Tuesday, 4 September 2007

အလင်းပျောက်တဲ့ငါ

ကောင်မလေးရေ...

မျက်စိတစ်မှိတ် လျှက်တစ်ပြတ်တွင်း
မင်းကို မြင်ရ ခဏ တာတွင်
တွေဝေ မိန်းမူး ၊ ငေးကြည့်မဆုံး
ငါ့ရဲ့ အိပ်မက်ထဲ မင်းစ၀င်ပြီ ။

မင်းအနား ဖြတ်သွား
ကိုယ်သင်း ရနံ့ ခံစား မိပြန်
အရာရာမေ့ ဘ၀မေ့ ကာ
ငါ့ရဲ့ အသိပျောက်ဆုံးပြီ ။

မင်းရဲ့ လက်ကလေး
မတော်တဆ ထိမိရုံဖြင့်
တုန်လှုပ် ခြောက်ခြား
ငါ့ရဲ့ နှလုံး မခုန်တော့ပြီ ။

မင်းချက်ကြွေး တဲ့
ထိုစားစရာ .. ရသာထူးလှ
ထူးသည့် စေတနာ ၊ သည်တစ်ခါကို
ငါ့ရဲ့ နှလုံးသားက မမေ့ပြီ ။

မင်းရဲ့ ခေါ်သံ
ပျော့ပျောင်း ညှင်သာ
သာယာလှပ ဂီတ သံအလား
ငါ့ရဲ့ စိတ်တို့ဝေခွဲ မရပြီ ။


ဘုရားရှင်က
လမ်းညွှန်ဆုံးမ ထောက်ပြခဲ့သည်
အာရုဏ် ငါးပါး မေ့နိုင်ရမည်
ဒါမှ ဘ၀ အလင်း လျှင်မြန် တွေ့မယ် .... တဲ့ ။


ငါ့မှာ ...
လွန်စွာ မိုက်မဲ ၊ မှောင်ထဲတိုးဝင်
အာရုဏ် ငါးပါး အားလုံး မေ့မရ
ငါ့ရဲ့ သံသရာ ၊ စက်ဝန်း ပမာ
လည်ပတ်အုံးမည် ... အလင်းပျောက်ပြီ ။

No comments: