Thursday, 29 January 2009

lemme wash the dirty laundry in public .

ဆယ်တန်း စာမေးပွဲတွေက လဲ နီးလာပြီ။ ဒီအချိန်လောက်မှာ ကုန်းကျုံး ကျက်ခဲ့ရတာဆိုရင် ၄ နှစ်တောင် ကြာခဲ့ပေါ့။ ဒီနှစ်က ညီ ၂ ဝမ်းခွဲတိတိ တယောက်က ပါ ၁၀ တန်း ဖြေမှာ ဆိုတော့ အားပေးရဦးမှာပဲ။ ၁၀ တန်း ဆိုလို့ သတိ ရတယ် ။ ကျက်ရသမျှ စာတွေ ထဲမှာ အရ ဆုံးကတော့ အင်္ဂလိပ်စာ ပထမ အခန်းပဲ ဗျို့ ။ အားအားရှိ ဒါပဲ ထိုင် ရွတ် နေတာကိုး ။ မှတ် မိသေးတယ် ။ စလုံးကောင်တွေကို ၁ မိနစ်စာလောက် preview ရွတ် ပြလိုက်တာ ဝေါင်း ခနဲ ဝေါင်း ခနဲ နေတာပဲ ( wow ကိုပြောတာပါ ) ကဲ အသက် အောင့် လိုက်ပြီ။ စပြီ။

It is easy to understand the calendar we use today. It was not always so easy. People had to try for thousands of years before they knew how to put together days, weeks, months, and years.

More than 2,000 years ago, scientists in Egypt made a calendar. ( blah blah blah )
ကဲ မပြောဘူးလား မှတ်မိပါတယ် ဆို။ ပြောရတာ ရှက် ဖို့လဲ ကောင်းပါရဲ့  ။ ကိုယ့် ပေါင်ကိုယ် လှန်ထောင်း ရသလိုပါပဲ။ Ouch! ရွှေနိုင်ငံတော် ကြီးဆီက တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာ ဆိုတာကြီးက ကျက် ဖြေကြီးပေါ့။ memory work မှာတော့ ရွှေကျောင်းသားတွေကို လာမယှဉ်နဲ့။ ဒီလို မှ မကျက်ရင်လဲ ကျမှာ ကိုးဗျ။ literature ဖတ် ဖို့ နေနေသာသာ grammar ဆိုတာတောင် ဘာမှန်း သေချာ မသိခဲ့ပါဘူးဗျာ။ ကိုယ့် ကိုယ်ကို လဲ သိပ်ကြီး အထင်တွေ ကြီးနေမှာ စိုးလို့ ပြန် ပြောရတာလဲ ပါသပေါ့။ ငါ ဒီလိုတွေ ကျက်လာခဲ့တဲ့ အင်္ဂလိပ်စာ ကို သင်လာပြီး တော့ ဘာမှ ဆက်မလုပ် ရင် ဘာမှကို တိုးလာမှာ မဟုတ်ဘူး လို့ တွေးမိအောင်လဲ ပါသပေါ့။ ဒါတောင် essay က တိုး သွားသေးတာ .. ကံကောင်းပုံများ ။ essay ဆိုတာ ကြီးကို ကျက် ရတယ်ပြောရင် ခွက်ခွက် လန်အောင် ရီလိုက်ကြမဲ့ စလုံးတွေ ကို တွေး မြင်ပါသေးရဲ့ ။
ဒါပေမဲ့ သူတို့က ပြောသေးသဗျ... မင်းတို့ အင်္ဂလိပ်စာကို ဘယ်တုန်းက သင်ရတာတုန်း တဲ့ ။ ကျွန်တော်တို့ လဲ ၄ နှစ်ဆို အေ .. လှည်းထောက် ဆိုပြီး ဘဘုန်း ဆီမှာ သင်ခဲ့ ကြတာပါပဲ။ ထူးမခြားနား ပါပဲ။
အဲတော့ သူများ နောက် ကောက် မကျရလေအောင် ကြိုးစားလိုက်ကြဦးစို့ ရဲ့  ။

သာဓု ~ သာဓု ~ သာဓု

ဒီထပ်ပို ပြီး calendar ကို မှတ်မိသူများ ရှိကြရင်လဲ comment မှာ ရေးသွားကြပါဦး။

အခုနှစ် ၁၀ တန်း ဖြေကြမဲ့ သူများ အားလုံး ဖြေဆိုနိုင် ကြပါစေ။

2 comments:

Anonymous said...

I thought you want to go back Myanmar. =( How come? You know this blog has been block in Myanmar, so called Golden Country. =(

min said...

It's a shame that every blog in blogspot.com has been blocked in Burma. i'm sorry but who're you by the way?