Sunday, 24 June 2007

notebook လေးနဲ့  သူ၏ရင်ဖွင့်သံ-၁


ကျွန်တော်ကတော့ ကျွန်တော့်သခင်ရဲ့  လက်စွဲပေါ့။ သခင်က သူကျောင်းသွားရင်အမြဲပဲ ခေါ်သွား တယ်လေ။ ကျွန်တော်လေ.. ရထားစီးရတာ သိပ်ပျော်တာပေါ့။ ရထားပေါ်ကအဆင်း၊ ကျောင်းရောက်ပြီ ဆို တာနဲ့ သခင်နဲ့  ကျွန်တော်ပြေးကြရတာ များ ပါတယ်။ ဒါပေမယ့်လေ... သခင့်ရဲ့  အတန်းချိန်မှာ Programming မပါတဲ့ နေ့  ဆိုရင်တော့ အိမ်မှာနေခဲ့ရတာ ပျင်းစရာအရမ်း ကောင်းတာပေါ့။

ပြောရဦးမယ်... ကျွန်တော်လဲသခင်တို့  လူတွေလိုပဲပေါ့... တခါတလေတော့ ဖျားတာနာတာရှိတာပေါ့။ အဲဒီအချိန်တွေဆိုရင်လေ သခင်ကကျွန်တော့် ကို အရမ်းပဲစိတ်ပူတာပေါ့။ ကျွန်တော်မှတ်မိသေးတယ်... ဟိုတခါ ကျွန်တော် virus ၀င်တုန်းကဆို.. သခင့်မျက်လုံးတွေအပြူးသားနဲ့လေ။ တော်သေးတာပေါ့.. သခင်အသိမြန်ပေလို့။ သခင်ဆေးကုပေးတာ မြန်မြန် ပြန်ကောင်းသွားတယ်လေ။

အခုသခင်ကကျွန်တော့်် ကိုအိပ်တော့တဲ့။ Hibernate လုပ်သွားတယ်လေ... ဒါပဲနော်. နောက်မှပဲ ကျွန်တော့်် အကြောင်းတွေဆက်ပြောပြတော့မယ်။

အော်..ပြောဖို့ မေ့နေတယ်.. ကျွန်တော့်နာမည်က”အေဆာ”တဲ့။

No comments: