Saturday, 5 April 2008

အရောင်များနှင့် ရူးသွပ်ခြင်း သီအိုရီ

အနက်ရောင်ညတစ်ညမှာ
အနီရောင် သေဆုံးခြင်း တစ်ခု လွှမ်းမိုးသွားခဲ့မယ်လို့ ဘယ်သူများ ထင်မိမှာတဲ့လဲ။

ရွှေအိုရောင်အိနေတဲ့ ဘုံနမ်းမြင့်ထက်မှာ
ပန်းနုရောင်မင်းသမီး တစ်ပါး အေးချမ်းစွာလဲလျှောင်းနေတယ်။

အစိမ်းရောင်ရင့်ရင့် နှလုံးသားကို ဂူသွင်း မြှုပ်နှံတဲ့ အခမ်းအနားတစ်ခုရဲ့ လူအုပ်တွေထဲမှာ
ဖြူဖျော့ဖျော့ မျက်နှာတစ်ခုက ဘာအမူအရာမှမပြ။

ရီခြင်း၊ငိုခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတွေ ကတော့ ရင်ဘတ်ထဲမှာ ဘုရားပွဲလှည့်နေကြလေ၏
အပြင်ဘက်ကို ပေါက်ကွဲထွက်ဖို့ တွန်းကန်အားတစ်ခုက မပြည့်စုံသေး။

အဲလိုနဲ့ ပဲ ရူးသွပ်ခြင်း ကဗျာတစ်ပုဒ် လောကထဲသို့ ကျရောက်လာသတ္တံ့ ။

2 comments:

နှံကောင် said...

မင်းတူရယ် .. ပေါရဲလိုက်တာနော် .. ဟဲဟဲ .. နောက်တာပါ .. မိုက်တယ် မိုက်တယ် .. နောက်တခါ ဒီထက်အရောင်စုံအောင်ရေး ...း) ... ဆက်ရေးပါ .. ထပ်ရေးပါ

myatsu said...

ဝိုး.. တယ်ဟုတ်ပါလား.. ငါ့သူငယ်ချင်း ဒီလိုကဗျာမျိုး ရေးလိမ့်မယ်တောင် မထင်ထားဘူး... ခံစားချက်တွေလားတော့ မသိ..ဟိဟိ.. :D