Thursday, 5 July 2007

အာဖရိကပုံပြင်


အာဖရိကတွင်

နံနက်မိုးလင်းတိုင်း ဒရယ်တစ်ကောင် အိပ်ယာနိုးလာသည်နှင့် အမြန်ဆုံးပြေးနိုင်သော ခြင်္သေ့ထက် ပိုမြန်အောင် ပြေးရမည်။ မပြေးနိုင်က အသတ်ခံရလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာသိရှိကြသည်။

နံနက်မိုးလင်းတိုင်း ခြင်္သေ့တစ်ကောင် အိပ်ယာနိုးလာသည်နှင့် အနှေးဆုံးပြေးနိုင်သောဒရယ်ထက် သာလွန်အောင် ပြေးရမည်။ မပြေးနိုင်က အစာငတ် သေရလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာသိရှိကြသည်။

သင်ဟာ ခြင်္သေ့ပဲဖြစ်ဖြစ် ဒရယ်ပဲဖြစ်ဖြစ် နေမင်းထွက်လာသည်နှင့် အသက်ရှင်နိုင်ရန် အစွမ်းကုန် ပြေးရမည် ဖြစ်သည်။


ဒီပုံပြင်လေးက ကျွန်မဆယ်တန်းတုန်းက ကျွန်မတို့လေးစားချစ်ခင်ရတဲ့ ဆရာမကြီးက အမြဲပြောပြဆုံးမတဲ့ ပုံပြင်လေးပါ။ ဆရာမကြီးက အခုလိုပုံပြင်လေးတွေ၊ တကယ့်ဖြစ်ရပ်တွေပြောပြပြီး ကျွန်မတို့ကိုစိတ်ဓာတ်ခွန်အားတွေပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့ကျေးဇူးရှင် ဆရာမကြီးဒေါ်နှင်းနှင်းမော်ကို ဒီပိုစ့်လေးနဲ့ ဂါရဝပြုလိုက်ပါတယ်။

No comments: