ့ မင်းသမီးကြီး ဟယ်လင် ကိုလဲ မချီးကျူးပဲ မနေနိုင်အောင်ပါပဲ။ မင်းသမီး ဒိုင်ယာနာ ရဲ့ နောက်ဆုံးခရီးကိုလဲ အမှတ်တရ ပြန်လည်တွေ့ မြင် ရမဲ့ကားကောင်း တစ်ကားလဲဖြစ်ပါတယ်။ “လူတွေရှေ့ မှာ ဝမ်းနည်းကြောင်း ကြေညာရတာထက် သူ့ ရဲ့ ရင်ထဲမှာပဲထားရတာကို နှစ်သက်ပါတယ်” ဆိုတဲ့ ဘုရင်မကြီး၊ နောက်ဆုံး တော့ ဘိလပ်ပြည်သူ ပြည်သားတွေနဲ့ သတင်းမီဒီယာ ရှေ့ မှာထွက်ပြီး မိန့် ခွန်းပြောသွားခဲ့တဲ့ ဘုရင်မကြီး ကိုလဲ မြင်ရဦးမှာပါ။ စာဖတ်သူတွေလဲ ကြုံ ကြိုက်မယ်ဆိုရင် ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားရယ်လို့  ညွှန်းပါရစေ .....................
    အပြည့်အစုံသို့...
    Friday, 14 September 2007
    ကျွန်တော်နှင့် ရူးသွပ်မှုများ
    စင်္ကာပူရောက်စ တွင်ရူးသွပ်ခြင်း
  • MRT ကဒ်ကို မည်သည့်မျက်နှာပြင်ကအတည့် ၊ ဇောက်ထိုး လှန်ကြည့်ခြင်း
  • စင်္ကာပူက ရထား မောင်းတာ အရမ်းမြန်လိုက်တာပာု ၊ ရင်သပ်ရှုမောခြင်း
  • လမ်းကူးခါနီးတွင် ဘယ်၊ညာ မည်သည့်ဘက် အရင်ကြည့်ရမည်ကို အမြဲမှားခြင်း
  • ည ၂ နာရီ အထိကွန်ပြူတာသုံးသော သူငယ်ချင်းအား မအိပ်ဘူးလားပာု ခဏခဏ မေးခြင်း
  • အင်္ဂလိပ် သီချင်းများသာ ရွေးနားထောင်ခြင်း ၊ ဒေါင်းလုတ် လုပ်ခြင်း
  • အခုတလော ရူးသွပ်မှုများ
  • ကျွန်တော်သုံးနေသော MRT ကဒ်သည်အတည့်လား ဇောက်ထိုးလား မသိခြင်း
  • ရထားသွားနှုန်းမှာ အလွန့်အလွန် နှေးကွေးသဖြင့် အလုပ်သို့ သေပြေးရှင်ပြေး ပြေးရခြင်း
  • လမ်းဖြတ်ကူးတိုင်း ကားပွာန်းသံ ကိုဘေးမှကြားနေခြင်း
  • သူငယ်ချင်းအား စောစောအိပ်ခိုင်းကာ သူ့ကွန်ပြူတာအား မနက် ၃ ၊ ၄ နာရီ အထိ ထိုင်သုံးနေခြင်း
  • မြန်မာသီးချင်းများအား အသည်းအသန်ရှာဖွေ နားထောင်လာခြင်း နှင့် အင်္ဂလိပ် သီချင်းများ သည် အလွန် ဆူညံလာခြင်း ။
  • တို့ပင်ဖြစ်သည် ။ ကျွန်တော့် ရူးသွပ်မှုသည် စိုးရိမ်ရေမှတ် သို့ရောက်ရှိနေလေပြီ ။ မတော်တဆ လမ်းတွင်တွေ့ပါက ဝေးဝေးရှောင် ( ဝေါင်ဝေါင်ရှေး ) ကြပါ ခင်ဗျား...( ဘဏ်ကဒ်သည် ပြောင်သလင်းနေပြီ -- ထို့ကြောင့် သယ်ရင်း များအားမုန့်ဝယ်မကျွေးနိုင်ပြီ -- ခွင့်လွှတ်ပေးကြပါ ။ ) ။
    အပြည့်အစုံသို့...
    ပျော်ရွှင်ခြင်းနှင့် ရာခိုင်နှုန်းများ
    ဒီပို့ စ်ကတော့ “The 100 Simple Secrets of HAPPY PEOPLE” ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးတွေပါ။ စာဖတ်သူ... ဒီ စာကို မဖတ်ခင်မှာ တွေးကြည့်ပါ။ သင် ယခု ပျော်ရွှင်ပါရဲ့ လား ? ပျော်ရွှင်အောင် ဘာလုပ်ကြမလဲ။ ကြည့်လိုက်ကြရအောင်။
    x x x x x x x x x x x x x x x
    သင့်ကိုယ်ကို ယုံကြည်ပါ ။ ။ အသက် အရွယ်အပိုင်းအခြား အားလုံးတွင် မိမိ၏ အရည်အသွေးကို မိမိ ယုံကြည်ခြင်းသည် ဘဝပျော်ရွှင်မှုကို ၃၀% ပို မြင့်တက်စေပါသည်။( Myers and Diener 1995 )
    တစ်စုံတစ်ခုကို သင်မသေချာလျှင် အကောင်းဘက်က လှည့်တွေးပါ ။ ။ မပျော်ရွှင် သူများ ၏ အမြင် ၈၀% သည် မကောင်းသည့် ဘက်မှ ဖြစ်သည်။ ပျော်ရွှင်သူများသည် ကောင်းသည့်ဘက်မှ ၈၀% တွေးတောဖြစ်ကြသည်။ ( Brebner 1995 )
    သင့်ပတ်ဝန်းကျင်မှ လူအများနှင့် ဝါသနာတူညီမှုများအကြောင်း ဆွေးနွေးပါ ။ ။ တူညီသောစိတ်ဝ်စားမှုတစ်ခုစီသည် သင့်ဘ၀ပျော်ရွှင်မှုအတွက် ၂% တိုးတက်စေသည်။ ( Chand 1990)
    သင့်ခံစားချက်များကို အခြားသူများနှင့် ဝေမျှပါ ။ ။ လူမှုဆက်ဆံရေးတွင် ပွင့်လင်းသူများသည် အခြားသူများထက် မိမိဘဝ ကို ၂၄% ပိုမို ကျေနပ်ကြသည်။( Finch, Barrera, Okun, Snow-Turek 1997 )
    နေ့ စဉ် အသီးတစ်ခုခု စားပါ ။ ။ နေ့ စဉ် အသီးတစ်ခု စားသော အလေ့အကျင့်ရှိသူသည် တစ်နေ့ တာပျော်ရွှင်မှုကို ၁၁% မြင့်တက်စေသည်။ ( Heatey and Thombs 1997)
    ကောင်းမွန်စွာ အိပ်စက် အနားယူပါ ။ ။ တစ်ညတွင် ၈နာရီထက် နည်းသော အိပ်ချိန်ရှိသူများသည် နောက်နေ့အတွက် မိမိကိုယ်ကို ကျေနပ်ခြင်းကို တစ်နာရီ လျှင် ၈% လျှော့နည်းစေသည်။ ( Pilcher and Ott 1998 )
    အိမ်နီးချင်းများ ဆီသို့  မကြာခဏလည်ပတ်ပါ ။ ။ ပတ်ဝန်းကျင်နှင့် ပိုမို ထိတွေ့ ဆက်ဆံခြင်းသည် ပျော်ရွှင်မှု ကို ၃၀% နီးပါးအထိ မြင့်တက်စေသည်။ ( Sugarman 1997)
    သီချင်းနားထောင်ပါ ။ ။ မိမိ ကြိုက်နှစ်သက်သော သီချင်းများကို ရွေးချယ် နားထောင်သူများ၏ ၉၂ % သည်
    အကောင်းမြင်တတ်ကြသည်။ ( Hakanen 1995)
    စာဖတ်ပါ ။ ။ စာဖတ်ခြင်း ( စိတ်ကို လေ့ကျင့်ခန်းပေးခြင်း) ဖြင့် နေ့ စဉ် ပျော်ရွှင်မှုကို ၈% ပိုမို တိုးတက်စေသည်။ ( Scope 1999)
    အထက်ပါ စာအုပ်ကို အမြည်းနှင့် အားမရပဲ အပြည့်အစုံ ဖတ်ချင်သူများ အတွက် ဒီနေရာမှာ အီးဘုတ် ရယူပါ။
    စာဖတ်သူများအားလုံးပျော်ရွှင်နိုင်ကြပါစေ။
    အပြည့်အစုံသို့...
    Thursday, 13 September 2007
    ငလျှင် တဲ့တော်.....
    လုပ်ကြပါအုံး ... ငလျှင်တဲ့ ။
    မနေ့ညကပါ အတိအကျဆိုရင် ၁၂ ရက် စက်တင်ဘာလ ည ၇နာရီ ကျော်ကျော်လောက်မှာပါ ။ အမှန်အတိုင်းဝန်ခံ ရရင် ငလျှင်လှုပ်တုန်းက ကျွန်တော်သိတောင်မသိပါဘူး ။ မူးခနဲ ဖြစ်သွားလို့ ကိုယ့်ကိုကိုယ် ဗိုက်ဆာနေတယ်ထင်ပြီး ထမင်းတောင် ထွက်ဝယ်ဖြစ်သေးတယ် ။ ပိုက်ပိုက် အလကားကုန်သွားတာ ပေါ့ဗျာ ။ ထမင်းဆိုင် ကလူတွေပြောနေတာတော့ကြားတယ် ဒါပေမယ့်သူတို့က တရုတ်လိုတွေပြောတာ ။ နားလည်တ၀က်မလည်တ၀က်နဲ့ ။ သေသေချာချာ သိခဲ့တာကတော့ တစ်ခုခုဖြစ်နေတယ်ပေါ့ ။ နောက်တော့ စဉ်းစားတယ် အရေးကြီးရင် အချက်ပေးသံ မြည်ရမယ် ။ ဘာသံမှမကြားရတော့ အေးအေးပဲ ဆိုပြီးနေလိုက်တာပါ ။ အိမ်ပြန်ရောက်လို့ အိပ်တဲ့ အထိဘာမှမသိသေးပါဘူး ... ကျွန်တော် တုံး ပုံများအံ့သြ လောက်တယ် ။ ဒီနေ့ အလုပ်ရောက်မှ မန်နေဂျာ ကမနေ့ကတစ်ယောက်ထဲ မကြောက်ဘူးလားမေးလို့...ဘာလဲမေးတော့မှ... ငလျှင်တဲ့ ။ ကျွန်တော်လား .. လုံးဝ ကိုမကြောက်တတ်ပါဘူး...သိမှမသိခဲ့ပဲ ။ သိခဲ့ရင်တော့လား....ပဲာပဲာပဲာ ရုံးကြီးကိုချက်ချင်းတံခါးပိတ်ပြီး အိမ်ပြန်ပြေး တော့မှာ ။ နောက်မှ အဆူခံတော့မယ်ဆိုပြီး ။
    အပြည့်အစုံသို့...
    Monday, 10 September 2007
    ဂူဂဲ ရဲ့ ၁၉၉၉ ခုနှစ်က သုံးခဲ့တဲ့ လိုဂို လေးများ ။
    ကျွန်တော်လည်း ပို့(စ်) တစ်ခု တင်ဦးမည်ဗျာ ။ စိတ်တော့မရှိပါနဲ့ ။ ပြိုင်တာမပာုတ်ပါဘူး ။ ပုံတွေပဲတင်မှာပါပဲ ။ ဒါပေမယ့် ကျွန်တော်က ဂူဂဲ ကိုအသေအလဲ ကြိုက်တဲ့လူဆိုတော့ ခု ဂူဂဲ ရဲ့ လိုဂို ပုံတွေကိုတင်ပေးဖို့ အကြံရတယ် ။ ဒါတွေက ဂူဂဲ - ၁၉၉၉ ခုနှစ်က သုံးခဲ့တဲ့ လိုဂို ပုံလေးတွေပါ ။ ချစ်စရာ ကောင်းပါတယ် ။ ကြည့်ကြည့်နော် .... ။
    Holidays နေ့ရက်တွေအတွက်ဒီလိုဂိုလေး သုံးခဲ့ပါတယ်တဲ့ ။
    ကျေးဇူးတော်နေ့ အတွက်ပါတဲ့။
    Halloween အတွက်တဲ့ (ကျွန်တော်လဲဘာမှန်းမသိဘူးဗျ ။ )
    Uncle Sam ကို ဂုဏ်ပြုတာတဲ့ (ပြောတာပဲ) ။
    Google ကြီး Beta ဘ၀ တုန်းကသုံးတာတဲ့။
    ဒီ ၂ ခုကတော့ ဘာမှန်းကိုမသိပါ ဘူး ။ လှလို့တင်လိုက်တာ ။
    အပြည့်အစုံသို့...
    အနမ်းတစ်ပွင့်ခြွေလင့်ခဲ့ပါ ချစ်သူ...
    ဆင်စွယ်ရောင် အနမ်းတစ်ပွင့်....ပန်းနုရောင် နှုတ်ခမ်းတစ်စုံ... ဆူးတွေကိုတောင် ငါမမှု
    နောက်ဆုံးတော့ တစ်ယောက်တည်းအထီးကျန်..
    အပြည့်အစုံသို့...
    Tuesday, 4 September 2007
    အလင်းပျောက်တဲ့ငါ
    ကောင်မလေးရေ...
    မျက်စိတစ်မှိတ် လျှက်တစ်ပြတ်တွင်း
    မင်းကို မြင်ရ ခဏ တာတွင်
    တွေဝေ မိန်းမူး ၊ ငေးကြည့်မဆုံး
    ငါ့ရဲ့ အိပ်မက်ထဲ မင်းစ၀င်ပြီ ။
    မင်းအနား ဖြတ်သွား
    ကိုယ်သင်း ရနံ့ ခံစား မိပြန်
    အရာရာမေ့ ဘ၀မေ့ ကာ
    ငါ့ရဲ့ အသိပျောက်ဆုံးပြီ ။
    မင်းရဲ့ လက်ကလေး
    မတော်တဆ ထိမိရုံဖြင့်
    တုန်လှုပ် ခြောက်ခြား
    ငါ့ရဲ့ နှလုံး မခုန်တော့ပြီ ။
    မင်းချက်ကြွေး တဲ့
    ထိုစားစရာ .. ရသာထူးလှ
    ထူးသည့် စေတနာ ၊ သည်တစ်ခါကို
    ငါ့ရဲ့ နှလုံးသားက မမေ့ပြီ ။
    မင်းရဲ့ ခေါ်သံ
    ပျော့ပျောင်း ညှင်သာ
    သာယာလှပ ဂီတ သံအလား
    ငါ့ရဲ့ စိတ်တို့ဝေခွဲ မရပြီ ။
    ဘုရားရှင်က
    လမ်းညွှန်ဆုံးမ ထောက်ပြခဲ့သည်
    အာရုဏ် ငါးပါး မေ့နိုင်ရမည်
    ဒါမှ ဘ၀ အလင်း လျှင်မြန် တွေ့မယ် .... တဲ့ ။
    ငါ့မှာ ...
    လွန်စွာ မိုက်မဲ ၊ မှောင်ထဲတိုးဝင်
    အာရုဏ် ငါးပါး အားလုံး မေ့မရ
    ငါ့ရဲ့ သံသရာ ၊ စက်ဝန်း ပမာ
    လည်ပတ်အုံးမည် ... အလင်းပျောက်ပြီ ။
    အပြည့်အစုံသို့...
    Wednesday, 29 August 2007
    အပိုင်းသုံး - နဂါးလေး မွေးနေ့
    မိုးတောင်မလင်းသေးပါဘူးဗျာ ။
    မနက် ငါးနာရီ လောက်မှာပါ ။ အိမ်တိုင်းအိမ်တိုင်း တိတ်ဆိတ်နေကြတယ် ။ ဒါပေမယ့် အိမ်ဆိုင်လေး ကတော့မီးတွေလင်းလို့ ။ လူတွေ လဲ စုံနေကြလေရဲ့ ။ ကလေးတွေ ကတော့ အိမ်မက်ထဲမှာပျော်နေကြဆဲပါ ။ လူကြီးတွေက ရှပ်ရှက်ခက်နေလိုက်တာ ။ တစ်ယောက်က အသီးအနှံ တွေဆေးကြောတယ် ။ တစ်ယောက်က မုန့်တွေပြင်ဆင်တယ် ။ တစ်ချို့က အ၀တ်လဲနေတယ် ။
    ဒီနေ့ပာာ ပောာ်လုံ ( စပုတို ၊ နဂါးလေး ) ရဲ့ တစ်နှစ်မြောက် မွေးနေ့ လေ ။
    ဖိုးဖိုး ၊ ဖွားဖွား တွေ ဆွေမျိုး တွေ အပေါင်း တို့ပြန်လည်ဆုံစည်းတဲ့ နေ့လဲဖြစ်တာပေါ့ ။ အားလုံး စီဆင် ထားတာကတော့ မနက်စောစော ဘုရားကျောင်းသွားမယ် ၊ ဆုတောင်းပေးမယ် ။ ညကျရင် မွေးနေ့ပွဲ ကျင်းပမယ်ပေါ့ ။ ဒါကြောင့် မနက်စောစော ကလေးတွေ မနိုးခင်မှာ ပြင်ဆင်စရာ ရှိတာတွေပြင်ဆင်နေကြတာပါ ။ အလင်းရောင် ထွက်တဲ့အချိန်မှာ အားလုံးအဆင်သင့်ဖြစ်နေကြပြီလေ ။ ပောာ်လုံ ( စပုတို ) လေးလဲ အ၀တ်အစား တွေတောင်လဲပြီးသွားပြီ ။ ဒါနဲ့ ဘုရားကျောင်း ကိုချီတက်ကြတာပေါ့ ။ ရောက်တော့ သစ်သီးကပ် ၊ အမွှေးတိုင်ထွန်း နဲ့ပေါ့ ။ ပြန်ခါနီမှာ ... ပောာ်လုံ ရဲ့ အဖေက ၊ နတ်ဖိုးဖိုးကြီးကို ရွှေရောင် ၀တ်စုံကြီးဝယ်ပြီး စပုတိုလေးက ကပ်တာပါ ဆိုပြီး ဘုရားကျောင်းကို လှူလိုက်တယ် ။ အဲဒီ့ အချိန်မှာ စပုတို ကရွှေရောင်ဝတ်စုံကြီး ကိုသူလိုချင်လို့ဆိုပြီး အတင်းဆွဲလုနေလို့ ရယ်ကြရသေးတယ် ။ အပြန်မှာ လူကြီးတစ်ချို့ကဈေးဝင်ပြီး ကစားစရာ တစ်ချို့ဝယ်တယ် ။ ဒါပေမယ့် အဲဒီ့ကစားစရာ တွေက စပုတို ရဲ့မွေးနေ့ မှာ တွဲလုပ်မယ့် ပွဲအတွက်ပါ ။ စပုတို အရွယ်အတွက်ဆိုရင်မလိုက်ဖက်သေးပါဘူး ။ ဒီလိုနဲ့ ညနေစောင်း လေးမှာ လူကြီးတွေက ပာင်းလျှာတွေချက်ပြုတ် လက်စွမ်းပြနေပါတယ် ။ အဖိုးအဖွား တွေကတော့ မနက်က၀ယ်ထားတဲ့ ကစားစရာ တွေနဲ့ အလုပ်ရှပ်နေပါတယ် ( ဆော့နေတာမပာုတ်ပါဘူး ) ။ ညရောက်တော့ အရင်ဆုံး " Happy Birthday " သီချင်းကိုဆိုကြပါတယ် ။ နောက်တော့ အားလုံး ၀ိုင်းဖွဲ့ ပြီးစားကြသောက်ကြတယ် ။ စပုတို ပာာတော်တော်နားလည်နေပါပြီ ။ သူပျော်နေတယ် ။ လက်ကလေးနှစ်ဖက် ကိုပုတ်ပြီး ရယ်နေတယ် ။ တစ်ချက်တစ်ချက် ထခုန်တယ် ။ နည်းနည်း ညဉ့်နက်လာတော့ စပုတို ရဲ့ အဖိုးပာာ ဇကော ကြီးတစ်ချပ်ကိုယူချလာပါတယ် ။
    အဲဒီ့ ဇကော ထဲမှာ ကစားစရာရုပ်လေးတွေပါ ။ ဘာတွေ ပါလဲဆိုတော့ ဘောပင် ၊ နားကြပ် ၊ သေနပ် ၊ ကြိမ်လုံး ၊ ဒယ်အိုးလေးတွေ ......... ၊ အစုံပေါ့ ။ နောက်ဘာလုပ်လဲ ဆိုတော့ စပုတို ရယ် အဲဒီ့ ဇကောကြီးရယ် ကိုအလယ်မှာ ထားပြီး ကျန်တဲ့ သူတွေက ၀ိုင်းနေလိုက်ပါတယ် ။ နောက်ပြီး အားလုံးတိတ်တိတ်ဆိတ်ဆိတ်ကြည့်နေကြတယ် ။ စပုတိုလေး ဘယ် ကစားစရာကိုယူဆော့မလဲပေါ့ ။ စပုတိုလေးက ဇကောထဲကိုသေချာကြည့်နေတယ် ။ နောက်တော့ ဘောပင် ကိုဆွဲယူပြီး လွှင့်ပစ်လိုက်ပါတယ် ။ အားလုံးရင်တွေတုန်နေတယ် ။ နောက်တော့ စပုတို ကအထဲကပာာတွေကို တစ်ခုယူကြည့်လိုက် လွှင့်ပစ်လိုက် ၊ နောက်တစ်ခုယူလိုက် ပြန်ထားလိုက်နဲ့ ၊ ဘယ်ပာာကိုမှ မယူဆော့ခဲ့ပါဘူး ။ ဇကော တစ်ချပ်လုံးကိုပဲ လျှောက်ဖွ ခဲ့ပါတယ် ။ အားလုံးက ဘောပင် ၊ နားကြပ် (ဆရာဝန် သုံး) ကိုယူဆော့စေချင်ကြတယ် ။ အဲဒါ ကိုမယူတောင် တစ်ခုခု ကိုယူခဲ့မယ်ဆိုရင် နည်းနည်းကျေနပ် နိုင်ပါသေးတယ် ။
    မျှော်မှန်းထား သလိုဖြစ်မလာတော့ လူကြီးတွေပာာ တိတ်ဆိတ်သွားကြတယ် ။ စပုတို ရဲ့ ဖိုးဖိုး ဆိုပိုပြီးသိသာပါတယ် ။ စောစော အိပ်ယာဝင်သွားတယ်လေ ။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိပ်ယာဝင်သွားကြတယ် ။ မွေးနဲ့ပွဲလေးလဲ အဲလိုနဲ့ ပြီးသွားတာပေါ့ ။
    မှတ်ချက် ။ ။ တရုပ်ပြည်ရဲ့ ရှေးကျတဲ့မြို့တွေနဲ့ ရှေးလူကြီးတွေ မှာ အယူတစ်ခုရှိတယ် ။ လူတစ်ဦးတစ်ယောက်ရဲ့ အနာဂတ် ကိုကြိုတင်ခန့်မှန်းတာပေါ့ ။ အရမ်းမှန်တယ်လို့ပြောကြတယ် ။ လုပ်ပုံလုပ်နီး ကတော့ လွယ်တယ် ။ အဲဒီ့လူငယ်စဉ်မှာပဲ ( အတိအကျဆိုရင် တစ်နှစ်သား အရွယ်မှာပဲ ) လုပ်လို့ရတယ် ။ ဇကောကြီးကြီး တစ်ချပ်ထဲကို အရုပ်လေးတွေထည့်ပြီး ကလေးကို ရွေးခိုင်းတာပဲ ။ သူကျေကျေနပ်နပ်နဲ့ စိတ်ကြိုက်ရွေးဆော့တဲ့ အရုပ်ပာာ သူကြီးလာရင် ဘာဖြစ်လာမယ်ဆိုတာကိုပြောတယ်လေ ။
    ကစားစရာ ဆိုပေမယ့် ခွေးရုပ် ၊ ကြောင်ရုပ်ကိုပြော တာမပာုတ်ပါဘူး ။
    ဆရာဝန် ကို ကိုယ်စားပြုတဲ့ နားကြပ် ၊
    စာရေးဆရာ ကို ကိုယ်စားပြုတဲ့ ဘောပင် ၊
    စစ်သားကြီး ကို ကိုယ်စားပြုတဲ့ သေနပ် ၊
    ........... စတာမျိုးတွေပါ ။
    ဆက်လက် စောင့်မျှော်ရန်.........
    အပြည့်အစုံသို့...
    Thursday, 23 August 2007
    ငယ်ငယ်တုန်းကပေါ့.....
    ကိုယ်ပိုင် ဘလော့(ခ်) မပာုတ်ပေမယ့် သတိရနေတာလေးတွေ ဖောက်သည်ချချင်လို့ပါ ။
    ကျွန်တော် ငယ်ငယ်တုန်းက ဆိုရင် ကျောင်းစာအုပ် တွေ လက်ရေးလှ စာအုပ်တွေ ရဲ့ ထောင့်လေးတွေပာာ ခေါက်ပြီးကြေမွ နေတတ်တယ် (သတိရ အမှတ်ရတာလေးပါ) ။ အဲဒါကို ဘယ်လိုမှ ကိုယ့်ကိုကိုယ် သတိထားပြီး မခေါ်က်အောင် လုပ်လို့မရခဲ့ပါဘူး ။ ခေါ်က်မြဲခေါ်က်နေတတ်ပါတယ် ။ အဲဒီ အချိန်တုန်းက ခေါ်က်နေတတ်တဲ့ စာရွက်တွေကြောင့် ကျွန်တော်ပာာ ဆရာမဆီစာအုပ်သွားထပ်ရမှာကို အလွန်ရှက်နေတာပေါ့ ။ နောက်တော့ အလယ်တန်း လောက်ရောက်တဲ့ အခါမှာ အဲဒီ့ အကျင့်ပာာ အံ့သြဖွယ် အလိုလို မရှိတော့ပါဘူး ။ ကျွန်တော် ကိုယ်တိုင်လဲ သတိမထားမိပါဘူး ။
    ပြသနာက ဒီနေ့ ပြန်စတာပါ....။
    မနက်က ကျွန်တော့်ရဲ့ Note Book လေးကို ကောက်ယူလိုက်တဲ့အခါကျမှ စာရွက်ထောင့်လေး တစ်နေရာ ကျိုးနေတာကို အမှတ်မထင်တွေ့လိုက် ရပါတယ် ။ မြင်မြင်ချင်းပဲ ငယ်ငယ်တုန်းက အဖြစ် ကိုပြန်လည်သတိရပြီး ကိုယ့်ကိုကိုယ် အရမ်းလန့်သွားမိပါတယ် ။ တကယ်လို့ အဲဒီ့ Note Book လေးတာဆက်လက်ပြီး ထောင့်လေးတွေကျိုးနေပါလျှင် ဒီစာအုပ်လေးကို တစ်ချိန်မှာ ဆရာမ (သို့) သူ... မြင်သွားရင် ကျွန်တော့် ကို မှင်နီ တွေနဲ့များ ခြစ်သွားမလားဆိုပြီးပေါ့.....။
    မှတ်ချက် ။ ။ Note Book ဆိုပေမယ့် ဒိုင်ယာယီ ပုံစံ မျိုးရေးထားတာပါ ။ ဒါပေမယ့် ဒိုယ်ယာယီ စစ်စစ်လဲ မပာုတ်ပါဘူး ။ ကျွန်တော့်ရဲ့ မှတ်တမ်းစာအုပ်လေးပါ ။ နေ့တိုင်း အဖြစ်အပျက်တွေကို အကြမ်း သဘောမျိုး လျှောက်ခြစ်ထား ခြင်းပါ ။ ။
    အပြည့်အစုံသို့...
    Sunday, 19 August 2007
    အပိုင်းနှစ် - နဂါးလေး နာမည် ရပြီ ။
    ဒီနေ့ ရာသီဥတု အလွန် ကောင်းပါတယ် ။
    နေလဲ အစောကြီးထွက်တယ် ။ လူတွေလဲ လှုပ်လှုပ်ရှားရှား ပဲ ။
    အိမ်ဆိုင်လေး ကတော့ ပိတ်ထားတယ် ။ အတွင်းတံခါး ကိုဖွင့်ထား ပေမယ့် ဆိုင်ကို ပြင်ဆင်ခင်းကျင်း ထားခြင်းမရှိဘူး ။ အထဲမှာတော့လူတွေ အများကြီးပဲ ။ လူကြီး လူငယ် ၊ ကလေး တွေရော စုံလို့ပါပဲ ။ အဲဒီ မှာ အသက်ခက်ကြီးကြီး အဖိုးကြီး နှစ်ယောက် ကျားထိုး ရင်းနဲ့ လမ်းမ ဘက် ကိုခေါင်းလှည့်လှည့် ကြည့်နေတယ် ။ ကျန်လူများက တော့ အခန်းသန့်ရှင်းရေးတွေ လုပ်သူလုပ် ၊ ထမင်း ချက်သူချက်နဲ့ ။ ကလေးတွေကတော့ အိမ်ရှေ့မှာပဲ ငုတ်တုတ်လေးတွေ < သူတို့ကြည့်ရတာ တစ်ခုခုကို စောင့်နေပုံပဲ > ။
    ပာုတ်တာပေါ့...ပြောဖို့မေ့နေတာ ။
    ဒီနေ့ နဂါးလေး တို့သားအမိ ဆေးရုံက ဆင်းလာမှာ လေ ။ နဂါးလေး အဖေ ကအစောကြီးထဲက ကားလေးမောင်းပြီး သွားနှင့်ပြီ ။ ကားက သေးတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ ခေါ်မသွားနိုင်ဘူး ။ အားလုံး အိမ်ကနေပဲစောင့်နေရတယ် ။ ဘေးအိမ်က အဖိုးကြီး ကလဲ နဂါးလေး အဖိုးနဲ့သိပ်ခင်တာ ကလား...ကျားအတူထိုး ရင်းစောင့်နေတယ်လေ ။ တကယ်တော့ နဂါးလေး မိဘကလွဲလို့ ကျန်တဲ့ ဆွေမျိုးတွေ အားလုံးပာာ တခြားမြို့ ကပါ ။ နဂါးလေး ဖခင်ပာာ မောင်နှမ တွေထဲမှာ အကြီးဆုံးဖြစ်တာကတစ်ကြောင်း ၊ နဂါးလေး ပာာ ၀မ် မျိုးဆက်ရဲ့ ပထမ ဆုံး ယောင်္ကျား လေးဖြစ်တာက တစ်ကြောင်းတို့ကြောင့် အားလုံးကလာပြီး ကြည့်ကြတာလေ ။
    ပောာ..........ကားလေး အိမ်ရှေ့လာဆိုက်ပါပြီ ။
    ကလေး ၊ လူကြီး အားလုံးထွက်ကြိုကြတယ် ။ အထုပ်အပိုး တွေ ၀ိုင်းသယ်ပေးကြတယ် ။ နေမပူအောင် ထီးမိုးပေးတယ် ။ အတော်လေးကို ဂရုစိုက် ကြပါတယ် ။ အိမ်ထဲလဲ ရောက်ရော ... အဖိုး ( ဖခင် ရဲ့ အဖေ ) ဖြစ်သူက မြင်မြင်ချင်းပဲ အရမ်းကို ပျော်လို့ ငါ နာမည် မှည့်ပေးမယ် လို့ထအော် တော့တယ် ။ ဒါနဲ့ အားလုံးတိတ်ဆိတ်ပြီး နားထောင်တယ် ၊ ဘာများ မှည့်မလဲပေါ့ ။
    < ၁ > အချက် နဂါး နှစ်မှာ မွေးတာက တကြောင်း ၊
    < ၂ > အချက် ၀မ် မျိုးရိုးရဲ့ ပထမ ဆုံးမျိုးဆက်ဖြစ်တာက တကြောင်း ၊
    < ၃ > အချက် မျက်နှာစိမ်း အများကြီး ကိုတွေ့ပေမယ့် မကြောက်ရွံ့မငိုတာက တကြောင်း ၊
    အဲဒီ့ အချက်တွေကြောင့် သူ့ကို " ၀မ်ပောာ်လုံ " ( မီးနဂါး ) ဆိုပြီးမှည့်လိုက်တယ် ။ ဆွေမျိုး တွေ အားလုံးက အဲဒီ့ နာမည် လေး တစ်ခေါ်ခေါ်နဲ့ ပေါ့ ။ ဒါပေမယ့် ပောာ်လုံ ..အဖိုး ရဲ့ သူငယ်ချင်း ၊ ဘေးအိမ်က အဖိုးကြီး ကတော့ ပောာ်လုံ လေးကို ဂျပန် လေးနဲ့ တူလို့ဆိုပြီး ငါကတော့ " စပုတို " လို့ပဲခေါ်မယ်တဲ့ ။ ဘာဖြစ်လို့ စပုတိုလို့ ခေါ်တာလဲ ၊ အဓိပါယ် လေး လဲရှင်းပြပါ ဆိုတော့ မရှင်းပြဘူး ၊ ငါ့ဖာသာ ငါ ချစ်လို့ ဒီလိုခေါ်တာတဲ့ ။ ဒါနဲ့ အဲဒီ့ အချိန်က စပြီး နာမည် အရင်းက ၀မ်ပောာ်လုံ နဲ့ အိမ်အခေါ် အရပ်အခေါ် က စပုတို ဖြစ်သွားပါတော့တယ် ။ ဒါပေမယ့် သူက သိပ်မထွားဘူး ၊ မချူခြာပေမယ့် အစားသိပ်မစားဘူး ၊ သိပ်မအိပ်ဘူး ။ အချိန်တွေ ကုန်လို့ ဆယ့်တစ်လ သား အထိတာရောက်တယ် ၊ သိပ်ပြီး သွက်သွက်လက်လက် မရှိဘူး ။ အားလုံးက ၀ိုင်းပြီး ဂရုစိုက် ကြပေမယ့် သူကတော့ပုံမှန်အတိုင်းပဲ အေးအေးဆေးဆေးပဲ ။ နောက် တစ်လ ကြာရင် ပောာ်လုံ ( စပုတို ) တစ် နှစ် ပြည့် ပြီ ။ အဲဒီ့ အချိန်ကြ ရင် ဆွေမျိုးတွေအားလုံး လာကြအုံးမှာပေါ့ ။ မွေးနေ့ ပွဲ လုပ်ပေးဖို့ ရှိတယ် ။ အဲဒီ့ နေ့မှာ တခြား စိတ်ဝင်စားစရာ စမ်းသပ်မှုတစ်ခုကိုပါ တွဲလုပ်မှာပါ ။ အားလုံးက စိတ်လှုပ်ရှားနေကြတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒါ ပာာ စပုတို ရဲ့ ရှေ့ရေးနဲ့ ပတ်သက်နေလို့ပဲ ။ အားလုံး ရဲ့ စိတ်ထဲမှာလဲ အတွေး တွေ အမျိုးမျိုး နဲ့ ....... စပုတို ရဲ့ မွေးနေ့ က တကယ်တမ်း အတိအကျပြောရရင် နောက်ထပ် သုံးပတ်ပဲကျန်တာလေ ။ ..... ။
    ဆက်လက် စောင့်မျှော်ရန်.........
    အပြည့်အစုံသို့...
    ငိုနေတဲ့ မျက်လုံးတစ်စုံ
    ငါ့ကို ထားရစ်ခဲ့ကြပြီ။
    ဖုံတင် အခန်းကျဉ်းထဲမှာ
    ငါတစ်ယောက်တည်းအထီးကျန်စွာနေရစ်။
    ရှုပ်ပွနေတဲ့ စားပွဲလေးပေါ်က စက္ကန့်တံတွေ
    ငါ့ကို သရော်အပြုံးနဲ့ ကြည့်ရင်း လေးတွဲ့စွာ ခုတ်မောင်း။
    ငါတစ်ယောက်တည်း ပေတစ်ရာလမ်းမပေါ်ကိုလျှောက်လှမ်း
    သေချာတာက နေရာတစ်ခုဆီသို့။
    နာကျင်မှုတွေကို ထွေးပိုက်ရင်း
    အေးစက်တဲ့ ခုံတန်းလျားပေါ်ကနေ ငါ့နာမည် ခေါ်သံကို စောင့်နေခဲ့တယ်။
    လူတွေက ငါ့ကို လူထူးဆန်းကြီးတစ်ယောက် သဖွယ် အကြည့်တွေနဲ့
    ငါကတော့ ပြန်မကြည့်ရဲခဲ့ဘူး
    ဒီလိုနဲ့ ငါ့ရဲ့ အခန်းကျဉ်းလေးဆီကိုပဲ ခေါင်းငိုက်စိုက်ပြန်ခဲ့။
    ငါ့မျက်လုံးအစုံမှာ သွေးရောင်လွှမ်းလို့ပေါ့
    ငိုချင်နေတဲ့ ငါ့မျက်လုံးတွေကို တားဆီးမဲ့အရာ မရှိခဲ့။
    ခမ်းခြောက်နေတဲ့ ငါ့မျက်လုံးတွေကို ငါမုန်းတယ်။
    နောက်ဆုံးတော့ ငါဆုတောင်းလိုက်တယ်
    “မျက်စိနာ” မြန်မြန်ပျောက်ပါစေ- ဟု။
    မျက်စိနာတုန်းက ဆေးခန်းကပြန်လာရင်း ရတဲ့ အတွေးကို ရေးထားတဲ့ စာလေးပါ။
    အပြည့်အစုံသို့...
    Friday, 17 August 2007
    ကျွန်တော်ကြိုက်တဲ့စာစုလေးတွေ
    ဒီနေ့ကပဲ ကျွန်တော့် အဒေါ်ပေးတဲ့ အရှင်ဆန္နာဓိက(ရွှေပါရမီတောရ) ရေးသားတဲ့ ကိုယ့်စိတ်ကိုယ်စစ် ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးပါ။ ကြိုက်လို့တင်ထားဖြစ်လိုက်တာပါ။
    “အပြစ်ထောက်ပြသူတိုင်း ရွှေအိုးပေးသူမဟုတ်ပါဘူး။ သဘောထားမှန်မှန်၊ အသိဥာဏ်ပါပါနဲ့ အကျိုးရှိအောင် အပြစ်ထောက်ပြသူသာ ရွှေအိုးပေးသူပါ။
    ကိုယ့်အကြိုက်နဲ့ မကိုက်တိုင်း မကောင်းဘူးလို့ သတ်မှတ်ပြီး အပြစ်ပြောသူကတော့ ရွှေအိုးပေးသူမဟုတ်၊ ရွှံ့အိုးပေးသူပါ။ ” တဲ့။
    အပြည့်အစုံသို့...
    အမေပြောပြတဲ့ ကျွန်တော့်အကြောင်း
    ဒီဘလော့ဟာ ကျွန်တော့် personal ဘလော့မဟုတ်သော်လည်း တွေးမိတဲ့အကြောင်း အရာနဲ့ ခံစားချက်တွေကိုတော့ ကြုံရင်ကြုံသလို ရေးဖြစ်ပါတယ်။
    အခုလဲ သတိရမိတဲ့ ငယ်ငယ်က အကြောင်းအရာလေးတွေကို မှတ်မိသလောက် စာစီဖြစ်ခဲ့ပါတယ်။
    နောင် ဘယ်အချိန်ကျရငိ ဒီအကြောင်းတွေကို မေ့သွားမလဲဆိုတာ မခန့်မှန်းနိုင်ဘူးလေ။
    အမေက ကျွန်တော့်ကို အများနည်းတူ မူကြိုအပ်ဖို့ ကြိုးစားတယ်။ မူကြိုနာမည်က “ဇာနည်ရွှေသွေး” တဲ့။ အိမ်နဲ့ မလှမ်းမကမ်း လမ်းမကြီးပေါ်မှာ ရှိတာပါ။ မူကြိုဆိုပေမဲ့ ရှေးအိမ်ကြီးတစ်လုံးပါ။ မူကြို ဆရာမလေးတွေက ကရင်တိုင်းရင်းသူတွေပေါ့။ ပထမဆုံးရက် စအပ်တဲ့ နေကဆိုရင် အမေနဲ့ အတူလမ်းထဲက အမေ့ရောင်းရင်း အဒေါ်ကြီးတစ်ယောက်ပါ လိုက်လာတယ်။ သူတို့ ကျွန်တော့ကို ညာပြီး တစ်ယောက်တည်းထားခဲ့ကြတယ်လေ။ ပြီးတော့ သူတို့နှစ်ယောက်က ဆိုင်တစ်ဆိုင်ကို ကွယ်ပြီး ကျွန်တော့်ကို ကြည့်နေကြလေရဲ့။ သူတို့ကို ကျွန်တော်ကြိုးစားပြီး လိုက်ရှာကြည့်တယ်။ နောက်ဆုံး ရှာမတွေ့ပါဘူး။ ဘယ်ရမလဲ… ကျွန်တော်လဲ အသံပြဲကြီးနဲ့ အော်ငိုပါလေရောပေါ့။ ဘယ်လောက်ပဲ အော်ငိုပါစေ။ သူတို့ကတော့ မူကြိုဆရာမလေးတွေကို စိတ်ချစွာနဲ့ ပစ်ထားခဲ့ကြပြီပေါ့။
    ကျွန်တော်မှတ်မိတယ်။ မူကြိုတွေရဲ့  ထုံးစံအတိုင်း နေ့လည်ဆိုရင် အိပ်ရတယ်လေ။ ကျွန်တော်က ငယ်ငယ်ထဲက နေ့လည်ကို အိပ်ရတယ်လို့မှမထင်ပဲ။(အခုတော့လဲငိုက် ချင်တာတောင် ငိုက်ခွင့်မရတော့ပါဘူး။) အဲဒီတော့ ဘယ်ပြောကောင်းမလဲ ကြိမ်လုံးစာမိပါလေရောပေါ့။ နောက်တစ်နေ့တော့ မအိပ်ချင်တဲ့ ကျွန်တော်က အိပ်ချင်ယောင်ဆောင်ကြည့်တာပေါ့။ ကလေးဆိုတော့ အိပ်ချင်ယောင်ဆောင်လေ သိသာလေပဲလေ၊ မရတော့ပါဘူးလေ နောက်ဆုံးတော့လဲ အများနည်းတူ အိပ်ရတော့တာပဲ။
    နောက်ပြီး စာသင်ရသေးတယ်။ အင်္ဂလိပ်စာ ဝေါဟာရတွေကို အသံထွက်သင်ပေးတယ်။ ဥပမာ ဆိုပါတော့ အသီးတွေဆိုရင် - ပန်းသီးကို အဲပဲလ်၊ ငှက်ပျောသီးကို ဘနားနား၊ စသည်ဖြင့်ပေါ့။ အဲဒီတုန်းကတော့ အများကြီးပဲမှတ်ခဲ့ရတယ်။ အသီးအရွက်တွေ၊ အသုံးအဆောင်တွေ၊ တိရ စ္ဆာန်တွေနာမည် စုံလို့ပါပဲ။ အမေပြန်ပြောပြတာတော့ အလုံးပေါင်း ၂၀၀ကျော်ဆိုလား ရလိုက်တယ်ဆိုပဲ..
    မူကြိုတက်တာ နဲနဲကြာလာတော့ သူငယ်ချင်းတွေလဲ ရလိုက်တယ်။ ကဗျာတွေလဲ အများကြီး အလွတ်ရလိုက်တယ်။ သြကာသ ဘုရာရှိခိုး၊ မင်္ဂလသုတ် ကဗျာတွေ၊ “ယုန်ကလေးကနားရွက်ထောင်..” စတဲ့ ကဗျာတွေရောပဲ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေကိုရော၊ အမျိုးတွေကိုရောပါ ကြွားစရာ တွေရလာတာပေါ့။
    ဒါတွေကတော့ မူလတန်းကျောင်းမတက်ခင်က အထိပါပဲ……..
    အပြည့်အစုံသို့...
    Wednesday, 15 August 2007
    ကျွန်တော်နှင့်စာမေးပွဲ
    စာမေးပွဲကို ကြောက်လှသည်တော့မဟုတ်...
    သို့သော်...
    ၁။ စာမေးပွဲနီးလျှင် ခေါင်းကိုက်တတ်ပါသည်။ (KFC စားလိုက်ရင်တော့ ပျောက်သွားသလိုပဲ။ မဆိုင်ဘူးထင်ပါရဲ့  .. အလှုရှင်များဆက်သွယ်လို ကဆက်သွယ်နိုင်ပါတယ်။ )
    ၂။ ဟိုပြေးဒီပြေးဖြစ်တတ်ပါသည်။ (စာမရလို့ ကျောင်းမှာစာမေးဖို့ဆရာမလိုက်ရှာရတာ အမော)
    ၃။ စာကျက်ချင်စိတ်လဲ သူမတူအောင်နည်းပါးလာတတ်ပါသည်။
    ၄။ စာကျက်နေသော သူငယ်ချင်းများကို ဖုန်းဆက်ချင်စိတ်များ တဖွားဖွားပေါ်လာတတ်ပါသည်။ (နောက်ဆက်တွဲ.. ဖုန်းခပိုကုန်ပါသည်။)
    ၅။ နေ့လည်ခင်း ယခင်ကထက် ပိုအိပ်ငိုက် လာတတ်ပါသည်။
    ၆။ ရေခ၊ မီးခ (PUP ခ) ၊ နှင့် ဖုန်းခတို့ ပိုကျသော ကာလ လဲဖြစ်ပါသည်။
    ၇။ မျက်လုံးစပွင့် သည့်အချိန်မှ အိပ်ချိန်ထိ ဂျီတော့ ၀င်နေတတ်ပါသည်။
    ၈။ ထိုမျှ စာမေးပွဲနီးနေပါ သော်လည်း တုတ်တုတ်မှ မလှုပ် နေမြဲသာနေဆဲပါ။
    P.S. အခု လဲ EXAM WEEK မို့ ဘလော့မှာစာမရေးဖြစ်ပါ။
    အပြည့်အစုံသို့...
    Friday, 10 August 2007
    သီချင်းများနှင့်မိတ်ဆက်ခြင်း
    အောက်တွင်ဖော်ပြထားသော ၀က်လင့် သည် ကျွန်တော် စုဆောင်းထားသော သီချင်းများ ကိုပေါင်းစည်းထားခြင်းဖြစ်သည် ။ နားဆင်ရန် အဆိုပါ လင့်ကိုကူးယူပြီး မိမိ စိတ်ကြိုက် မီဒီယာ ပလေယာ များတွင် Open URL ဖြင့် ၀င်ရောက်ကာ နားဆင်နိုင်ပါသည် ။
    http://www.fileden.com/files/2007/3/15/887714/musiccollection.m3u
    အပြည့်အစုံသို့...
    Thursday, 9 August 2007
    အပိုင်းတစ် - နဂါးလေး ပေါ်ထွန်းလာခြင်း
    တရုတ် နိင်ငံတောင်ပိုင်း အမည်နာမ ထူးထူးခြားခြားမရှိတဲ့ ရပ်ကွက်လေးတစ်ခုရဲ့ ညနေစောင်း တစ်ခုမှာပေါ့.....
    လူတွေ တစ်ချို့ပြေးလွှားနေကြတယ် ။ တစ်ချို့ကရပ်စကားပြောနေတယ် ။ လမ်းထောင့်နားက အရက်ဆိုင် မှာဆူညံလို့ ၊ လက်ဖက်ရည်ဆိုင် ကသီချင်းသံ ကလည်း လူတွေရဲ့ စကားသံနဲ့ အပြိုင်အဆိုင် ။ အဲဒီ ညနေမှာ မိုးကအုံ့တုံ့တုံ့ပေါ့ ။ လမ်းရဲ့ညာဖက်ခြမ်းမှာ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးတစ်ခုက တိတ်ဆိတ်နေတယ် ။
    မိနစ် အနည်းငယ်သာကြာပါတယ် ။ အဲဒီ့ဆိုင်လေးထဲက အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသ္မီးတစ်ဦး ပာာရုတ်တရက် ၀မ်းထဲမှ နာကျင်မှုကိုခံစားလိုက်ရတယ် ။ ထိုအမျိုးသ္မီးပာာ ကိုယ်ဝန်လွယ်ထားရသည်မှာ ကိုးလကျော် ကြာမြင့်ပြီဖြစ်ရာ မွေးဖွားချိန်ကို စောင့်ဆိုင်းနေသူလဲဖြစ်ပေသည် ။သူမ ၏ အိမ်ဆိုင်လေးတွင် စုစုပေါင်း လူ သုံးဦး သာရှိပါ ၏ ။သူမ လင်ယောကျာင်္း ၊ သူမ နှင့် သူမ ၏ ယောင်းမ (ယောကျာင်္း ရဲ့ ညီမ) တို့ပင် ။
    ပဋိသန္ဓေ ရဲ့ လှုပ်ရှားမှုကြောင့် ကိုယ်ဝန်မှာ ဖွားမြင်ရန် အချိန်ကျ လာသောအခါ ကြိုတင်ပြင်ဆင်ခဲ့သော်လည်း ပြာယာခတ်ကုန်ကျလေသည် ။ အမျိုးသ္မီး ၏ ဖခင် တွင် ကားစုတ်ကလေးတစ်စီး ရှိရာ ထိုကားလေးဖြင့်ပင် နီးစပ်ရာ ဆေးရုံသို့ အလျှင်အမြန် သွားရောက် အကူအညီ တောင်းခံ ရလေတော့သည် ။ ဆရာဝန်များ နှင့် ဆရာမလေးများ ကျေးဇူးဖြင့် အဆိုပါ ည ဆယ့်တစ်နာရီ ခွဲ ၀န်းကျင်တွင် ဆံပင်ထောင်ထောင် သားယောကျာင်္း ရတနာလေး သည် မိသားစု ၀င်တစ်ဦးဖြစ်လာခဲ့သည် ။ သို့သော် ထိုသားရတနာအတွက် နာမည်မှည့်ရန် ကြိုတင် မပြင်ဆင်ခဲ့ရကား နဂါး နှစ်တွင်ဖွားမြင်သဖြင့် နဂါးကလေး ပာုသာ ချစ်စနိုးခေါ်ဆိုကြလေသည် ။ နဂါး ကလေးကို မိသားစု အပြင် ဆွေမျိုးတွေအားလုံးကပါ ၀ိုင်းချစ်ကြသည် ။ ထို ညတွင် နဂါး ကလေးကိုလာရောက်ကြည့်ရှုသူ ဆွေမျိုးများကြောင့် ဆေးရုံတစ်ခု လုံးဆူညံ သွားရလေ သည် ။
    ဤ သို့ဖြင့် နဂါးလေး သည် လူ့ဘ၀ ကိုချစ်ခြင်းမေတ္ထာ များအပြည့်အ၀ ဖြင့် ၀င်ရောက်လာလေတော့သည် ။
    နောက် Posts များတွင် နဂါးလေး သည် မည်ကဲ့သို့ " စပုတို " ပာူသော အမည်နာမ ရပုံ နှင့် မည်ကဲ့သို့ လူ့ဘ၀ ကိုစတင်သည်ကို တင်ပြမည်ဖြစ်သည် ။ ဆက်လက်ရန်............... ။
    အပြည့်အစုံသို့...
    ညီအစ်ကိုသုံးယောက်ပုံပြင်
    တစ်ခါတုန်းက စုန်းကဝေညီအစ်ကိုသုံးယောက်ဟာ ဆည်းဆာချိန်မှာ လေတဟူးဟူး
    တိုက်ခတ်နေတဲ့
    လမ်းတစ်လျှောက် ခရီးသွားနေကြတယ်တဲ့။ ဒီလိုနဲ့ အင်မတန်နက်ပြီး ဖြတ်ကူးဖို့ခက်တဲ့၊ ရေစီးသန်တဲ့ မြစ်တစ်စင်းဆီ ရောက်လာကြတယ်။ ဒါပေမယ့် ညီအစ်ကိုသုံးယောက်ဟာ မှော်ပညာကို သင်ယူ တတ်မြောက်ထားတဲ့သူတွေ ဖြစ်တဲ့အလျောက် သူတို့ရဲ့မှော်တောင်ဝှေးတွေကို ဝှေ့ရမ်းပြီး အန္တရာယ်ကြီးတဲ့ မြစ်ရေပြင် ကိုဖြတ်လျှက် တံတားတစ်ခုကို ဖန်ဆင်းလိုက်ကြတယ်။ သူတို့ဟာ တံတားကိုဖြတ်ကူးနေတုန်း တံတားရဲ့အလယ်မှာ ဝတ်ရုံခြုံထားသူတစ်ယောက် ကို မြင်ရသတဲ့။ အဲဒီဝတ်ရုံခြုံထားသူဟာ သေမင်းပဲဖြစ်တယ်။
    သေမင်းက သူတို့ညီအစ်ကိုတွေကို စကားဆိုလိုက်တယ်တဲ့။ အဲဒီ့မြစ်ကိုဖြတ်ကူးသူခရီးသွားတိုင်းဟာ
    မြစ်ထဲမှာနစ်ပြီးသေဆုံးတတ်တဲ့အစဉ်အလာရှိပေမယ့် သူ့ကိုလှည့်စားပြီး အသက်ရှင်လျှက်ဖြတ်သွားနိုင်တဲ့ သူတို့သုံးယောက်ကိုသေမင်းကဒေါသတွေထွက်နေတာပေါ့။ ဒါပေမဲ့ သေမင်းက ဟန်ဆောင်ပြီး သူတို့ရဲ့ မှော်ပညာကိုချီးကျူးစကားဆိုသတဲ့။ နောက်ပြီးတော့ သေခြင်းတစ်ရားကို လိမ္မာပါးနပ်စွာရှောင်ရှား နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါရစေဆိုပြီး တစ်ယောက်ချင်းဆီကို ဘာလိုချင်သလဲ မေးသတဲ့။
    အဲဒီအခါ သူတို့သုံးယောက်ထဲမှာ ရန်လိုတတ်တဲ့သူဖြစ်တဲ့ အကြီးဆုံးအစ်ကိုက တည်ရှိပြီးသမျှ မှော်တောင်ဝှေး တွေထက် ပိုအစွမ်းထက်တ၊ဲ့ ဘယ်သူမှယှဉ်လို့မရနိုင်တဲ့၊ သေမင်းကို အောင်နိုင်ခဲ့သူနဲ့ ထိုက်တန်တဲ့ မှော်တောင်ဝှေးကို လိုချင်တယ်လို့ပြောလိုက်တယ်။ ဒါကြောင့် သေမင်းက မြစ်ကမ်းဘေးက Elder (အနက်ရောင်ဘယ်ရီပင် ၊ Elderberry ဟုလည်းခေါ်သည်) သစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကိုယူပြီး မှော်တောင်ဝှေး လုပ်ပေးလိုက်သတဲ့။
    မောက်မာတတ်တဲ့ဒုတိယအစ်ကိုကတော့ သေမင်းကို လှောင်ပြောင်အရှက်ခွဲချင်တာနဲ့
    “ သေမင်းဆီကနေ အခြားသူတွေကို ပြန်ခေါ်နိုင်တဲ့အစွမ်းပေးပါ ”လို့ တောင်းလိုက်တယ်။
    အဲ့ဒါနဲ့ သေမင်းက မြစ်ကမ်းဘေးက ကျောက်တုံးတစ်ခုကိုကောက်ယူပြီး “ ဒီကျောက်တုံးဟာ သေသွားတဲ့လူတွေကို ပြန်ခေါ်ပေးနိုင်တဲ့အစွမ်းရှိလိမ့်မယ် ” လို့ ပြောပြီး ဒုတိယအစ်ကိုကို ပေးလိုက်တယ်။
    ပြီးတော့ သေမင်းဟာ တတိယညီအငယ်ဆုံးကို ဘာအလိုရှိသလဲ မေးသတဲ့။ ညီအငယ်ဆုံးဟာ ကိုယ့်ကိုကိုနှိမ့်ချ တတ်ပြီး သူတို့ထဲမှာ ဥာဏ်အရှိဆုံးသူဖြစ်လို့ သေမင်းကို မယုံကြည်ဘူးတဲ့။ ဒါကြောင့် သူက ဒီနေရာကနေစပြီး သေမင်းဘယ်တော့မှ လိုက်မလာနိုင်ဘဲနဲ့ ခရီးဆက်လို့ရစေမယ့် အရာတစ်ခုကို တောင်းလိုက်တယ်။ သေမင်းက
    စိတ်အလိုမကျစွာနဲ့ သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို ပေးလိုက်သတဲ့။
    ပြီးတော့ သေမင်းဟာ ညီအစ်ကိုသုံးယောက်ကို ခရီးဆက်သွားဖို့ လမ်းဖယ်ပေးလိုက်တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကိုသုံးယောက်ဟာ
    သူတို့တွေ့ကြုံခဲ့ရတဲ့ စွန်းစားခန်းကြောင်းကို အံ့သြဝမ်းသာစွာပြောဆိုရင်း၊ သေမင်းရဲ့
    လက်ဆောင်တွေအတွက် အားရကျေနပ်စွာနဲ့ ခရီးဆက်ခဲ့ကြသတဲ့။
    တစ်ချိန်ကျလာတဲ့အခါ ညီအစ်ကိုသုံးယောက်ဟာ ကိုယ်သွားလိုတဲ့နေရာကိုသွားဖို့ လမ်းခွဲလိုက်ကြတယ်။ ပထမဆုံးအစ်ကိုဟာ သူနဲ့စကားများခဲ့ဖူးတဲ့ မှော်ဆရာတစ်ယောက်ကို ရှာဖွေရင်း သီတင်းပတ်များစွာ တိုင်အောင် ခရီးသွားခဲ့ပြီး ရွာတစ်ရွာကိုရောက်သွားတယ်။ သူရဲ့ သေမင်းလက်ဆောင် မှော်တောင်ဝှေးကို အသုံးပြုပြီး သူ့ရန်သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့အခါ သူပဲနောက်ဆုံးအနိုင်ရခဲ့တာပါပဲ။ သူ့ရန်သူရဲ့ သေဆုံး နေတဲ့ ခန္ဓာကိုယ်ကို ချန်ရစ်ထားခဲ့ပြီး သူဟာတည်းခိုခန်းတစ်ခုကိုသွားခဲ့တယ်။အဲ့ဒီမှာသူဟာ
    သေမင်းဆီကနေ
    အစွမ်းထက်တဲ့ မှော်တောင်ဝှေးကို ဘယ်လိုရယူခဲ့တဲ့အကြောင်း၊ အဲ့ဒီမှော်တောင်ဝှေးရဲ့အစွမ်းကြောင့် သူ့ကို
    ဘယ်သူမှ ယှဉ်ပြိုင်အနိုင်ယူလို့ မရကြောင်းတွေကို ကြွားဝါပြောဆိုမိတယ်တဲ့။ အဲ့ဒီညမှာ အခြားမှော်ဆရာ
    တစ်ယောကဟာ သူအရက်မူးပြီးအိပ်ပျော်နေတဲ့ အခန်းထဲကို ခိုးဝင်လာတယ်။ သူဟာ အဲ့ဒီမှော်တောင်ဝှေးကို ခိုးယူပြီး ပထမအစ်ကိုကို သတ်လိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းက ပထမအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။
    အဲ့ဒီအချိန်မှာ ဒုတိယအစ်ကိုဟာ သူတစ်ယောက်ထဲနေတဲ့ သူ့ရဲ့အိမ်ကိုပြန်ရောက်သွားတယ်။ သူဟာ
    သေဆုံးသူတွေကို ပြန်ခေါ်နိုင်တဲ့ ကျောက်တုံးကိုထုတ်ကြည့်ပြီး သုံးကြိမ်သုံးခါ သူ့ရဲ့လက်ထဲမှာ
    လှည့်ကြည့်သတဲ့။ အဲ့ဒီအခါ သူတစ်ချိန်က သိပ်ချစ်ခဲ့တဲ့ လက်ထပ်ဖို့ရည်ရွယ်ခဲ့ပြီးမှ သေးဆုံးသွာခဲ့တဲ့ သူ့ရဲ့ချစ်သူမိန်းကလေးကို အံ့သြဝမ်းသာစွာ တွေ့လိုက်ရတယ်။ ဒါပေမယ့် သူမဟာ သူနဲ့ဝတ်ရုံလွှာလေး
    တစ်ခုခြားထားသလိုဖြစ်နေပြီး ဝမ်းနည်းနေတဲ့ အသွင်သဏ္ဌာန်ရှိနေတယ်တဲ့။ သူမဟာ အချိန်အကြာကြီး သူနဲ့ရှိနေပေးလို့မရတာကြောင့် ပျောက်ကွယ်သွားတယ်။ နောက်ဆုံးမှာတော့ ဒုတိယအစ်ကိုဟာ မျှော်လင့်
    လို့မရတဲ့ စွဲလမ်းမှုတွေနဲ့ သူမကိုသေမင်းဆီမှာ ပြန်တွေ့ဖို့အတွက် ကိုယ့်ကိုယ်ကို သတ်သေလိုက်သတဲ့။ အဲ့ဒီလိုနဲ့ သေမင်းဟာ ဒုတိယအစ်ကိုကို ခေါ်ဆောင်သွားသတဲ့။
    ဒါပေမယ့် သေမင်းဟာ နှစ်ပေါင်းများစွာတိုင်အောင် ညီအငယ်ဆုံးကို လိုက်ရှာခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ပါဘူး။ ညီအငယ်ဆုံးက အသက်တော်တော်အိုမင်းလာပြီး နောက်ဆုံး သူ့ရဲ့ကိုယ်ပျောက်ဝတ်ရုံကို သူ့သားကို
    ချွတ်ပေး
    လိုက့်တဲ့အခါမှသာ ရှာတွေ့တော့သတဲ့။ အဲ့ဒီအခါ ညီအငယ်ဆုံးဟာ သေမင်းကို သူငယ်ချင်းဟောင်း
    တစ်ယောက်ကို ပြန်တွေ့ရသလို နှုတ်ဆက်ပြီး၊ သေမင်းနောက်ကို ဝမ်းမြောက်စွာ လိုက်သွားကာ သူ့ရဲ့အသက်
    ရှင်နေတဲ့ ဘဝကိုခွဲခွာသွားခဲ့သတဲ့…..။
    မူရင်း…..စာရေးဆရာမ J.K.Rowling ရဲ့ Harry Potter and the Deathly Hallows စာအုပ်ထဲမှ The tale of the three brothers ဆိုတဲ့စုန်းကဝေပုံပြင်လေးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီပုံပြင်လေးဟာ Deathly Hallows စာအုပ်ရဲ့ အနှစ်သာရလို့ ပြောလို့ရပါတယ်။ ဖတ်လို့မကောင်းရင် ကျွန်မရဲ့ဘာသာပြန် ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း တောင်းပန်အပ်ပါတယ်။
    အပြည့်အစုံသို့...
    Saturday, 4 August 2007
    သူခိုး ဗျို့ ... သူခိုး ဗျို့ ။
    သူခိုး ဗျို့ ... သူခိုး ဗျို့ ။
    သူခိုး တစ်မျိုးပာာ သင်၏ပိုင်ဆိုင်မှုများ ကို အစဉ်အမြဲ ခိုးနေသည်ပာု ဆိုပါက ကျွန်ုပ်အား စိတ်ဆိုးမည်လော ။ သို့သော် သင်တစ်ဦး တည်းကိုမှ သူသည်ရွေးကာ ခိုးယူနေခြင်းမပာုတ်ပါ ၊ စိတ်မကောင်း မဖြစ်ပါနှင့် ။ သူ သည်သက်ရှိသက်မဲ့ အရာရာတိုင်းအား အစဉ်ခိုးယူ နေခြင်းဖြစ်သည် ။ ကျွန်ုပ်တို့ သည်သတိမမူ မိသဖြင့်သာမသိခြင်းဖြစ်ပါ၏ ။ ထိုသူခိုးမှာ အလွန်စွမ်းအားကြီးရကား မည်သည့် ဥပဒေ ၊ မည်သည့် ရဲ ၊ စုံထောက် မျှ ဖမ်းဆီး နိုင်စွမ်းမရှိခဲ့ပေ ။ သို့ဆိုပါက ထိုသူခိုးမှာ မည်သူမည်ဝါ ဆိုသည်ကိုသင်အရိပ်အမြွက် သိလောက်ပေပြီ ။ ထိုသူမှာ အခြား မပာုတ် ...အချိန်...ပင်ဖြစ်ပေသည် ။
    သင်၏ ရှိရှိသမျှပိုင်ဆိုင်မှုများကို မရပ်မနား ခိုးယူနေသူဖြစ်သည် ။
    သင်သတိထားမိပါသလား ။ ယခု စာကိုဖတ်နေချိန်တွင် သင်၏ အလွန်တန်ဖိုးရှိသော ရတနာ တစ်မျိုးကို ထိုသူခိုး သည်ခိုးယူပြီးဖြစ်သည် ။ ၄င်းမှာ ...သင်၏ ကလေးဘ၀ ...ဖြစ်ပေ၏ ။ ကလေးဘ၀ အလွန်ပျော်ရွှင်ရသော ၊ အပြစ်ကင်းစင်သော ဘ၀ လေးကို ခိုးယူခြင်းခံရသဖြင့် ၊ ယခု အချိန်တွင် တာဝန်တွေနှင့်ပိနေရသည် ။ တစ်ခါတစ်ရံ မိမိအပြစ်လွတ်ရေးအတွက် မုသာဝါဒ ကိုသုံးရသေးသည် ။ လိမ်ပြောမိသည့်အတွက် ပျော်ရွှင်မှု ဆိုသည်မှာအဘယ်မှာ ရှိမည်နည်း ။
    ထို ရတနာ ဆုံးရှုံး သွားသည့်အတွက် ကျွန်ုပ်အလွန် ၀မ်းနည်းမိသည် ။ သို့သော် ကျွန်တော် တို့နောက်မကျသေးပါ ။ ကျန်ရှိနေသေးသည့် ရတနာ များကို ထို သူခိုး မခိုးယူခင် အကျိုးရှိရှိ အသုံးချရမည် ဖြစ်သည် ။ အခိုးခံရပြီးမှ ၀မ်းနည်းနေမည့်အစား...ပိုင်ဆိုင်တုန်းအချိန်တွင် အကျိုးရှိစွာ အသုံးချပါစို့ ။ သူသည် အားလုံးကိုခိုးယူမည်ဖြစ်သည် ( နောင်တစ်ချိန်တွင် သင့်အသက်ပင်ပါဝင်ပါ၏ ) ၊ ထို့ကြောင့် သူမခိုးခင် ၊ အရာရာနောက်မကျခင်တွင် အကျိုးရှိစွာ အသုံးပြုပါစို့...............
    အပြည့်အစုံသို့...
    Monday, 30 July 2007
    သီချင်းလေးနဲ့ အတူ
    အားလုံးကို အားနာလာပြီ။ ကျွန်တော်လဲ အခုရက်ပိုင်း အားကိုမအားနိုင်ဘူး။ ဒါပေမဲ့ မအားတဲ့ကြားကနေပြီး ဒီဘလော့မှာဆက်ရေးပေးနေတဲ့ ကိုစတီဗင်ကို ကျေးဇူးပါဗျာ။ လာဖတ်တဲ့သူတွေကိုလဲ အားနာတယ်။ အခုတော့ ဒီသီချင်းလေးကို အရင်နားထောင်ထားလိုက်ဦး... နောက်မှပဲ မအား၊ အားအောင်လုပ်ပြီးတော့ ရေးပေးတော့မယ်။ အများကြီးပေါ့။
    ဒီသီချင်းလေးကတော့ ကျွန်တော်အကြိုက်ဆုံးလို့ပြောရင် ရမယ်ထင်တယ်။ ကြယ်တွေစုံတဲ့ညမှာ ကျွန်တော်လွမ်းတဲ့အိမ်ကို ရည်ညွှန်းပြီး ဒီသီချင်းလေးကို တင်လိုက်တာပါ။ (ထူးအိမ်သင်) ရဲ့  သီချင်းပါ။ နားဆင်ရင်း ကျေနပ်ပေးကြပါ။
    အပြည့်အစုံသို့...