Saturday, 19 April 2008

Business School ကွ



2008 Tamesek Regatta မှာ Business School က ဆုတွေ အများကြီး ရတယ် ကွ ။



"Best Spirited School Award"

"Temasek Olympiad 2008 Championship"

"Temasek Regatta 2008 Championship (for 3rd consecutive year)"

"Freshmen Orientation Finale Overall Championship (for 4th consecutive year)"

အပြည့်အစုံသို့...

Tuesday, 15 April 2008

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ......


ပာုတ်ပါတယ် ... တောင်းတဲ့ ဆုသာပြည့်မယ်ဆိုရင် ကျွန်တော် အိပ်မက်ဆိုး မက်ချင်တယ် ။ ရုပ်ရှင်တွေထဲမှာ အိပ်မက်ဆိုးမက်လို့ ထအော်တဲ့ လူတွေ ၊ ရူးသွပ်သွားတဲ့ သူတွေကို ကြည့်ရတော့ ကျွန်တော်လဲ သူတို့လို အိပ်မက်ဆိုး မက်ချင်တယ် ။ ရူးသွားပြီဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ ဘာဆိုဘာမှ မသိတော့ဘူး ။ အကောင်းပဲ သိချင်တယ် အဆိုးမသိချင်ဘူးဆိုရင် တရားမမျှတဘူးလေ ~~~ အဲဒီတော့ နှစ်ခုလုံးကို မသိချင်ဘူး ~~~ ဒီအတိုင်းပဲနေချင်တယ် ။

နောက်ပြီး အော်လိုက်ချင်တယ် --- ဘာရယ်လို့ မပာုတ်ဘူး ၊ ဒီအတိုင်းပဲ အော်လိုက်ချင်တယ် ( " အား " လို့ပဲ ဖြစ်ဖြစ် ၊ " ပေား " လို့ပဲ ဖြစ်ဖြစ် ၊ " ၀ူး " လို့ပဲ ဖြစ်ဖြစ် ) ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ... ဒီအတိုင်းပဲ အော်လိုက်ချင်တာ ။

" အသံတွေ ထွက်သွားအောင် အော်လိုက်ချင်တာ ။ လည်ချောင်းတွေ နာလာတဲ့ အထိအော်ချင်တာ - အသံတွေ ၀င်လာတဲ့ အထိအော်ချင်တာ - မျက်ရည်တွေ စီးကျလာတဲ့အထိ အော်ချင်တာ - အားအင်တွေ ကုန်ခန်းသွားတဲ့ အထိအော်ချင်တာ - ကမ္ဘာကြီးတစ်ခုလုံး မှောင်မည်းသွားတဲ့အထိ အော်ချင်တာ "


ဒါပေမယ့် အခုလို အခြေအနေနဲ့ အော်လို့မှ မရတာ - အရူးဆိုရင် အော်လည်း အပြစ်မရှိဘူး ၊ အိပ်မက်ဆိုးမက်လို့ အော်တာလည်း အမှားမပာုတ်ဘူး - နေတဲ့ နေရာက လူ့အသိုက်အ၀န်းထဲမှာလေ ။ ဘယ်လိုအော်ရမှာလဲ --- ပါးစပ်ကြီး ပာပြီး လေတွေပဲ မှုတ်ထုတ်နေရမှာလား ။ ဒါမှမပာုတ် မျက်လုံးမှိတ်ပြီး ဘာဖြစ်ဖြစ်ကွာဆိုပြီး ထအော်ရမှာလား ။ တကယ်တော့ အကောင်းဆုံးနည်းလမ်းက အိပ်မက်ဆိုး ပါ ။ အိပ်မက်ဆိုး မက်မှ တကယ်အော်လို့ ရမှာ ။

အိပ်မက်ဆိုးပဲ မက်ပါရစေ ။



အပြည့်အစုံသို့...

Sunday, 13 April 2008

Google Talk Lab နှင့် နှစ်ပါးသွား ကခြင်း

သုံးနေတဲ့ Google Talk ကို အားမရတာနဲ့ Google Talk Lab ကို ဒေါင်းလုဒ်ချပြီး သုံးပါရော ။ Install လုပ်ပြီးလို့ စဖွင့်တာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်ပါလေရော ။ Settingုကိုရှာလို့မတွေ့လို့ ဘယ်ကစဘယ်လိုလုပ်ရမလဲ မသိဖြစ်သွားတယ် ။ ဒါနဲ့ ဘာဖြစ်ဖြစ်ဆိုပြီး Sign In ၀င်လိုက်တယ် ဗျာ ။ ၀င်ပြီးတော့မှ သိတာ ဒီ Google Talk Lab ထဲမှာ Call Buttom မှမပါတာကို ။ ကျွန်တော် Chatting ပဲထိုင်လို့ရတာ ပဲပာာ ။ မကြိုက်ဘူး ။ ဒါနဲ့ သုံးနေကျ Gtalk ကိုပြန် Install လုပ်ရတယ် ( ကျွန်တော်က အကျင့်သိပ်မကောင်းဘူး - အသစ်တွေ့ရင် အပောာင်းကို မေ့ရုံမပာုတ်ဘူး တစ်ခါတည်း ပစ်လိုက်တာ - အသစ်က မကောင်းဘူးဆိုမှ အပောာင်းကို အသည်းအသန်ပြန်ရှာတာ ) ။ တစ်ကယ်တော့ Google Talk Lab ဆိုတာ ဒေါင်းလုဒ်လုပ်စရာတောင် မလိုပါဘူး ။ Web ပေါ်မှာ Launch လုပ်ပြီးတောင် သုံးလို့ရတယ် - သုံးလို့ကြိုက်တယ်ဆိုရင် လင့်ကို Favorites ထဲထည့်ထားလိုက်ရုံပေါ့ ။ ဒေါင်းလုဒ်လုပ်ပြီးသား နဲ့ Web ပေါ်မှာ Launch လုပ်ပြီးသုံးတာ ဘာမှမကွာဘူးဗျ အားလုံးအတူတူပဲ - အဲဒီတော့ ဘာလို့ Hard Disk ကို မလိုအပ်တဲ့ File အတွက်အလုပ်လုပ်ခိုင်းအုံးမှာလဲ ??? ကျွန်တော်ကတော့ အားမပေးဘူး ။ ဒါပေမယ့် Download လုပ်မယ် ၊ မလုပ်ဘူး ဆိုတာက ကျွန်တော်လိုက်ပြီး ဆုံးဖြတ်ရမှာ မပာုတ်တော့ အရမ်း အတင်းအကြပ်ကြီး မတိုက်တွန်းချင်ပါဘူး ။ ကျွန်တော်ကတော့ သုံးနေကျ Google Talk ကိုပဲ ကြိုက်တယ် ။ နှစ်ခုစလုံးက အနည်းဆုံး Window XP / Vista ရှိမှ အလုပ်လုပ်တာပဲပာာကို ။ သုံးနေကျ Google Talk မှာ Call Buttom ရှိတယ် ။ စကားပါပြောလို့ ရတယ် ( ပိုကောင်းတယ်လို့ ထင်တယ် ) .Google Talk Lab မှာက Group Chat ပါတယ်ဆိုပေမယ့် ကျွန်တော်တို့က Confrences တွေ Meeting တွေကို အွန်လိုင်းပေါ်မှာ လုပ်ရလောက်အောင် သိပ်ပြီး မကြီးကျယ်သေးဘူးလေ ။ အဲဒီတော့ တကယ်လို့ လုပ်ချင်ရင်တောင် Web ပေါ်မှာပဲ Launch လုပ်ပြီးသုံးလိုက်မှာပေါ့ တစ်နှစ်လုံးနေမှ တစ်ခါ ၊ နှစ်ခါ လောက်ပဲသုံးတာကို - အများကြီးမှ မပာုတ်တာ ။

အပြည့်အစုံသို့...

Wednesday, 9 April 2008

Singlish သင်နေပါတယ်


ှSinglish ကို အသည်းအသန် သင်နေတယ် ခင်ဗျ ။ ခုတလော စလုံးသူလေးတွေကို စကားပြောရတာ Singlish လိုမပာုတ်ရင် နှစ်ခါသုံးခါလောက် ပြန်ပြန်ပြောနေရတာ အရမ်းအောက်တယ် ။ မဖြစ်ဘူး သင်မှဖြစ်တော့မယ် --- အင်္ဂလိပ်စာတွေ လေ့လာထားတာတော့ သွားပြီပေါ့ဗျာ ။ ဒီလိုပဲ သဲထဲ ရေသွန်သလိုဖြစ်ပြီပေါ့ ။ ဘယ်တက်နိုင်ပါ့မလဲ Rome မှာနေရင် Rome လိုကျင့်ကြံ ရမယ်ဆိုသလိုပဲ ကျွန်တော်လဲ ဒီ Singlish တွေကိုသင်ရတော့မှာပေါ့ ။ လုပ်ချင်တာကို လုပ်ရမှာထက် လုပ်သင့်တာကို လုပ်ရဖို့က ပိုအဓိကကျတယ်လေ ။ ခုတလော အားနေလို့ လျှောက်လုပ်နေတာ လူပင်ပန်းပြီး ငွေကုန်တာပဲ အဖတ်တင်တယ် တခြား ဘာမှလဲ ထူးထူးခြားခြားထွက်မလာဘူး ။ လှုပ်ရှားနေတော့ ဗိုက်ပိုဆာတယ် သူ့ကိုဖြည့်ရတာနဲ့ ပိုက်ပိုက်လဲ ပိုကုန်တယ် ။ Singlish မြန်မြန်တတ်ဖို့ ဆိုတာလဲ စလုံးသူတွေနဲ့ စကားများများပြောမှ ရမယ်မပာုတ်လား ( စလုံးသားတွေက စကားနည်းတယ်ဗျ ၊ သိပ်မပြောချင်ကြဘူး :D ) ။ ဒီအတိုင်း တစ်နေကုန် အိပ်နေပြန်ရင်လဲ ဘယ်သူနဲ့မှ မတွေ့တော့ ဘယ်မှာလာပြီး အပြောအဆိုတွေကလဲ တိုးတက်လာမလဲ ။

အဲဒါပေါ့ လုပ်ချင်တာထက် လုပ်သင့်တာကို ပိုလုပ်ရမယ်ဆိုတာ ။

အပြည့်အစုံသို့...

Monday, 7 April 2008

Web master ကောင်း တစ်ယောက် ဖြစ်ပါရစေ ။


ကျွန်တော် Web master တစ်ယောက်ဖြစ်ချင်တယ် ။ Web Designer လဲဖြစ်ချင်တယ် ။ ကျွန်တော့် Websites တွေ Blogs တွေကို လှလှပပ သေသေသပ်သပ် နဲ့ Browsers အားလုံးမှာ ဖွင့်လို့ရအောင် ဖန်တီးချင်တယ် ။ အင်တာနက် ကို စတင် စိတ်ဝင်စားလာရတာကလည်း ဒီ Websites တွေကြောင့်ပဲ ။ တစ်ချို့ Websites တွေပာာ နာမည်ကြီးပြီး အရမ်းလှတယ် ( ဥပမာ - MTV ) သူက ဖွင့်ရတာ လေးပေမယ့် Visitors အရမ်းများတယ် ။ တစ်ချို့က အရမ်း ရိုးရှင်းတယ် ဘာဆိုဘာမှမရှိဘူး ဒါပေမယ့် အဲဒီ့ မရှိတာလေးကိုက ဆွဲဆောင်မှုရှိတယ် ( ဥပမာ - Google ) သူပေးတဲ့ ၀န်ဆောင်မှုက တခြားပြိုင်ဘက်တွေကတောင် လေးစားရတဲ့ အဆင့်မှာ ရှိတယ် ။ နောက် မြန်မာ ၀က်ဆိုက်တွေထဲမှာလဲ ကောင်းတာတွေရှိပါတယ် ဥပမာ တစ်ခုပြရရင် Lotaya ပဲ - သူက ဒီဇိုင်းလဲ မလှဘူး ၊ နောက်ပြီး လေးလဲမလေးဘူး ၊ ဘာဒေါင်းလုဒ်မှလဲ မပေးဘူး ၊ အဲ Right Click လဲပိတ်သေးတယ် ။ တစ်ခုရှိတာက သူ့မှာ မြန်မာသီချင်း အစုံ ရှိတယ် - ပိာုးရှေးရှေးတုန်းက စပြီး အခုခေတ်အထိ အစုံနားထောင်နိုင်တယ် ( အကော်ဒီယံအုန်းကျော် ကစပြီး ဇော်ပိုင်တို့ အာဇာနည်တို့ အထိရှိတယ် ) ။ အဲလို အဲလိုပေါ့နော် ..... အောင်မြင်မှုလေးတွေ ။


သူများတွေ အောင်မြင်တာကြည့်ပြီး ကျွန်တော်က သွားရည်ယိုလာတယ် ။ ကြိုးစားကြည့်ချင်စိတ်ပေါက်လာလို့ လေ့လာတော့ ဘာမှန်းမသိ ညာမှန်းမသိ Java Script လဲထည့်တာပဲ ၊ PHP တွေလဲ ရောသုံးလိုသုံး ၊ အလကားချပေးတဲ့ HTML တွေလဲ ယူလိုယူနဲ့ စိတ်တိုင်းကျလုပ်လိုက်တာ - ကိုယ့်ကိုကိုယ်တော့ လှပြီအထင်နဲ့ - ဘာတွေထွက်လာမှန်းကို မသိတော့ဘူး ။ IE မှာ ကိုယ့်ဖာသာကိုယ် ကြည့်တာတော့ ပာုတ်နေတာပေါ့ ။ သူများ ကွန်ပြူတာမှာ ကြည့်တော့မှ Mozilla Firefox မှာလဲ အလုပ်မလုပ် ၊ Safari မှာလဲ ဖွင့်မရ ၊ Opera ကလဲဘာမှန်းမသိ ၊ ဒီကြားထဲ Avant Browser ဆိုတာကို စမ်းကြည့်လိုက်တော့မှ သိရတာက ကျွန်တော်လုပ်ခဲ့တာတွေက တကယ်တော့ ပြဿနာ တွေပါလားလို့ပေါ့ ။ ဒါနဲ့ အကုန်ပြန်ဖျက်ပြီး အသစ်ကပြန်လုပ် နဲ့ လျှောက်ကလိတာ အခုတော့ နဲနဲ ကြည့်ပျော်ရှုပျော် ဘ၀ လေးကို ရောက်ပြီလို့ ပြောလို့ရတယ် ။ Browsers တွေအကုန်လုံးနဲ့ လည်းစမ်းပြီးသွားပြီမို့ ကျေနပ်သွားပြီပေါ့ဗျာ ။ လျှောက်စမ်းရင်းနဲ့ သိရတာက Browsers တွေထဲမှာ သုံးမျိုးက လုံးဝ မတူညီတဲ့ အသွင်အပြင်တွေရှိတာကိုတွေရတယ် ။ IE က HTML နဲ့ Java Script တွေကို လက်ခံနိုင်တဲ့ စွမ်းရည် အမြင့်ဆုံး အဆင့်မှာရှိတယ် ။ Mozilla Firefox ကတော့ ဒုတိယ အဆင့်နဲ့ Apple ရဲ့ Product ဖြစ်တဲ့ Safari ကတော့ အနိမ့်ဆုံးပါ ခင်ဗျား - အဲဒါကြောင့် ကျွန်တော့် Script တော်တော်များများက Safari မှာ အလုပ်မလုပ်တာကိုး ။ Safari မှာသာ စပါယ်ရှည် ဖြစ်အောင်လုပ် ကျန်တာတွေက သိပ်ပြီး မခက်ခဲတော့ ဘူး ၊ Mozilla ကလဲ ထူးခြားချက်တစ်ခု ရှိတယ် - ကျွန်တော် အခုရေးထားတဲ့ ပို့စ်ကို Code တစ်မျိုးသုံးထားတယ် ၊ အဲဒီ ကုဒ်ကို Mozilla ကကောင်းကောင်းဖတ်နိုင်တယ် ။ စမ်းချင်ရင် Mozilla နဲ့ဖွင့်တာဆိုရင် အခုဖတ်နေတဲ့ စာတွေပေါ်မှာ Right Click နှိပ်လိုက်ပါ ။ ပို့စ်တစ်ခုလုံးက Border ( dotted line ) နဲ့ ဘောင်ကွပ်ထားတာကို ပုံစံအသစ်နဲ့ တွေ့ရမယ် ။ Right Click နှိပ်မှ မြင်ရမှာပါ ၊ နောက်ပြီး Mozilla နဲ့ဖွင့်မှ တွေ့ရမှာပါ ။ ကျန်တဲ့ Browsers တွေမှာ အဲဒီ့ Border ကိုတွေ့ရမှာ မပာုတ်ဘူး ။ အဲလို အဲလို တွေပေါ့နော် ..... ကျွန်တော်က Websites နဲ့ Blogs တွေကို ပုံစံလှလှလေးတွေ ခြယ်သချင်တာ ။ ဒါပေမယ့်လည်း ပညာတွေ အများကြီး လိုသေးတော့ Pro ဖြစ်ဖို့ ဆိုတာ စိတ်ကူးယဉ် နေသလိုပါဗျာ .......... ။

အပြည့်အစုံသို့...

Sunday, 6 April 2008

ပိာုတုန်းက...


ကျွန်တော် ဆယ်တန်းပြီးမှ ကွန်ပြူတာကို လက်နဲ့ ထိခွင့်ရတာ ပြောရရင် ရှက်တောင်ရှက်တယ် ။ ဆယ်တန်းတုန်းကတော့ Counter Strike ခိုးဆော့လို့ ကွန်ပြူတာပေါ်က Keyboard နဲ့ Mouse ကိုတော့ ကောင်းကောင်းသိတယ် ။ ကျန်တာတော့ ဘာမှကိုမသိတာ အမှန် ။

ဒါနဲ့ ဆယ်တန်းပြီးတော့ ကွန်ပြူတာ သင်တန်းကို စတက်ဖို့လုပ်တော့ ဘယ်ကစရမှန်းမသိဘူး ။ အစ်ကိုဝမ်းကွဲ တစ်ယောက်က အကြံပေးတယ် Basic ကစတက်တဲ့ ။ အင်္ဂလိပ်စာကိုလဲ ကောင်းကောင်း ရေးဖူးဖတ်ဖူးထားတော့ Basic က အခြေခံမှန်း ရိပ်မိတယ် ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ဘေးစစ် ( Basic ) ပဲတက်လိုက်တယ် ။ ဘာသင်လဲဆိုတော့ Typing နဲ့ Microsoft Word နဲ့ Microsoft Excel သင်တယ် ။ အဲဒီတုန်းကတော့ ဆရာမ နဲနဲနောက်လှည့်တာနဲ့ ဂိမ်းပဲ ကစားတာပါ သိပ်ပြီး သင်တယ် မရှိပါဘူး ။ Basic တန်းရဲ့ နောက်ဆုံးနေ့မှာ အင်တာနက် နဲ့ အီးမေးကို နဲနဲ ပြတယ် ။ ပြတယ် သာဆိုတာပါ ... တကယ်တော့ ဆရာမကပဲ သုံးသွားတာပါ ။ အဲဒီတုန်းက Files တွေကို ဒေါင်းလုပ်လုပ်တဲ့ နည်း မပြောနဲ့ Files တွေကို Copy / Paste တောင် ကောင်းကောင်း မလုပ်တတ်တဲ့ ကျွန်တော် ဆရာမက အင်တာနက် ကနေ သီချင်းဖွင့်ပြတော့ မျက်လုံးကြီး ကျွတ်ထွက် မလိုတောင် ပြူးဖြဲ ကြည့်ခဲ့တာ ။ ကွန်ပြူတာထဲမှာမရှိတဲ့ သီချင်းတွေကို ဒီလိုပဲ နားထောင်လို့ ရလားပေါ့ အံ့သြ လိုက်တာ ။ အဲဒီတုန်းက ဂူဂဲ ကိုတောင် Search Engine တစ်ခုမှန်း မသိသေးဘူးလေ ။ Gmail ဆိုတာတော့ ပြောတောင် မပြောပါနဲ့ .... ဘာကြီးလဲလို့ ပြန်မေးမိမှာ စိုးလို့ ။

အပြည့်အစုံသို့...

Saturday, 5 April 2008

အရောင်များနှင့် ရူးသွပ်ခြင်း သီအိုရီ

အနက်ရောင်ညတစ်ညမှာ
အနီရောင် သေဆုံးခြင်း တစ်ခု လွှမ်းမိုးသွားခဲ့မယ်လို့ ဘယ်သူများ ထင်မိမှာတဲ့လဲ။

ရွှေအိုရောင်အိနေတဲ့ ဘုံနမ်းမြင့်ထက်မှာ
ပန်းနုရောင်မင်းသမီး တစ်ပါး အေးချမ်းစွာလဲလျှောင်းနေတယ်။

အစိမ်းရောင်ရင့်ရင့် နှလုံးသားကို ဂူသွင်း မြှုပ်နှံတဲ့ အခမ်းအနားတစ်ခုရဲ့ လူအုပ်တွေထဲမှာ
ဖြူဖျော့ဖျော့ မျက်နှာတစ်ခုက ဘာအမူအရာမှမပြ။

ရီခြင်း၊ငိုခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေ ကတော့ ရင်ဘတ်ထဲမှာ ဘုရားပွဲလှည့်နေကြလေ၏
အပြင်ဘက်ကို ပေါက်ကွဲထွက်ဖို့ တွန်းကန်အားတစ်ခုက မပြည့်စုံသေး။

အဲလိုနဲ့ ပဲ ရူးသွပ်ခြင်း ကဗျာတစ်ပုဒ် လောကထဲသို့ ကျရောက်လာသတ္တံ့ ။

အပြည့်အစုံသို့...