Saturday, 7 July 2007

ထိန်းသိမ်းကြပါစို့

သို့မြေးလေး

ဘိုးဘိုးပြောပြမယ်။ ဒီနေ့ ၀၇.၀၇.၀၇ လေ။ ဒီလိုဖြစ်ဖို့ဆိုတာ ရာစုနှစ်တစ်ခုပြည့်မှရတာကွဲ့။ ဘိုးဘိုး မိတ်ဆွေ တစ်ယောက်ကပြောတယ်။ Lucky Seven နေ့တဲ့လေ။ ဒါလဲဟုတ်ပေစွ။ တကယ်ကတော့ ဒီနေ့ဟာ ”ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့” လေ။ ဘိုးဘိုးတို့၊မြေးတို့ အခု နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ အခုဆိုပျက်ရွင်းစ ပြုနေပြီလေ။ ရေထု၊လေထု စတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ မုန်တိုင်း၊ဒီရေလှိုင်း၊ငလျှင် စတဲ့ သဘာဝကပ်ဆိုးတွေ၊ ကမ္ဘာကြီးပူနွေးလာမှု ဆိုတဲ့ ဆိုးရွားတဲ့ ဘေးဒဏ်တွေကို စတင် ခံစားနေကြရပြီလေ။ အဲဒါတွေ အားလုံးကို သိပြီးချိန်မှာ Lucky seven လဲဖြစ်နိုင်မှာမဟုတ်တော့ဘူး။ ဒါကြောင့် ကမ္ဘာပေါ်မှာနေထိုင်တဲ့ ဘိုးဘိုးတို့မြေးတို့တွေကိုဒုက္ခတွေကို မြင်လာအောင် ဒီမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်တတ်လာအောင် အသိပေးတဲ့အနေနဲ့ ဒီ ”ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့”ဆိုတာရှိလာရတာပေါ့။


ဒီကမ္ဘာကြီးဆက်လက်ပြီး လှပနေဖို့ စိမ်းလမ်းနေဖို့ဆိုတာ ဒီပေါ်မှာနေကြတဲ့သူတွေ အားလုံးရဲ့တာဝန် ပေပဲမဟုတ်လားကွယ်။ ”ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့”ဆိုတာကို ဒီနေ့ ၀၇.၀၇.၀၇ မှာ အသိအမှတ်ပြု ဆင်နွှဲတဲ့ အနေနဲ့ ကမ္ဘာအရပ်ရပ်က ဒေသကြီး ၇ခုက တေးဂီတနဲ့ သီကျူးကြတယ်လေ။ ကမ္ဘာမှာ ကျော်ကြားတဲ့ ဂီတပညာရှင်တွေ သီဆိုကြမှာပေါ့။ ဥပမာ.. Linkin Park, Rhinna, Shakira, Snoop Dogg,Bon Jovi, Kelly Clerkson, Akon, Madonna, Pussycat Dolls, Black Eyed Peas နဲ့တခြား နာမည်ကြီး အဆိုတော်တွေရောပေါ့။ ကမ္ဘာအရပ်ရပ်က မီဒီယာတွေကလဲ ထုတ်လွှင့်ပြသကြမှာလေ။

အဲဒီ ဖျော်ဖြေပွဲအကြောင်းလေး ပြောပြမယ်။ နိုင်ငံတွေမှာ ဖျော်ဖြေပွဲတင်မကဘူး လူထုပါဝင်လှုပ်ရှားမှုလေးတွေပါ လုပ်ကြတယ်။ ဥပမာ.. စိမ်းလမ်းစိုပြေရေးအထိမ်းအမှတ် အနေနဲ့ အစိမ်းရောင်လေးတွေ ရွေးဝတ်ခိုင်းတာမျိုး၊ သတင်းမီဒီယာ တွေမှာ အစိမ်းရောင်လိုဂိုတွေတစ်ရက်တာ ပြောင်းသုံးတာမျိုးတွေ လုပ်ကြတယ်လေ။ ချစ်စရာလေးတွေပါ။ ဒီနှစ်ရဲ့ Tag line က The movement for the climate crisis တဲ့။ Official song လေးကတော့ဒီလိုပါ မြေးလေးရေ။

http://youtube.com/watch?v=DeRZL12SFJk




Official website တွေကတော့
http://www.liveearth.org/
http://www.liveearth.msn.com/

ဒီလောက်ဆို မြေးလေးလဲ နားလည်လောက်ရောပေါ့။
ကမ္ဘာကြီး စိမ်းလန်းလို့ ငြိမ်းချမ်းပါစေ။
ဆုတောင်းရင်း
မြေးရဲ့ ဘိုးဘိုး



1 comment:

Mo said...

This post is really great, Min. Keep it up! friend =)
PS: Thanks for sharing the video.