Friday, 29 June 2007

လက်တွေ့ဆိုင်ရာတွေ့ရှိချက်များ


ဂျပန်နိုင်ငံရှိ သုတေသီများသည် မြေပြင်မှ မီတာ ၁၀၀ အကွာအထိတူးဖော်ကြည့်ကြရာ လွန်ခဲ့သော နှစ် တစ်ထောင်ခန့်ကဟု ယူဆရသော ကြေးနီနန်းကြိုး တန်း များ တွေ့ရှိရလေသည်။ ထို့ကြောင့် ၎င်းတို့ ကောက်ချက်ချကြသည်မှာ ”
ဂျပန်နိုင်ငံတွင် နေထိုင်ခဲ့ကြသော ရှေးလူသားများသည် လွန်ခဲ့သော နှစ် တစ်ထောင်ခန့် ကတည်းက တယ်လီဖုန်းများ တပ်ဆင် အသုံးပြုကြပါသည် ”တဲ့ ။

လအနည်းငယ်ကြာသော် အမေရိကန်မှ
သုတေသီများကလည်း အားကျမခံ မီတာ ၂၀၀ အကွာအထိတူးဖော်ကြည့်ကြရာ လွန်ခဲ့သော နှစ် နှစ်ထောင်ခန့်ကဟု ယူဆရသော Optical Fibre (အလင်းဖြင့် သတင်းအချက်အလက်များ သယ်ပို့သည့် ဖန်ပြွန် ) [ဟူး ... မောလိုက်တာ.. (စာရေးသူ)] များ တူး ဖော်ရရှိသည်။ ” ဤ နိုင်ငံနေ ရှေးလူသားများသည် လွန်ခဲ့သော နှစ်နှစ်ထောင်ခန့် ကတည်းက အဆင့်မြင့် တယ်လီဖုန်းလိုင်းများ တပ်ဆင် အသုံးပြုကြပါသည် ” ဟု အမေရိကန် သတင်းစာ ခေါင်ကြီးပိုင်းများက ဖေါ်ပြကြသည်။

ကျွန်တော်တို့ ရွှေနိုင်ငံ ကြီးမှ
သုတေသီများကလည်း အားကျမခံ မီတာ ၅၀၀ အကွာအထိတူးဖော်ကြည့်ကြရာ ဘာဆိုဘာမှ မတွေ့ရပါချေ။ နိုင်ငံတော် သတင်းစာများက ရေးသားကြသည်မှာ ” ဤနိုင်ငံ အတွင်း နေထိုင် ကြပါသော ရှေးလူသားများသည် လွန်ခဲ့သော နှစ်ငါးထောင်ခန့် ကတည်းက ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ကို အသုံးပြုကြပါသည် ” တဲ့။

ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ဟာသတစ်ပုဒ်သာ ဖြစ်ပါကြောင်း....

No comments: