Tuesday, 26 June 2007

အဖြူရောင်တန်ဖိုးတစ်ခု

ကလေးငယ်တွေဟာ ချစ်ဖို့ကောင်းပါတယ်။ သူတို့လေးတွေဟာ အရမ်းကိုဖြူစင်ကြပါတယ်။ သူတို့ရဲ့မျက်ဝန်လေးတွေဟာ တောက်ပကြည်လင်စွာ အသက်ဝင်နေကြတယ်။ သူတို့လေးတွရဲ့ မျက်ဝန်းတွေထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အရိပ်အရောင်တွေ မရှိပါဘူး။ မုန်းတီးခြင်း၊ နာကြည်းခြင်း၊ မနာလိုဝန်တိုခြင်း ဆိုတာတွေလဲ မရှိပါဘူး။ ပူပန်သောကဆိုတာ ဘာမှန်းမသိတဲ့ ကလေးလေးတွေဟာ ချစ်ဖို့ကောင်းကြတာ မဆန်းဘူးလို့ ထင်ပါတယ်။ ကျွန်မတို့လည်း ငယ်စဉ်ကလေးဘ၀တုန်းက ဖြူစင်ခဲ့ကြပါတယ်။ အရွယ်ရောက်လာလို့ လောကကြီးထဲကိုဝင်ရောက်လာကြတဲ့အခါမှာတော့ ငယ်ငယ်တုန်းကလို မဖြူစင်နိုင်တော့ပါဘူး။ တခါတလေကျတော့လည်း ငယ်ဘ၀လေးကို ပြန်သတိရပြီး ငယ်ငယ်တုန်းကလောက် မဖြူစင်တော့တဲ့ ကိုယ့်ကိုကို ရွံ့မုန်းမိပါတယ်။ လူတိုင်းကိုမဖြူစင်တော့လို့ ရွံ့မုန်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးဆိုတာ ရှိတတ်ကြတာပါပဲ။ ကျွန်မ တွေးမိတာက ကျွန်မအပါအ၀င် လူတိုင်းလူတိုင်းသာ စိတ်ထားဖြူစင်ကြရင်(စိတ်ထားဖြူစင်မှုကို တန်ဖိုးတစ်ခုအနေနဲ့ ပိုင်ဆိုင်ထားကြရင်)
လူတိုင်းလူတိုင်းဟာ ချစ်ဖို့ကောင်းနေပြီးတော့ ဒီလောကကြီးဟာဘယ်လောက်နေပျော်ဖို့ ကောင်းလိုက်မလဲ
နော်လို့.................

No comments: