Sunday, 24 June 2007

ကြက်သွန်နီနှင့်အချစ် ကဗျာ


ကြက်သွန်နီထဲ..
ဘာများရှိမလဲလို့ ..
အသဲအမဲလိုက်လို့ ရှာ..
အလွှာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
မျက်စိတွေသာရဲ..

ချစ်သူရင်ခွင်ထဲ..
ဘာများရှိမလဲလို့ ..
ဇွဲနဲ့ မဲနဲ့ ရှာ..
မာရာတွေရဲ့ အောက်..
နောက်ဆုံး ဘာမှမတွေ့ ..
မျက်ရေတွေသာရွှဲ..
အသည်းတွေသာကွဲ..

Anonymous

No comments: