MP3 Player တစ်ခုဖန်တီး တည်ဆောက်ခြင်း
 လွန်စွာလွယ်ကူပြီး Loading လည်းမကြာတဲ့ MP3 Player လေးလုပ်လိုက်ကြရအောင်.....
ကျွန်တော် ဒီပလေယာ လေးကို Recommend ပေးပါတယ်။သူကရိုးရှင်းပြီး ဒီဇိုင်းလေးကလည်းသပ်ရပ်တယ်။
Demo ပုံလေးကတော့ ဒီမှာပါ ။ 
သူ့ကိုလုပ်ဖို့ အဆင့်လေးတွေသိပ်မရှိပါဘူး ။ လွယ်လဲလွယ်ကူပါတယ် ။ ကဲ စကြရအောင်.....
ပထမ ဦးစွာပောာဒီလင့်ကိုသွားပါ ။ http://www.its.ex.ac.uk/latis/resources/flashplayers/mp3player.php ။  ဒီလို စာမျက်နှာအသစ်လေးကိုတွေ့ရပါမယ် ။
အဲဒီ့မှာ သင့်ရဲ့ MP3 URL လင့်ကို Select ပြထားတဲ့နေရာမှာ အစားသွင်းရမှာပါ ။ MP3 URL မရှိသူများ ပာာ File Hosting တစ်ခုခုမှာ သွားရောက် Upload လုပ်ထားရမှာဖြစ်တယ် ။ အဲဒီလို လင့်ကိုအစားသွင်းပြီးတာနဲ့  မိမိစိတ်ကြိုက် နောက်ခံအရောင်တွေ ကိုပြောင်းပြီးပြီဆိုရင် Generate Code ဆိုတဲ့ buttom လေးကို နှိပ်လိုက်ပါ  ။ အောက်မှာတွေ့ရတဲ့အတိုင်း Codes တွေနဲ့ Player ပုံစံလေးပေါ်လာပါလိမ့်မယ် ။
အဲဒီမှာ Select လုပ်ပြထားတဲ့ Codes တွေအားလုံးကို Copy ယူပြီးမိမိရဲ့စိတ်ကြိုက် ထားချင်တဲ့နေရာမှာ Paste လုပ်ရမှာဖြစ်တယ် ။ တကယ်လို့ မိမိရဲ့ Blog ပို့(စ်)တွေထဲမှာထဲ့လိုတယ်ဆိုရင် Edit Html ဆိုတဲ့နေရာ ကနေ၀င်ထည့်ရမှာပါ ။ Sidebar မှာထားချင်ရင်တော့ Page Element အသစ်တစ်ခုခေါ်ပြီး Codes တွေကို Paste လုပ်ထည့်ရမှာဖြစ်တယ် ။ 
ဒါပေမယ့် Codes ထည့်သွင်းတဲ့အပိုင်းပာာမပြီးသေးပါဘူး ။ နောက်ဆုံးအဆင့်တစ်ခုကျန်ပါသေးတယ် ။ ကျွန်တော် အောက်မှာ ပြထားတဲ့ ပုံထဲမှာ လေးထောင့်ဘောင်ခတ်ထားတဲ့ စာကြောင်းလေးကို  Right Click  လုပ်ပြီး Copy Shortcut  ကိုနှိပ်ပါ (အနီရောင်နဲ့   ၀ိုင်းပြထားပါတယ် ) ။ 
 Copy Shortcut  ကိုနှိပ်ပြီးပြီဆိုရင် အောက်မှာပြထားတဲ့ ပုံကို ထပ်ကြည့်လိုက်ပါအုံး ။ ကျွန်တော် Highlight  လုပ်ထားတဲ့နေရာလေး နှစ်နေရာကိုတွေ့ရပါလိမ့်မယ် ။ အဲဒီ့ Highlight  လုပ်ထားတဲ့စာတွေကို Select လုပ်ပြီး Paste  လုပ်ပါ ။ နှစ်နေရာ လုံးကိုလုပ်ရမှာပါ ။ အဲဒီ့ နေရာ နှစ်ခု မှာ ယခင် mp3player.swf  အစား http://www.its.ex.ac.uk/....../mp3player.swf  ဆိုတာလေးဖြစ်နေရပါမယ် ။ အဲဒီ့လင့်လေးကိုအစားထိုးဖို့ အလွန်အရေးကြီးပါတယ် ။ ဒါမှ  Player ကကောင်းကောင်းအလုပ်လုပ်မှာပါ ။ အမှန်ဆိုရင် ကျွန်တော်တို့က ဒေါင်းလုဒ် လုပ်ပြီး File Hosting တစ်ခုခုမှာတင် ပြီးရင် ကိုယ်တင်ထားတဲ့ လင့်နဲ့ပြန်အစားထိုးရမှာပါ ။ ဒါပေမယ့် ဒါပာာအရမ်းအလုပ်ရှုပ်တဲ့အတွက် Server ရဲ့ လင့်ကို အဆင်သင့်ယူသုံးထားတာပါ ။ စိတ်ရှည်လက်ရှည် စမ်းချင်သူများအနေဖြင့် စမ်းသပ်နိုင်ပါတယ် ။ အဲဒါအားလုံးပြီးသွားရင်တော့ မိမိအရမ်းလိုချင်တောင်းတနေတဲ့ MP3 Player လေးပာာ ဖွင့်နားထောင်ဖို့အဆင်သင့်ဖြစ်နေပြီလို့ဆိုရမှာပါ ။ 
အစမ်း နားထောင်ချင်သူများ ပာာ ဒီနေရာကို Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်  
 
 
 
No comments:
Post a Comment