Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Friday, 30 January 2009

စိတ်ဆိုးသောအခါ

People use to get angry, including me of course. =D We are angry when someone hurts our feeling, when someone dumps us, when someone points mistake on us, etc. It's just usual. We couldn't escape from this kind of emotional expressions. However, it's not good when things get intense. It's hurt. It's true, it's really HURT!

First, you'll hurt yourself and then you'll hurt others. It's not good at all. It's no use crying over the spilt milk. When you are angry, look around you. People don't care what you are feeling. They don't care how much you hurt. In the end, only you who is suffering from the anger. So, there is no use at all. Just try to Forgive & Forget about everything that makes you angry.
Forgiveness is just giving a room in your heart. I'd mentioned about forgiveness in the previous posts.


Life will be peaceful if there is no anger.

May we be happy and free from the anger. ^__^


အပြည့်အစုံသို့...

Sunday, 6 April 2008

ပိာုတုန်းက...


ကျွန်တော် ဆယ်တန်းပြီးမှ ကွန်ပြူတာကို လက်နဲ့ ထိခွင့်ရတာ ပြောရရင် ရှက်တောင်ရှက်တယ် ။ ဆယ်တန်းတုန်းကတော့ Counter Strike ခိုးဆော့လို့ ကွန်ပြူတာပေါ်က Keyboard နဲ့ Mouse ကိုတော့ ကောင်းကောင်းသိတယ် ။ ကျန်တာတော့ ဘာမှကိုမသိတာ အမှန် ။

ဒါနဲ့ ဆယ်တန်းပြီးတော့ ကွန်ပြူတာ သင်တန်းကို စတက်ဖို့လုပ်တော့ ဘယ်ကစရမှန်းမသိဘူး ။ အစ်ကိုဝမ်းကွဲ တစ်ယောက်က အကြံပေးတယ် Basic ကစတက်တဲ့ ။ အင်္ဂလိပ်စာကိုလဲ ကောင်းကောင်း ရေးဖူးဖတ်ဖူးထားတော့ Basic က အခြေခံမှန်း ရိပ်မိတယ် ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ဘေးစစ် ( Basic ) ပဲတက်လိုက်တယ် ။ ဘာသင်လဲဆိုတော့ Typing နဲ့ Microsoft Word နဲ့ Microsoft Excel သင်တယ် ။ အဲဒီတုန်းကတော့ ဆရာမ နဲနဲနောက်လှည့်တာနဲ့ ဂိမ်းပဲ ကစားတာပါ သိပ်ပြီး သင်တယ် မရှိပါဘူး ။ Basic တန်းရဲ့ နောက်ဆုံးနေ့မှာ အင်တာနက် နဲ့ အီးမေးကို နဲနဲ ပြတယ် ။ ပြတယ် သာဆိုတာပါ ... တကယ်တော့ ဆရာမကပဲ သုံးသွားတာပါ ။ အဲဒီတုန်းက Files တွေကို ဒေါင်းလုပ်လုပ်တဲ့ နည်း မပြောနဲ့ Files တွေကို Copy / Paste တောင် ကောင်းကောင်း မလုပ်တတ်တဲ့ ကျွန်တော် ဆရာမက အင်တာနက် ကနေ သီချင်းဖွင့်ပြတော့ မျက်လုံးကြီး ကျွတ်ထွက် မလိုတောင် ပြူးဖြဲ ကြည့်ခဲ့တာ ။ ကွန်ပြူတာထဲမှာမရှိတဲ့ သီချင်းတွေကို ဒီလိုပဲ နားထောင်လို့ ရလားပေါ့ အံ့သြ လိုက်တာ ။ အဲဒီတုန်းက ဂူဂဲ ကိုတောင် Search Engine တစ်ခုမှန်း မသိသေးဘူးလေ ။ Gmail ဆိုတာတော့ ပြောတောင် မပြောပါနဲ့ .... ဘာကြီးလဲလို့ ပြန်မေးမိမှာ စိုးလို့ ။

အပြည့်အစုံသို့...

Wednesday, 15 August 2007

ကျွန်တော်နှင့်စာမေးပွဲ

စာမေးပွဲကို ကြောက်လှသည်တော့မဟုတ်...
သို့သော်...

၁။ စာမေးပွဲနီးလျှင် ခေါင်းကိုက်တတ်ပါသည်။ (KFC စားလိုက်ရင်တော့ ပျောက်သွားသလိုပဲ။ မဆိုင်ဘူးထင်ပါရဲ့  .. အလှုရှင်များဆက်သွယ်လို ကဆက်သွယ်နိုင်ပါတယ်။ )
၂။ ဟိုပြေးဒီပြေးဖြစ်တတ်ပါသည်။ (စာမရလို့ ကျောင်းမှာစာမေးဖို့ဆရာမလိုက်ရှာရတာ အမော)
၃။ စာကျက်ချင်စိတ်လဲ သူမတူအောင်နည်းပါးလာတတ်ပါသည်။
၎။ စာကျက်နေသော သူငယ်ချင်းများကို ဖုန်းဆက်ချင်စိတ်များ တဖွားဖွားပေါ်လာတတ်ပါသည်။ (နောက်ဆက်တွဲ.. ဖုန်းခပိုကုန်ပါသည်။)
၅။ နေ့လည်ခင်း ယခင်ကထက် ပိုအိပ်ငိုက် လာတတ်ပါသည်။
၆။ ရေခ၊ မီးခ (PUP ခ) ၊ နှင့် ဖုန်းခတို့ ပိုကျသော ကာလ လဲဖြစ်ပါသည်။
၇။ မျက်လုံးစပွင့် သည့်အချိန်မှ အိပ်ချိန်ထိ ဂျီတော့ ၀င်နေတတ်ပါသည်။
၈။ ထိုမျှ စာမေးပွဲနီးနေပါ သော်လည်း တုတ်တုတ်မှ မလှုပ် နေမြဲသာနေဆဲပါ။

P.S. အခု လဲ EXAM WEEK မို့ ဘလော့မှာစာမရေးဖြစ်ပါ။

အပြည့်အစုံသို့...

Tuesday, 3 July 2007

ကလေး လေးပဲဖြစ်ပါရစေ ။



Sentosa သွားတုန်းက ရိုက်ထားတဲ့ဓါတ်ပုံပါ ။ ကလေးလေး တွေရေထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစား နေတာကိုတွေ့လို့ ပီတိ ဖြစ်မိတာနဲ့ ရိုက်ထားလိုက်တာပါ (ဓါတ်ပုံ ကိုပြောတာပါ) ။

အပြည့်အစုံသို့...

Tuesday, 26 June 2007

ဦးဦးဘလော့ကြီးဆီသို့အိတ်ဖွင့်ပေးစာ

သို့ဦးဦးဘလော့..။

နေကောင်းရဲ့လား..သားပြောစရှိလို့စာရေးလိုက်ပါတယ်။အဲဒီနေ့ကိုသား ကောင်းကောင်း မှတ်မိ သေးတယ်။ စနေနေ့။ သားအဲဒီနေ့ကစောစောနိုးနေတယ်။အိမ်ရှေ့ ကကားဂိတ်မှာတော့ လူတွေတွေ့ နေရပြီ။ မိုးကတော့သိပ်မလင်းသေးဘူး။


ဖေကြီးကတော့မနေ့ကပြောထားတယ်... သားဒီနေ့ ဆုပေးပွဲသွားရမယ်တဲ့။ အဲဒါနဲ့သားနဲ့ဖေကြီး ရေချိုးပြီး အ၀တ်အစား သစ်သစ် လေးတွေဝတ်ပြီး အိမ်ရှေ့က ကားဂိတ်မှာ ဘတ်စ်ကား စောင့်ကြတယ်။ မကြာပါဘူး.. ကားလာတော့ ရထားဘူတာအထိ စီးသွားကြတယ်။ မနက်အစော ၇း၂၀ ပဲရှိသေးပေမဲ့ ရုံးသွား ကြတယ့် ကိုကို တွေ၊ မမတွေ က အများသား ဆိုတော့ ရထားက ကြပ်တာပေါ့။ တော်သေးပါရဲ့ .. ထိုင်ခုံနေရာရလို့။

ဆုပေးပွဲက မြို့ ထဲမှာဆိုတော့ အကြာကြီး စီးရတယ်။ အဲဒါနဲ့ MP3 နားကြပ်လေးကို နားထဲ ထည့်ပြီး Rihanna သီချင်း နားထောင် နေတယ်။ ဦးဦး သိတယ်မဟုတ်လား.. သားသား က Rihanna ကြိုက်တယ်လေ။

အဲဒါနဲ့ ရထားအကြာကြီး စီးပြီး တော့ ၈နာရီ လောက်မှာ ဆုပေးပွဲ ရှိတဲ့ ရထားဘူတာကို ရောက်တယ်။ မြေအောက် လိုဏ်ဂူကနေ ၅မိနစ် လောက်လမ်းလျှောက်မှ အဲဒီအဆောက်အဦကို ရောက်တယ်။ ရောက်ရောက်ချင်း စာရင်းပေးပြီး တော့ auditorium ဆိုတဲ့ ခန်းမကြီး ထဲ ၀င်ထိုင်ရတယ်။ ခန်းမကြီး ကတော်တော် ကြီးတယ်..ရန်ကုန် က ရုပ်ရှင်ရုံကြီး တွေလိုပဲ.. အဲဒီမှာ Looney Tunes ကာတွန်း ဖွင့်ထား တယ်။ ကျောင်းသားတွေလဲ ၃၅၀ လောက်ရှိတယ်။ ခဏနေတော့ ဆုပေးမဲ့ ၀န်ကြီး ရောက်လာတယ်။ ၈း၃၀ မှာ အခမ်းအနား စတယ်။ ၀န်ကြီးက အဲဒီမှာ မိန့်ခွန်း ပြောတာပေါ့လေ… အဲဒီအစီအစဉ် ပြီးတော့ ကျောင်းသား တွေကို တစ်ယောက်ချင်း ဆုပေးတယ်။

အခမ်းအနား က စုစုပေါင်;မှ တစ်နာရီ လောက်ပဲ ကြာတာပါ။ ပြီးတော့ မနက်စာ ကြွေးတယ်။ သားလေ ဓာတ်ပုံတွေအများကြီး ရိုက်လာ တယ်။ ဦးဦးကို ကြုံတဲ့အခါ ပြမယ်လေ။

ဘာပဲဖြစ်ဖြစ်ပါလေ.. သားသားပျော်ပါတယ်….
ဒါပဲနော်ဦးဦး.. သားသားဂဏန်းသွားတွက်လိုက်ဦးမယ်။ နောက်ထပ်ဆုတွေအများကြီးရအောင်လို့လေ..


အပြည့်အစုံသို့...

Monday, 25 June 2007

ဘတ်(စ်)ကားပေါ်က ဖြစ်ရပ်တစ်ခု

လွန်ခဲ့တဲ့ ၃နှစ်လောက်က ရန်ကုန်မြို့ မှာ ဘတ်(စ်)ကားစီးတုန်းကပေါ့..
သင်တန်းချိန် နောက်ကျနေပြီဆို၍ ကျွန်တော့်ရဲ့ ခြေလှမ်းများ ဘက်(စ်)ကားဂိတ်သို့ ခက်သွက်သွက်လေး ဦးတည်ခဲ့သည်။....
ကံကောင်းထောက်မစွာဖြင့် ဘတ်(စ်)ကားတန်းရခဲ့တယ်..
ကားသွားနေစဉ် ကားစပယ်ယာမှာ "တန်းတွေ၊ ဂွင်းတွေ ကိုင်ထား နောက်ကားပါလာတယ်.."
ထိုအချိန်တွင် သင်တန်းနောက်ကျနေသော ကျွန်တော့်မှာ သင်တန်းကို မြန်မြန်ရောက်တော့မယ်ဟူ၍ တစ်ယောက်ထဲကြိတ်ပြီး ပျော်နေမိသည်..
မှတ်တိုင် သုံးမှတ်တိုင် ရောက်တွင် ကားစပယ်ယာက ပြောနေကျအတိုင်း "နောက်ကားပါလာလို့ မြန်မြန်လေး ဆင်းပေးကြပါ။ ကျေးဇူးတင်ပါသည်..."စသဖြင့်ကြားနေရပြီးနောက်...
"အော်..သံယောဇဉ်တွေ.." ဟူသော ကားစပယ်ယာရဲ့ ထူးထူးဆန်းဆန်း စူရှစွာ ပြောဆိုသံကြောင့် ကျွန်တော်စပ်စုလိုက်ရာ..
ဦးလေးကြီးတစ်ယောက် တံခါးပေါက်ဝတွင် ဆင်းရလဲခက်..ပြန်တက်ရလဲခက်..တို့ လို့ တန်းလန်း ပုဆိုးနှင့် တံခါးမှသံစတို့  သံယောဇဉ်တွေ ညိတွယ်နေရှာသည်..
ထိုလူကြီးကို ကြည့်ပြီး ရယ်ချင်စိတ် နှင့်အတူ သနားစိတ်များ လဲဖြစ်ပေါ်ခဲ့မိသည်.....
တော်သေးတယ်..အဲဒီနေ့ က သင်တန်းကို အချိန်မှီရောက်ခဲ့လို့ ..ဟီးဟီး.....

အပြည့်အစုံသို့...

မနှစ်ကရောက်ဖြစ်တဲ့ တရုတ်နှစ်ကူး မီးထွန်းပွဲ

တရုတ်နှစ်ကူး တုန်းက chinese gardens ကကျင်းပတဲ့ မီးထွန်းပွဲ ပါ...ခရီးသွားမှတ်တမ်းလေးများရှိရင် ဝေ မျှကြပါဦးဗျို့ ..
chinese gardens အ၀င်ဝ...
ဒါက တော့ eiffel tower ပုံတူ မီးအလှဆင်ထားတာ..


the antz ထဲကကာတွန်း ကာရိုက်တာ တွေရောပဲ ..


ထူးထူးဆန်းဆန်း ပန်းကန်တွေနဲ့မှ တာဝါဆောက်ရတယ်လို့..

အော်... ပြောရဦးမယ်.၀င်ကြေးကတော့ နိုင်ငံတော်ငွေ ၈ ကျပ် တဲ့ဗျာ... ရက်စက်ပါပေ့ chinese gardens ရယ်...

အပြည့်အစုံသို့...

Sunday, 24 June 2007

Orchard လမ်းက လင်မယား.....



အလွန်နေပူ တဲ့နေ့တစ်နေ့မှာပေါ့....
ကျွန်တော် နဲ့ သူငယ်ချင်း တစ်ယောက် စင်္ကာပူ နိုင်ငံရဲ့ ထင်ရှားလှတဲ့ Orchard လမ်းအတိုင်း လျောက်လှမ်းလာတဲ့အချိန်မှာပဲ ။ လမ်းတစ်ဖတ် တစ်ချက်မှာ လူတွေအုံ နေတာနဲ့ စပ်စပ်စုစု
သွားကြည့်တော့ ဓါတ်ပုံ ထဲမှာတွေ့တဲ့အတိုင်း လူနှစ်ယောက် ရပ်နေတာကိုတွေ့ရပါတယ် ။ သူတို့ရဲ့
ဝတ်ဆင်ထားတဲ့ အ၀တ်အစား နဲ့ လိမ်းခြယ်သ မှုတွေပာာ နေပူပူ ထဲမှာအလွန်ကို ပင်ပင်ပန်းပန်း ရပ်နေရတာပါ ။ ဘယ်လို အခက်အခဲ တွေကြောင့်ဒီလိုအလုပ်ကိုလုပ်ရတယ်ဆိုတာကိုမခန့်မှန်းနိုင်ပေမယ့် သူတို့ နှစ်ယောက် ကိုကြည့်ပြီး သနား မိတာတော့အမှန်ပါ ။ အဲဒါနဲ့ပဲ သူတို့ကို အမှတ်တရ အနေနဲ့ ဓါတ်ပုံ လေးရိုက်ခဲ့ ပါတယ် ... အမှတ်တရ အနေနဲ့ ပေါ့ ။ နောက်ပြီး အားလုံး ကိုလဲ ဝေမျှ ချင်လို့ပါ ။
အတွေ့အကြုံလေးတစ်ခုပေါ့.....။

အပြည့်အစုံသို့...